---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/20
Subject: [လူဗိုလ်ဟူသည် ...] သတိချိုနဲ့ အလိုဖြည့်
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/20/2012 11:06:00 PM
From: Blogger <no-reply@blogger.com>
Date: 2012/8/20
Subject: [လူဗိုလ်ဟူသည် ...] သတိချိုနဲ့ အလိုဖြည့်
To: lubo601@gmail.com
by Nyein Soe Oo on Sunday, August 19, 2012 at 10:45pm
မနေ့က သတင်းတစ်ခုကိုကြားခဲ့ရပါတယ် ။ ရန်ကုန်မှာနေတဲ့ ဒီဇိုင်းနာ နဂါးတို့အိမ်မှာ ရေတွေတက်နေ တဲ့အကြောင်းပါ ။ ဟုတ်ပါတယ် အခုတစ်လောမှာ မိုးသည်းထန်လို့ ရေနစ်မြုပ်မှုသတင်းတွေ လမ်းပိတ်ဆို့မှု သတင်းတွေ ၊ လယ်ယာမြေများ ပျက်စီးတဲ့သတင်းတွေကို ဟိုနေရာက ကြားရ ၊ ဒီနေရာကကြားရနဲ့ မြန်မာနိုင်ငံတစ်ဝန်းက ဆုံးရှုံးရမှုတွေကို ကြားရနားဝမှာမချမ်းသာ ဖြစ်ရပါတယ် ... ။
M M G အဖွဲ့ရဲ့ ကုသိုလ်ရေး အစီအစဉ်အရ ပုသိမ်မြို့ ( ကန်ကြီးဒေါင့် ) ဘက်ဆီကို အဖွဲ့သားတစ်ချို့ရောက်နေပြီလို့လည်းသိရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တဲ့အခါ မြစ်ဝကျွန်းပေါ်ဒေသမှာနေသူဖြစ်လို့ ဒီလိုကိစ္စတွေကို နားရေ၀နေမိကြောင်း သတိပြုမိပါတယ် ။ ဟုတ်ပါတယ် နာဂစ်ဆိုတဲ့ မုန်တိုင်းကြီးကို မကြုံရခင်မှာ သာမန်အနေနဲ့ တွေ့ကြုံရတာတွေရှိခဲ့ပါတယ် ။ နာဂစ်နဲ့ မိတ်ဖွဲ့လိုက်ပြီးတဲ့အခါမှာတော့ ဒီလိုအဖြစ်မျိုးတွေကို ဘယ်သူတွေမှ မကြုံရစေချင်တော့ပါ ။ သဘာဝရဲ့ ထိုးနှက်ချက်ဟာ အလွန်ကြောက်စရာကောင်းကြောင်း မျက်မြင်ကိုယ်တွေ့ကြုံရလို့ပါပဲ ။ ဒါပေမယ့်သဘာဝဆိုတာကလည်း ဖြစ်ချင်သလို ဖြစ်လာတတ်တာမို့ သတိဝီရိယကိုသာ တတ်နိုင်သမျှ အားကိုးနိုင်ကြပါတယ် ။ ကျွန်တော့်အနေနဲ့ လေပြင်းတွေတိုက် သစ်ပင်တွေလဲပြို အိမ်လည်းစောင်းရွဲ့ ဆိုတဲ့ အခြေအနေမျိုးတွေကို ကြုံခဲ့ဖူးပါတယ် ။ ရေတက်လာပြီး မကြာခင်မှာပြန်ကျသွားတတ်တဲ့ ဒီရေရောက်ဒေသရဲ့ သဘာဝကိုလည်း သိနေပါတယ် ။ လူတွေအတွက် အမျိုးမျိုးသော ဆိုးကျိုးတွေကို သဘာဝကပေးနိုင်တာကို လက်ခံရပါတယ် ။ ဒါပေမယ့် တစ်ခုသော ဖြစ်ရပ်ကိုတော့ ပြောပြချင်ပါသေးတယ် ။ ကျွန်တော်တို့အိမ်ကို ရေနစ်မြုပ်ခဲ့ဖူးပါတယ် ။ ကျွန်တော်နေထိုင်တဲ့နေရာဟာ လပွတ္တာမြို့ရဲ့ မြေပြင်ပေါ်ကိုကျရောက်လာတဲ့ ရေတွေကို အဝေးကိုစီးဆင်းစေတဲ့ ရေနှုတ်မြောင်းနဲ့မဝေးပါ ။ လပွတ္တာမြို့ဟာ မိုးများတဲ့ဒေသပါ ။ မိုးဆက်တိုက်စွေပြီဆိုရင် တစ်လကျော်ကျော်တိုင်အောင် နေမမြင်ရတဲ့ ဒေသမျိုးပါ ။ အခုရက်ပိုင်းမှာပင် ဇူလိုင်လကုန်ခါနီးကတည်းက မိုးစွေလိုက်တာ မနေ့ကမှ နေမင်းကို ပြန်လည်တွေ့ရတာပါ ။ အဲဒီလို မိုးများပါတယ် ။ ဒါပေမယ့် ရေနှုတ်မြောင်းသွားရာဆီက တာမှာ ရေကိုပုံမှန်နှုတ်ပေးနေတော့ ရေနစ်မြုပ်တယ်ဆိုတာခဏပါပဲ ။ မြစ်ချောင်းတွေဆီကို ရေဆင်းသွားတာနဲ့ ပုံမှန်အနေအထားကိုပြန်ရောက်ပါတယ် ။ မှတ်မှတ်ရရဆိုရရင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နောက်နှစ်ဖြစ်တဲ့ ( 2009 ) ခုနှစ် မိုးရာသီအရောက်မှာ မိုးတော်တော်သည်းခဲ့ပါတယ် ။ ရေနှုတ်တာကိုတော့ ပုံမှန်ပဲ နှုတ်ပေးနေခဲ့ပါတယ် ။ ဒါကြောင့် လပွတ္တာမြို့ရဲ့ ရပ်ကွက်တော်တော်များများမှာ နေအိမ်တွေရဲ့ ကြမ်းပြင်တွေကို ရေမြုပ်နေတာကြုံရတော့တာပါပဲ ။ တာကိုတာဝန်ယူရသူက ရေနှုတ်တဲ့အခါ ပုစွန်ထောင် ၊ ငါးဖမ်းခြင်းအလုပ်ကိုပါ ပူးတွဲလုပ်နေတတ်သူပါ ။ အရင်နှစ်တွေလိုပဲ ဒီနှစ်မှာလည်း လုပ်ဆောင်နေခဲ့ပါတယ် ။ အဲဒီအခါ အိမ်ပေါင်းများစွာ ရေနစ်မြုပ်မှုနဲ့ ကြုံရတော့တာပါပဲ ။ ရပ်ကွက်သူ ရပ်ကွက်သားတွေက အစမှာတော့ ယခင်လိုပဲ ရေလျှော့ကျသွားမယ်လို့ ယူဆပြီးအေးအေးနေခဲ့ကြပါတယ် ။ စုံစမ်းမိကြတဲ့အခါ ဒီလိုအခြေအနေကို သိလိုက်ကြရပြီး တော်တော် ဒေါသထွက်ကြပါတယ် ။ တာဝန်ရှိသူတွေလည်း သတင်းတွေကိုကြားပြီး ရေနှုတ်ရာကိုသွားပြီး ရေကိုပိုမိုလျှော့ချဖို့ စီမံရပါတော့တယ် ။ အဲဒီမှာ ထပ်မံသိရှိရတာက တာကို ထိမ်းသိမ်း ရေနှုတ်ပေးနေသူဟာ နှစ်စဉ် ရေနှုတ်တဲ့အခါ ငါး ၊ ပုစွန်ထောင်တဲ့အလုပ် အဆင်ပြေမယ့် ရေတံခါးအနေမှာသာ တသမတ်တည်းထားပြီး နေလာခဲ့တာကြောင့် ၊ အဖွင့်အပိတ်စနစ်က အလုပ်မလုပ်နိုင်အောင် သံချေးကပ်နေတာကို တွေ့ကြရပါတော့တယ် ။ ဒါပေမယ့် အိမ်တွေရေနစ်မြုပ်မှုကို မဖြစ်အောင် ကျပ်နေတဲ့ ရေတံခါးကို အားနဲ့ ဖွင့်ရတဲ့အခါ ရေတံခါးလည်း အချို့နေရာတွေပျက်စီးရပါတော့တယ် ။ အဲဒီအခါမှ ရေတွေကျဆင်းသွားပြီး မြို့သူ မြို့သားတွေလည်း စိတ်တိုင်းကျရပါတော့တယ် ။ ကျွန်တော့်အိမ်လည်း သုံးရက်လောက် ကြမ်းပြင်ပေါ်ကိုရေမြုပ်နေတာ ကြုံခဲ့ရပါတယ် ။ အလုပ်အကိုင်အချိန်တွေ ဆုံးရှုံးရသလို ရေတွေကျဆင်းတော့လည်း နွံနှစ်တွေ ကို ဆေးကြောသန့်စင်မှုကအစ အလုပ်တွေ အပိုလုပ်ရပြီး စားသောက်ရေးတွေမှာပါ ခက်ခဲခဲ့ပါတယ် ။ ကျွန်တော်မိသားစုအတွက် အဲဒီရက်အတွင်းမှာ ကိုသတိုးမိသားစုက ထမင်း ၊ ဟင်း တာဝန်တွေယူပါတယ် ။ ချိုင့်နဲ့ ပို့တဲ့ ထမင်း ၊ ဟင်းတွေကို ကောင်းကောင်း စားနေရပါတယ် ။ အားတော့တော်တော်နာခဲ့ပါတယ် ။ ဒါလည်းအမှတ်တရ ဖြစ်ရပါတယ် ။
တစ်စုံတစ်ယာက်ရဲ့ ကိုယ်ကျိုးရှာမှုကနေ အများအတွက် ဆိုးကျိုးတွေ ကြုံရတဲ့ အဖြစ်ပါ ။ မိမိတစ်မိသားစုကောင်းစားရေးကိုသာ ကြည့်တတ်တဲ့ အလေ့အကျင့်ကြောင့် ဒီလို ကြုံရတာမို့ တော်တော်လည်း ဆိုးရွားလှပါတယ် ။ အခုအချိန်တွေမျာတော့ မိုးနည်းနည်းသည်းလို့ ရေတင်လာပြီဆိုတာနဲ့ မြို့သူမြို့သားတွေက ရေထိန်းတံခါးဆီကို သွားပြီး စုံစမ်းတတ်ကြတဲ့ အကျင့်လည်း ရနေကြပါပြီ ။ တာဝန်ရှိသူကို မယုံကြည်တော့တဲ့ အလေ့အကျင့်ပါပဲ ။ တစ်ကယ်တော့ မကောင်းပါ ။ ဒါကြောင့် တာဝန်တွေကို ထမ်းဆောင်ရာမှာ သတိတရားနဲ့ လုပ်ငန်းစည်းကမ်းတွေကို လိုက်နာရင်း ကိုယ်ကျိုးကြည့်တတ်တာတွေကို အများကောင်းကျိုး ပျက်ပြားမှာတွေကို ရှောင်ကြဉ်နေကြရမှာဖြစ်ပါတယ် ။ ကိုယ့်မြို့ ကိုယ့်ဒေသ ရဲ့ ဆုံးရှုံးမှုကနေ နိုင်ငံရဲ့ လူမျိုးကောင်းကျိုးတွေကို မဆုံးရှုံးကြရအောင် တာဝန်ကိုယ်စီရှိကြသည် ဆိုတဲ့စကားကို အလေးအနက် ထားကြရမယ် ဆိုတာ သေချာနေပါတော့တယ် ခင်ဗျား ။
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ ...
ငြိမ်းစိုးဦး
( Aug ; 20 ; 2012 )
http://www.nyeinsoeoo.com/--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/20/2012 11:06:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ