---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/25
Subject: [လူဗိုလ်ဟူသည် ...] ဿံဒြ
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/25/2012 02:47:00 PM
From: Blogger <no-reply@blogger.com>
Date: 2012/8/25
Subject: [လူဗိုလ်ဟူသည် ...] ဿံဒြ
To: lubo601@gmail.com
by Zay Ya on Friday, August 24, 2012 at 8:08pm ·
အရုဏ်ဦး မလာခင် နာရီပိုင်း အလိုမှာပဲ။
ညဥ့်က ထွက်ခွာသွားဖို့ အထုပ်အပိုး ပြင်နေ တယ်။ နေရောင်ခြည် ကလည်း ခြေတစ်လှမ်း မှ မရောက်လာ သေး။ အဝေး မိုးကုပ် စက်ဝိုင်း မှာ တိမ်ညို တွေ အပြတ် အပြတ် တွဲခိုနေ။ မိုး ဟာ ဒီမနက် ရွာ - အခု ရွာ - နောင် ဆက်ရွာ လိမ့်ဦးမယ်။ မိုးအေးအေး တွေ အောက်မှာ အဝေး တစ်နေရာ က ရေတွေ ဘောင်ဘင်ခတ်လို့ - မအေးနိုင်တဲ့ စိတ်ကူးတွေ ရှိတယ်။
သူတို့ ကို ရေခဲမှတ် အောက်ကို ဆွဲချ၊ ခဏ ငြိမ်သက် တိတ်ဆိတ်သွား။ ဒီ မနက်ခင်း ဟာ ရင်ခုန်သံ မပါဘဲ အသက်ကို မျှင်း ရှူနေ တယ်။ ဒီအချိန် မှာ - အလင်း ရောက်ဖို့ ဆန္ဒ မရှိလိုက်ပါနဲ့လား။ ပန်းတွေ တောင် - မပွင့်ဖူး လာသေး - သန်းဝေ လို့ ကောင်းတုန်း ရယ်။ ကျေးငှက် တွေလည်း နံနက်ခင်း တေး ဆိုဖို့ - အတောင်ပံ တွေ တဆတ်ဆတ် ခါ၊ ခြေညောင်း လက်ဆန့် ပြုနေတုန်း။ မကြာခင် ဝေဟင် မှာ ဝဲက ဖို့- ခုမှ တစ်ရေး နှပ်နေတုန်း။
ပကတိ ငြိမ်သက် နေတဲ့ ဒီအချိန် ဟာ နေ့လည်း မဟုတ်ဘူး၊ ညလည်း မဟုတ် ဘူး။ အခြားအချိန်တွေထက် ထူးပါတယ်။ ကြားကာလ ဒီတစ်ခဏကို အရှေ့တိုင်း မှာ Sandhya လို့ အမည် ဂုဏ်ထူး တပ်ခေါ်တယ်။ Sandhya ရဲ့ အဓိပ္ပာယ် က နေ့နဲ့ ညကြား ဆည်းဆာ။ ညအကုန် နေ့ကူး တဲ့ မနက် အရုဏ် ဆည်းဆာ ရှိတယ်။ နေ့ အကုန် ညကူးတဲ့ ညနေ ဆည်းဆာ ရှိတယ်။ တစ်ရက် ကို နှစ်ကြိမ် နှစ်ခါ တွေ့ရ မယ့် တစ်ခဏကို ဘာဝနာ ပြုသူ အများက အလေးအနက် ထား တယ်။ တစ်နည်း အားဖြင့် "မရဏ ရဲ့ အချိန်နာရီ" လို့ မှတ်ယူလေ့ ရှိပါတယ်။
ဒါပေတဲ့ - ဒီခန္ဓာ တစ်ခုလုံး သေဆုံး ပျက်ပြုန်း တဲ့ မရဏ ကို ဆိုလိုတာတော့ မဟုတ်ဘူး - လူမြင်သူမြင် မရဏ ဟာ ဘာမှ မထူးခြား နေဘူး။ နက်ရှိုင်း အောင် တိုးဝင် ကြည့်ရင် - လူ့ရဲ့ မရဏ ဟာ ခဏတိုင်းမှာ ရှိတာ မြင် ရမယ်။ Sandhya လို့ ခေါ်တဲ့ မရဏ ရဲ့ အချိန်နာရီ ဟာ အဇ္ဈတ္တ၊ မိမိ သန္တာန်ထဲ လျိုးဝင်မှု ဆီ ဦးတည်တယ်။ အလိုရမ္မက်တွေ ရဲ့ ချုပ်ပျက်ရာ၊ ထပ်ဖန် တလဲလဲ ပြုလိုစိတ် တို့ရဲ့ ချုပ်ပျက်ရာ၊ မသိမမြင်မှု အရောင်အလင်း တို့ရဲ့ မရဏ ကို ခေါ်ပါတယ်။
ဒါ့ကြောင့် ဉာဏ်အလင်း ဆိုက်ရောက်သူ အများစုရဲ့ အထင်ကရ အချိန်တွေ ဟာ ဒီ Sandya မှာ ပေါ်ပေါက်တယ်။ ဥပမာ -ဗုဒ္ဓ လို။
................
August 25th 2012 at 9:28 AM
(Sandhya ကို မြန်မာသံ ဖလှယ်ယူသော "ဿံဒြ" စကားလုံး အပေါ် မှားယွင်းသည် ဆိုပါက -
ကျွမ်းကျင်သူ ပါဠိ သက္ကဋ ဆရာများ ပြင်ယူစေလိုသည်)
................
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/25/2012 02:47:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ