[mrsorcerer:29542] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/8/20
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


ရခိုင်ပြည်နယ် ပြဿနာ ပုံကြီး မချဲ့ ဖို့ အစ္စလာမ်ဘာသာရေး အဖွဲ့  ကြေချက်ထုတ်ပြန်

Posted: 20 Aug 2012 06:45 AM PDT

မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ ကြီးက ရခိုင် ပြည်နယ် တွင် ဖြစ်ပေါ်နေသော အခြေအနေ များနှင့် စပ်လျဉ်း၍ သဘောထား ထုတ်ပြန် ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။ ---
ကြေညာချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ခုံရုံးအငြင်းပွားမှုတွင် ဥပဒေအဆုံးအဖြတ် ခံယူမည်ဟု ခုံရုံးဥက္ကဋ္ဌ ပြောကြား

Posted: 20 Aug 2012 06:22 AM PDT

သြဂုတ်(၂၀)ရက်၊ ၂၀၁၂ခုနှစ်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးတွင် လက်ရှိဖြစ် ပွားနေသော အငြင်းပွား မှုပြဿနာအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက် များအတိုင်း ဆောင်ရွက် သွားမည်ဖြစ်သည်ဟု  ခုံရုံးဥက္ကဌ ဦးသိန်းစိုးက ဆိုသည်။

"ဖွဲ့စည်းပုံ အခြေခံဆိုင် ရာဥပဒေနဲ့ ပဲဆုံးဖြတ်တဲ့ အတွက် နှုတ်ထွက် မလားဆိုတဲ့ အမေးကို ဖြေစရာ မလိုတော့ ပါဘူး " ဟု ခုံရုံးဥက္ကဌ ဦးစိုးသိန်းက ပြောသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့်  ဥပဒေများနှင့်ပတ်သတ်၍ ညှိနိုင်းဆောင်ရွက်သည့် အလေ့အထ မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဥက္ကဌကပြောသည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံးရဲ့ အခြေခံဖြစ်ပါတယ်။ ကျန်တဲ့ ဥပဒေများကတော့ တည်ဆဲဥပဒေသာလျှင် ဖြစ်ပါတယ်။ တည်ဆဲဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်လျှင် တည်ဆဲဥပဒေများသာ ပျက်ပြားရပါမယ်"ဟု ဥက္ကဌ ဦးသိန်းစိုးက ဆက်ပြောသည်။

လွှတ်တော်ကော်မတီများသည် ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ပေါင်း (၃၀၁) ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအား စွပ်စွဲပြစ်တင်မူပြုလုပ်ရန် ပြည်သူ့လွတ်တော် ဥက္ကဌထံ ၂၀၁၂ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် တင်ပြတောင်းဆိုခဲ့ကြကြောင်းသိရသည်။

စွပ်စွဲပြစ်တင်ခြင်းနှင့် ဆက်လျဉ်း၍ ပုဒ်မ (၃၀၂)ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဟု ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ စာမျက်နှာ (၁၄၇) ပုဒ်မ-၃၃၄ (ခ)တွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မူသည် မှန်ကန်၍ စွပ်စွဲ ခံရသူသည်   ပြည်ထောင်စု တရားသူကြီးချုပ် (သို့မဟုတ်) ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော် နာယကသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြ အစီရင်ခံရမည်ဟု ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာမျက်နှာ(၁၃၁) ပုဒ်မ -၃၀၂(ခ)(၈)တွင် ဖော်ပြပါရှိသည်။

ထိုစွပ်စွဲပြစ်တင်မူအား အခြေခံဥပဒေပုဒ်မ  ၇၁ (ခ)အရ ပြည်သူ့လွှတ်တော် (သို့) အမျိုးသားလွှတ်တော် တစ်ရပ်ရပ်က ဆောင်ရွက်နိုင်သည်။ စွပ်စွဲချက်ကို တင်သွင်းလိုသည့် လွတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၏ လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ သတ်ဆိုင်ရာ လွတ်တော်သို့ တင်သွင်းရမည်။ အပိုဒ်ခွဲ (ဂ)တွင် ယင်းစွပ်စွဲ ချက်ကို ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး ၃ပုံ၂ပုံက ထောက်ခံမှသာလျှင် ဆက်လက်အရေးယူ ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအနေဖြင့် ၂၀၁၂ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့ မတိုင်မီ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားမယူပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှုအဆိုကို ပြည့်သူလွတ်တော်သို့ တင်သွင်း သွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ထုတ်ပြန်ပြောဆိုသည်။

မေသင်္ကြန်ဟိန် နေပြည်တော်-(မြစ်မခ)
by Shwe Myitmakha Media Group


အခြေခံ ဥပဒေ ပြင်ဆင်ခြင်းသည် ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြ

Posted: 20 Aug 2012 06:11 AM PDT

နေပြည်တော်၊ သြဂုတ် ၂၀

မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေးတွင် စိန်ခေါ်မှုတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သော အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ ပြည်သူ သန်းခြောက်ဆယ်၏ မျက်နှာ ကို ထောက်ထား၍ သော် လည်းကောင်း၊ မဏ္ဍိုင်ကြီး သုံးရပ်၏ စည်းလုံး ညီညွှတ်မှုကို မထိခိုက်စေ၍ သော်လည်းကောင်း လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်မည့် နည်းလမ်း ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပါက ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။

နိုင်ငံတော် သမ္မတထံမှ ပေးပို့သော သဝဏ်လွှာတွင် "ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ တွင် တရားဝင် ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမှ ထိခိုက်မှု မရှိစေပဲ သင့်လျော်ကောင်းမွန်မည်ဟု
ယူဆပါသည်ဟု ဖော်ပြထားရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဖြစ် ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကပြောကြားသည်။

လွှတ်တော် အသီးသီးက ဖွဲ့စည်းသော ကော်မ ရှင် နှင့် ကော်မတီ များသည်ပြည်ထောင်စု အဆင့် မဟုတ်ဟု သတ်မှတ် ခဲ့ခြင်းကြောင့် အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား ဖွဲ့စည်းပုံ အခြေခံပါပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်ထားသောတာဝန်များ ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း တို့ကြောင်း သြဂုတ်လ ၂၁
ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ အနားယူရန်နှင့် အနားယူခြင်း မရှိပါက စွပ်စွဲ ပြစ်တင်ခြင်း ပြုလုပ် ရန် ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအပါအဝင် ကိုယ်စာလှယ်များ လက်မှတ်ရေးထိုးခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးတို့ က ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြပါသည်။

ထိုပုဂ္ဂိုလ်များသည် ဥပဒေရေးရာတွင် ကျွမ်းကျင်၍ တရားစီရင်ရေးတွင်နှစ်ပေါင်း များစွာ ဆောင်ရွက် ခဲ့ကြသူများဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စပေါ်တွင် ဘက်လိုက်၍ သော်လည်းကောင်း၊ မှားယွင်း၍သော် လည်းကောင်း ဆုံးဖြတ်ကြမည့်သူများ မဟုတ်ပါဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြသည်။

အခြေခံ ဥပဒေ ခုံရုံးကို စွပ်စွဲ ပြစ်တင်ခြင်း နည်းလမ်းအစားဖြည့်စွပ်ပြင်ဆင်မှု အခြေအနေနှင့် ပတ်သတ်၍ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် တရားလွှတ်တော် ရှေ့ နေ ဦးသိန်းညွှန့်အား ဆက်သွယ် မေးမြန်းခဲ့ရာ "လွှတ်တော်ရေးရာ ကော်မတီတွေနဲ့ ပတ်သတ်ပြီးအခြေခံဥပဒေ ဖြည့်စွပ်ချက် မူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ကျွန်တော်ပြီးခဲ့တဲ့ တစ်ပတ်က တင်ထားခဲ့ပါတယ်။ ရှေ့ တစ်ပတ် ပြည်ထောင်စုလွှတ်တော်ကြရင် ပြင်ဆင်ခွင့် အဆိုကို တင်သွင်းနိုင်မယ် ထင်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

The Voice Weekly


လားရှိုးတွင် ရေမျောပစ္စည်း လိုက်ဆယ်သူ တစ်ဦးသေဆုံး

Posted: 20 Aug 2012 05:59 AM PDT

လာရှိုးမြို့တွင်ဖြစ်ပေါ်ခဲ့သောရေကြီးမှုကြောင့် အိမ်ထဲတွင် ပိတ်မိနေသော သက်ကြီးရွယ်အိုများ၊ ကျမ်းမာရေး မကောင်းသူများနှင့်ကလေး သူငယ်များကို တပ်မတော်သားများနှင့် အခြားဌာန ဆိုင်ရာ ၀န်ထမ်းများက ကြိုးများဖြင့်ဆွဲ၍ ကယ်ဆယ်ပေးနေသည်ကို သြဂုတ်လ ၂၀ ရက် (ယနေ့)တွင် မြင်တွေ့ရစဉ်။
လားရှိုး၊ သြဂုတ် ၂၀

လားရှိုးမြို့ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ ရေလွှမ်းမိုးပြီး လူနေအိမ်အချို့ မှာ ပြိုကျခဲ့ရာ ရေမျောပစ္စည်းများ လိုက်ပါဆယ်ယူသူတစ်ဦးသေဆုံးသွားကြောင်း လားရှိုးမြို့ ခံများက The Voice Weeklyသို့ပြောသည်။

မိုးများသည်းထန်စွာရွာပြီး သြဂုတ်လ ၁၉ ရက်နေ့တွင် တောင်ကျရေများအရှိန်ပြင်းစွာ စီးဆင်းလာမှုကြောင်း လူနေအိမ်အချို့  ရေမြှုပ်ခြင်း၊ပစ္စည်းများ မျောပါခြင်းများ ဖြစ်ခဲ့ပြီး အုတ်တံတိုင်း အချို့ မှာလည်းပြိုကျ ပျက်စီးခဲ့ခြင်းများ ရှိခဲ့ကြောင်း လားရှိုးမြို့ ခံများထံမှ သိရှိရသည်။

"ဒါမျိုး လားရှိုးမှာ တစ်ခါမှ မဖြစ်ဖူးဘူး။ တောင်ကျရေတွေ ကျလာလည်းဒီလောက်အထိ များစရာအကြောင်း မရှိဘူး။ ကျွန်တော်တို့ အထင်တော့ မိုးရေတွေများလာပြီး နန့်ဆန် ဆည် ကျိုးမှာဆိုးလို့ ဖောက်ထုတ်လိုက်တယ် ထင်တယ်" ဟုရပ်ကွက် (၁) တွင် နေထိုင်သူ အမျိုးသား တစ်ဦးက ဆိုသည်။

ရေမျောပါ သေဆုံးသူမှာ ရေစီးတွင် မျောပါသွားသော ၄င်း၏ နေအိမ်မှ ကိုယ်ပိုင် ပစ္စည်းများကို လိုက်လံဆယ်ယူစဉ် သေဆုံးခြင်းဖြစ်ပြီး မန္တလေး - လားရှိုးမြို့  အဝင် ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် လည်း ရေများလျှံခဲ့ပြီး ပစ္စည်းများ မျောပါခြင်းများရှိခဲ့ကြောင်း လားရှိုးမြိုခံများထံမှသိရသည်။

"အခုက ဌာနဆိုင်ရာ အကုန်လုံးက ကယ်ဆယ်ရေးတွေ လုပ်နေတယ်။ ဒုက္ခသည်တွေကတော်တော်များတယ်။ အကုန်လုံးကိုတော့ ထမင်းထုပ်ဝေတယ်" ဟုလားရှိုးမြို့ခံကပြောသည်။လူအသေ အပျောက် စာရင်း နှင့် ဒုက္ခသည်များစာရင်း ကို တရားဝင်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လွန်ခဲသောနာရီပိုင်း ကလားရှိုး မြို့နှင့်မူဆယ်မြို့ကြား အေတီတံတားချောင်း၌ ယခင်က ကုန်တင်ကားများကိုဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ယခုအချိန်တွင် ဖြတ်သန်းခွင့် မပြုတော့ကြောင်း၊ ရေမှာကုန်တင်ကားများ သွားနိုင်သည့်အနေအထားထက်ကျော်လွန်နေသောကြောင့်ဖြစ်ကြောင်း လားရှိုးမြို့ ဒေသခံများက ရှင်းပြကြသည်။

တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်ရာလမ်းမကြီး ဖြစ်သော မန္တလေး - မူဆယ် လမ်းမကြီးသည်လည်း လားရှိုးမြို့တွင် ရေ လွှမ်းမိုးနေသဖြင့် ယခုအခါကုန်တင်ကားကြီးများ သွား၍ မရတော့သောကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းလျက်ရှိကြောင်း လားရှိုး - မူဆယ် အထွက်တွင် ရပ်တန့်ထားသောကုန်တင်ကားမောင်သူများ ထံက စုံစမ်း သိရှိရသည်။

The Voice Weekly


ရေတက်မှု ရက်ကြာမြင့်လာ၍ ရေဘေးဒုက္ခသည်များ ကျန်းမာရေးစိုးရိမ်နေရ

Posted: 20 Aug 2012 05:56 AM PDT

ကျောင်းကုန်း၊သြဂုတ်-၂၀

ရေတက်မှု ရက်ကြာမြင့် လာသည်နှင့် အမျှ ရေဘေး ဒုက္ခသည် များ၏ ကျန်းမာရေး အန္တရာယ်ကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့နယ်ရှိ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ လိုက်လံဆောင် ရွက်ပေးနေ သူများက ဆိုသည်။

င၀န်မြစ် ရေကြီးမှုနှင့် အတူ ဒါးကမြစ်ရေ မြင့်တက် လာမှုကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ကျောင်းကုန်း၊ ရေကြည်၊ အသုတ်၊ ကျုံပျော် အစရှိသော မြို့နယ်များတွင် သြဂုတ်လ ပထမပတ်မှ စတင်ကာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး လူနေအိမ် အနိမ့်ပိုင်းရပ်ကွက်များသို့ ရေ၀င်ရောက်နေမှုမှာ နှစ်ပတ်ကျော်မျှ ကြာမြင့်နေပြီဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ် ကံဦးလူငယ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

"မြို့ပေါ်ရပ်ကွက်တွေမှာက လက်လှမ်းမီတော့ သိပ်မစိုးရိမ်ရဘူး။ သွားဖို့လာဖို့ ခက်ခဲနေတဲ့ ရွာတွေမှာတော့ နောက်ပိုင်း ရေနဲ့ပတ်သက်ဆက်နွယ်တဲ့ ရောဂါတွေ အများဆုံး ဖြစ်လာနိုင်တယ်"ဟု ကျုံပျော်မြို့နယ်မှ လူမှုရေးလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးနေသူ ဆရာဝန်တစ်ဦးကဆိုသည်။

အိမ်သာများပါ ရေမြုပ်နေ၍ ကျင်ကြီးကျင်ငယ်စွန့်ရန် ခက်ခဲနေခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရန် လိုအပ်နေခြင်း၊ အဆိပ်ရှိသတ္တ၀ါများ အကိုက်ခံရပါက အချိန်မီဆေးကုသရန် မြို့ပေါ်သို့ သွားလာရ ခက်ခဲနေခြင်း၊ ဆေးဝါးလုံလောက်မှု မရှိခြင်းတို့ကြောင့် ယခုနောက်ပိုင်း အချို့ကလေးငယ်နှင့် သက်ကြီးရွယ်အိုများတွင် အရေပြားဆိုင်ရာ ကူးစက်ရောဂါများ စတင်ဖြစ်ပွားနေရကြောင်း ကျောင်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်မှ ရေဘေးဒုက္ခသည်များက ပြောသည်။

မြို့ပေါ်ရပ်ကွက်များရှိ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ခြင်ဆေး၊ ပိုးသတ်ဆေး ပုံမှန်ဖျန်းပေးမှုများ ရှိသော်လည်း အလှမ်းဝေးပြီး သွားလာရခက်ခဲသည့် ကျေးရွာများမှာမူ လတ်တလောတွင် ဖြည့်ဆည်းပေးရန် ခက်ခဲနေသေးကြောင်း ကျောင်းကုန်းမြို့နယ်တွင် လူမှုရေးလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးနေသူ ကိုသိန်းဌေးက ပြောသည်။

"ရေကျသွားရင် ငှက်ဖျားတို့၊ ၀မ်းပျက်ဝမ်းလျှောရောဂါတို့ ပိုပြီးဖြစ်ပွားနိုင်တယ်"ဟု ကိုသိန်းဌေးကဆိုသည်။

ထိုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး၏ မြစ်ရေတက်မှု ခံစားရသည့် မြို့နယ်နှင့် ကျေးရွာများမှာ ၁၉၉၂ ခုနှစ်က တစ်ကြိမ်၊ ယခု ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် ၁၀ နှစ်အတွင်း အဆိုးရွားဆုံး အနေအထားတစ်ရပ်ဖြင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။

by 7Day News Journal



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကော်ပိုရေးရှင်းအဖြစ် ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖွဲ့စည်းမည်

Posted: 20 Aug 2012 05:52 AM PDT

ရန်ကုန်၊ သြဂုတ်-၂၀

အစိုးရက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ဆက်သွယ်ရေး ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်း လိုက်ပြီဖြစ်ပြီး ယင်းကော်ပိုရေးရှင်း၏ လက်အောက်တွင် ပုဂ္ဂလိက ကုမ္ပဏီလေးခုက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လွှဲပြောင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်တွင် အစိုးရဌာနတစ်ခုအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ယင်းဌာနက ဆက်သွယ်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ ပုဂ္ဂလိကကုမ္ပဏီများအား ဥပဒေအရ စီမံခန့်ခွဲရသည့်လုပ်ငန်းများ ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ဆက်သွယ်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးဦးကျော်စိုးက ပြောသည်။

အစိုးရဌာနတစ်ခုအနေဖြင့် ဆက်လက်ကျန်ရှိနေမည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးကော်ပိုရေးရှင်း၏ လက်အောက်တွင်ရှိလာမည့် မြန်မာတယ်လီကွန်း၊ ရတနာပုံတယ်လီကွန်းနှင့် အခြားသော အော်ပရေတာကုမ္ပဏီနှစ်ခုတို့က နိုင်ငံတော်သို့ အခွန်အခများ ပုံမှန်ပေးဆောင်နိုင်ရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်တို့ကို ထိန်းချုပ်သွားမည်ဖြစ်သည်။

ယင်းသို့ အစိုးရက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖွဲ့စည်းပုံများကို ပြုပြင်ပြောင်းလဲလိုက်ရာတွင် ဆက်သွယ်ရေးကော်ပိုရေးရှင်းအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ငွေများကို မှီခိုအသုံးမပြုသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပြီး ကော်ပိုရေးရှင်း၏ ရန်ပုံငွေနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေများ၊ နည်းပညာအထောက်အပံ့များဖြင့် လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အရင်ကဆို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အမ်ပီတီကိုပဲ ရွေးကြတယ်။ အခုဆို ကိုယ်ကြိုက်တဲ့ ပုဂ္ဂလိကုမ္ပဏီတွေကို ရွေးချယ်နိုင်ပြီ။ ပြည်သူတစ်ဦးချင်း လိုလားတဲ့၊ ပြည်သူတစ်ဦးချင်းစီကို အကျိုးပြုပေးနိုင်မယ့် အရည်အသွေးကောင်းတဲ့၊ ဈေးချိုစေပြီး လုံခြုံစိတ်ချရမယ့် ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပေးနိုင်အောင်လို့ ဒီလိုပြောင်းလဲမှုတွေကို လုပ်လိုက်တာပါ။ ပြည်သူဗဟိုပြုကို ဆောင်ရွက်မှာဖြစ်ပါတယ်"ဟု ကျောင်းအုပ်ကြီး ဦးကျော်စိုးက ဆက်လက်ပြောသည်။

ယခုကဲ့သို့ ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်း ဖွဲ့စည်းပုံပြောင်းလဲလိုက်ပြီး ပုဂ္ဂလိကကုမ္ပဏီများ ပါဝင်လာတော့မည် ဆိုသော်လည်း လက်ရှိအခြေအနေထက် ပိုမိုထူးခြားသည့် ပြောင်းလဲမှုများကိုမူ မြင်တွေ့နိုင်ဦးမည် မဟုတ်သေးကြောင်း ပြည်တွင်းအခြေစိုက် ကွန်ပျူတာပညာရှင်အချို့က သုံးသပ်ကြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြောင်းအလဲနှင့် ပတ်သက်ပြီး ကွန်ပျူတာပညာရှင် တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက "ဒီလိုပြောင်းလိုက်လို့ ဘာမှသိပ်ထူးမှာ မဟုတ်ပါဘူး။ အရင်က အင်တာနက်မကောင်းရင် သုံးစွဲသူတွေက ဆက်သွယ်ရေးကို ပြောကြတယ်။ အခုဆို ပုဂ္ဂလိကကုမ္ပဏီတွေကို ပြောကြရတော့မှာပေါ့"ဟု ထင်မြင်ချက်ပေး ပြောကြားသည်။

ယခုကဲ့သို့ အစိုးရက ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးလိုက်ခြင်းကြောင့် လာမည့်နှစ်များတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍဖြစ်သော မိုဘိုင်းဖုန်းသုံးစွဲမှုနှင့် အင်တာနက် သုံးစွဲမှုများကို ပုဂ္ဂလိကကုမ္ပဏီများတွင်သာ ဝယ်ယူနိုင်တော့မည်ဖြစ်သည်။ သို့သော် ယင်းကုမ္ပဏီများသည် အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိဦးမည်ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် ကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်တချို့က ဝေဖန်ကြသည်။

by 7Day News Journal



ဦးအောင်သိန်းလင်းကို ကန့်ကွက်ရန် မဲဆန္ဒရှင်လက်မှတ် ၁,၃၀၀ ကျော် စုဆောင်းရရှိပြီဟုဆို

Posted: 20 Aug 2012 05:48 AM PDT

ရန်ကုန်၊ သြဂုတ် - ၂၀

ပြည်ခိုင် ဖြိုးပါတီ တောင်ဥက္ကလာပ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သော စကားများအား မနှစ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရန် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူဆန္ဒမဲ လက်မှတ်များ စုဆောင်းရာတွင် လက်မှတ်ပေါင်း ၁,၃၀၀ ကျော်ရ ရှိနေပြီ ဖြစ်ကြောင်း ဦးဆောင် ဦးရွက်ပြုသူ ဦးမင်းအောင်ကပြောသည်။

"လက်မှတ်ထိုးဖို့ပေးထားတဲ့ စာရွက်တွေကိုတော့ လူငယ်တွေ ပြန်စုနေပြီ။ ဒီအပတ်ထဲမှာတော့ သေချာပေါက်တင်ဖြစ်ပါပြီ" ဟု ဦးမင်းအောင်က သြဂုတ် ၂၀ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ဦးအောင်သိန်းလင်းက သမ္မတဦးသိန်းစိန်က မိမိ၏သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟုဆိုသော ဧရာဝတီမြစ်ဆုံဆည်ကို မဖြစ်မနေပြန်လည်တည်ဆောက်သွားမည်ဟု ပြောဆိုခဲ့ သဖြင့် ယခုကဲ့သို့ ဇူလိုင်လကုန်မှစ၍ ကော်မရှင်ဥက္ကဋ္ဌထံ တင်ပြရန် လက်မှတ်စတင်စုဆောင်းခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီမှ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုသိရပြီး ဦးအောင်သိန်းလင်းမှာလည်း ရန်ကုန်တိုင်း တာဝန်ခံရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉) (လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း) အပိုဒ်-၃၉၆(ခ)တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင် အနည်းဆုံး ၁ ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ မဲပေးသူရှစ်သောင်းကျော်ရှိပြီး၊ ၈၀၀ ပြည့်လျှင် ၁ ရာခိုင်နှုန်းပြည့်ကြောင်း ဦးမင်းအောင်ကပြောသည်။ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်သိန်းလင်းအနေဖြင့် အမှန်တကယ်ပြောကြားခြင်း ရှိ၊ မရှိကိုလည်း စိစစ်ဆောင်ရွက် လျက်ရှိပြီး တွေ့ရှိချက်များအပေါ်မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

7Day News Journal


အာရှဖွံ့ ဖြိုးရေး ဘဏ်က ကိုယ်စားလှယ် အဖွဲ့  ဒေါ်အောင်ဆန်း စုကြည် ကို လာရောက်တွေ့ ဆုံ

Posted: 20 Aug 2012 05:38 AM PDT

အာရှဖွံ့ ဖြိုးရေး ဘဏ်က ကိုယ်စားလှယ် အဖွဲ့ ဟာ သြဂုတ်လ ၁၉ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကို သူမရဲ့ နေအိမ်မှာ နံနက် ဆယ်နာရီခန့်က လာရောက်တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။----

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



အုန်းနှဲကျေးရွာနေအိမ်များရေမြုပ် (ရုပ်/သံ)

Posted: 20 Aug 2012 06:29 AM PDT

ပဲခူးတိုင်းမှာ ဇူလိုင်လ နောက်ဆုံး အပတ်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းတဲ့ အပြင် ကဝမြို့နယ် မှာရှိတဲ့ ပိုင်ကျုံ ရေထိန်း တံခါးကို တာဝန်ရှိ သူတွေ အနေနဲ့ အချိန်မှီဖွှင့် မပေးခဲ့တာကြောင့် အနိမ့်ပိုင်း ကျေးရွာက အိမ်တွေ လယ်ယာတွေ ရေနစ်မြုပ် ခဲ့ရပြီး ဒေသခံ ကျေးရွာသား တွေမှာ ရေဘေး ဒုက္ခကြုံနေ ရတယ်လို့ သိရပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

အုန်းနှဲ ၊ ပိုင်ကျုံ ၊ ကဝ ၊ ခမဲပင် ၊ ကျားတက် အပါအဝင် ရွာပေါင်း ၄၁ရွာ ကျော်မှ အိမ်တွေ နဲ့ ထောင်နဲ့ချီတဲ့ လယ်ဧက တွေ ရေနစ်မြုပ်ခဲ့တာဖြစ်ပြီး အဓိကအားဖြင့် အုံးနှဲကျေးရွာမှာ အိမ်ခြေ ၇၀၀ လောက်ရေနစ်မြုပ် ခဲ့ရသလို လူဦးရေ ၂၀၀၀ ကျော်ဟာ ရေဘေး ဒုက္ခတွေ ကြုံတွေ့နေရတာပါ။

အခု ရေဘေးဒုက္ခသည်တွေဟာ အုန်းနှဲကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ ရေဘေးကယ်ဆယ်ရေးစခန်းမှာပဲ ခိုလုံနေကြရပြီး အလှူရှင် တွေ လာရောက်လှူဒါန်းတဲ့ အစားအသောက်တွေကိုသာ စားသောက်နေရတယ်လို့လည်း သိရပါတယ်။

 အဲဒီရေဘေးဒုက္ခသည်တွေအတွက် ကိုညီညီဦးဆောင်တဲ့ တောင်ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေစုပေါင်းပြီး ဆန်အိပ် ၁၅ အိပ် ၊ ဆား ၂အိပ်နဲ့ ငွေကျပ် ၄ သိန်းကို သြဂုတ်လ ၁၇ ရက်နေ့ကသွားရောက်လှူဒါန်းသွားခဲ့ကြပေမယ့်လည်း အကူအညီတွေကတော့ ဆက်လက်လိုအပ်နေဆဲလို့ သိရပါတယ်။

by BurmaVJMedia


ADSLအင်တာနက်လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့်ပေး

Posted: 20 Aug 2012 03:30 AM PDT

ယခု ၁ ရက်နေ့မှ စတင်၍ ADSL အင်တာနက် လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့် ပေးခဲ့သည်ဟု ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက သြဂုတ်လ ၁၅ရက်နေ့ တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြောသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လှိုင်သာယာ လယ်သမားများ ထွန်တုံး တိုက်ပွဲ ဆင်နွှဲ

Posted: 20 Aug 2012 03:14 AM PDT

မြို့ရွာ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာနရုံးရှေ့ ဆန္ဒပြ ခဲ့ကြသည့် လှိုင်သာယာ မြို့နယ်မှ လယ်သမား များသည် သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ထွန်တုံး တိုက်ပွဲ ဆင်နွှဲသည့် အနေဖြင့် လယ်မြေများ အတွင်း လယ်ထွန် စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြသည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမှိုက်အမျိုးအစားမခွဲပါက စက်တင်ဘာလမှစ၍ ဒဏ်ငွေကျပ်(၁)သောင်း ပေးဆောင်ရမည်

Posted: 20 Aug 2012 02:40 AM PDT

သြဂုတ် (၂ဝ)ရက်၊ ၂ဝ၁၂ခုနှစ်။

ရန်ကုန်တိုင်းဒေသကြီးတွင် စက်တင်ဘာ(၁)ရက်နေ့မှ စတင်၍ စွန့်ပစ်အမှိုက်များအား အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်မှုမရှိပါက ဒဏ်ငွေ (၁)သောင်းကျပ် ပေးဆောင် စနစ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီက သိရှိရသည်။ 

''ရန်ကုန်တိုင်းဒေသကြီးက အတည်ပြုချက်နဲ့ ဒဏ်ကြေး(၁)သောင်း တိုးမြှင့် ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ နဂိုကတည်းက ဥပဒေရှိပြီးသားပါ။အခုမှ ဒေသန္တရကျန်းမာရေး အတွက်ဆိုပြီး တိုးမြှင့်လိုက်တာ မဟုတ်ပါဘူး။ မြို့ပြလိုအပ်ချက်ကြောင့်ပါ ''ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ( ပတ်ဝန်းကျင်နှင့်ထိန်းသိမ်းရေးဌာန)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း(၃၃)မြို့နယ်တွင် အမှိုက်စို၊အမှိုက်ခြောက်ခွဲခြားစွန့်ပစ် စနစ် အား ဧပြီလ(၁)ရက်နေ့မှ စတင်ကာ ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ယနေ့(သြဂုတ်လပိုင်း)ထိ (၂၈)ရာခိုင်နှုန်းသာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရှိရသည်။

ယခင်က အမှိုက်အစို၊ အခြောက်ခွဲခြားစွဲစွန့်ပစ်မူမရှိပါ ဒဏ်ငွေ ရာဂဏန်းသာ ပေးဆောင် ခဲ့ရာမှယခုလို ဒဏ်ကြေးငွေ   သောင်းဂဏန်းအထိ တိုးမြှင့် ကောက်ခံရခြင်းမှာ မြို့ပြဥပဒေ အရ ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး အတွက် ထိန်းသိမ်းမူများပြုလုပ်ကာကျန်းမာရေး အတွက် အထောက်အကူပြုနိုင်ရန်နှင့်  စည်းကမ်းလိုက်နာမှုများရှိလာစေရန်   ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း စည်ပင်သာယာဌာနက  သိရှိရသည်။

''အရင်တုန်းကတော့ အမှိုက်စွန့်ပစ်ပြီဆိုရင် ကြွပ်ကြွပ်အိတ်ကို လုံအောင်ချည်ပြီးတော့ ပစ်လိုက်တာပဲ။ အခုဒဏ်ကြေးတွေ အဆမတန်တိုးလာတော့ဆိုရင် သေချာပစ်ရတော့မှပဲ ''ဟု ကမာရွတ်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြားစွန့်ပစ်မူ ရှိ/မရှိအား စည်ပင်သာယာရေးဝန်ထမ်းများမှ စောင့်ကြည့်သွားမည်ဖြစ်ပြီး တွေ့ရှိပါက စည်းကမ်းလိုက်နာခြင်းမရှိသူအား မေးမြန်းကာ အိမ်အမှတ်၊ စွန့်ပစ်သူနံမည်များအား သေချာမှတ်သား၍ သက်ဆိုင်ရာ တပ်ခွဲမှူးများမှ တဆင့် တရားရုံး၌ စနစ်တကျ ပေးဆောင်သွားရမည်ဖြစ်ကြောင်း စည်ပင်ဌာနမှ သိရှိရသည်။

ယခင်အစိုးရလက်ထက်၌ စည်ပင်သန့်ရှင်းရေးဝန်ထမ်းပေါင်း (၂၉၈၅)ဦးရှိခဲ့ပြီး ယခုအစိုးရ လက်ထက်တွင် (၃၅၅၄)ဦးထိ တိုးချဲ့လာနိုင်ခဲ့ပြီး လက်ရှိတွင် တနေ့လျှင် စွန့်ပစ်အမှိုက် တန်ချိန် (၁၇ဝဝ)တန်အား သန့်ရှင်းမှုပြုလုပ်နေကြောင်း သိရှိရသည်။

 ယမင်း(မြစ်မခ)
by Shwe Myitmakha Media Group


ညမထွက်ရအမိန့်ဖြင့် ဖမ်းဆီးခံ (၆၃) ဦးအား (၆)လစီ ထောင်ဒဏ်ချမှတ်

Posted: 20 Aug 2012 02:34 AM PDT

ရခိုင် ပြည်နယ်တွင် ဇွန်လ ကတည်းက ထုတ်ပြန် ထားသော ပုဒ်မ (၁၄၄)ည မထွက်ရ အမိန့်ကို  ဖေါက်ဖျက်ခဲ့ သူများအား  စစ်တွေ မြို့နယ် တရားရုံးမှ ထောင်ဒဏ် (၆)လစီ ပြစ်ဒဏ် ချမှတ် လိုက်သည်။ မြို့တော် စစ်တွေတွင် ညမထွက်ရ အမိန့်ဖြင့် ဖမ်းဆီး ထားသည့် တရားခံ(၆၃)ဦး၊---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



TITANIC 3D ရုပ်ရှင် စတင်ပြသ (ရုပ်/သံ)

Posted: 20 Aug 2012 02:36 AM PDT

ကမ္ဘာကျော်အမေရိကန် ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ 20th Century Fox ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀အတွင်း ပထမဆုံးရင်းနှီးမြှုတ်နှံမှုအဖြစ် TITANIC 3D ရုပ်ရှင်နဲ့ ပြန်လည်စတင်လိုက်ပြီဖြစ်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

တင်ဆက်- ရဲဝင့်သူ
DVB TV News


စက်တင်ဘာ(၁)ရက်နေ့တွင် တစ်သိန်းဖုန်းထွက်ရှိမည်ဟု သတင်းများထွက်ပေါ်

Posted: 20 Aug 2012 02:33 AM PDT

စက်တင် ဘာလ(၁) ရက်နေ့တွင် ကျပ်တစ်သိန်းတန် မိုဘိုင်းဖုန်း များအား ချထားပေး မည်ဟု ပြည်သူများ အကြား သတင်းများ ထွက်ပေါ် နေသော်လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ဈေးနှုန်း အပြောင်း အလဲရှိပါက တရာဝင် ကြေ ညာချက် ထုတ်ပြန်မည်ဟု  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရေကြီးရေလျှံမှုများကြောင့် ယိုးဒယားလူသုံးကုန်ဈေးနှုန်း သိသိသာသာမြင့်တက်

Posted: 20 Aug 2012 02:04 AM PDT

သြဂုတ် (၂ဝ)ရက်၊ ၂ဝ၁၂ခုနှစ်။

မြဝတီနယ်စပ်ဒေသေတွင် ရေကြီးရေလျှံမူများကြောင့်  ကားလမ်းများပျက်စီးကာ ကုန်စည်စီးဆင်းမှုကျဆင်းပြီး ယိုးဒယားလူ သုံးကုန် ပစ္စည်းဈေးနူန်းများ သိသိ သာသာမြင့်တက်ခဲ့ကြောင်း သိရသည်။

ယိုးဒယားနယ်စပ်မှတဆင့် ပြည်တွင်းဈေးကွက်သို့ အသင့်စားသုံးနိုင်သော စားသောက် ကုန်များ၊ မီးဖိုချောင်သုံး ဟင်းခတ်မှုန့်နှင့် အခြားစားသောက်ကုန်များဝင်ရောက်လျှက်ရှိပြီး စက်သုံးဆီနှင့် စားသုံးဆီများမှာ အဓိကထားဝင်ရောက်လျှက်ရှိကြောင်း သိရသည်။

''မြဝတီဘက်ကဆင်းတာက ဆီကများတယ်။ စားသုံးဆီရော၊ စက်သုံးဆီရောပေါ့။ နှစ်စဉ်မိုးတွင်းဆိုရင် ကုန်စည်ဈေးကွက်က တက်တယ်။ အခုလည်း သိသိသာသာတက် လာတယ်။ ''ဟု မြဝတီမှ မော်လမြိုင်သို့ ကုန်စည်တင်ပို့နေသူ မသန်းအေးက ပြောသည်။

လက်ရှိဈေးကွက်တွင်း၌ (ယိုးဒယား) ကုန်ပစ္စည်းများသည် အမျိုးအစား၊ အရေအတွက် ပေါ်မူတည်ကာ ယခင် သြဂုတ်လဆန်းပိုင်းထက် ကျပ် ၃ဝဝ (သုံးရာ)မှ ကျပ် ၃ဝဝဝဝ (သုံးသောင်း)ထိ မြင့်တက်လျက်ရှိသည်။

''ပြီးခဲ့တဲ့တစ်ပတ်ကဆို မိုးအရမ်းရွာတာပဲ ဈေးမတက်ဘူး။ အခုက မိုးကဆက်တိုက်လဲရွာ လမ်းကလည်းပျက်၊ ရေကလည်းကြီး ပစ္စည်းကလည်းအဝင်နည်းတော့ ဈေးနူန်းတွေက တက်ကုန်တယ်။ အရောင်းအဝယ်ကတော့ ကောင်းပါတယ်။ ''ဟု မော်လမြိုင် (ကျိုက်မရော-ရွှေဝါချောင်)မှ မသီတာက ပြောသည်။

ယိုးဒယားကုန်ပစ္စည်းသည် ပြည်တွင်းဈေးကွက်သို့ မြဝတီနယ်စပ် မဲဆောက်ဒေသမှ အဓိကထား ဝင်ရောက်လျှက် ရှိပြီး   နှစ်စဉ်မိုးကာလ၌ တောင်ကျရေစီးဆင်းမူကြောင့် လမ်းများပျက်စီးကာ ကုန်စည်းစီးဆင်းမှုကျဆင်းတတ်ကြောင်း သိရသည်။

''ကားတွေကလည်း လမ်းမကောင်းတော့ အတက်အဆင်းကျဲတယ်။ အရင်က အဆင်း တစ်ရက်၊ အတက်တစ်ရက်နဲ့ ဆွဲနေကျတာ။ အခုတာ့ အဆင်းက ၃-၄ရက်နေမှတစ်ခါ။ အတက်လည်းအတူတူပဲ။ အခုဆိုကားတွေ ဆင်းလို့ကိုမရတာတွေလဲ ရှိတယ်''ဟု (မြဝတီ-ဘားအံ- ကော့ကရိတ်-မော်လမြိုင်)ခရီးသည်တင်ယာဉ်မောင်း ဦးမြင့်စန်းက ပြောသည်။

ဈေးကွက်တွင်း အရောင်းအဝယ်ပြုလုပ်လျက်ရှိသော ကုန်ပစ္စည်းဈေးနူန်းများ

အမျိုးအစား               အရေအတွက်            သြဂုတ်လဆန်းပိုင်း  သြဂုတ်လလယ်ပိုင်း



စက်သုံးဆီ (ဓါတ်ဆီ)  ဂါလံ ၅ဝ (တစ်ပေပါ)     ၁၇ဝဝဝဝကျပ်        ၁၉ဝဝဝဝကျပ်

အချိုမှုန့် (ဆွမ်းအုပ်)   တစ်ထုတ် (၂ပေါင်)       ၂၃၅ဝ ကျပ်           ၂၇ဝဝ-၂၉ဝဝကျပ်

ကော်ဖီမစ် (Birdy)    တစ်ထုတ် (ပါကင်)        ၂၂၂ဝ ကျပ်           ၂၄၅ဝ ကျပ်

စားဆီ                    တစ်ပါကင်                    ၁၅ဝဝဝ ကျပ်          ၁၈ဝဝဝ ကျပ်

                            (၆၅ကျပ် သားဝင် ၁၂ထုတ်)


ယမင်း (မြစ်မခ)
by Shwe Myitmakha Media Group



နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတာဝန်မှ နုတ်ထွက်မည်မဟုတ်

Posted: 20 Aug 2012 01:47 AM PDT

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးတာဝန်များကိုဆက်လက် ထမ်းဆောင် သွားမည်ဟု ခုံရုံး ဥက္ကဌ ဦးသိန်းစိုးက ပြောသည်။ နေပြည်တော်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတွင် ယနေ့ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တွင်၎င်းက ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ခုံရုံး ဥက္ကဌ ဦးသိန်းစိုး


မြန်မာ့စီးပွားရေး ဆယ်စုနှစ်အတွင်း တစ်နှစ်ရှစ်ရာခိုင်နှုန်း တိုးတက်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ခန့်မှန်း

Posted: 20 Aug 2012 01:32 AM PDT

မြန်မာ့ စီးပွားရေးသည် အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့် ကုန်သွယ်မှု တိုးတက်အောင် အစိုးရက ပြုလုပ်ခြင်း၊ ငွေကြေး ဖောင်းပွမှုနှုန်း နိမ့်အောင် ထိန်းထားခြင်း အားဖြင့် လာမည့် ဆယ်စုနှစ် အတွင်း တစ်နှစ် ရှစ်ရာခိုင်နှုန်းဖြင့် စီးပွားရေးတိုး တက်နိုင်ကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ် ADB က ခန့်မှန်းလိုက်သည်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဌထံ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်

Posted: 20 Aug 2012 01:22 AM PDT

ဓါတ်ပုံ - သမ္မတရုံး ၀က်ဆိုဒ်
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်

မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးစ ကမ္ဘာ့အလယ်တွင် မျက်နှာပွင့်လန်းကာစ အခြေအနေတွင်သာ ရှိပါသေးသည်။

သို့ပါ၍ လက်ရှိအခြေအနေတွင် ဤအငြင်းပွားမှု ပြဿနာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေး မဏ္ဍိုင်ကြီး (၃) ရပ်လုံးမှ အကောင်အထည် ဖော်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ အရှိန်အဟုန် လျော့နည်းရပ်တန့် သွားခြင်းမရှိစေရန် နှင့် ပြည်သူသန်း(၆၀)၏ မျက်နှာကို ထောက်ထား၍ လည်းကောင်း၊ မိမိတို့မဏ္ဍိုင်ကြီး (၃)ရပ်၏ စည်းလုံး ညီညွတ်မှုကို မထိခိုက် စေရန်အတွက် လည်းကောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)တွင် တရားဝင် ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည် ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော် ကောင်းမွန်မည်ဟု ယူဆပါသည်။

သမ္မတရုံး ၀က်ဆိုဒ်


သြဂုတ်လ ၂၀ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၆

Posted: 20 Aug 2012 01:08 AM PDT

သြဂုတ်လ ၂၀ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၆

ဂျာနယ်ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကုလားချောင်းကို ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အများအပြား သိမ်းဆည်းရ

Posted: 20 Aug 2012 12:45 AM PDT

သြဂတ်စ်လ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ကုလားချောင်း ကျေးရွာအား ၀င်ရောက် ပစ်ခတ်ခဲ့ သူများထံမှ သက်သေခံ ပစ္စည်း အမြောက်အများကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ ရရှိခဲ့သော သက်သေခံ ပစ္စည်းများမှာ ဘင်္ဂလာဒေခ်ျ့နှင့် သက်ဆိုင်သော ပစ္စည်းများ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မွတ်ဆလင် ဆန့်ကျင်ရေး စာများ ဖြန့်ဝေ၍ ဖမ်းဆီးခံ သံတွဲမှ ကျောင်းသားသုံးဦးကို ရုံးထုတ်

Posted: 20 Aug 2012 12:36 AM PDT

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မွတ်ဆလင် ဆန့်ကျင်ရေး စာရွက်စာတမ်း ဖြန့်ဝေမှုဖြင့် စွပ်စွဲ ဖမ်းဆီး ခံထား ရသော ကျောင်းသား (၃) ဦးကို သြဂတ်စ်လ ၁၄ ရက်နေ့က သံတွဲမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

" သူတို့က ဘယ်လို ပြောမလဲ။ သူတို့ဖြန့်တာက မွတ်ဆလင် ဆန့်ကျင်တဲ့ -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ဗုဒ္ဓဘာသာ ရဟန်းခေါင်းဆောင်များလည်း စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် ပါဝင်သင့်

Posted: 20 Aug 2012 12:28 AM PDT

ကော်မရှင် ပထမ အကြိမ် အစည်းအဝေး ကျင်းပနေစဉ်။
သြဂတ်စ်လ (၁၇) ရက်နေ့က နိုင်ငံတော်သမတ ဦးသိန်းစိန်အမိန့်ဖြင့် ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည် တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခအား စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် မွတ်ဆလင်၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနည်းတူ ဗုဒ္ဓဘာ ခေါင်းဆောင် ရဟန်းတော်များလည်း ပါဝင် သင့်သည် ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

ဦးအေးသာအောင်အား နိရဉ္စရာမှ ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်နှင့် ပတ် သက်ပြီး မေးမြန်းစဉ် သူက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

" ဒီစုံစမ်း စစ်ဆေးရေး ကော်မရှင်မှာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေ၊ ခရစ်ယာန် ခေါင်းဆောင်တွေ၊ ဟိန္ဒီ ဘာသာက ခေါင်းဆောင်တွေကို ထည့်ရင် ဗုဒ္ဓဘာသာ ရဟန်း ခေါင်းဆောင် တွေကိုလည်း ထည့်သင့်တယ်။ ဘာသာ ၃ ခုက ခေါင်းဆောင်တွေပါဝင်ပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင် တွေကျတော့ ဘေးဖယ် ထားတယ် ဆိုရင်တော့ နည်းနည်းတော့ သဘာဝ မကျဘူးလို့ ထင်တယ်" ဟု ပြောသည်။

ယခု ဖွဲ့လိုက်သော စုံစမ်း စစ်ဆေးရေးကော်မရှင်တွင် ဗုဒ္ဓဘာသာမှ အပ တခြား ဘာသာရေး ခေါင်းဆောင် အများအပြား အဖွဲ့ဝင်အဖြစ် ပါဝင်နေရာ ၎င်းတို့မှာ သိက္ခာတော်ရ  ဆရာတော် ဦးကျော်ညွှန့် ဂျပ်ဆင်ဘုရားကျောင်း ရန်ကုန်မြို့၊ သိက္ခာတော်ရ ဆရာတော် ဦးစောဝေကြီး အတွင်းရေးမှူး၊ မြန်မာဘက် (ပ်) တစ်(စ်) ကွန်ဗင်းရှင်း၊ ဟာဂျီ ဦးညွန့်မောင်သျှိ ဥက္ကဌ၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်၊  ဟာဂျီ ဦးတင်မောင်သန်း အတွင်းရေးမှူး၊ အစ္စလာမ် သာသနာရေးရာ ကောင်စီချုပ်၊ ဟာဂျီ ဦးလှဝင်း ဥက္ကဌ၊ မြန်မာမူဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မအဖ) ဌာနချုပ်၊ ဦးကျော်ခင် အထွေထွေအတွင်းရေးမှူး၊ မြန်မာမူဆလင် အမျိုးသားရေး ရာ အဖွဲ့ချုပ်၊ ဟာဂျီ ဦးမြင့်ထွန်း ဥက္ကဌ၊ မြန်မာမူဆလင်လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ ဦးလှဝင်း အတွင်းရေးမှူး၊ မြန်မာမူဆလင် လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်နှင့် ဒေါက်တာ လှထွန်း အကျိုးတော်ဆောင် ၊ သနန္တရဓမ္မပါလက (ဟိန္ဒူအဖွဲ့ချုပ်) တို့ ဖြစ်ကြသည်။

၎င်းပြင် ယမန်နေ့ပြုလုပ်သည့် ပထမအကြိမ် ကော်မရှင် အစည်းအဝေးနှင့် ပတ်သက်ပြီးလည်း ဦးအေးသာက ပြောပြရာတွင် စစ်ဆေးမည့် အချိန်ကို တစ်လကနေ သုံးလထိ တိုးမြှင့်လိုက်သည်ဟု ဆိုသည်။

"စုံစမ်းစစ်ဆေးရေးအချိန်ကို ဒီနေ့သုံးလဆိုပြီး ပြန်ပြင်လိုက်ပါတယ်။ ဒီထက်လိုအပ်ရင်လည်း တိုး သွား ဖို့အစီ အစဉ်ရှိပါတယ်။"

အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စက်မှုလက်မှုဝန်ကြီးဌာနပိုင် ခန်းမတခုတွင် ပြုလုပ် ခဲ့ခြင်း ဖြစ် သည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးမှာ ကော်မရှင်အဖွဲ့ဝင် ၂၀ ကျော်တက်ရောက်ခဲ့ပြီး မိတ်ဆက် သ ဘော တွေ့ဆုံခြင်းဖြစ်ကာ ကော်မီတီဝင်တချို့မှာ ခရီးလွန်နေသည့်အတွက် မတက်ရောက်နိုင်ခဲ့ ဟု ဆိုသည်။

အစည်းအဝေး တက်ရောက်လာသာများကို လုပ်ငန်းအဖွဲ့ ၈ ဖွဲ့ဖွဲ့စည်းလိုက်ကြောင်း ဦးအေး သာ အောင်က ဆက်ပြောသည်။

" အစည်းအဝေးမှာ ပထမဆုံး မိတ်ဆက်ကြတယ်။ တက်ရောက်လာတဲ့သူတွေကို လုပ်ငန်းအဖွဲ့ ၈ ဖွဲ့ ခွဲလိုက် ပါတယ်။ အတိအကျ ဆွေးနွေးတာတွေ မရှိသေးဘူး။ လာမယ့်အင်္ဂါနေ့မှာ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့တွေ့ဖို့ရှိတယ်" ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

နယ်စပ်ရေးရာ ၀န်ကြီး ဦးသိန်းဌေးနှင့်တွေ့စုံသည့်အခါ ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်သို့ မည် သည့်နေ့ရက်တွင် သွားရောက်သင့်သည်ကို တင်ပြပြီးမှ ခရီးစဉ်အတွက် အစိုးရမှ စီစဉ်ပေး မည်ဖြစ် ကြောင်း သိရသည်။

ဦးအေးသာအောင်မှာ ယခုဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ် ဆေးရေး ကော်မီတီတွင် တခြား ရခိုင်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါက်တာ အေးမောင်နှင့် အတူ အဖွဲ့ဝင် အဖြစ် ပါဝင် သည်။

လွန်ခဲ့သည့် သောကြာနေ့က နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သည့်ကြေငြာချက်တွင် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးကော်မီတီမှ တွေ့ရှိချက်များကို သမ္မတထံသို့တိုက်ရိုက် တင်ပြရ မည်ဟု ဖော်ပြထားသော်လည်း ယနေ့  (သြဂတစ်)လ ၂၀ ရက်နေ့ ထုတ်ပြန်သည့် သမ္မတရုံးကြေငြာ ချက် တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ အရောက် သမ္မတထံ တင်ပြရမည်ဟု ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးရန် အချိန် လုံလောက်မှုမရှိသည့် အတွက် ယခုကဲ့သို့ အချိန်ကို (၃)လထိ တိုး လိုက်ခြင်း ဖြစ်သည်။

မောင်အေး (နိရဉ္စရာ သတင်းဌာန)


စာပေကို စိစစ်ခြင်း၊ ထုတ်ဝေတာကို စိစစ်ခြင်း စနစ် ဖျက်လိုက်ပြီ- ဦးတင့်ဆွေ

Posted: 20 Aug 2012 12:12 AM PDT

ဦးတင့်ဆွေ (ဓာတ်ပုံ - ဒီဗွီဘီ)
နှစ်ပေါင်း ၄၈ နှစ်နဲ့ ၂ ပတ်ကြာရှိခဲ့တဲ့ စာပေစိစစ်ရေးလုပ်ငန်းတွေ ဒီနေ့ဖျက်သိမ်းလိုက်ပြီလို့ စာပေစိစစ်ရေးဌာန၊ တာဝန်ရှိသူဖြစ်တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီဗွီဘီကို ပြောပါတယ်။

စာပေစိစစ်ရေးမရှိတော့ဘူးကြားလို့ပါ ဟုတ်ပါသလား။

"ဒီနေ့ပဲ ဂျာနယ်လစ်တွေရော၊ ထုတ်ဝေသူတွေရော အကုန်လုံးခေါ်ပြီး ရှင်းလင်းပွဲ လုပ်ပါတယ်။ စာပေစိစစ်ရေးဆိုင်ရာ မူဝါဒတွေ ပြောင်းလဲတာ ပဉ္စမအဆင့်အနေနဲ့ ကျနော်တို့ နိုင်ငံရေးနဲ့ ဘာသာရေး ယခင်တုန်းက ကျန်နေတဲ့ ဘာသာရပ် ၂ ခု၊ ကျနော်တို့ စိစစ်မှုယူထားတာ၊ အခု ဒါတွေနဲ့ပတ်သက်သော ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ စာအုပ်၊ စာစောင်တွေကိုပါ ကျနော်တို့က စိစစ်ခြင်းမလုပ်တော့ဘဲနဲ့ ထုတ်တင်စနစ်ကို ပြောင်းပေးတယ် ဆိုတာလေး ပြောတာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံတွင်းမှာ ထုတ်ဝေတာတွေအားလုံးသည် စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကို ကြိုတင်တင်ပြတာခြင်းမရှိတော့ဘဲ လွတ်လပ်စွာထုတ်နိုင်တဲ့ အခြေအနေဖြစ်သွားပါတယ်။ ဒါကြောင့် စိစစ်ခြင်းစနစ်၊ စာပေကို စိစစ်ခြင်းစနစ်၊ ထုတ်ဝေတာကို စိစစ်ခြင်းစနစ်ကတော့ ဖျက်လိုက်ပြီပေါ့"

စိစစ်ရေးတင်စရာမလိုတော့ဘူး၊ ထုတ်တင်ဆိုတော့ သူတို့ထုတ်ပြီးသား တင်တာတွေကိုရော စိစစ်ရေးက ဘာဆက်လုပ်မလဲ။

"ဒါကိုတော့ ကျနော်တို့က မှတ်တမ်းတင်ပါမယ်၊ ထုတ်တင်ဆိုတာကတော့ ကျနော်တို့ ဘယ်လိုလုပ်မလဲ ဆိုတော့ နိုင်ငံထဲမှာ နေ့စဉ်ထုတ်တဲ့ စာစောင်တွေရှိမယ်၊ အပတ်စဉ်ထွက်တဲ့ စာစောင်တွေရှိမယ်၊ အမျိုးမျိုးပေါ့၊ ဒါတွေကို ကျနော်တို့ဆီ လာတင်ပါတယ်။ တင်တာတွေကို ကျနော်တို့က စာကြည့်တိုက်ပေါ့။ national library တို့၊ archive တို့ကို ပို့တယ်။ ပြီးတော့ ကျနော်တို့ဆီမှာလည်း ထုတ်ဝေစာမှတ်ပုံတင်စနစ်နဲ့ ဆက်ပြီးတော့ ဆောင်ရွက်ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။"

ဆိုလိုတာကတော့ ထုတ်တာ တင်တာကို ထိန်းသိမ်းထားတာတော့ရှိမယ်၊ စာပေစိစစ်ရေးကတော့ သူတို့ဟာတွေကို စောင့်ကြည့်တဲ့သဘောမရှိတော့ဘူးလို့ ဆိုလိုတာလား။

"စောင့်ကြည့်တဲ့ သဘောမရှိဘူးလို့ ဆိုလည်း မှန်ပါတယ်။ ကျနော်တို့က ဒါတွေကို စောင့်ကြည့်တာ မဟုတ်ပါဘူး။ ကျနော်တို့သည် ဒီ စာတွေကို မှတ်ပုံတင်မယ် ဆိုတဲ့ စနစ်ပါပဲ။"

နောက်တခုက ၁၉၆၂ ဥပဒေသည် ဆက်ရှိသေးတယ်ဆိုတာက ဥပဒေကတော့ ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောလား။

"မှန်ပါတယ်။ ကျနော်နဲ့ ညွှန်ကြားရေးမှူးလည်း ရှင်းလင်းပွဲမှာ ခုနက အသေးစိတ်ရှင်းပြပါတယ်။ အခမ်းအနားက ၁၀ နာရီ ၂၀ မိနစ်မှာ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနမှာလုပ်တယ်။ ၄၅ မိနစ်လောက်ကြာတာပေါ့၊ အဲမှာလည်း ရှင်းပြပါတယ်။ အဓိကသည် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနဲ့ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်နဲ့ အမှာစာတွေဆိုတာ ရှိတယ်။ ညွှန်ကြားချက်ပေါင်းက အခုဆိုရင် ၅၁ ခုရှိတယ်။ အမှာစာပေါင်းက ၂၆ ရှိပါတယ်။ ဒါပေမယ့် အဲမှာ ယခင်က စာပေစိစစ်ရန်အတွက်ဆိုပြီးတော့ အဆင့်ဆင့် တင်းကျပ်ခဲ့တဲ့ ညွှန်ကြားချက်ပေါင်း ၃၈ ခု ရှိပါတယ်။ အဲတော့ ၅၁ ခုမှာ ၃၈ ခုကို ပယ်ဖျက်လိုက်ပါပြီ။ အဲဒီတော့ ညွှန်ကြားချက် ၁၃ ခုပဲ ကျန်ပါတယ်။ အမှာစာမှာလည်း အလားတူပါပဲဗျာ။ ၂၆ ခုရှိတယ်။ အမှာစာပေါင်း ၂၂ ခု ပယ်ဖျက်လိုက်ပါတယ်။ အမှာစာ ၄ ခု ကျန်ပါတယ်။ အဲဒီတော့ ညွှန်ကြားချက် ၁၃ ခုသည် စာပေစိစစ်ခြင်းဆိုင်ရာနဲ့ ဘာမှ  မပတ်သက်တော့ဘဲ ပုံနှိပ်ထုတ်ဝေသူ လိပ်စာပြောင်းတို့ နေရာပြောင်းတို့ဆိုရင် လာပြီး register လုပ်ကြဖို့။ ဒါက ၆၂ ဥပဒေအရ ရှိနေသေးလို့ ပြောတာပါခင်ဗျာ။ နောက်တခုက မြန်မာစာသတ်ပုံကျမ်းနဲ့အညီ ပြဖို့ပေါ့။ အဲဒီ ညွှန်ကြားချက်လေးတွေပဲပေါ့ဗျာ။ အမှာစာ ကျန်တဲ့ ၄ ခု ဆိုတာက ဒီဘက် ၁ နှစ်နဲ့ ၅ လအတွင်းမှာ လျှော့ပေါ့ခဲ့တဲ့ဟာတွေ တင်ထုတ်ကနေ ထုတ်တင်ဆိုပြီး ပြောင်းခဲ့တဲ့ ပြီးခဲ့တဲ့ အဆင့် ၄ ဆင့်အတွက် ထုတ်ခဲ့တဲ့ အမှာစာ ၄ ခုပါ။ ဒါကြောင့်မို့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူ ထုတ်ဝေသူ မှတ်ပုံတင် နည်းဥပဒေ အမိန့်ညွှန်ကြားချက်ကို ပြန်ကြည့်ရင်တော့ ဒီ ညွှန်ကြားချက်နဲ့ အမှာစာက စာပေလောကသားတွေကို တင်းကျပ်ဖို့ လုပ်ထားတဲ့ဟာတွေ တခုမှ မရှိတော့ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်ဗျ။

ဦးတင့်ဆွေနဲ့ ဆိုင်မဆိုင်တော့ မသိဘူးဗျ။ စာနယ်ဇင်း အမြုတေ ကောင်စီဆိုတာကရော ဆက်ရှိနေဦးမလားဗျ။

"အဲဒါကတော့ ပြည်ထောင်စုဝန်ကြီးနဲ့လည်း ဆွေးနွေးနေတာ ရှိပါတယ်ဗျ။ ဆရာ မောင်ဝံသ တို့၊ ဆရာဦးသီဟစောတို့ ပြောတာတွေ ရှိပါတယ်။ အကြမ်းဖျင်းကတော့ သူတို့ ကိုယ်စားလှယ်တွေက တောင်းဆိုတဲ့ အချက်ကလေးတွေ ရှိပါတယ်ဗျ။ အဲဒါလေးဆွေးနွေးနေတာ ရှိပါတယ်ဗျာ။ ဆက်ပြီးတော့ လုပ်ဖို့ဟာတွေ ကျနော်တို့ ဘာမှ မသိရသေးပါဘူး။ သီးခြား ညွှန်ကြားချက်လည်း မလာသေးပါဘူး။ မပြီးပြတ်သေးဘူးပေါ့ဗျာ။"

စာပေစိစစ်ရေးနဲ့ လုပ်လာကြပြီးမှ စာပေစိစစ်ရေး မရှိတော့ဘူးဆိုတော့ ဦးတင့်ဆွေ တခါ ဆောင်းပါးရေးဖူး သလိုပေါ့ဗျာ။ စာပေလောကသားတွေအတွက် အမှာစကားတွေပဲ ဖြစ်ဖြစ်၊ စာဖတ်ပရိသတ်တွေအတွက်ပဲ ဖြစ်ဖြစ်၊ တခုခု အမှတ်တရလေး ပြောပေးပါလားဗျ။

"တကယ်တမ်း ၆၂ ခုနှစ် ဥပဒေ ထုတ်ထုတ်ချင်းမှာ စာပေစိစစ်တယ်ဆိုတာ မပါသေးဘူးဗျ။ နောက်ကျမှ ညွှန်ကြားချက်တွေ ဆိုပြီး စာပေစိစစ်ရေးက စတာပေါ့။ ၁၉၆၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ ပထမဆုံးစပြီး ညွှန်ကြားချက် ၁ ဆိုပြီး ထုတ်တယ်။ အဓိကတော့ နိုင်ငံရေးဆိုင်ရာစာပေတွေကို စာပေစိစစ်ရေးမှတ်ပုံတင် ဌာနကို မိတ္တူ ၂ စောင် တင်ပြဖို့ ပြောတာပါဗျ။ နိုင်ငံရေး (၀ါဒရေး/ဘာသာရေး/စီပွားရေး)ဆိုပြီး ရေးပါတယ်ဗျ။ ကျနော်တို့ အခု ပြန်တွက်ကြည့်လိုက်ရင် အခု ၂၀၁၂ ခုနှစ် သြဂုတ် ၂၀ ဆိုတော့ ၄၈ နှစ်နဲ့ ၁၄ ရက် အကြာမှာ စိစစ်တဲ့ ညွှန်ကြားချက်တွေဟာ ပယ်ဖျက်တဲ့အဆင့်ကို ပြန်ဖြစ်သွားပါပြီ။ ဒါကြောင့်မို့ စာပေလောကသားတွေ အနေနဲ့ကတော့ စိစစ်ခြင်းကနေ ကင်းလွတ်ပြီး လွတ်လပ်တဲ့ အခြေအနေကို ပြန်ရောက်ပြီ။ ဒီလို အနေအထားမှာ အားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လွတ်လွတ်လပ်လပ်နဲ့ စတုတ္ထမဏ္ဍိုင်ပီသစွာ ၀ိုင်းဝန်းလုပ်ဆောင်ကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒါကတော့ ကျနော် တကယ် ၀မ်းပမ်းတသာနဲ့ ကျနော်ပြောတာ ဖြစ်ပါတယ်ဗျာ။"

by ရွှေအောင်  (ဒီဗွီဘီ)


ကုန်ပိုင်းနှင့်ကမ်းလွန်လုပ်ကွက်များအား ပြည်တွင်း/ပြည်ပကုမ္ပဏီများ စိတ်ဝင်စားနေ

Posted: 20 Aug 2012 12:18 AM PDT

မြန်မာ့ ပိုင်နက် အတွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းတွေ အတွက် အာရှနိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကုမ္ပဏီ အမြောက်အများ လာရောက် ဆွေးနွေးနေ ကြတယ်လို့ စွမ်းအင် ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပုဂ္ဂလိက ရေနံတူးဖော်ရေးလုပ်ငန်းခွင် (ဓာတ်ပုံ- ရိုက်တာ)


You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ