မကြာခင် ရက်သတ္တပတ်အတွင်းက အစ္စလာမ်ကြီးစိုးတဲ့ နိုင်ငံတချို့မှာ မြန်မာအစိုးရကို ဆန္ဒပြ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တဲ့အပေါ် မြန်မာအစိုးရဘက်ကလည်း သိရှိထားပြီး သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်သင့်တဲ့အရာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ နိုင်ငံတော် သမ္မတရုံးဘက်က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ထောင်ချခံထားရတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အဘူဘာကာဘာရှားက မွတ်ဆလင်တွေဆက်ပြီး ဖိနှိပ်သတ်ဖြတ်ခံရမယ်ဆိုရင် မြန်မာအစိုးရကို ဘာသာရေးအရ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ်လို့ သောကြာနေ့က ခြိမ်းခြောက်ခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သိရှိထားကြောင်း၊ ရခိုင်ကိစ္စမှာ မြန်မာအစိုးရ အနေနဲ့ ဘင်္ဂါလီရယ်၊ ရခိုင်ရယ်လို့ ဘက်မလိုက်ဘဲ ဖွဲ့စည်းပုံအခြခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဘယ်ဘာသာကိုမှ ဖိနှိပ်ချုပ်ချယ်တာ မရှိကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။ အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ် မကြာခင်ရက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးတချို့က နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်တို့ကို ရှင်းပြခဲ့တဲ့အပြင် အဖြစ်မှန်တွေကို လေ့လာနိုင်အောင် ရခိုင်ပြည်နယ်ကို ပို့ဆောင်ပြသခဲ့ကြောင်းလည်း သူကပြောပါတယ်။ "သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာ ဒါတွေကိုလည်း ခေတ်နဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်" လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ လက်ရှိ ခြိမ်းခြောက်မှုတွေဟာ အစစ်အမှန်ဖြစ်နိုင်သလို တချို့ကတော့ အမှန်တကယ် မဟုတ်ဘဲ ကြောက်လန့်ရုံသက်သက် ခြိမ်းခြောက်တာတွေ ဖြစ်နိုင်ကြောင်း၊ သေသေချာချာ ဆန်းစစ်ပြီးရင်တော့ လုပ်သင့်လုပ်ထိုက်တာကို နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
--
Posted By အောင်မျိုးကျော် to Richard Aung at 8/12/2012 05:31:00 AM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ