အစ္စလာမ်မစ် ကာကွယ်ရေးတပ်ဦး ဗုဒ္ဓဘာသာ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်
2012-08-10
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေအတွင်း ရိုဟင်ဂျာတွေ အသတ်ခံရတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီ ပြည်နယ် မခါဆာမြို့မှာ မနေ့က ဆန့်ကျင် ဆန္ဒပြကြရာက ဗုဒ္ဓဘာသာ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်ခဲ့ကြပါတယ်။
မနေ့က သောကြာနေ့ ဝတ်ပြုအပြီးမှာ FPI အစ္စလာမ်မစ် ကာကွယ်ရေး တပ်ဦးက ဦးဆောင်တဲ့ ဆန္ဒပြသူတွေဟာ လမ်းလျှောက် ဆန္ဒပြရာကနေ ကွမ်းကောင်း ဗုဒ္ဓဘာသာနဲ့ ဆူလာဝေစီ ဗုဒ္ဓဘာသာ ကောင်စီရဲ့ ဇီယန်းမာ ဗုဒ္ဓဘာသာ ၀တ်ကျောင်းတွေ ရှိရာကို သွားကြပြီး ကျောင်းတံခါးတွေကို ထုရိုက်၊ ခဲတွေနဲ့  ပစ်ပေါက်ပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ က အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဟန့်တားပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေနဲ့  FPI ဆန္ဒပြ ခေါင်းဆောင်တွေအကြား ပြေလည်မှုရအောင် တွေ့ဆုံ ညှိနှိုင်းပေးခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ အရေးကို မလေးရှားနိုင်ငံ တစ်ခုတည်း ဖြေရှင်းပေးရုံနဲ့  မလုံလောက်တဲ့အတွက် အစ္စလာမ်နိုင်ငံတွေ ၀ိုင်းဝန်း ကူညီပေးကြဖို့  တိုက်တွန်း လိုက်ပါတယ်။
ရခိုင်ပြည်နယ်ကို လာရောက်ကြည့်ရှုဖို့ OIC အဖွဲ့ကိုဖိတ်ခေါ်
2012-08-10
ရခိုင်ပြည်နယ်ကို လာရောက်ကြည့်ရှုဖို့ ကမ္ဘာ့အကြီးဆုံး မူဆလင်အဖွဲ့ဖြစ်တဲ့ OIC အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကို မြန်မာနိုင်ငံက ဖိတ်ခေါ်ထားပါတယ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်က သမ္မတ ဦးသိန်းစိန် တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံစဉ်။
သမ္မတ ဦးသိန်းစိန်ကလည်း ရခိုင်ပြည်နယ် ပဋိပက္ခကို စုံစမ်းဖို့ ဆော်ဒီအာရေဗျ အခြေစိုက် OIC အဖွဲ့ လာရောက်တာ ကြိုဆိုကြောင်း၊ OIC အတွင်းရေးမှူးဟာ ရခိုင်ပြည်နယ်က အခြေအနေမှန်တွေကို မျက်မြင် တွေ့ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တူရကီ နိုင်ငံခြားရေး ၀န်ကြီး အနေနဲ့လည်း မြန်မာနိုင်ငံက အခြေအနေမှန်တွေနဲ့ ပတ်သက်ပြီး OIC ကို ရှင်းပြဖို့လည်း ဦးသိန်းစိန်က တိုက်တွန်းပါတယ်။
ရခိုင်ပြည်နယ်မှာ မူဆလင်တွေအပေါ် လုံခြုံရေးတပ်တွေက ဖိနှိပ် နှိမ်နင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရက ပယ်ချထားပါတယ်။ ရခိုင်ပြည်နယ် တခွင်လုံး ဇွန်လ အစောပိုင်းကစလို့ အရေးပေါ် အခြေအနေ ကြေညာထားပြီး စစ်တပ်နဲ့ ရဲအဖွဲ့တွေ ထူထူထပ်ထပ် ချထားပါတယ်။
လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနေရာကို လူစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခုတောင်းဆို
2012-08-10
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ နေရာကို အခြားသူတစ်ဦးနဲ့ အစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ ဒီကနေ့ တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားလိုက်ပါတယ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်၏ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နှင့် နိုင်ငံရေးပါတီ ၂၄ ခုမှ ခေါင်းဆောင်များ တွေ့ဆုံဆွေနွေးနေစဉ်။
ရခိုင်အရေးနဲ့ ပက်သက်ပြီး မစ္စတာ ကင်တားနားရဲ့ပြောဆိုချက်တွေဟာ မျှတမှု မရှိတဲ့အတွက် အခုလို တိုက်တွန်း ပြောဆိုခဲ့ကြတာ ဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက RFA ကို အခုလိုပြောပါတယ်။
"အဓိက ဆွေးနွေးတာကတော့ အခုရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အဲဒီမှာ မစ္စတာ ကင်တားနားက သွားပြီးတော့ လူ့အခွင့်အရေး ကော်မရှင်ကနေ သွားကြည့်တယ်မလား။ သွားလေ့လာတယ်ပေါ့နော်။ အဲဒီအပေါ်မှာ သူတို့က အခြေခံပြီး ပြောသွားတာ။ အဲဒီမှာ မစ္စတာ ကင်တားနားက သွားကြည့်တဲ့ အခါမှာ အများ သုံးသပ်သွားတာကတော့ ဘက်လိုက်တယ်ဆိုတဲ့ အကြောင်း၊ ပြည်တွင်းမှာ ဝင်ရောက် စွက်ဖက်တယ် ဆိုတဲ့အကြာင်း ဘာကြောင့်လည်းဆိုတော့ ဒီ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရမယ်။ ဥပဒေပြဋ္ဌာန်းပြီး သတ်မှတ်ပေးရမယ် အဲလိုပြောသွားတာက ဘက်လိုက်တာ ဆိုပြီးတော့ သုံးသပ်ကြတယ်။ မစ္စတာ ကင်တားနားကိုတောင် နောက်တစ်ကြိမ် မြန်မာပြည်ထဲမှာ သူ့ကိုယ်စားပေါ့၊ တခြား တစ်ယောက်ကို အစားထိုးပေးပါ။ သူ့ကို လာပြီးတော့ လေ့လာတဲ့ ပုဂ္ဂိုလ်အနေနဲ့တော့ မထားပါနဲ့တော့ ဆိုပြီးတော့ အဲလောက်အထိကို ပြောသွားတယ်"
မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Myanmar Egress ရုံးမှာ ကျင်းပခဲ့တဲ့ အဲဒီ တွေ့ဆုံပွဲမှာ တိုင်းရင်းသား ညီလာခံ ခေါ်ယူရေးကိစ္စ၊ ပီပြင်တဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကိစ္စနဲ့ ဘိန်းစိုက်ပျိုးမှု လျော့ကျရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen က နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ တင်ပြချက်တွေကို ကုလသမဂ္ဂ အထက် အရာရှိတွေထံ ပြန်လည် အစီရင်ခံမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ် ဒုက္ခသည်တွေနဲ့ တွေ့ဆုံလှူဒါန်း
2012-08-10
တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိပြီး ဒုက္ခသည် စခန်းတချို့ကို သွားရောက် လေ့လာခဲ့ပါတယ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က စစ်တွေမြို့ရှိ ဒုက္ခသည်စခန်း၌ တူရကီ နိုင်ငံခြားရေး ၀န်ကြီးနှင့်အဖွဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံနေစဉ်။
စစ်တွေမြို့ကို ဒီကနေ့မနက်ပိုင်းက ရောက်ရှိလာတဲ့ တူရကီ နိုင်ငံခြားရေး ၀န်ကြီးအဖွဲ့ဟာ ဘောဒူဘနဲ့ အောင်မင်္ဂလာ ဘင်္ဂါလီ-ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေအပြင် ရခိုင်တိုင်းရင်းသား ဒုက္ခသည် စခန်းဖြစ်တဲ့ ဆုတောင်းပြည့် ဘုန်းကြီးကျောင်းကို သွားရောက်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက် ဒေသခံတစ်ဦးက ပြောပါတယ်။
"ကားနဲ့လာပြီးတော့ ဒုက္ခသည်စခန်းမှာ ပေးတာလည်းရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီရခိုင်ပြည်နယ်ရုံးမှာ အစိုးရဝန်ကြီး အဖွဲ့တွေကို လွှဲပေးတာလည်း ရှိပါတယ်။ သူတို့ ပထမ မနက်ရောက်တာနဲ့ ကျွန်တော်တို့ ဒီဘောဒူဘပေါ့။ ဘောဒူဘ ဆိုတာက မြို့ပြင်ပေါ့၊ မြို့ပြင် ဒုက္ခသည်စခန်းတွေကို သွားပြီးတော့ ကြည့်ပါတယ်။ အဲဒီက ၁၁ နာရီခွဲလောက်ကိုကျရင် သူတို့ပြန်လာတယ်။ ပြန်လာပြီးတော့ သူတို့ လောကနန္ဒာကို ဝင်ပါတယ်။ လောကနန္ဒာမှာ ကြည့်ပြီးတော့ ၁ နာရီခွဲလောက်မှာ အောင်မင်္ဂလာမှာ သူတို့ ရောက်ပါတယ်။ ကျွန်တော်တို့ ဗလီမှာ နမာဇ့်ဖတ်နေတဲ့ အချိန်မှာ နိုင်ငံခြားရေး ဝန်ကြီးကတော်ကဒီမှာ ဒီအောင်မင်္ဂလာရပ်ကွက်က အိမ်တစ်အိမ်မှာ ကျောင်းသူလေးတွေ အမျိုးသမီးတွေ ဒုက္ခသည်တွေ သူတို့နဲ့တွေ့ပါတယ်"
ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်က အစ္စလာမ် ဘာသာဝင် နိုင်ငံများအဖွဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် အနေနဲ့ ရခိုင်ပြည်နယ်က အဖြစ်မှန်တွေကို ကိုယ်တိုင် လာရောက် လေ့လာဖို့ ဖိတ်ခေါ်ကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ် ဆိုပြီး အင်တာနက် စာမျက်နှာတွေမှာ ဖော်ပြနေတာတွေဟာ မြန်မာနိုင်ငံက မဟုတ်ပဲ တခြားနိုင်ငံက သေဆုံးမှုတွေကို မြန်မာနိုင်ငံမှာ ဖြစ်ခဲ့သယောင် ဖော်ပြ နေကြတာ ဖြစ်ကြောင်း စသဖြင့် သမ္မတ ဦးသိန်းစိန်က တူရကီ နိုင်ငံခြားရေး ဝန်ကြီးကို ရှင်းပြခဲ့တယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ်က ဒုက္ခသည် အားလုံးအတွက် မြန်မာအစိုးရကို မနေ့က အမေရိကန် ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မအင်ကြင်းနိုင်ရဲ့ တင်ပြချက်ကိုနားဆင်ပါ။
| တင်ပြချက်။ | |
| အသံဖိုင်ယူရန်။ |
--
ဇ င် ထူး
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ