The Irrawaddy's Blog
(အိမ့်သံစဉ်)

၁၉၈၈ ခုနှစ်နောက်ပိုင်း သွေးစွန်းမှုတွေ၊ ကန့်သတ်မှုတွေနဲ့ အထီးကျန် ဆန်ခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ဟာ လူသူ ခန်း ခြောက်ပြီး ရင်နင့်ဖွယ့် ဖြစ်ခဲ့ရတာကြာခဲ့ပါပြီ။
ကျောင်းတွေ ပြန်ဖွင့် ပြီးနောက်ပိုင်း ရန်ကုန်တက္ကသိုလ်ကို ဘွဲ့လွန်များနှင့် ဒီပလိုမာ အတန်းတွေကိုဘဲ ထားရှိ ဖွင့် လှစ် ပြီး ကျန် ဘာသာရပ်ဆိုင်ရာ တက္ကသိုလ် တန်းများကိုတော့ အသစ်ဖွင့်လစ်ခဲ့တဲ့ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်း စတဲ့ တက္ကသိုလ်များတွင်သာ တက်ရောက် သင်ကြားခွင့်ဘဲ ရှိခဲ့ပါတယ်။

ဒါပေမယ့် တချိန်က စည်ကားခဲ့တဲ့ (RASU) ရန်ကုန် ၀ိဇ္ဖာနှင့် သိပ္ပံ တက္ကသိုလ်ဟာ ယနေ့ထက်တိုင် တက္ကသိုလ် ဆိုတဲ့ ပြယုဒ် အနေဖြင့် ရှိနေဆဲပါ။
တကယ်တော့ ရန်ကုန် တက္ကသိုလ်ဆိုတာ ကိုလိုနီဆန့်ကျင်ရေး၊ လွတ်လပ်ရေး လှုပ်ရှားမှုတို့ရဲ့ ဘူမိနက်သန် နယ်မြေ လည်းဖြစ်ပါတယ်။
တလောကတော့ ရန်ကုန် တက္ကသိုလ်နယ်မြေကြီးကို ပွင့်လင်းစပြုလာတဲ့ မြန်မာ့နိုင်ငံရေး စီးပွားရေးတွေကြောင့် ၀ိသမ စီးပွားရေးသမားတွေက မျက်စိကျခဲ့လို့ သမ္မတ အကြံပေးအဖွဲ့ဝင် တဦးလည်းဖြစ်တဲ့ စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်က သူ့ရဲ့ ပုဂ္ဂလိက ခံစားမှုအရ တက္ကသိုလ်ကြီး ပြန်လည် ထိမ်းသိမ်းရေးနဲ့ သမဂ္ဂ အဆောက်အဦးအကြောင်း စာတမ်း တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။
တချိန်က ရန်ကုန် တက္ကသိုလ်ဆိုတာဟာ ဒေသတွင်း နိုင်ငံတွေကပါ လာရောက်ပညာသင်ကြားကြရတဲ့ ပညာဂုဏ် မြင့်မားခဲ့လို့ ငေးမောကြည့်ခံရတဲ့ အဆင့်မြင့် ပညာရေး ဂုဏ်အပြည့် တည်ရှိခဲ့ရာ နေရာလည်းဖြစ် ခဲ့ပါတယ်။
အခုတော့ မြ၀တီ သတင်းတပုဒ်မှာ ရန်ကုန် တက္ကသိုလ်မှာ လာရောက်လေ့လာ သူတွေနဲ့ ပြန်လည် စည်ကား လာတယ် ဆိုတဲ့ သတင်းကြောင့် သံကြိုးတွေနဲ့ ၀င်ပေါက်ကြီးတွေကို သော့ခတ်ပိတ်ထားတဲ့ တက္ကသိုလ်ကြီးကို ဖြေလျှော့ပေး လိုက်ပြီလားလို့ တွေးရင်း ၀မ်းသာပါတယ်။
တကယ်ဆိုရင် နိုင်ငံတနိုင်ငံရဲ့ အဆင့်အတန်းကို အဲဒီနိုင်ငံက ပညာရေး စနစ်၊ တက္ကသိုလ်တွေကို ကြည့်ခြင်း အားဖြင့် တိုင်းတာနိုင်တယ်ဆိုတဲ့ စကားအတိုင်း အာဏာရှင် လက်အောက် အဖက်ဖက်က နိမ့်ကျ သွားခဲ့တဲ့ ပညာရေး စနစ်ကို ရန်ကုန် တက္ကသိုလ်ရဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြင်ကွင်းတွေက ထင်ဟပ်နိုင် ပါတယ်။
အခုလို ရန်ကုန် တက္ကသိုလ်ကြီး လူတွေနဲ့ ပြန်စည်ကားလာတာက တဆင့် တကယ့် တက္ကသိုလ်ရဲ့ အနှစ်သာရ
တွေ ပြည့်ဝတဲ့ အခြေ အနေကို ရောက်အောင်ကြိုးစားကြမယ်ဆိုရင် ဒီမိုကရေစီကို သွားနေတဲ့ မြန်မာ့ အပြောင်းအလဲ ကို အဓိက အထောက် အကူပေးမှာ သေချာပါတယ်။ --
Posted By အောင်မျိုးကျော် to
Richard Aung at 8/12/2012 05:33:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
http://www.facebook.com/home.php?sk=group_173571176006981&ap=1 မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ