- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:29659] Fwd: Thet Tant Cho
---------- Forwarded message ----------
From: သက်တန့်ချို.....
Date: Wednesday, August 22, 2012
Subject: Thet Tant Cho
To: snsoenaing4@gmail.com
Thet Tant Cho
________________________________
ကျွန်တော်နှင့် City FM
ကျောက်စရစ်ခဲတွေစုဆောင်းထားပါ
ညီအကိုနှစ်ယောက် ( ဘာသာပြန် )
ကျွန်တော်နှင့် City FM
Posted: 21 Aug 2012 02:28 AM PDT
ကျွန်တော်နှင့် City FM
City FM က လွန်ခဲ့တဲ့ရက်တွေကတည်းက အသံသွင်းချင်တယ်ဆိုပြီး ဆက်သွယ်လာခဲ့တယ် ။ ဒါပေမယ့် ကိုယ်ကလည်း အဆိုတော်မဟုတ်တော့ နည်းနည်းကြောင်တောင်ဖြစ်သွားသေးတယ် ။ နောက်တော့မှ စာရေး ဆရာတွေ က ကိုယ့်ဆောင်းပါးကိုယ် အသံနဲ့လွှင့်မယ့် " သူ့အတွေးတစ " အစီအစဉ်အတွက်ဖြစ်ကြောင်း သိရ တယ် ။ အဲဒါနဲ့ ဒီနေ့ နေ့လည် ၁ နာရီ ဆောင်းပါးလေးတွေ ပရင့်ထုတ်လို့ City FM ကိုရောက်ခဲ့တယ် ။
လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာကြိုဆိုပြီး ကော်ဖီတွေ ရေနွေးတွေတိုက်ပါတယ် ။ ပြီးတော့ အသံဖမ်းတဲ့ အခန်းထဲဝင်ပြီး ဆောင်းပါးလေးပုဒ်ကို ဖတ်ခဲ့ရတယ် ။ ကိုယ်လည်း ပြောကောင်းကောင်းနဲ့ပြောလိုက်တာ ဆယ်မိနစ် စာ လေးပုဒ်ကို တစ်နာရီလောက်ကြာသွားတယ် ။ အဆင်ပြေရဲ့လားလို့မေးကြည့်တော့ " အရမ်းကောင်း ပါတယ် ဆရာ " တဲ့ ။ ဒါနဲ့ အင်တာဗျူးတွေ ဘာတွေလုပ်ခဲ့သေးတယ် ။ ပြန်ခါနီးကျတော့ လက်ဆောင် အတင်းပေးတာကြောင့် အားနာနာနဲ့ ကျေးဇူးတင်စကားပြောပြီး ပြန်လာခဲ့တယ် ။ ဘာလည်း ဆိုတာတော့ ပုံမှာမြင်ရတဲ့အတိုင်းမဖွင့်ကြည့်ရသေးပါဘူး ။
ဒီလိုနဲ့ " သူ့အတွေးတစ " အစီအစဉ်မှာ အသံလွှင့်ဖို့အတွက် အသံသွင်းခဲ့ပြီးပါပြီ ။ ကျွန်တော့်အသံကြီးနဲ့ဆိုတော့ နည်းနည်းတော့ သည်းခံပေးကြပါ သောတရှင်များ ခင်ဗျာ :P
လွှင့်မည့်ရက်တွေကတော့
တနင်္လာနေ့ - မနက် ၈း ၃၀
ဗုဒ္ဓဟူးနေ့ - မနက် ၉း ၃၀
သောကြာနေ့ - ညနေ ၆း ၀၀ ဖြစ်ပါတယ် ။
ဘယ်အပတ်မှာ ကိုယ့် ဆောင်းပါးလွှင့်ဖြစ်မလဲဆိုတာကို ဆက်သွယ်ပြီးပြောပါ့မယ်တဲ့ ။ VOA နဲ့ အင်တာဗျူးပြီး ကတည်းက ဒါဒုတိယအကြိမ်မြောက် အင်တာဗျူးပြီး အသံလွှင့်ခြင်းဖြစ်ပါတယ် ။
သက်တန့်ချို
(ကိုယ့်အသံကိုယ်နားထောင်ကြည့်မှ အသက် ၂၇ နှစ်ကျော်လူငယ်တစ်ယောက်အသံမဟုတ်ပဲ အသက် ၃၅ လောက်လူကြီးအသံဖြစ်နေသလိုပဲ ဧကာန အသံကြီးလို့ဖြစ်ပါလိမ့်မယ် :P)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ကျောက်စရစ်ခဲတွေစုဆောင်းထားပါ
Posted: 21 Aug 2012 02:02 AM PDT
ကျောက်စရစ်ခဲတွေစုဆောင်းထားပါ
တစ်ခါတုန်းက အိမ်ခြေယာခြေမဲ့ လူမျိုးစုတစ်စုရှိတယ် ။ သူတို့ဟာ နေရာအတည် တကျမနေကြပဲ ရေကြည်ရာမြက်နုရာလျှောက်သွားနေလေ့ရှိတယ် ။ တစ်ညတော့ သူတို့ဟာ နေရာတစ်ခုမှာ စခန်းရပ်နား ဖို့ပြင်နေတုန်း သူတို့နားကို လက်ဖြာနေတဲ့အလင်းတန်းကြီးတစ်ခု ကျလာခဲ့တယ် ။ သူတို့လူစုက အဲဒါကို ကောင်းကင်ထက်က တန်ဖိုးရှင်ကြီးပဲလို့ တွေးလိုက်ကြပြီး သူတို့ကို ဘာတွေများ မှာကြားမ လဲလို့ မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်စားနေခဲ့ကြတယ် ။
အလင်းတန်းထွက်လာပြီးတဲ့အခါ အဲဒီအလင်းတန်းထဲကနေ အသံတစ်သံ ထွက်လာခဲ့တယ် ။ " ကဲ သင်တို့ လူစု ကျောက်စရစ်ခဲတွေကို ကောက်နိုင်သမျှ ကောက် ကြပါ ပြီးတော့ ကုန်းနီအိတ်တွေထဲမှာထည့်ပြီး သွားပါ တစ်နေ့ခ ရီးသွားပြီးနောက်တစ်နေ့ညဖက်မှာသင်တို့အားလုံးပျော်ရွှင်ရလိမ့်မယ် တချိန်တည်းမှာပဲ သင်တို့ စိတ်မ ချမ်းမသာလည်းဖြစ်လိမ့်မယ် " လို့ပြောပြီး ပျောက်ကွယ်သွားတယ် ။
သူတို့လူစုတစ်ခုလုံး စိတ်ပျက်ပြီး ဒေါသတွေထွက်သွားကြတယ် ။ သူတို့လူစု ကြီးပွားချမ်းသာ ဖို့နဲ့ လောကကြီး အကျိုးဘယ်လိုသယ်ပိုးရမလဲ ချမ်းသာသုခတွေကို ဘယ်လိုခံစားရမလဲ ဆိုတဲ့အရေးကြီး တဲ့အချက်တွေ ကိုမပြောသေးပဲ ဘာမဟုတ်တဲ့ အဓိပ္ပါယ်မရှိတဲ့အရာကို ခိုင်းသွားလို့ မကျေနပ်ဘူးဖြစ်နေ ခဲ့ကြတယ် ။ ဒါပေမယ့် လည်းအလင်းတန်းထဲက တန်ခိုးရှင်လို့ သူတို့သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ရဲ့စကားဖြစ် တာကြောင့်လည်း လုံးဝလစ် လျှူမရှုဝံ့ဘူးဖြစ်နေကြတယ် ။ ဒါနဲ့ သူတို့လည်း အမျိုးမျိုးဝေဖန်ပြော ဆိုပြီး ကျောက်စ ရစ်ခဲ တစ်လုံးနှစ်လုံးလောက်ကို ကုန်နီအိတ်တွေထဲထည့်ခဲ့ကြတယ် ။
နောက်တစ်နေ့ မှာ တစ်နေ့လုံးခရီးနှင်ခဲ့ကြပြီး ညဖက်စခန်းချဖို့နေရာကိုရွေးခဲ့ကြတယ် ။ အဲဒီအခါ သူတို့ ကုန်နီအိတ်တွေထဲနှိုက်ကြည့်တဲ့အခါ ကျောက်စရစ်ခဲတွေဟာ စိန်တွေဖြစ်နေတာကိုတွေ့ခဲ့ကြရတယ် ။ စိန်တွေရ လာတဲ့အတွက်သူတို့တဖွဲ့လုံးဝမ်းသာပျော်ရွှင်ခဲ့ကြရတယ် ။ ဒါပေမယ့် အများကြီးမကောက်မိ ခဲ့လေခြင်း ဆိုပြီး နောင်တတွေရလို့ ၀မ်းနည်းခဲ့ကြရတယ် ။
------------------------------------------
ကျွန်တော်တို့ ယနေ့အချိန်မှာ တွေ့ကြုံရတဲ့အခက်အခဲတွေကနေရတဲ့သင်ခန်းစာတွေ ၊ လေ့လာဆည်းပူးခဲ့တဲ့ ပညာရပ်တွေဟာ အခုအချိန်မှာ ဘာမှသိပ်အသုံးမ၀င်တဲ့ကျောက်စရစ်ခဲတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့်တကယ်ဘေးကြုံရတဲ့အချိန်မှာ အဲဒီကျောက်စရစ်ခဲတွေဟာ စိန်တုံးအဖြစ်ပြောင်းလဲပြီးကိုယ့်ကို ကယ်တင်နို င်ပါလိမ့်မယ် ။
ဒီနေ့ဒီအချိန်ကစလို့ သင်လည်းကျောက်စရစ်ခဲတွေကို ရနိုင်သမျှ စုဆောင်းပါ ။ များနိုင်သမျှ သယ်နိုင်သမျှ သယ် ယူပါ ။ နောင်တချိန်လျှောက်လှမ်းမယ့်ခရီးလမ်းမှာငယ်ငယ်ကစုဆောင်းထားတဲ့ကျောက်စရစ်ခဲတွေဟာ စိန်တွေ အဖြစ်ပြောင်းလဲလို့ သင့်အတွက်အလွန်အသုံးဝင်လာပါလိမ့်မယ် ။
သက်တန့်ချို
John Wayne Schlatter ရေးသားသော The Magic Pebbles အား ဘာသာပြန်သည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ညီအကိုနှစ်ယောက် ( ဘာသာပြန် )
Posted: 21 Aug 2012 01:58 AM PDT
ညီအကိုနှစ်ယောက် ( ဘာသာပြန် )
တစ်ခါတုန်းက ညီအကို နှစ်ယောက်ရှိတယ် ။ အဲဒီညီအကိုနှစ်ယောက်ဟာ သူတို့မိဘတွေပိုင်တဲ့ လယ်မြေတစ် ခုမှာ အတူအလုပ်လုပ်ကိုင်ကြတယ် ။ အကိုဖြစ်တဲ့သူက အိမ်ထောင်သည်ဖြစ်ပြီး သူက မိသားစုတွေနဲ့သိုက် သိုက်ဝန်းဝန်းနေထိုင်တယ်။ ညီဖြစ်သူကတော့ အိမ်ထောင်မပြုပဲ တစ်ကိုယ်တည်းနေ ထိုင်သူဖြစ်တယ် ။ သူတို့ နှစ်ယောက်ဟာ တစ်နေကုန်အလုပ်လုပ်ပြီး လယ်မြေကနေထွက်တဲ့ သီးနှံနဲ့ တခြားရောင်း ချရတဲ့အမြတ်အစွန်းတွေကို ညီအကိုနှစ်ယောက်စလုံး ညီညီမျှမျှ ခွဲဝေယူလေ့ရှိကြတယ် ။
တစ်နေ့ကြတော့ ညီဖြစ်သူကစဉ်းစားတယ် ။ " အင်း လယ်မြေက ထွက်တဲ့ သီးနှံ အကျိုးအမြတ်တွေကို ဒီလို ညီညီမျှမျှ ခွဲဝေနေတာ အဆင်မပြေလှဘူး ဘာလို့လည်းဆိုတော့ ငါက တစ်ယောက်တည်းနေတာ ပြီးတော့ ငါ့လိုအပ်ချက်က နည်းနည်းလေး ငါ့အကိုက အိမ်ထောင်သည်မိသားစုနဲ့ဆိုတော့ ငါ့အကိုအတွက်ငါ တစ်ခုခုစဉ်းစား ရမယ် " အဲဒီလိုတွေးပြီး ညတိုင်းညတိုင်းမှာ ညီဖြစ်သူက သူ့အကိုအတွက်ဆိုပြီး သူ့ရဲ့ စပါးကျီထဲ က စပါးတစ်အိတ်တစ်အိတ်ကို ကွင်းပြင်ထဲကနေ တိတ်တဆိတ်ထမ်းပြီး သူ့အကို ရဲ့စပါးကျီ ထဲသွားသွား ထည့်ခဲ့တယ် ။
အဲဒီအတောအတွင်းမှာလည်း အကိုဖြစ်သူ အိမ်ထောင်သည်ကလည်းစဉ်းစားတယ် ။ " အင်း သစ်သီးဝလံတွေနဲ့ ရတဲ့ရောင်းချငွေတွေကို ညီညီ မျှမျှ ခွဲယူနေကြတာ မဟုတ်သေးဘူးထင်တယ် ငါက မိသားစုနဲ့ ငါ့အိုမင်းလာတဲ့အခါ ငါ့မိန်းမက ငါ့ကိုစောင့်ရှောက်လိမ့်မယ် ပြီးတော့ငါ့မှာ သားသမီးတွေ လည်းရှိတယ် သူတို့အချိန်တန်အရွယ်ရောက်တဲ့အခါ ငါ့ကို ပြုစုစောင့်ရှောက်ကြလိမ့်မယ် ငါ့ညီလေးကတော့ တစ်ယောက် တည်းသမားဆိုတော့ သူနေမကောင်းဖြစ်ပြီးမကျန်းမာတဲ့အခါ သူ့ဘယ်လို အဆင်ပြေပါ့မလဲ " လို့တွေးပြီး ညတိုင်းသူကလည်း သူ့စပါးကျီထဲက တစ်အိတ်တစ်အိတ်ထမ်းပြီး သူ့ညီလေးစပါးကျီထဲသွားထည့်ခဲ့တယ် ။
ဒီလိုနဲ့ ရက်တွေကုန်သွားပြီး နှစ်တွေပြောင်းလာခဲ့တယ် ။ ညတိုင်းညတိုင်း သူတို့ စပါးကျီထဲကစပါးတွေ ထုတ်ယူနေ ပါရက်နဲ့ ဘာလို့လျော့မသွားတာလဲဆိုတာကိုလည်းစဉ်းစားမရဖြစ်နေခဲ့တယ် ။ ဒီလိုနဲ့ ---
တစ်နေ့တော့ ညမှောင်မှောင်ထဲမှာ ညီအကို နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်လယ်ကွင်းပြင်ထဲ ၀င်တိုက်မိကြတယ် ။ အဲဒီတော့မှာ တစ်ယောက်နဲံ့တစ်ယောက်ကြည့်ပြီး အဖြစ်အပျက်အားလုံးကို နားလည် သွားကြတယ် ။ ပြီးတော့ ညီအကိုနှစ်ယောက်တစ်ယောက်ကို ကြည့်ပြီး စပါးအိတ်တွေပစ်ချလို့ တင်းကြပ်စွာပွေ့ ဖက်ထားလိုက်ကြပါတော့တယ် ။
သက်တန့်ချို
Two Brothers အား More Sower's Seeds စာစုများမှ ဘာသာပြန်ခံစားသည် ။
Author - Unknown
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
You are subscribed to email updates from သက်တန့်ချို.....
To stop receiving these emails, you may unsubscribe now. Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ