[mrsorcerer:30021] Fwd: [လူဗိုလ်ဟူသည် ...] ၀န်ကြီးအပြောင်းအလဲတွင် အရပ်သားနှင့် ပညာရှင်များ ပိုမိုပါဝင်လာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/27
Subject: [လူဗိုလ်ဟူသည် ...] ၀န်ကြီးအပြောင်းအလဲတွင် အရပ်သားနှင့် ပညာရှင်များ ပိုမိုပါဝင်လာ
To: lubo601@gmail.com



by Yangon Press International on Monday, August 27, 2012 at 7:18am ·

သြဂုတ် ၂၇၊ ၂၀၁၂၊ YPI

နိုင်ငံတော် သမ္မတရုံးမှ ယနေ့နေ့စွဲဖြင့် ပြည်ထောင်စုဝန်ကြီး (၉) ဦးနှင့် ဒုတိယ၀န်ကြီး (၁၅) ဦးတာဝန်ပေး ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ရာ ဒုဝန်ကြီး (၁၅) ဦးထဲတွင် အရပ်သား ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်လာသည်ကို တွေ့ရသည်။


ထို့ပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဋ္ဌာန၊ ဘဏ္ဍာအခွန်ဝန်ကြီးဋ္ဌာန၊ ကျန်းမာရေး ၀န်ကြီးဋ္ဌာန တို့တွင်လည်း ဒေါက်တာဘွဲ့ရ ပညာရှင်များအား ဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ် လိုက်သည်ကိုတွေ့ရသည်။

ကွန်ပျူတာ လုပ်ငန်းရှင် ဦးသောင်းတင်မှာ ဆက်သွယ်ရေး ဒုဝန်ကြီး အဖြစ်၎င်း၊ စီးပွားရေးပညာရှင် ဒေါက်တာဒေါ်ခင်စန်းရီ၊ နိုင်ငံသမ္မတ စီးပွားရေး အကြံပေး ဦးဆက်အောင်တို့မှာ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဒုဝန်ကြီးအဖြစ်၎င်း အသီးသီးပါဝင်လာသည်ကို တွေ့ရသည်။

ယခင် စစ်အစိုးရလက်ထက်က ၀န်ကြီး၊ ဒုဝန်ကြီး အားလုံးနီးပါးမှာ တပ်မတော်အရာရှိကြီးများ ဖြစ်ခဲ့ကြရာမှ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဖြင့် အာဏာရလာသည့် ဦးသိန်းစိန် အစိုးရသစ်လက်ထက်၌ ပြည်ထောင်စု ၀န်ကြီးတာဝန်ပေးအပ်ရာတွင် အရပ်သား အနည်းငယ်ပါဝင်လာခဲ့သည်။
ထို့နောက် တနှစ်ကျော်အကြာတွင် ယခုကဲ့သို့ ဒုဝန်ကြီး များ ခန့်အပ်တာဝန်ပေးအပ်ရာ၌ သက်ဆိုင်ရာနယ်ပယ် ကျွမ်းကျင်သူ ပညာရှင်နှင့် စီးပွားရေး လုပ်ငန်းရှင်အချို့ ပါဝင်လာခြင်းဖြစ်သည်။

ယနေ့ ညထုတ်ပြန်သည့် ကြေညာချက်များအရ ၀န်ကြီးဋ္ဌာန အချို့၏ ပြည်ထောင်စု ၀န်ကြီးများ ရွှေ့ပြောင်းတာဝန်ပေးအပ်ခြင်းသာ ပါဝင်၍ ၎င်းတို့ရွှေ့ပြောင်းသွားသည့် နေရာများတွင် တာဝန်ပေးအပ်ခြင်း ခံရသူအချို့အား ကြေညာရန် ကျန်ရှိနေသေးသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ရထားပို့ဆောင်ရေး ၀န်ကြီးဋ္ဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဋ္ဌာန တို့တွင် လစ်လပ်သွားသည့် ၀န်ကြီးနေရာတွင် မည်သူ့အား တာဝန်ပေးအပ်မည်ကို ကြေညာခြင်း မပြုသေးပေ။   

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ တက်လာပြီး တနှစ်ကျော်အကြာ ဇွန်လ (၁၉) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ဒုတိယအဆင့် စတင်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့ကာ နောက်ပြန်ဆွဲလိုသူများ၊ ပြောင်းလဲရေး လုပ်ဆောင်ရန် နှေးကွေးသူများအားချန်ထားခဲ့ရမည် ဖြစ်သည်ဟုလည်း မိန့်ခွန်းနှင့် တွေ့ဆုံမေးမြန်းခန်းများ တွင်ပြောဆိုခဲ့ရာ ယခု ၀န်ကြီးနှင့်ဒုဝန်ကြီး အပြောင်းအလဲများသည် ယင်းမူပေါ် အခြေခံကာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း နိုင်ငံရေး လေ့လာသူတဦးက သုံးသပ်သည်။

၎င်းက ဆက်လက်ပြောဆိုရာတွင် ယခင်စစ်အစိုးရလက်ထက် ၀န်ကြီး အပြောင်းအလဲများမှာ မည်သည့်အချက်ပေါ် အခြေခံမှန်း မသိရှိနိုင်ပဲ ယခု အစိုးရသစ်လက်ထက်တွင် ပွင့်လင်းမှု အနည်းငယ်ရှိလာကာ ၀န်ကြီးဋ္ဌာန တာဝန် အပြောင်းအလဲများ လုပ်ရခြင်းအကြောင်းကို ဆက်စပ်နားလည်နိုင်ကြောင်း ဝေဘန်သုံးသပ် ပြောဆိုသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/28/2012 01:33:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ