[mrsorcerer:29557] Fwd: [လူဗိုလ်ဟူသည် ...] ဒေါက်တာ ခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း) ၏ “ဘုရားသခင်က ချော့ကလက် ပူပူလေးကိုပဲ ကြိုချက်ပေးတာ။ ခွက်တွေကိုတော့ မရွေးပေးဘူး”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/20
Subject: [လူဗိုလ်ဟူသည် ...] ဒေါက်တာ ခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း) ၏ "ဘုရားသခင်က ချော့ကလက် ပူပူလေးကိုပဲ ကြိုချက်ပေးတာ။ ခွက်တွေကိုတော့ မရွေးပေးဘူး"
To: lubo601@gmail.com



by ဘဘကြီး ဘဘကြီး ဘဘကြီး on Monday, August 20, 2012 at 2:18am 

ချောကလက် ပူပူနွေးနွေးနှင့် ခွက်ကလေးများ
By Faces Magazine 21 June, 2011 - 13:57
ကျွန်မတို့ဘဝမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကြုံတွေ့ ကြရတတ်ပါတယ်။ "ဘဝဆိုတာ တိုက်ပွဲ" လို့လည်း ဆိုကြသေးတာလေ။ ရှင်သန်နေထိုင် နိုင်ဖို့ကို ရုန်းကန် ကြရသေးတာ။ ကြီးနိုင် ငယ်ညှင်းတာတွေ များရင် များသလို  ရှင်သန် နေထိုင်ဖို့ ကြိုးစားကြရပါတယ်။ သက်ရှိတွေမှာ ကိုယ့်အသက်ကို ရှင်သန်ချင်တဲ့ ဆန္ဒရှိကြတာ ချည်းပါပဲ။ "သေချင်ပါပြီ" လို့ဆိုတဲ့ သူကလည်း ရှင်သန်ချင်နေတာပါပဲ။
Survival of the Fittest လို့ဆိုကြတယ်။ တောထဲက တိရစ္ဆာန် ကလေးတွေကို ကြည့်လိုက်ပါဦး။ သမင်ကလေး ဆိုပါတော့။ သူ့ကိုကျားကြီးက လိုက်ဖမ်းမယ်။ လွတ်အောင်ပြေးနိုင်ရင် ပြေး။ မပြေးနိုင်လို့ကလည်း "သေပြီဆရာ" ပေါ့နော်။

ကျွန်မတို့ လူသားတွေရော။ ကြီးနိုင်ငယ် ညှင်းပမ်းမှုတွေကို ကျော်လွှားပြီး ရှင်သန်နိုင်ဖို့ လိုပါတယ်။ အသက်ရှင်နေရုံနဲ့ ပြီးပြီလား။ လူသားတွေအဖို့ ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်တွေ ရှိလာတာမို့ တိရစ္ဆာန်နဲ့စာရင် ပိုရှုပ်ထွေးလာပါတယ်။ တစ်နေ့က သူငယ်ချင်း တစ်ယောက်က မျှဝေလို့ ဖတ်လိုက်ရတာလေးကို လက်ဆင့်ကမ်းချင်စိတ် ပေါ်လာလို့ ရေးလိုက်ရပါတယ်။

စာရဲ့ ခေါင်းစဉ်က "The wisdom In Hot Chocolate" တဲ့။ ဖတ်ဖူးတဲ့ သူတွေလည်း ပါချင်ပါမှာပေါ့နော်။ တစ်နေ့တော့ တက္ကသိုလ်က ဘွဲ့ရပြီး နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့ သူငယ်ချင်းတစ်စု ပြန်ဆုံဖြစ်ကြတယ်။ အဲဒီလို ဆုံတဲ့အခါ ဟိုပြောဒီပြောနဲ့ ကိုယ့်ဘဝ ဇာတ်ကြောင်း၊ သူ့ဘဝဇာတ်ကြောင်း ပြန်လှန်ပြောဆို ကြတာပေါ့လေ။ ပြောရင်းဆိုရင်း အကြံတစ်ခု ရကြတယ်။ အဲဒါကတော့ သူတို့ ချစ်ခင်လေးစားရတဲ့ ပါမောက္ခကြီးဆီကို သွားဖို့ပေါ့။ အဲဒီဆရာကြီးက အခုတော့ ပင်စင်စားပါပြီ။ ဆရာကြီး အိမ်ကိုရောက်ပြီး စုဝေးစကားပြောရင်း တချို့က သူတို့ရဲ့ အလုပ်ထဲမှာ တွေ့ရတဲ့ စိတ်ဖိစီးမှု (Stress) တွေနဲ့ ဘဝအမောတွေကို ဆရာကြီးကို ပြောပြကြတယ်။

ဆရာကြီးက သူ့တပည့်တွေကို ချော့ကလက်ရည် ပူပူကလေး (Hot Chocolate) တိုက်တယ်တဲ့။ ချော့ကလက်အိုးကြီးကလည်း အကြီးကြီးပဲတဲ့။ အဲဒီ ချော့ကလက်ရည်တွေ ထည့်ဖို့ ယူလာတဲ့ ခွက်တွေကလည်း မျိုးစုံပဲ။ တချို့က ကြွေခွက်၊ တချို့ကဖန်ခွက်၊ Crystal နဲ့ လုပ်တာပါသေးတယ်။ တချို့က ရှင်းရှင်းကလေး။ တချို့က ဆန်းဆန်းပြားပြား။ တချို့က ဈေးကြီးမှကြီး။ ဆရာကြီးက သူ့တပည့် တစ်ယောက်ချင်းစီကို စိတ်ကြိုက် စားသောက်စေတယ်။

လူတိုင်း ခွက်ကိုယ်စီနဲ့ ဖြစ်တော့မှ ပါမောက္ခကြီးက ပြောတယ်။ "ဈေးကြီးတဲ့၊ လှတဲ့ခွက်တွေကတော့ အကုန် ပြောင်သွားပါလား။ ဈေးပေါတဲ့ ခွက်တွေ၊ ရိုးရိုး ဒီဇိုင်နဲ့ ခွက်တွေကတော့ ကျန်ခဲ့ပါလား။ လူတွေက အကောင်းဆုံးကိုမှ လိုချင်တာ သဘာဝ ကျပါတယ်လေ။ ဒီလို လူတိုင်းက အကောင်းဆုံး လိုချင်လို့ကို စိတ်ဖိစီးမှုတွေကို ခံစားကြရတာကွဲ့။ ပြဿနာတွေလည်း ဖြစ်လာရောလေ" တဲ့။

ဟုတ်ပါရဲ့။ ကျွန်မတို့မှာ တစ်နေ့တစ်နေ့ အကောင်းဆုံး ဆိုတာကိုပဲ လိုချင်ကြတာ။ အဲဒီ အကောင်းဆုံးတွေ အကုန်လုံး ရရင်ရော ကျေနပ်ပြီလား။ ကိုယ့်ဘဝမှာ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး အားလုံး ပြည့်စုံနေရင်တောင် ကိုယ့်သားသမီး၊ တပည့် စသည်ဖြင့် သူတို့ကို အကောင်းဆုံး  ဖြစ်စေချင်ပြန်ရော။ တကယ်တမ်း တွေးကြည့်။ လိုချင်တာ ဖြစ်ချင်တာတွေ များလေလေ၊ ပူလောင်သောက ရောက်ရလေပဲလေ။ ကိုယ့်သားလေးကို အတော်ဆုံး ဖြစ်စေချင်တာ။ သမီးလေးကို ဆုရစေချင်တာ။ ယောက်ျားကို ရာထူး တိုးစေချင်တာ။ စသည် စသည်ဖြင့် မဆုံးနိုင်တဲ့ ဆန္ဒတွေ ကိုယ်စီနဲ့ပါ။ ဒီဆန္ဒ ပြည့်သွားလို့ ပြီးပြီမထင်နဲ့။ နောက်ဆန္ဒ တစ်ခုက ပေါ်လာပြန်ရော။

ဇာတ်လမ်းကို ပြန်ဆက်ရရင် ဆရာကြီးက ဆက်ပြောတယ်။ "မင်းတို့ကိုင်ပြီး သောက်နေကြတဲ့ ခွက်တွေက ချော့ကလက်ရည် ပိုကောင်းအောင် လုပ်မပေးနိုင်ပါဘူးကွာ။ တစ်ခါတလေ ဈေးကြီးတဲ့ ခွက်နဲ့သောက်တဲ့အခါ ခွက်ပေါ် အာရုံစိုက်ရတာနဲ့ ချော့ကလက် အရသာကိုတောင် မသိတော့ဘူး" "တကယ်တမ်း လိုအပ်တာက ချော့ကလက် ပူပူကလေးတဲ့။ ခွက်က အရေးမကြီးပါဘူးကွာ။ ဒါပေမယ့် အားလုံးက ခွက်အကောင်းမှ လိုချင်ကြတာလေ။ ပြီးတော့ ရှိသေးတယ်။ သူများသောက်နေတဲ့ ခွက်ကို မျက်စိကျတာလေ" တဲ့။ ကျွန်မတို့ တစ်တွေဟာ ကိုယ့်မှာရှိတာကို ခံစားသုံးဆောင်ရုံနဲ့ အားမရဘဲ သူများမှာ ရှိတာတွေကိုပါ လိုချင်မျက်စိ ရှိတတ်ကြသေးတယ်။ ကိုယ်က ကားကောင်းကောင်းစီးပြီး နေရလျက်သားက သူများရဲ့ ကားအကောင်းစားကြီးကို သွားရည် ယိုနေတာမျိုးပေါ့။

ဆရာကြီးက ဆက်ပြောတယ်။ "ဘဝဟာ ချော့ကလက် ပူပူကလေးနဲ့ တူတယ်။ ကိုယ့်ရဲ့ အလုပ်အကိုင်၊ အဆင့်အတန်း စတာတွေဟာ ချော့ကလက် ထည့်ထားတဲ့ ခွက်နဲ့ တူတယ်။ သူတို့တစ်တွေဟာ ဘဝကို စုစည်းပုံဖော် ပေးတာပါပဲ။ အဲဒီခွက်တွေဟာ ဘာတန်ဖိုး၊ ဘဝအရည်အသွေးတွေကို မပြဋ္ဌာန်းနိုင်ပါဘူး" "တစ်ခါတလေ ခွက်ပေါ်မှာ အာရုံစိုက်လွန်းရင် ခွက်ထဲက ချော့ကလက်ရဲ့ အရသာခံစားဖို့ မေ့သွားတတ်ကြသေးတယ်" ဘဝမြင့်မားရေး၊ အလုပ်ဆိုတာတွေနဲ့ "ပိ" နေပြီး ဘဝရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မိသားစု ပျော်ပျော်ရွှင်ရွှင် နေတာမျိုးကို မေ့နေတတ်ကြပါတယ်။

ဆရာကြီးက ပြောသေးတယ်။ "ဘုရားသခင်က ချော့ကလက် ပူပူလေးကိုပဲ ကြိုချက်ပေးတာ။ ခွက်တွေကိုတော့ မရွေးပေးဘူး" တဲ့။ အပျော်ရွှင်ဆုံး လူသားဆိုတာ အမြဲတမ်း အကောင်းဆုံးတွေကို ရနေတာ မဟုတ်ဘူး။ သူတို့က သူတို့မှာ ရှိတာကို အကောင်းဆုံးဖြစ်အောင် ဖန်တီးတတ်သူတွေ ဖြစ်တယ်။ ဒါ စာကြောင်းကလေးကို ဖတ်ပြီး စဉ်းစားမိပါတယ်။ သူဌေးကြီးက မပျော်နိုင်ဘဲ ဆင်းရဲသားက ပျော်နေနိုင်တာ တွေလည်း ရှိတာပဲ။ "အချမ်းသာဆုံးလူဟာ အများဆုံး ရတဲ့လူမဟုတ်။ အလိုအနည်းဆုံးလူ ဖြစ်တယ်" တဲ့။ အလိုဆန္ဒ အနည်းဆုံးထားပြီး အချမ်းသာဆုံး လူသားတွေ ဖြစ်ကြပါစေ။

ဒေါက်တာ ခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/20/2012 11:11:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ