[mrsorcerer:29679] [Richard Aung] ငမိုးရိပ် တံတား (ဘေလီ) သစ် သြဂုတ်လကုန် ဖွင့်လှစ်မည်

The Voice Weekly:
ငမိုးရိပ် တံတား (ဘေလီ) သစ် သြဂုတ်လကုန် ဖွင့်လှစ်မည်

ရန်ကုန် ၊သြဂုတ်လ ၂၁

(၁၀) လကြာ တည်ဆောက် နေသည့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၏ အဓိက ထွက်ပေါက်ဖြစ်သော ငမိုးရိပ် တံတားသစ်ကို သြဂုတ်လကုန်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းတံတား ဆောက်လုပ်ရေး တာဝန်ခံ တစ်ဦးက  The Voice Weekly သို့ ပြောကြားသည်။

ယင်းတံတား တည်ဆောက်မှုမှာ ရာနှုန်းပြည့် နီးပါး ပြီးစီးနေပြီး တံတားနှင့် ချဉ်းကပ် လမ်းများတွင် နိုင်လွန် ကတ္တရာခင်းရန် အဆင့်သာ ကျန်ရှိတော့ကြောင်း ၎င်းက ဆိုသည်။

''နေသာရင် ကတ္တရာခင်း တာက တစ်ပတ်ပဲကြာမှာ၊ တံတားကော လမ်းဟောင်းဘက်ပါ ခင်းရမှာ အကြမ်းဖျင်းတော့ လကုန် လျာထားတယ်။''ဟု ၎င်းက ဆိုသည်။

ငမိုးရိပ် တံတားမှာ ပေ(၆၀) အခန်း တစ်ခန်း၊ ပေ၁၀၀ အခန်း ငါးခန်း၊ ပေ၄၀ အခန်း တစ်ခန်း၊ အရှည် ၆၀၀၊အကျယ် ၂၈ပေရှိ တံတားဖြစ်ပြီး၊  ရေအောက် ကင်းလွတ်နယ်မြေ ၁၀ ပေကျော် ထားပေး ထားကြောင်း၊ တံတား ခံနိုင်ဝန်မှာ ၇၅တန်နှင့် ခန့်မှန်း ကုန်ကျငွေမှာ ကျပ်ဘီလီယံ ၄ဒဿမ၆ ကုန်ကျကြောင်း ၎င်းထံမှ သိရသည်။

"ကားကြပ်တဲ့ အချိန်ဆိုရင်  မိနစ် ၂၀ လောက် စောင့်ရတယ်။''ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ၃၆ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက နေ့စဉ် ယင်းတံတားကို ဖြတ်သန်း သွားလာ နေရသည့် အခြေအနေကို ပြောပြသည်။

ယင်းတံတား ပြီးစီးပါက တံတားဟောင်းကို မြို့ထဲမှ မြောက်ဒဂုံသို့ ပြန်သောလမ်း နှင့် တံတားသစ်ကို မြောက်ဒဂုံမှ ဆူးလေသို့ သွားသောလမ်း အဖြစ်အပြိုင် အသုံးပြု နိုင်မည်ဖြစ်ကြောင်း တံတား ဆောက်လုပ်ရေး တာဝန်ခံ တစ်ဦးက ရှင်းပြသည်။

အဆိုပါ တံတားဟောင်းကို ၁၉၉၂ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး၊ တံတားသစ်ကို ၂၀၁၁ခုနှစ် အောက်တိုဘာလ ဒုတိယပတ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

(Sent via Seesmic http://www.seesmic.com)



--
Posted By အောင်မျိုးကျော် to Richard Aung at 8/22/2012 05:00:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ