ညီလေး တို့ တင်ပြ တာတွေ လဲ ကောင်း ပါတယ်။ စဉ်းစားသင့်တဲ့ အချက်တွေ ပါပဲ။ အကိုတို့ လို သာမညောင်ည တွေ မပြော နဲ့ နိုင်ငံတော် နဲ့ အစိုးပိုင်း တာဝန်ရှိသူတွေ ပညာတတ်တွေ လဲ ဒီ ပြဿနာ ကို ဘယ်လို ရှင်းကြရမလဲ ဆိုတာ နည်း လမ်း အမျိုးမျိုး စဉ်းစားနေကြ မယ် ဆို တာ အမှန်ပါ။ ပြဿနာ က ရာဇ၀င် အူပေါက် ဖြစ်နေတဲ့ အပြင် ပါဝင်ပတ်သက်နေတဲ့ ကဏ္ဍတွေ က လဲ စုံ နေတာ မို့ အမှန်ဆုံး အဖြေ အားလုံးလက်ခံ နိုင်လောက်တဲ့ အဖြေ တော့ မရှိဘူး လို့ အကို မြင်တယ်။
အကို က ရခိုင် နဲ့ ရော ရိုဟင်ဂျာ နဲ့ ရော မစိမ်းပါဘူး။ ဘူးသီးတောင် မောင်တော ဒေသတွေ မှာ လူမှု ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်တဲ့ ပြင်သစ်အခြေစိုက် အိုင်အင်ဂျီအို တစ်ခု မှာ (၁၂) နှစ် လောက် အကို လုပ်ခဲ့ ဖူးတယ်။ ဒီဒေသ ကို လဲ အကြိမ်ပေါင်း မြောက်များစွာ ရောက်ခဲ့ ပါတယ်။ ၁၉၉၄ က နေ ၂၀၀၆ လောက် အထိပဲ။ သူတို့ ဘ၀ တွေ က စုတ်ပြတ်နုံချာ ခါးသီး လှပါတယ်။ ထုံးစံ အတိုင်း ဘယ်လိုပဲ အကူ အညီတွေ နှစ်ျပါင်းများစွာပေးခဲ့ ကြပေမဲ့ လူဦးရေ က လဲ ပေါက်ကွဲ နေတာ မို့ ပြဿနာ က ပလိုင်းပေါက် နဲ့ ဖားကောက် နေရ သလို ဖြစ်နေခဲ့ တယ်။ တစ်ချို့ လူနပ် တွေ ပဲ ချမ်းသာ ကုန်ကြတယ်။ ပြည်မ ဖက် တောင် အခြေချ လာ ကြတာ တွေ ရှိတယ်။
အားလုံး က ရောရော ထွေးထွေး ဖြစ် နေခဲ့ ပြီ ဆို တော့ သူတို့ ဘယ်လို စတင်ခဲ့ သလဲ ဆို တာ သမိုင်းဆရာ တွေ ငြင်းခုံ နေကြဆဲ ပဲ ဖြစ်တယ်..ဒီ လူစု တွေ ဒီ နေရာ မှာ ရောက် ရှိ နေ တာ အနှစ် ၅၀- ၁၀၀ လောက် မက တော့ တဲ့ အနေအထား ဖြစ်နေလို့ ပါပဲ။ ပိုပိုမိုမို ပြောသူ တွေ က ဆို ဒီ လူစု တွေ က ရခိုင် တွေ ထက် တောင် ပို စောစော ရောက် နေတယ် ဆို တာ မျိုးတွေ အထိ ပြော လာ တွေ ရှိတယ်။ အကို အမြင် က တော့ေ၀၀ါး နေတဲ့ သမိုင်းစာမျက် နှာ တွေ ပြန်လှန် နေလို့ လဲ အဖြေ တွေ့ နိုင်မယ် မထင် ဘူး။ ရှေး ရခိုင် ဘုရင် တွေ ဟာ မြန်မာ တွေ ရန်ကို ကြောက်လို့ ဘင်္ဂလီ မူစလင် တွေ နဲ့ စစ်ရေး နိုင်ငံ ရေး အကူ အညီ ယူခဲ့ တယ် ဆို တာ တော့ သမိုင်း မှာ အထင် အရှား ဖြစ်တယ်။ ဒီတော့ အခု ရိုဟင်ဂျာ ပဲ ခေါ်ခေါ် ခေါ်တော ပဲ ခေါ်ခေါ် ဒီ လူစု တွေ ဟာ လူမျိုး ပေါင်းစုံ သွေးနှော နေတဲ့ အနေအထား က အဖြစ်နိုင်ဆုံးပါပဲ။ အာရပ် ပါရှန် အီန္ဒိယ ဘင်္ဂလီ နဲ့ ဌာနေတိုင်းရင်သား တွေ အားလုံး ဟင်းလေးအိုး ဖြစ်ပြီး ထွက်ပေါ်လာ တဲ့ လူမျိုး တစ်မျိုး ဖြစ်နိုင်တယ်။ ၁၉၅၀ တစ်ဝိုက် က စလို့ အဗ္ဗဒူ ဂဖါး ဆို သူ က စလို့ ရိုဟင်ဂျာ ဝေါဟာရ ကို တိုင်းသိပြည်သိ သုံးစွဲ ခဲ့ တယ် ဆို တော့ ဒီ ဝေါဟာ ရ ကို ခြေရာကောက် ရင် ဒီ ကာလ မတိုင် မီ တည်း က ရှိ နိုင်တယ် လို့ လဲ ပြော ကြတယ်..ရိုဝန်ညာ=ရိုဟန်ဂ=လွှင့်ညာ စတာ တွေ အရင် ထဲ က ရှိခဲ့ ပုံ ကို ရခိုင် ပညာ ရှိတွေ ကိုယ်တိုင် ထုတ်ဖေါ်ရေးသား ထား တာ တွေ လဲ ရှိ တော့ ဒီလူစု တွေ ရဲ့ ဒီ နေရာ ဒီဒေသ မှာ ရောက်ရှိ နေပုံ က မနေ့ တစ်နေ့ က လို့ တော့ ပြော လို့ မရ တာ အသေအချာ ပဲ။
အကို ပြောချင်တာ က လက်တွေ့ ဖြစ်နေတဲ့ ပြဿနာ ကို လက်တွေ့ကျကျ ဘယ်လို ဖြေရှင်းနိုင်ကြမလဲ ဆို တာ ကို ပဲ စဉ်းစားသင့်တဲက အကြောင်းပါ။
ညီလေး မာဃ ပြောသလို အရင် Status quo အတိုင်းပဲ ဆက် ထားမယ် ဆို ရင် အနာ ကို မကုပဲ လစ်လျှူရှု ထားသလို ဖြစ်မယ်။ ရိုဟင်ဂျာ တွေ က လဲ ဆက်ပြီး တိုးတက် ပေါက်ပွား နေဦးမှာ ပဲ..စီးပွားရေး လူမှု ရေး ဘာသာရေး အရ နိုင်ငံတကာ အထောက်အပံ့များစွာ ကို ရရှိ နေလို့ ကြီး သထက် ကြီး လာ မှာ အမှန်ပါ။ နောက် တစ်ကျော့ ထပ် ဖြစ်ရင် ပိုမို ထိခိုက် ဆုံးရှုံးမှု တွေ များ တဲ့ Humanitarian Crisis ဖြစ်လာ နိုင်တယ်။
နောက်တစ်ချက် က တော့ Bangladesh က စိမ့်ဝင်လာနိုင်တဲ့ လူတွေ ကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့ လို ပါတယ်။ စတုရန်းမိုင် ၅၀၀၀ လောက် မှာ သန်း ၁၈၀ လောက် ဖြစ်နေတော့ လူဦးရေ က အဆမတန် ပေါက်ကွဲ နေတယ်..အိမ်နီးချင်းနိုင်ငံ တွေ ဆီ လွင့်စင်ထွက်လာ မှာ အသေအချာ ပဲ။ ဒါတွေ ကို လုံခြုံရေးစည်း တင်းတင်းကြပ်ကြပ်ချထားပြီးတော့ ထပ်မတိုးလာ အောင် တားဆီးနိုင်ဖို့ လို တယ်။
ဒီဘက်မှာ ရောက်နေပြီးသား လူတွေ ကို ပြန်လည် စိစစ် ရမယ်။ နိုင်ငံသား ဖြစ်ထိုက်တဲ့ သူတွေ ရှိ ရင် လဲ အမှန်အကန် နိုင်ငံသားဖြစ်ခွင့် ပေးရမှာ ဖြစ်တယ်။ နိုင်ငံခြားသား ဧည့်နိုင်ငံသား စတဲ့ အဆင့် တွေ သတ်မှတ်ပေးပြီး လ၀က နည်း အရ လုပ် ဆောင် ရ မှာ တွေ လဲ ရှိတယ်။ လုပ်စရာ တွေ က တော့ အများသား။
- နိုင်ငံသားဥပဒေ ကို ပြန်လည် လေ့လာသုံးသပ် ကြရမယ် မျှတတဲက ဥပဒေဖြစ်အောင် ယိုကွက်ဟာကွက် မရှိ အောင် တစ်ဖက်ပိတ်ဥပဒေ မဖြစ်အောင် ပညာရှင် တွေ ၀ိုင်းဝန်းလုပ် ဆောင် ကြဖို့ လို တယ်။
- ရခိုင်ပြည်နယ် ရဲ့ လုံခြုံရေး နဲ့ ကာကွယ်ရေး တရားဥပဒေစိုးမိုးရေး ကို ၂ဆ ၃ ဆ မက ပို လုပ် ကြရမယ်။ အရင် က ရခိုင် တွေ က ဘင်္ဂလီ တွေ ကို အနိုင်ကျင့်ခဲ့ တာ တွေ အများကြီး ရှိတယ်..လူချင်း မတန်လောက် အောင်နှိမ်ချ ဆက်ဆံ ခဲ့ တာ တွေ ရှိတယ် ..အခု တော့ ကြောက်အိုးကြီး ကွဲ သွားပြီး ရခိုင် က ပြန်ကြောက် နေရ တဲ့ အနေအထား ဖြစ်လို့ ရခိုင် တွေ ရဲ့ လုံခြုံရေး ကို လဲ ဂရုစိုက် ပေးရမယ်။
- အမှန်အကန် နိုင်ငံသားဖြစ်ခွင့် ရရှိသူ တွေ ကို လဲ အခြေခံ နိုင်ငံသား အခွင့်အရေးတွေ နဲ့ ပညာရေး တိုးတက်မှု ရှိ အောင် ဆောင်ရွက် ပေးကြရမှာ ပဲ ဖြစ်တယ်။ ရန်-ငါ စည်းခြား နေတာ တွေ ကို လျှော့ ပြီး လူမျိုး ဘာသာ မတူ သော်လည်း မြန်မာ လူ့ဘောင် အဖွဲ့အစည်းထဲ ကို ပေါင်းစည်းဝင်ဆံ့ လို့ အတူတကွ ရပ်တည် နိုင်အောင် ၀ိုင်းဝန်းလုပ် ဆောင် ကြဖို့ လို တယ်။ အကို က တော့ သမ္မတကြီး ဦးသိန်းစိန် ပြော တဲ့ အချက် ကို ကြိုဆို ထောက်ခံ ပါတယ်။ ဒါမှ သာ Political Limbo ထဲ ပိတ်မိ မနေတော့ ပဲ အပြည်ပြည် ဆိုင် ရာ အဖွဲ့ အစည်း တွေ နဲ့ ပါ ပူးပေါင်း ဆောင်ရွက် နိုင်ခွင့် ရ မှာ ဖြစ်တယ်။ မြန်မာ အစိုးရ က ဦးဆောင်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း က ပူးပေါင်းဆောင်ရွက် ကြရမှာ ဖြစ်တယ်။
- ၁သန်း လောက် က သန်း ၅၀ လောက် ကို ၀ါးမျို မယ် ဆို ရင် သန်း ၅၀ က ညံ့ လို့ ပဲ ဖြစ်မယ်။ သန်း ၅၀ က ပဲ ၁ သန်းလောက် ကို ၀ါးမျို ပစ်နိုင်ဖို့ လို တယ်။ နိုင်ငံသား ဖြစ်ခွင့် ရသူ တွေ ကို မြန်မာ လူမှု ဓလေ့ ဘ၀ ထဲ ကို ရောက် အောင် ဆွဲ ဆောင် မသိမ်းသွင်းနိုင်ဘူး ဆို ရင် မြန်မာ တွေ ရာဇ၀င်ရိုင်း ရာ ကျတယ်။ ဒါက တော် တော် ခက် တယ် လို့ ထင် ရပေမဲ့ လစ်ဘရယ်ဒီမို ကရေစီ စစ်စစ် ထွန်း ကား ပြီး တရားဥပဒေစစ်စစ် ထွန်းကား ရင် မဖြစ်နိုင်စရာ မရှိပါ။ လူမျိုးချင်း ဘာသာချင်း ရောနှော ဖို့ ဆို လို တာ မဟုတ်ပဲ အားလုံး အတွက် တရားမျှတမှု ရှိတဲ့ Public Sphere တစ်ခု ကို ဖေါ်ဆောင် နိုင်ကြဖို့ ပဲ လို တယ်။
စေတီတော် တွေ က ဆည်းလည်းသံ တွေ ဘုရားကျောင်း က ခေါင်းလောင်းသံတွေ ဗလီ က မွေဇင် ရဲ့ အဇမ်ပေးသံ တွေ အကိုတို့ ပြည်မြန်မာ မှာ ဘာလို့ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ မရှိ နိုင်ရ မှာ လဲ။ အဓိက က လူမျိုးရေး ဘာသာရေး ခေါင်းဆောင်တွေ က အဆိပ်အတောက် မှိုင်းတွေ မထည့်ပေးကြဖို့ ပဲ လို တယ်။ လူမျိုး ဘာသာ ပေါင်းစုံ အတူယှဉ်တွဲ မရပ်တည် နိုင် ရင် မြန်မာ ပြည် ဟာ ပြည်တွင်းပဋိပက္ခတွေ ကြားမှာ ပဲ နစ်မွန်းရင်း ဒီတောင် ကို မောင် မကျော် နိုင်ဖြစ်နေတော့ ဦးမှာ ပဲ လို့ သုံးသပ် မိ ပါတယ်။
ဦးဦးမှော်ဆရာ ပြောခဲ့ သလို ပဲ အရင် မြန်မာဗုဒ္ဓဘာသာအများစုလွှမ်းမိုး တဲ့ အခြေအနေမျိုး ကို ပဲ ပြန်သွားချင်ကြရင် တော့ မျိုးချစ် ဘာသာချစ် စစ်အာဏာရှင်တစ်ယောက် ကို ပဲ ပြန်ဖိတ်ခေါ်ဖို့ ရှိ တော့ တယ်။ အကို တော့ ဒီ အိပ်မက်ဆိုးကြီး ကို ထပ် မမက်ချင် တော့ ပါဘူး ညီလေး တို့ ရေ။
2012/8/21 Mr. Jugger <juggernaut.mm@gmail.com>
ကိုလင်းထက်ဆွေ နဲ့ ကိုမာဃထံ ပြန်စာ
ကိုလင်းထက်ဆွေ : ရခိုင် နဲ့ ဘင်္ဂလီ တွေ ဟာ ရှေးမဆွ တည်း က ချစ်ခင် ရင်နှီး
အတူနေခဲက တဲ့ ညီကို တွေ ဖြစ်ကြောင်း နဲ့ လေ့လာကြည့် တဲ့ အခါ ခိုးဝင်လာသူ
ရိုဟင်ဂျာ မတွေ့ ရပဲ ဒေသခံ ဘင်္ဂလီ တွေ ပဲ တွေ့ ရတဲ့ အကြောင်း အကြမ်းဖက်မှု
များ ဖြစ်ရတာ ဟာ ပညာရေး အဆင့် နိမ့် နေလို့ ဘင်္ဂလီ တွေ ကို ပညာရေး ပေးရမဲ့
အကြာင်း မြန်မာ့ လူဘောင်ထဲ ကို Incorporate and integrate လုပ် ပေး ရ မဲ့
အကြောင်း တွေ ပြော သွား တာ ကြား ရ ပါတယ်။ ဒါက ပဲ နောက် ဆုံး ဖြစ်နိုင်ခြေ
ရှိ တဲ့ ရှဉ်လျှောက်သာ ပျားစွဲသာ အဖြေ ဖြစ် လို့ ပဲ ထင် ပါတယ်။
ကိုမာဃ : ရခိုင်နဲ့ဘင်္ဂလီဟာ ဘယ်တုန်းကမှ ချစ်ခင်ရင်းနှီးစွာမနေခဲ့သလို ၊
ဘယ်တုန်းကမှ ညီအစ်ကိုလည်းမဖြစ်ခဲ့ဘူးဆိုတာ ဗဟုသုတမနည်းတဲ့
ကိုလင်းထက်ဆွေသိမှာပါ ။ ရှဉ့်လျှောက်သာ ပျားစွဲသာ ( win win solution )
ချတဲ့ နီဂိုရေးရှင်းတွေမှာ သတ်မှတ်ထားတဲ့ အတိုင်းအတာ တခုဆိုတာရှိပါတယ် ။
အကို အဲ့လိုရှဉ့်လျှောက်သာ ပျားစွဲသာ အဖြေကို ချပြတာဟာ အကို ကိုယ်တိုင်
အဲ့ဒီဒေသမှာ မနေဖုး ၊ မရောက်ဖူးဘူးလို့ ကျနော်သတ်မှတ်တယ် ။ အကို သာ
ရခိုင်အမျိုးသားတစ်ဦးသာဆို အဲ့လိုအဖြေဘယ်တော့မှ ချမှာမဟုတ်ပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီဒေသခံတွေမှာ အကြောက်တရား ၊ ခြိမ်းခြောက်မူ့ ၊
မလုံခြုံမူ့ ၊ ဥပဒေ စိုးမိုးမူ့
နည်းခြင်း တို့နဲ့ အမြဲမပြတ် ချောက်ခြားနေရတာ အဲ့ဒေသမှာနေဖူးတဲ့ (
မိသားစု ရှိတဲ့ ) လူတွေပဲ သိတဲ့အချက်ပဲဖြစ်တယ် ။
Mr. Jugger : ကိုလင်းထက်ဆွေ ပြောသလို.ပညာရေးပေးလိုက်ပြီ
အဆင့်အတန်းမြင့်လာပြီးဘဲထားပါတော့ လူမျိုးရေးကို
အကွက်မြင်မြင်ပိုပြီးစနစ်တကျလုပ်ဆောင်လာခဲ့ရင်ကော...ပညာတတ်အတန်းအစားနည်းနည်းထဲကတောင်
နိုင်ငံတကာကို သိအောင် အကွက်ကျကျ လုပ်ပြသွားတဲ့
ရိုဟင်ဂျာသမိုင်းကြောင်းတွေအကြောင်းပြန်စဉ်းစားဖို့သင့်တယ်...ပညာတတ်အတန်းအစားက
ပညာအကြောင်းနဲ့ ပတ်ဝန်းကျင်ကောင်းရာကောင်းကြောင်းစဥ်းစားရင်တော့သင့်တာပေါ့
မစဉ်းစားတဲ့ အခြမ်းကများမယ် ထင်တယ်...ကိုယ့်ဘက်ကိုယ်ယက်မယ့်အပိုင်းက
ပိုများမယ်ထင်တယ်...ကိုမာဃ စိုးရိမ်သလို နယ်မြေမလုံခြုံမှုက
နောက်ဆိုသိပ်ကြောက်ရမယ်မထင်ဘူးဗျ...ဒီအရေးကို
ပိုပြီးတင်းတင်းကျပ်ကျပ်လုပ်ဆောင်လာမှာဘဲ ဥပဒေစိုးမိုးလာမှာပါ.၊
ရခိုင်ကလည်း သူ့ဘာသာသူနေမယ်...ဘင်္ဂါလီနဲ့ရောစရာအကြောင်းမရှိဘူးကြောက်စရာလည်းမလိုဘူး...လူမျိုးတော့
ပျောက်သွားမယ်မထင်ဘူး...ပျောက်ချင်ပျောက်နေစရာနေရာဘဲပျောက်မှာ......
ကိုလင်းထက်ဆွေ : ကေဒါရေ..ခုဟာ....လူသားချင်းကိုယ်ချင်းစာ
နာရမယ်.အရေးမဟုတ်ပါဘူးးးးး ဆိုရင် ကေဒါ က ဘယ်လို ဖြစ်စေချင် သလဲ ကွယ်။
အကို ပြောသလို လုပ်ချင် ရင်တော့ ငါ့ ညီ ပါတီ တစ်ခုခု ထဲ ၀င်
အမျိုးသားရေးကြွေးကျော် သံ နဲ့ စစ်တပ် ကို စည်းရုံး ပြီးတော့ အာဏာ သိမ်း
ပြီးတော့ လုပ်ဖို့ ပဲ ရှိပါတယ်။ ဘယ်လို များ လုပ် မလဲ ကွယ်တို့
ရယ်..မျက်လှည့် ဆရာ လို ဟပ်ချလောင်း လုပ်လိုက် လို့ မှ မရပဲ နော်။ ငါ့ညီ
မှ နည်းလမ်းကောင်း လေး များရှိ ရင် သိချင်ပါတယ်။ အကို တွေးမိ သလောက် ပြော
တာ ပါပဲ။
တို့ ဘိုးဘွား အမွေ လို့ တော့ အရမ်း မအော် နဲ့ ကွဲ့။ မွန် တွေ ခံစား ခဲ့
ရ တာ ရခိုင် တွေ ခံစားခဲ့ ရ တာ တွေ ဘယ်လို လုပ် မလဲ..အခု လဲ အရင် တွေ
ကချင် တွေ......ရှမ်းတွေ....။ ဗမာ လဲ နယ်ချဲ့ စစ်ဘီလူး ဖြစ်ခဲ့ တာ
ပ..ရာဇ၀င်စာမျက်နှာ တွေ မှာ သွေးတွေ စွန်းပေ လို့။ အေဒီ ၈ ရာစု လောက် က
ဗမာ လဲ ရိုဟင်ဂျာ သာသာ ပဲ..ပျူတွေ ကို မြို ခဲ့ တယ်..သမိုင်း ၀ဋ်ကြွေး
ဆို တာ ဆပ် ရ တတ် တယ် ကွယ်။ အကို လဲ ဗုဒ္ဓဘာသာ မို့ ကံ ကို တော့ ယုံ တယ်။
ဝစီဘေဒ ထိတိုင်းရှ ဆို တာ ရှိ သကွဲ့။ အခု ရိုဟင်ဂျာ ကို မုန်းပြီးဆဲ
နေတဲ့ သူ အများ စု ဟာ ရိုဟင်ဂျာမကြီး တွေ ၀မ်းထဲ ပြန်ဝင်စားဖို့ သေချာ
သလောက်ပဲ ကွဲ့။
ကိုမာဃ : အကို့ စာလေးကိုတွေ့တော့ ကျနော်ရယ်မိတယ် ။ ကျနော်တို့
ဗုဒ္ဒဘာသာတွေ ဒုက္ခရောက်ရတာ ဒီလိုကိစ္စတွေကြောင့်ပဲထင်တယ် ။
ဝဋ်လည်ခြင်းအကျိုး အကြောင်းတရား ။ ရှေးဘ၀ နောက်ဘ၀ ကုသိုလ်ကံ နဲ့ ကံငါးပါး
အထိန်းအကွပ်က ဗုဒ္ဒဘာသာတွေရဲ့ ခုခံနိုင်စွမ်းကို တစတစ
ကျအောင်လုပ်နေတဲ့အတွက် . . . အမြဲတမ်းလိုလို
အင်အားခြင်းတူလာပြီဆိုရင်တောင် အရှုံးဘက်မှာရှိနေဆဲပဲ ။ မပူပါနဲ့
ကိုလင်းထက်ဆွေရေ ၊ဦးသိန်းစိန်ကသာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ
ညှိနိုင်းမူ့ကြီးမျိုး ကို လက်ခံလိုက်ရင်
နောင်နှစ်ငါးဆယ် အကိုရော ၊ ကျနော်ရော ၊ ကိုသုရှင်ရော ၊ကိုကေဒါ ရော . . .
ဘယ်သူပဲ သေသေ
ရိုဟင်ဂျာမကြီး ၀မ်းမှာ ၀င်စားကြရမှာပါ ။ အဲ့ဒီအချိန်မှာ
ရိုမြန်ဂျာနိုင်ငံလို့တောင် အမည်တွင်နေလောက်
ပါပြီ ။
ဗမာ က ရခိုင် ၊ မွန် ၊ ရှမ်းတွေ သိမ်းခဲ့တာ . . . ကျနော်တို့ ရခိုင်တွေ ၊
မွန်တွေ ၊ ရှမ်းတွေ ဘာသာမပျက်ခဲ့ပါဘူး ။ လူမျိုးမပျက်ခဲ့ပါဘူး ။
ရိုဟင်ဂျာကတော့ ကျနော်တို့ ဘာသာလဲ ပျက်မယ် ၊ လူမျိုးတွေလဲ ပျက်မယ် ။
ကိုလင်းထက်ဆွေရဲ့ တီလေးတွေ ၊ တွတ်လေးတွေ ၊ ဦးထုပ်လေးတွေဆောင်းပြီး
မြင်ချင်မယ်လို့ ကျနော်မထင်ဘူး ။ ကျနော်လဲ လုံးဝ မမြင်ချင်ဘူး ။
အရာရာတိုင်းက ခြေလှမ်းတစ်လှမ်းက စရတာအကိုရဲ့ ၊ ရခိုင်မြေမှာ ရိုဟင်ဂျာတွေ
ဘာကြောင့် ကုတ်ကပ်နေကြလဲ အကိုသိမှာပေါ့ ။ မွတ်ဆလင်ညီအကိုချင်း ကူညီတယ်
လို့ အကိုပြောတော့ ကျနော်ရယ်ချင်လိုက်တာ ကျနော်တို့ ဗုဒ္ဒဘာသာ
မြန်မာနိုင်ငံတောင် ကျနော်တို့ဆီမှာရောက်လာတဲ့ ဘင်္ဂလီတွေကို
သေနတ်ပြချိန်းခြောက်ပြီး ပြန်မလွတ်ဘူး ။
မွတ်ဆလင်မ်ဘရားသားဟုဒ်ဆိုတဲ့ ဘင်္ဂလားဒေခ်ျ့က သူ့လူမျိုးတွေကို
ဘာသာတူတွေကို အတင်းနှင်လွတ်သတဲ့ဗျား ။ လခြမ်းမြေမှာ ကပ်ကုပ်နေပြီး
ရခိုင်နဲ့ ညီအကိုတော်ခွင့်ရပြီဆို ရခိုင်ရိုးမလေးကို အသာလေးဖြတ်
ဗမာတွေနဲ့ပါ အမျိုးတော်ကြလိမ့်မယ် ။ ပြီးရင် ရှမ်းနဲ့ မွန်နဲ့ ။
မြန်မာနိုင်ငံမှာမနေရရင်လည်း ၊ ဗမာနိုင်ငံမှာပဲနေပါရစေ ၊ ရိုဟင်ဂျာ
အစ္စလာမ်နိုင်ငံတော်ကြီးမှာတော့ မနေပါရစေနဲ့ ။
Mr. Jugger : ကိုလင်းထက်ဆွေပြောသလို သမိုင်းနဲ့ချီပြီးပြောတဲ့ အေဒီ
(၈)ရာစုလောက်က လူသားယဉ်ကျေးမှုနဲ့ ယခု (၂၁)ရာစု လူသားယဉ်ကျေးမှုက
တခြားစီဖြစ်နေပီ...မိုးနဲ့မြေလို့ကွာနေပြီဗျ...ရှေးခေတ်အခါက
သက်ဦးဆံပိုင်ဘုရင်စနစ်လေ...နိုင်ငံတိုင်းမှာ အားကြီးတဲ့
လူမျိုးစုဘုရင်ကသာ
ခြယ်လှယ်စိုးမိုးတာပါ..အာဏာစက်ဖြန့်ချင်တာပါ...ယခုခေတ်နဲ့နှိုင်းယှဉ်ပြီး
ယှဉ်ထိုးပြလို့မရဘူးလို့ထင်တယ်....သမိုင်းကျွေးပြန်ဆပ်ချင်လို့မရဘူးထင်တယ်...
ကိုမာဃပြောတဲ့တစ်ချက်ကတော့ စဉ်းစားစရာပဲ...အားအင်မရှိတဲ့
တောဘုရင်ခြင်္သေ့တောင်အားနည်းနေတဲ့အချိန်
တစ်ကောင်တည်းဖြစ်နေတဲ့အချိန်မှာ..ခွေးအတွေဝိုင်းစားလို့သေရသေးတာပဲ...ရိုဟင်ဂျာအပိုင်းမှာတော့
အဲဒီစိတ်ဓာတ်ရှိနေရင်တော့မပြောတတ်ဘူးဗျ...
ကိုလင်းထက်ဆွေ : အကို တို့ ရခိုင် ဗုဒ္ဓဘာသာဝင် တွေ ဒုက္ခဖြစ်တော့ ဘယ်
ဗုဒ္ဓဘာသာ နိုင်ငံ က များ လာရောက်ကူညီကြသလဲ။ ဟိုတစ်ရက် က ပဲ တူရကီ
တစ်နိုင်ငံ ထဲ က သန်း ၅၀ လာရောက် ကူညီ သွား တာ တွေ့ ရတယ်။ နောက်လဲ ကူညီမှု
တွေ တောက်လျှောက် လာ နိုင်ပါသေးတယ်။
ကိုမာဃ : အဲ့လောက်မွတ်ဆလင်မ်ညီအကိုစိတ်ရှိတဲ့ အစ္စလာမ်မစ်နိုင်ငံတွေ က
ဘာကြောင့်များ ရိုဟင်ဂျာတွေကို လက်မခံနိုင်တာလဲ အကို ။
အကိုထင်တာကိုပဲဖြေကြည့်ပါ ။ ကျနော်ထင်တာကိုပြောရမယ်ဆိုရင် တော့ သူတို့က
ရိုဟင်ဂျာတွေကို ရခိုင်မှာပဲ ဆက်ရှိနေစေချင်တာအကို ။
ရိုဟင်ဂျာတွေကိုလက်ခံဖို့ ဘင်္ဂလားအစိုးရကို ဘယ် မွတ်စ်ဆလင်မ်နိုင်ငံမှ
တွန်းအားမပေးကြပဲ ၊ ရိုဟင်ဂျာတွေကို လက်ခံဖို့ပဲ မြန်မာအစိုးရကို
သူတို့အတင်းဖိအားပေးနေကြတာပဲ ၊တွေ့ရတယ် ။ နိုင်ငံတကာက မွတ်စ်ဆလမ်တွေ
ပါတဲ့ မီဒီယာတွေကလည်း ဒီကိစ္စကိုပဲ ဇောင်းပေးလွင့်နေကြတယ် ။ ကဲ
ဘယ်နိုင်ငံကဘင်္ဂလားအစိုးရကို တွန်းအားပေးတာ အကိုဖတ်ဖူးလဲ ။ ရှိရင်လဲ
လက်တဆုပ်စာထက်ပိုမယ်မထင်ဘူး ။ ကျနော်က တော့ သိမ်းသွင်းရခက်လှတဲ့
ဒီဗုဒ္ဒဘာသာနိုင်ငံမှာ သူတို့တွေ ကတုပ်ကောင်းကောင်းဆောက်နေတယ်ပဲ မြင်တယ် ။
Mr. Jugger : ကိုလင်းထက်ဆွေပြောသလို မွတ်စလင်နိုင်ငံတွေက
စည်းလုံးတာမှန်ပါတယ်...ဘာသာရေးအခြေခံအရ
စည်းလုံးညီညွှတ်တာပါ...တူရကီလိုချမ်းသာတဲ့ ဥရောပနိုင်ငံက ဒေါ်လာသန်း
(၅၀)ဆိုတာဘာမှမပြောပါလောက်ပါဘူး...ဆော်ဒီက
သူဌေးတစ်ယောက်တစ်ရက်ဖြုန်းစာတောင်ရှိမယ်မထင်ဘူး.....မြန်မာပြည်နဲ့
ဗုဒ္ဓဘာသာနိုင်ငံတွေမှာ အဲလောက်ချမ်းသာတဲ့လူများရှိခဲ့ရင်ကော...ပြီးတော့
ဘာသာရေးပိုင်းမှာ ထက်သန်စွာနဲ့
လှူဒါန်းမဲ့ဗုဒ္ဓဘာသာဝင်အဖွဲ့အစည်းတွေကြီးကြီးမားမားမရှိတာပါ...မွတ်စလင်က
ပြောရရင်ဘာသာရေးကိုသူ့တို့ဘ၀၊ သူတို့အသက်၊
သူတို့ဆန္ဒဆိုတာတွေကြောင့်ဒီလောက်သဒ္ဒါပေါက်နေတာပါ...ရေများရာမိုးရွာတဲ့ဗုဒ္ဓဘာသာဝင်တွေလည်းများနေတာပါ...
ိကိုလင်းထက်ဆွေ : (၁) အရင် Status quo အတိုင်းထားပြီး ပိုနေမြဲ ကျားနေမြဲ
နေကြမလား။ ဒါဆိုရင် ပြဿနာ က နောက်တစ်ရစ်တက်လို့ တစ်ကျော့ပြန်လာတဲ့ အခါ
မှာ ပိုကြီးမားတဲ့ ပဋိပက္ခ အသွင် နဲ့ ပေါက်ကွဲ လိမ့်မယ်။ ဒီ အခြေအနေ မှာ
ဆုံးရှုံးမှု တွေ လဲ ပို များလိမ့် မယ်။
(၂) ဒါဆိုရင် မျက်ကန်းမျိုးချစ်တွေ ပြောသလို ဒီ ၂ သန်းလောက်ရှိတဲ့
လူစုလူဝေး ကြီး ကို ကိစ္စတုံး လုပ်ပစ်မလား။ ဒီလို လုပ်နိုင်ဖို့ အတွက်
မြန်မာပြည်ဟာ ဒီမိုကရေစီ လမ်း က နေ သွေဖည်ပြီးတော့ နာဇီ ဖက်ဆစ်
အမျိုးသားအစွန်းရောက် အာဏာရှင် စနစ် ဆီ ပြန်သွား ရ လိမ့် မယ်။ မြန်မာပြည်
ဟာ လဲ ငြိမ်းအေးတဲ့ ဗုဒ္ဓဘာသာဝင် တွေ နေတဲ့ တိုင်းပြည် မဟုတ်တော့ ပဲ နာဇီ
ဘီလူးသဘက် တွေ နေတဲ့ တိုင်းပြည် ဖြစ်သွားလိမ့်မယ်။
(၃) ဒီလူတွေ ကို ကမ္ဘာ တစ်နေရာရာ မှာ နေရာပေးဖို့ မောင်းထုတ်မလား။ ဒါက လဲ
မဖြစ်နိုင်တဲ့ ကိစ္စ။ ဘီလီယံ ချီတဲ့ ဒီ ကုန်ကျစရိတ်တွေ ကို ဘယ်သူ က ခံ
မလဲ။ လုံးဝ မဖြစ်နိုင်ပါ။
(၄) ဒီတော့ အခု သမ္မတ ကြီးတွေးတဲ့ Incorporation and Integration ဆို တာ
တစ်ခု ပဲ ကျန်တော့ တယ်။ ဒါက မြန်မာ ဗုဒ္ဓဘာသာဝင် တွေ အတွက် တော့
ဆေးခါးကြီး ဖြစ်ချင် ဖြစ်မယ်။ အခွင့်အရေးတွေ ချိုးဖေါက်ခံ နေရချိန်မှာ
တောင် ကြံ့ကြံ့ခံ ရှင်သန် ကြီးပွားနိုင်ခဲ့ ရင် ဥပဒေအကာအကွယ် နဲ့ အခွင့်
အရေး တွေ ရ လာ ခဲ့ ရင် ခက်ရလျည်ရဲ့ ဆို တာ မျိုး လေ။ တကယ်လဲ စိုးရိမ်စရာ
လို့ ထင်စရာ ပါပဲ။ အကို တစ်ခါ က ရေးဖူး သလို ဒီမိုကရေစီ အခင်းအကျင်းသစ်
ဟာ ထေရ၀ါဒဗုဒ္ဓဘာသာ အတွက် တော့ သိပ် အလား အလာ မကောင်း တဲ့
နိုင်ငံရေးဝန်းကျင် ဖြစ်လို့ ပါပဲ။ ဗုဒ္ဓဘာသာ ဟာ အာဏာရှင် အဆက်ဆက် ရဲ့
အကာအကွယ် နဲ့ ရပ်တည်ခဲ့ ရလို့ ပဲ ဖြစ်တယ်..အခြေအနေသစ်မှာ လွတ်လပ်စွာ
ပြိုင်ဆိုင်ဖို့ အရည်အချင်းသစ် တွေ လို တာ အမှန်ပဲ။
ကိုမာဃ : ၁ ။ ၀င်းဝင်း ဆလူးရှင်းထက်စာရင်တော့ ကျနော်
ပိုနေမြဲကျားနေမြဲကို ပိုသဘောကျတယ် ။ ကျနော်တို့အတွက်
ဒီကိစ္စကြီးကိုထိန်းချုပ်နိုင်ဖို့နည်းလမ်းတွေအများကြီးလိုသေးတယ် ။
တကျော့ပြန်လာနေတာ များနေပါပြီ ။ အခုတခါက နည်းနည်းကြီးသွားလို့
နိုင်ငံတကာနဲ့ ကိုယ့်နိုင်ငံက လူတွေ သိသွားတာပါရခိုင်မှာက ဒီကိစ္စက
ကျနော်တို့ ငယ်ငယ်လေးထဲက ခဏခဏဖြစ်နေကြ ၊ ကောင်းတဲ့ကိစ္စမဟုတ်ပေမယ့်
အကိုပြောတဲ့ ရှဉ့်လဲလျှောက်သာ ပျားလည်းစွဲသာလုပ်လိုက်မှ
ဒီထက်ပိုဆိုးသွားမယ်လို့ထင်တယ် ။ မယုံရင် မောင်တောဒေသ ကိုပဲ အရင်ပေးကြည့်
၊ ဆယ်နှစ်အတွင်းရခိုင်တယောက်မှ ကျန်မယ်
၂။ လူ ၂သန်း မပြောနဲ့ ၊ လူ၂၀ ကျော်လောက်သေတာတောင် ၊ ကမ္ဘာပျက်မတတ်အော်နေတာ
ကိုလင်းထက်ဆွေရယ် ။ ဒီလို ကောင်တွေကို ဘယ်လိုမျိုးဖြုတ်လို့ရမှာတုန်း ။
ကျနော်တို့ ဗုဒ္ဒဘာသာတွေထဲမှာလဲ ငရဲမကြောက် ငအူမကြောက်ကောင်တွေ အဲ့လောက်
ပေါမယ်မထင်ဘူး ။ ရယ်ချင် ရယ် ။ကျနော်ဆို လူကိုမပြောနဲ့ ကြက်ကိုတောင်
လည်လှီးမသတ်ရဲဘူး တကယ်ပြောတာ ။ နောင် သံသရာကိုကြောက်လို့ ။ ကျနော်သာ
သမ္မတဖြစ်နေခဲ့ရင်ကျနော်တို့ကို ရိုဟင်ဂျာ
တွေကိုတရားဝင်လက်ခံဖို့ပြောတိုင်း ကျနော်ကလည်း ဘင်္ဂလားဒျေ့်ကို
ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ ပြောမယ် ။ သတ်တော့မသတ်ဘူးပေါ့ အကိုရာ ၊
ရွေ့ပြောင်းတဲ့နည်းလမ်းတွေသုံးပြီး၊ မောင်တောကနေ တောင်ပြိုလောက်အထိကို
ဂါဇာ ပုံစံ လုပ်လိုက်လို့ရတယ် ။ ဂါဇာက အာရပ်တွေ ကိုယ့်ပိုင်မြေမှာ
အစ္စရေးဆီမှာ အလုပ်ခံရတာ ။ ကျနော်တို့က ကိုယ့်မြေပေါ်မှာ တရားမျှတစွာ
သူတို့ကိုနေရာပေးရမှာ ။ ဘာမှ မလုပ်နိုင်စရာမရှိဘူး ။ လူကြီးပိုင်းက
အချိန်ယူစဉ်းစားရင် ဒီထက်ကောင်းတဲ့ နည်းလမ်းတွေအများကြီး
ထွက်လာနိုင်သေးတယ် ။
၎။ ထေရ၀ါဒ နဲ့ အစ္စလာမ်မစ်နဲ့ဟာ ဘယ်လိုမှ နိုင်းယှဉ်လို့မရတဲ့
ဘာသာတရားနှစ်ခုဆို ကျနော့်ထက် အဆတရာလောက် ဘာသာရေးမှာနှံ့စပ်တဲ့
ကိုလင်းထက်ဆွေနားလည်မှာပါ ။ အစ္စလာမ်ဘာသာရဲ့ ရန်သူတွေကို
ခုခံနှိပ်ကွပ်တဲ့စစ်သဘောတရားကိုတောင် ကိုအန်ကျမ်းမှာ ထည့်ထားတဲ့
အစ္စလာမ်ဘာသာတရားဟာ ၊ သည်းခံခြင်း ခွင့်လွတ်ခြင်း နားလည်ပေးခြင်း
မေတ္တာထားခြင်းဂရုဏာထားခြင်း ကျင့်ကြံခြင်း စောင့်စည်းခြင်း တို့ကို
ဘာသာရဲ့ အုတ်မြစ်အဖြစ်ယူထားတဲ့ ဗုဒ္ဒဘာသာနဲ့ ပြဒါးတလမ်း သံတလမ်းပါပဲဗျာ ။
ဒါဟာ ဒီမိုကရေစီ အခင်းအကျင်းသစ်နဲ့လည်းမဆိုင်ဘူး ။
နိုင်ငံရေးနဲ့လည်းမဆိုင်ဘူး လို့ ကျနော်ထင်တယ် ။
Mr. Jugger : ကိုလင်းထက်ဆွေပြောတဲ့ (၁) အချက်အရဆိုရင်
ကျွန်တော့အမြင်အရပြောရရင် သမ္မတကြီးပြောထားတဲ့အတိုင်း
နိုင်ငံသားခံယူပိုင်ခွင့်ရှိသူကို ခံယူစေ..ခံယူပိုင်ခွင့်မရှိသူကို
ဒုက္ခသည်စခန်းမှာထားပြီး...
တတိယနိုင်ငံကခေါ်လိုကခေါ်စေပါပဲ...အချိန်ကကုစားသွားမှာပါ...နောက်တစ်ရစ်ပြန်ဖြစ်နိုင်ဖို့ဆိုတာ
တောင်တော်လေးဂရုစိုက်ရမှာပါ... ရခိုင်ဖက်အခြမ်းကတော့
စတင်စရာဘယ်တော့မှရှိလာမှာမဟုတ်ဘူးလို့ယုံကြည်တယ်ဗျ..
(၂) ကိစ္စတုံးသတ်ပစ်ရအောင်မိုက်မဲတဲ့အသိဥာဏ်
မရှိလောက်ဘူးလို့ထင်တယ်...ရှိခဲ့ရင်တောင် နိုင်ငံတကာ
အဟန့်ကြီးရှိသေးတယ်ဗျ...ဒီကိစ္စကိုထည့်မပြောတာကောင်းမယ်...ဘာမဟုတ်တဲ့
အွန်လိုင်းဆန့်ကျင်ရေးတွေနဲ့ အကို ယှဉ်တွဲမပြောတာပိုကောင်းမယ်ထင်တယ်....
(၃) ကုန်ကျစရိတ်ကျခံဖို့ဆိုတာ လောလောဆယ်မှာ မဖြစ်နိုင်မှန်းမသိပေမဲ့
လတ်တလောအချိန်မှာ အချိန်အတိုင်းအတာအရ ရပါသေးတယ်... သေသေချာချာ
ကုန်ကျစရိတ်ရယ်စီမံခန့်ခွဲမှုရယ် ဒုက္ခသည်စခန်းက လူတွေရဲ့ လူ့စွမ်းအား
အရင်းအမြစ်ရှိတယ်လေ...ဒါကို အသုံးချလို့ကော
မရနိုင်ဘူးလား...အိမ်တွင်းမှုလက်မှုပညာတွေမလုပ်ဘဲ
ဒီတိုင်းထိုင်စားပြီးထောက်ပံ့ကြေးယူထားဖို့ဆိုတာ ရေရှည်မဖြစ်နိုင်ပေမယ့်
သေချာ စီမံခန့်ခွဲရင်တော့ဖြစ်လာနိုင်ပါတယ်....
(၄) အကိုပြောတာ ဗုဒ္ဓဘာသာကိုပဲနေ့ချင်းညချင်းအတွေးအခေါ်တွေပြောင်းခိုင်းနေတယ်...အားနည်းချက်တွေကို
ရှာဖွေနေတယ် မှန်ပါတယ် အကို ပြောတာတွေက မှန်ပါတယ်...ဒါပေမဲ့
ယခုဖြစ်နေတာနဲ့တော့ လတ်တလောမှာ
မနှိုင်းယှဉ်တာအကောင်းဆုံးပါဘဲ...ခေတ်ပြောင်းကာလမှာ အယူအဆအတွေးအခေါ်အရ
အရင်ခေတ်ကလွှမ်းမိုးထားတဲ့
ရှေးရိုးစွဲတွေရှိတယ်...ခေတ်နဲ့အညီပြောင်းလဲလာမှာပါ...အချိန်က
ကုစားသွားမှာပါ....အကိုအနေနဲ့စိုးရိမ်စိတ်တွေလျော့ချလိုက်ဖို့ဘဲပြောချင်ပါတယ်...နောက်လည်းထပ်ဆွေးနွေးပါဦးမယ်...အချိန်ရသလောက်ပေါ့
ကိုမာဃအမြင်ကိုတော့ ကျွန်တော်နဲ့ နည်းနည်းတူလို့ ထပ်မဆွေးနွေးတော့ဘူး........
ကိုအောင်ကျော်မိုးနဲ့ ကိုမာဃအားလေးစားစွာဖြင့်
Mr. Jugger..
--
*★* 。 • ˚ ˚ ˛ ˚ ˛ •*
*•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚*
**Mr.Jugger**
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ