ကျောင်းသားလူငယ်များအနေဖြင့်စာမေးပွဲဖြေခါနီး စိတ်အပန်းဖြေရန်ရည်ရွယ်ချက်ဖြင့် တက်ရောက်လေ့ရှိသော EXAM PARTY များတွင် စီးပွားရေးလုပ်ငန်းရှင်များက SEXY DANCE COMPETATION များပါထည့်သွင်းလာသည့်အတွက် မိဘများအနေဖြင့် စိုးရိမ်ပူပန်လျှက်ရှိ ကြောင်း သိရှိရသည်။
အဆိုပါ ကြော်ငြာများအား စီးပွားရေးလုပ်ငန်းရှင်များက လူသုံးများသော FACEBOOK ၊ TWITTER ကဲ့သို့သော လူမှုရေး ကွန်ယက်များတွင် ထည့်သွင်းလာသလို RELAX ပြုလုပ်နိုင်ရန် နေ့လည် ၂ နာရီမှ ည ၉ နာရီအထိဟု ဆိုကာ ENTERTAINMENT တစ်ခုက လက်ကမ်းစာစောင် ဖြန့်ဝေနေခြင်းဖြစ်ပြီး အချို့ကြော်ငြာများတွင်GSM ကဒ်ပါ ကံစမ်းမဲ ဖောက်ပေးဦးမည်ဟု ပါရှိသည်။
'' အဲဒီလိုမျိုးဆိုင်တွေ ခေတ်သဘောအရ ပေါ်ပေါက်လာတာကို နားလည်ပါတယ်။ သူတို့က စီးပွားရှာတာတော့ရှာပေါ့နော်။ ဒါပေမဲ့ကျောင်းသားတွေကို အခုလိုမျိုးဖျက်ဆီးတာမျိုးတော့ မလုပ်သင့်ဘူးလို့ ထင်တယ်။ သူတို့လည်း ကျောင်းသားဘဝကနေ ကြီးလာကြတာပဲလေ။ သူတို့ နားလည်ရမှာပေါ့။ သားသမီးချင်းလည်း စာနာသင့်တယ်'' ဟု ဒဂုံ တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက ပြောသည်။
ယမန်နှစ်က EXAM PARTY မှအပြန် ကျောင်းသားများ ရန်ဖြစ်ကြရာ သုံးဦးဒဏ်ရာရကာ နှစ်ဦးမှာ ပြင်းထန်ကြောင်းသိရသလို လက်ရှိ ရန်ကုန်မြို့တွင် EXAM PARTY (၅)ခုဝန်းကျင် ရှိကြောင်း လူငယ်အသိုင်းအဝိုင်းက သိရှိရသည်။
နှစ်တိုင်းလိုလိုပင် အမည်မဖော်လိုသော ကလပ်များသည် ကျောင်းသားများ စာမေးပွဲဖြေဆိုရန် နီးကပ်လာသည်နှင့်အမျှ နှစ်ယောက်ဝင် လျှင် တစ်ယောက်ဝင်ကြေးအခမဲ့ ရသောဆိုင်များ၊ ဘီယာလေးခွက်သောက်လျှင် တစ်ခွက်အလကားပေးသော ဆိုင်အမျိုးမျိုး ရှိနေကြောင်း တွေ့ရ သော်လည်း ယခုနှစ်ကဲ့သို့ ပေါ်ပေါ်ထင်ထင် ကြော်ငြာမှုမျိုး မဟုတ်ပေ။
' အန်တီတို့တုန်းကဆိုရင် စာမေးပွဲနီးလာရင် စိတ်တည်ငြိမ်အောင်ဆိုပြီး တရားစခန်းဝင်ကြတယ်။ စာမေးပွဲနီးလေလေ အပျော်အပါးကို လျှော့လေပဲ။ အခုခေတ်ကလေးတွေက အဲလိုလုပ်ရတာကို ရှက်ဖို့ကောင်းတယ် ထင်နေကြတယ်။ မဟုတ်တာလုပ်တာကြတော့ ရှက်ရကောင်း မှန်းမသိဘူး။ တစ်ချို့ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ဘီယာ ဘယ်လောက် သောက်နိုင်တာတို့၊ ရည်းစား ဘယ်နှစ်ယောက် ထားတာတို့၊ မဟုတ်တာကိုပဲ ပြိုင်ဆိုင်နေကြတယ်။ အခု ဒီကိစ္စဆိုရင် ဗုဒ္ဓ ဘာသာအရကြည့်ရင်လည်း မသင့်လျော်ဘူး။ အန်တီတောင် အန်တီ့သမီးကို သေသေချာချာ ဂရုစိုက်ရမယ်' ဟု PARTY များတွင် SEXY DANCE ထည့်သွင်းလာသည့် ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားမိဘတစ်ဦးက ပြောကြားခဲ့သည်။
SEXY DANCE ဆိုလျှင်လည်း မည်သို့ကသည်မှာ လူတိုင်းသိပါသည်။ ထိုအကအား ပြိုင်ပွဲလုပ် ဦးမည်ဆိုသည့်အခြေအနေမှာ ကမ္ဘာပေါ်တွင် အရှက်အကြောက်ကြီးမားသည့် မြန်မာမိန်းကလေး များအတွက် ဖြစ်သင့်သည့် အခြေအနေမဟုတ်ကြောင်းကိုလည်း မိဘအသိုင်းအဝိုင်းက သုံးသပ် ထားသည်။
ထိုကဲ့သို့ PARTY များတွင် စားသောက်ကြသည့်အခါ လူငယ်များဖြစ်သည့်အလျောက် ထိန်းထိန်းသိမ်းသိမ်း သောက်ကြမည် မဟုတ်သည့်အတွက် ဖြစ်လာနိုင်မည့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ မိဘများအတွက် ရင်လေးဖွယ်ပင်ဖြစ်သည်။
' ညီမကတော့ အဲဒီလိုမျိုးတွေကို စိတ်လည်း မဝင်စားပါဘူး၊ ဒါပေမဲ့ တစ်ချို့ဆိုရင် သွားမယ်တကဲကဲနဲ့ အခုကတည်းက ဟန်ပြင်နေကြတာ၊ အိမ်ကအဆင်ပြေတဲ့လူတွေအတွက် တစ်သောင်း၊
နှစ်သောင်းက ပြဿနာ မဟုတ်ပေမဲ့ ညီမတို့ကျတော့ တစ်ထောင်၊နှစ်ထောင်တောင် တန်ဖိုးထားရတယ် ' ဟု နည်းပညာတက္ကသိုလ်၊ တတိယနှစ်တွင် တက်ရောက်နေသော မအေးချမ်းမွန်က လူငယ်များအတွက်ပြောကြားပေးခဲ့သည်။
မြတ်မိုးကျော်(မြစ်မခ)
--
Posted By အောင်မျိုးကျော် to Richard Aung at 8/28/2012 04:29:00 PM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ