ကျော်ခဏ်းနွယ်
သြဂုတ်-လ-၁၉-၂၀၁၂- နေ့က ရန်ကုန်မြို့ မှာ ထူးခြားနေသော သတင်းများကို
ကြားရသည် ။ သမ္မတဦးသိန်းစိန်အစိုးရမှ ခန့် အပ်ပေးထားသော
စုံစမ်းစစ်ဆေးရေးကော်မီတီအဖွဲ့ က စတင်ဆွေးနွေးနေသော သတင်း ၊
ဝန်ကြီးဦးခင်ရီက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဆိုသူ လူမျိုးများ
မရှိပါဆိုသောသတင်း နှင့် ရခိုင်လူမျိုးများအပါအ၀င်
အခြားတိုင်းရင်းသားလူမျိုးများ ( ၂၀၀ ) ခန့် က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ သည်
သတင်းဖြစ်သည် ။ တိုက်ဆိုင်မှုတခုမှာ ၄င်းသတင်းသုံးခုစလုံးသည် အစိုးရ၏
လုပ်ပိုင်ခွင့်ပြုချက်ထဲမှ ပြုလုပ်ဆောင်ရွက်ခဲ့ ကြသော အချက်ဖြစ်သည်ကို
တွေ့ ရှိရသည် ။ ကျွန်တ်ေကပင်လျှင် နားမထောင်ဖြစ်၍လား မသိချေ ။
ရေဒီယိုများမှ လွှင့်လေသလားတော့ မပြောတတ် ။ ဘီဘီစီက ဦးခင်ရီ၏ သတင်းကိုမူ
အင်တာနတ်တွင် တွေ့ ၍ သိရှိခြင်းဖြစ်သည် ။ ကျွန်တော်ကား ရေဒီိယိုကို
နားမထောင်လေသည်မှာ ကြာခဲ့ ပါပြီကော ။
နအဖ-န၀တ-လက်ထက်က မိုးလုံးပြည့် မုသားလိမ် ရေဒီယိုများအဖြစ် နေရာတကာမှာ
ရေးသားထားသော စာတမ်းများကို တွေ့ ရချိန်က ကျွန်တော်တို့ မှာ
၎င်းရေဒီိယိုများဖက်မှ အထူးကာကွယ် ပြောဆိုရေးသား ခဲ့ ကြသူများဖြစ်သည် ။
န၀တလက်ထက်မှ ယခုအစိုးရသို့ ပြောင်းလာသောအခါ ၄င်းစာသားများလည်း ဖယ်ရှားခဲ
့ရသည် ။ ဦးသိန်းစိန်အစိုးရသည် ဤစာသားကို လက်မခံ၍ မည်သည့်စာစောင်
သတင်းစာများတွင်မှ မဖေါ်ပြစေရ ။
မျက်မှောက်ကာလ အစိုးရက မီဒီယာများအား သဘောထားကြီးစွာဖြင့်
စတုတ္ထမဏ္ဍိုင်ဆိုပြီး လက်ခံတွေ့ ဆုံကာ ပြုလုပ်နေစဉ် ကျွန်တော်တို့ 
ပြည်သူတွေမှာ ၄င်းမီဒီယာများကို လက်မခံကြတော့ ။ ရွံရှာသွားခဲ့ ကြပြီ ၊
နာကျင်သွားခဲ့ ကြပြီ ။ သူတို့ ၏ အသံများကို ကြားရလျှင်
အသက်တိုလောက်အောင်အထိ စိတ်မှာ ခံစားကြသည် ။ ထို့ ကြောင့် ဘီဘီစီ ၊
ဒီဗွီဘီ ၊ အာဖက်အေ နှင့် ဗီအိုအေတို့ မှ အသံလွှင့်သူများကို
လှည့်ကြည့်ချင်လောက်အောင် စိတ်မှာ မရှိကြတော့ ။ အကြောင်းမှာ သူတို့ ၏
အသံလွှင့်ချက်များကို လက်မခံနိုင်ခြင်းကြောင့်ဖြစ်သည် ။ အကယ်၍ သူတို့ ၏
သတင်းများကို အတည်ပြုချက် ယူပြီး လွှင့်ထုတ်မည်ဆိုလျှင် မည်သို့ မျှ
ယခုလို ပြည်သူမုန်းသော သတင်းဋ္ဌါနအဖြစ် ရောက်ရှိလေမည်မထင် ။
ခုတော့ ပြည်သူမုန်းသော ပြည်သူနာကျင်သော ပြည်သူသောက်မြင်ကပ်သော သူများ
လုံးဝဖြစ်သွားလေပြီ ။
မီဒီယာသတင်းဋ္ဌါနများက နိုင်ငံအတွက် သစ္စာရှိကြလျှင် နိုင်ငံတော်တခုလုံး၏
အချုပ်အချာ အာဏာကို ထိပါးစေမည့် လက္ခဏာများ ပေါ်ပေါက်စေမည် မထင်ချေ ။
ခုတော့ မြန်မာနိုင်ငံကို ဘင်္ဂလီလူမျိုးတို့ က သမိုင်းလိမ်ပြီး
စော်ကားသွားပြီ ။ ယင်းသို့  သမိုင်းလိမ်ရအောင် မီဒီယာများမှ များစွာ
အထောက်အပံ့ပေးခဲ့ လေသည်ဟု စစ်တမ်းကောက်သူများက သုံးသပ်ထားကြပြီးဖြစ်သည် ။
မနေ့ က ရခိုင်ပြည်နယ်ကို အာဆီယံနိုင်ငံတွင် ပေါ်ပေါက်လာသော အစ္စလမ်မစ်
ရိုဟင်ဂျာနိုင်ငံဟု လွတ်လပ်ရေးကြေညာစာတမ်း ထုတ်ပြန်လိုက်သည်ဆိုသော
သတင်းဖတ်ရသည် ။ သို့ ဆိုလျှင် ကျွန်တော်တို့  မြန်မာနိုင်ငံအစိုးရက သူတို
့၏ လွတ်လပ်ရေးကြေညာစာတမ်းအတိုင်းလွတ်လပ်ခွင့်ကိုလက်ခံကြောင်း
ကြေညာပေးရမည်လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်လာ
သည် ။ ၄င်းကြေညာချက်မှာ သူတို့ ၏ တောင်းဆိုချက်ကို ဆောင်ရွက်ပေးရမည်ဟု
ဖေါ်ပြထားရာ မြန်မာနိုင်ငံအစိုးရက ၄င်းကိစ္စကို ရေငုံနုတ်ပိတ်နေ၍ မရ ။
ဝန်ကြီးဦးခင်ရီက ၄င်းစကားကို ပြောချင်၍လား မပြောတတ် ။
နေရာတကာတိုင်းမှာ မြန်မာအစိုးရအနေဖြင့် နုတ်ပိတ်ရေငုံနေတတ်သော်လည်း
ယခုအချက်ကိုမူ နုတ်ပိတ်နေ၍ မသင့်တော်ဟု မြင်သည် ။ ဒဲ့ ပြောမှ ဖြစ်မည် ။
မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာပိုင် နယ်မြေကို ကျူးကျော်စော်ကားပြီး
နယ်မြေသိမ်းပိုက်ခြင်းအား ကမ္ဘာသိ ကြေညာချက်မှာ လွန်စွာမှ
လက်မခံနိုင်စရာဖြစ်သည် ။ ဂျပန်နိုင်ငံနှင့် ကိုးရီးယားနိုင်ငံတို့ ၏
ကျောင်းသုံးစာအုပ်များတွင် မကြာခဏဆိုသလို သူ့ နယ်မြေ ကိုယ့်နယ်မြေ အဖြစ်
အငြင်းပွါးနေသည်ကို သိထားပါလျှက်နှင့် ဖေါ်ပြခဲ့ သည်ဆိုပါက
စစ်မက်ရေးရာဖြစ်လောက်အောင် ကာကွယ်ရင်ဆိုင် ဖြေရှင်းကြရသည် ။
ယခုလည်း ဤသို့ ကြေညာချက်မှာ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို
ကျဆင်းစေလောက်အောင် စော်ကားမော်ကား ပြုလုပ်ခြင်းဖြစ်ပြီး လုံးဝသည်းဥာဉ်း
ခံနိုင်စရာ အကြောင်းမရှိချေ ။ အိန္ဒိယနိုင်ငံက သူတို့ နိုင်ငံနှင့်
မြန်မာနိုင်ငံတို့ အား မွတ်ဆလင်ဘာသာဝင်များ နိုင်ငံတို့ အနေဖြင့်
ပဋိပက္ခဖြစ်ပွါးအောင် လုပ်ကြံဖန်တီးထားသော ( တိဗက် သတင်း ) ၊ အခြား
သတင်းများကို ပါကစစ္တန်နိုင်ငံဖက်မှ ပြုလုပ်နေကြောင်း ဖေါ်ထုတ်နေပြီဖြစ်သည်
။ မည်သို့ ပင်ဆိုစေ တချိန်တည်းမှာပင် မြန်မာနိုင်ငံသားများ၏
မီဒီယာများကိုလည်း သတင်းအတည်ပြုချက် မယူဘဲနှင့် မရေးသားကြရန် ၊
မထုတ်လွှင့်ကြရန်နှင့် ရေးသား ထုတ်လွှင့်ကြပါက တည်ဆဲ ဥပဒေအရ အရေးယူ
ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာရန်လိုသည် ။
ယင်းသို့  သတင်းဋ္ဌါနများ၏ နိုင်ငံတော်နှင့် ပါတ်သက်၍ သတင်းများကို
မဖေါ်ပြခဲ့ ကြရသောကြောင့် ယခုအချိန်မှာ မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့ ဝင်
သမ္မတမှအစ လှည်းနေလှည်းအေင်း မြင်းဇေါင်းမကျန် အားလုံးရင်ကော့
ထွက်လာကြရပြီ ။ တနေ့ ထဲမှာပင် ရန်ကုန်မြို့ ၌ ၀န်ကြီးဦးခင်ရီက ပြတ်သားစွာ
ပြောကြားလိုက်သည်မှာလည်း မြန်မာနိုင်ငံ၌ ရိုဟင်ဂျာဆိုသူ လူမျိုး
မရှိကြောင်း ပြောဆိုသံ ကြားရသည် ။
သမ္မတကြီးဦးသိန်းစိန်ဦးဆောင်သောအစိုးရမှခန်
့အပ်တာဝန်ပေးလိုက်သောစုံစမ်းစစ်ဆေးရေးကော်မီတီများမှလည်း
မြန်မာနိုင်ငံအတွင်းသို့  ခိုးဝင်လာသော ဘင်္ဂလီ လူမျိုးများကြောင့်
ပြသနာဖြစ်နေရခြင်းနှင့် ခြံစည်းရိုးကာထားရခြင်းများနှင့် ပတ်သက်၍ ရှေ့ဆက်
ခြံစည်းရိုးများကို ကာထားရန်ကအစ စည်းဝေးနေကြရပြီ ။ ရခိုင်ပြည်နယ်၏
ယခုဖြစ်ပျက်နေသော အဓိကရုဏ်းများမှာ လူဝင်မှုကြီးကြပ်ရေးပြသနာများနှင့်
နိုင်ငံရေးအရ အကြီးအကျယ်စိန်ခေါ်နေခြင်းများကြောင့် ဖြစ်သည်ကို
စုံစမ်းစစ်ဆေးရေးကော်မီတီမှ နားလည်သဘောပေါက်ထားကြပြီးဖြစ်သည် ။
ဒုက္ခသည်များအား စားနပ်ရိက္ခာများပေးအပ်ခြင်း ၊
အမိုးအကာအောက်ရောက်ရှိစေခြင်း ၊ ပြန်လည်နေရာချထားရေးတို့ မှာ
စုံစမ်းစစ်ဆေးရေးကော်မီတီ၏ အဓိကတာဝန်မဟုတ်ဘဲ ရေရှည်အနာဂါတ်တွင်
မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုကို ခြိမ်းခြောက်လာမည့် အန္တရယ်အား
တွန်းလှန် တိုက်ခိုက်သွားစေမည့် အစီရင်စာများ ရေးဆွဲရေးအထိ ပါသည်ဟု
သိရသည် ။
ရှင်စောပုလမ်းတွင် ရခိုင်တိုင်းရင်းသားလူမျိုးများနှင့်
အခြားတိုင်းရင်းသားလူမျိုးများအပြင် ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး
ဦးဇေါ်အေးမောင်နှင့် သမ္မတ အကြံပေးဥပဒေ အရာရှိ ဦးသန်းမောင်တို့ ကိုလည်း တွေ
့မြင်ရသည် ။ ဤသို့ ရခိုင်ခေါင်းဆောင်ညီနောင် နှစ်ဦးတို့ ကို မြင်တွေ့ ရ၍
ယခုဆန္ဒပြပွဲမှာ ရခိုင်လူမျိုးများ၏ အမှန်တကယ် ရင်ထဲမှ ခံစားချက်များကို
ထုတ်ဖေါ်ပြနေသည်ဟု ထင်မြင်ယူဆသည် ။ ရခိုင်လူငယ်ခေါင်းဆောင် တဦးဖြစ်သူ
ခိုင်ကျော်မိုးမှ ပြောကြားချက်အရ -UN- NGOs ) တို့ မှ
ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေခြင်းများမှာ သိက္ခာမဲ့ လွန်းနေသည် ။
သူတို့ ကို လက်မခံကြောင်း အတိအကျ ကြေညာထားပြီမို့  -( UN-NGOs ) တို
့သည်လည်း ရခိုင်လူမျိုးနှင့် ပတ်သက်၍ လျှော့မတွက်မိဖို့  လိုလာပြီဖြစ်သည်
။
ယခုဖြစ်ပျက်နေသော ပြသနာသည် ဘာသာရေး ပြသနာမဟုတ်ဟု ပြော၍ရသည် ။ သို့ သော်
လူမျိုးရေးအရ ဦးတည်ထားသော မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးတို့ ၏
ရည်ရွယ်ချက်များကိုမူ အစိုးရနှင့်အကွ ပြည်သူတရပ်လုံးက သတိရှိရှိ
စောင့်ကြည့်ရမည်ဖြစ်သည် ။ မြန်မာနိုင်ငံတွင် ဗုဒ္ဒဘာသာဝင်များကို
တိုက်ခိုက် စော်ကားလာနေပြီဆိုလျှင် မည်သူမျှ လက်ပိုက်ကြည့်နေမည်မဟုတ် ။
ဆယ်ရေးတရေး ကိုးရေးတရာဆိုသလို မွတ်ဆလင် ဘင်္ဂလီ သမိုင်းလိမ် လူမျိုးတို့ က
ခြိမ်းခြောက်နေသည်များကို ဂရုစိုက်စရာမလို ။ မည်သည့်အချိန်တွင်
လက်နက်ကိုင်တိုက်ခိုက်လာမည်လဲ ဆိုသည်ကို စောင့်စားနေကြသည်ကိုတော့ဖြင့်
သမိုင်းလိမ် သူများအား ပြောကြားရတော့မည်ဖြစ်သည် ။ လွန်ခဲ့ သော လများက
တုတ်ဒါးကိုင်၍ မိန်းခလေးတွေကို မြင်တော့ အကိုတွေ မောင်တွေ မရှိတော့လို့ 
ကိုယ့်ရွာ ကိုယ့်ရပ်မှာ သမိုင်းလိမ် မွတ်ဆလင်တို့ ကို
ပြန်လည်တိုက်ခိုက်ရန် နေ့ ကင်း ညကင်းစောင့် နေခဲ့ ရသော သတင်းများ ကို
ရင်မောလျှက် ဓါတ်ပုံများကို မြင်ခဲ့ ရသည် ။ ယခုမူ ရန်ကုန်မြို့ 
ရှင်စောပုလမ်းမှာ ပန်းပန်ပြီး သနပ်ခါးလိမ်းခြယ်ထားသော မိန်းခလေးများက
လမ်းမပေါ်မှာ ဆန္ဒပြ ထွက်လာခဲ့ ကြပြီဆိုသည်ကို မြင်ရပြီ ။ သူတို့ လက်ထဲမှာ
တုတ်ဒါးမကိုင်ထားကြ ၊ UN-NGOS နှင့် ရခိုင်ပြည်မှာ အကြမ်းဖက်ခြင်းများကို
မယူလာကြပါနှင့်ဆိုသော စာတမ်းပိုစတာများကို ကိုင်ဆောင်ထားသည်ကိုသာ
မြင်ရသည် ။ အရေးကြုံလျှင် အမျိုးသားချစ်စိတ်ပြခဲ့ ကြသော မိန်းခလေးများအား
မြင်တွေ့ ရ၍ မျက်ရည်ဝဲစွာ ခံစားရမိသည် ။ ထို့ ကြောင့် ယခုအချိန်တွင်
မြန်မာနိုင်ငံတွင် အစိုးရကော -စာရေးဆရာတွေပါမကျန် . နိုင်ငံရေးပါတီမှ
ခေါင်းဆောင်တွေ -၈၈ မျိုးဆက်သစ် ခေါင်းဆောင်တွေ အပါအ၀င် မည်သူမဆို
ညီညွတ်ကြလေပြီ - သူတို့ အာမခံကြလေပါပြီ ဆိုသည်ကို သြဂုတ်လ-၁၉-ရက်-၂၀၁၂-
မြင်ကွင်းသုံးခုက သက်သေထူလိုက်ပြီဟု ပြောရပါက လွန်မည်မထင်ချေ ။
ကျော်ခဏ်းနွယ်
--
*★* 。 • ˚ ˚ ˛ ˚ ˛ •*
*•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚*
**Mr.Jugger**
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ