[mrsorcerer:30104] [Richard Aung] ""ကျပ်ငွေ ၅၀၀၀ တန်အတု သိန်း ၁၅၀ ကျော်သိမ်းဆီးရမိ""

မြန်မာကျပ်ငွေ ၅ ထောင်တန်အတုသိန်းတရာကျော်အား သယ်ဆောင်ရောင်းချနေသည့် နှစ်နိုင်ငံ မှတ်ပုံတင်ကိုင်ဆောင်သူ အမျိုးသမီးအား ထိုင်းနိုင်ငံမယ်ဟောင်ဆောင် တဖက်ခြမ်း သျှမ်းပြည် တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ၌ ဖမ်းမိကြောင်း နယ်စပ် သတင်းရပ်ကွက် ကဆိုပါသည်။

နှစ်နိုင်ငံမှတ်ပုံတင်ကိုင်ဆောင်သူနန်းနု နှင့် ကျပ်ငါးထောင်တန်အတုများ

"ပိုက်ဆံတွေကို ထိုင်းဘက်ခြမ်းကနေသယ်လာတဲ့သူကလေ နှစ်နိုင်ငံစလုံးရဲ့မှတ်ပုံတင်ကို ကိုင်ဆောင်ထားတယ်။ ထိုင်းဘက် မှာဆိုရင် တောင်ပေါ်သားကတ်ကိုသုံးတယ်။ အဲဒီမှာသူ့နာမည်က နန်းနုတဲ့။ မြန်မာနိုင်ငံသားစီစစ်ရေး ကတ်ထဲမှာတော့ သူ့နာမည် နန်းပေါက်တဲ့။
အသက်က ၄၀ ကျော်ကျော်လောက်ရှိတယ်" ဟု ဟိုမိန်းပြည်သူ့စစ်တပ်ဖွဲ့ နှင့် နီးစပ်သူတဦး
ကပြောသည်။
အဆိုပါနန်းနုအား ယခုလ ၂၄ ရက် က သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ (ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်မြို့နှင့် မျက် နှာချင်းဆိုင်ရှိ) ၌ မြန်မာ ၅၀၀၀ တန်အတု ကျပ်သိန်း ၁၅၀ ဖိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းသည် ကျပ် ၅၀၀,၀၀၀ ကို ဘတ်ငွေ ၇,၀၀၀ ဖြင့်ရောင်းချနေခြင်းဖြစ်ကြောင်း နယ်စပ်နေ ဌာနေပြည်သူ့စစ် များကပြောသည်။
"ဒီကနေ့ငွေလဲနှုန်းနဲ့တွက်မယ်ဆိုရင် ကျပ် ၅၀၀,၀၀၀ ဟာ ဘတ်ငွေ ၁၈,၅၀၀ ကျတယ်လေ။
ဒါကြောင့်ပေါ့။ သူက အခု အဖမ်း ခံရတာ တတိယအကြိမ်ပေါ့။
ပထမအကြိမ် ကျပ်ငွေအတု သုံးသိန်းဖိုး၊ ဒုတိယအကြိမ်ကျတော့ ကျပ်ငွေအတု ငါးသန်းဖိုး( ကျပ်သိန်း ၅၀) နဲ့ဖမ်းမိတယ်။ ဒီတခေါက်တော့ သူ့ကို ခရိုင်တရားရုံးကို ပို့လိုက်ပြီ ။ မနေ့ကဘဲ" ဟု အဆိုပါ ထိုင်းရဲက ဆက်လက်ပြောပြသည်။
ပိုက်ဆံအတုများအား ချင်းမိုင်မြို့နေ စိုင်းဆောလုံ ဆိုသူထံမှ ယူလာကြောင်း နန်းနု ခေါ်နန်းပေါက်က ပြောခဲ့သော်လည်း အဆိုပါ စိုင်းဆောလုံအား ယနေ့တိုင် ထိုင်းရဲများ မဖမ်းမိသေးကြောင်း၊ စိုင်းဆောလုံမှာ ယခင်က ဦးခွန်ဆာ၏ မုံးတိုင်းအာမီ တပ်မတော်၌ ရုံးဝန်ထမ်းတဦး ဖြစ်ခဲ့ဖူးကြောင်း ထိုင်းရဲများကပြော၏။

နန်းနု၏ (ထိုင်းနိုင်ငံ) တောင်ပေါ်သားမှတ်ပုံတင်ကတ်ပြား

အမေရိကန်ဒေါ်လာငွေအပြင် တရုတ်ယွမ်ငွေ ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေအတုများ ထုတ်ဝေသယ်ဆောင်မှုပြဿနာမှာ ထိုင်း-မြန်မာနယ်စပ်၌ အစဉ်အဆက်ဖြစ်ပေါ်နေသော ပြဿနာဖြစ်သည်။အဆိုပါငွေစက္ကူအတုများမှာ မူးယစ်ဆေးချက်လုပ်ရန် ဘိန်းစိုက်တောင်သူများထံမှ ဘိန်းစိမ်းဝယ်ယူဖို့ ထုတ်လုပ်အသုံးပြု သည့်ငွေများဖြစ်ပြီး ထိုမှတဆင့် မြို့တွင်းသို့ ပံျ့လာခြင်း ရှိနေသည်ဟု ငွေရှင်များက သုံးသပ်ပြောဆိုသည်။
နယ်စပ်၌ ထိုကဲ့သို့ ငွေစက္ကူအတု ပေါများခြင်းကြောင့်လည်း တာချီလိတ်မြို့နေ ဒေသခံအများစုမှာ မြန်မာငွေစက္ကူ လက်ဝယ်ထားရှိလိုသည့် ဆန္ဒမရှိခြင်းဖြစ်ကြောင်းလည်း တာချီလိတ်မြို့ စီးပွါးရေးလုပ်ငန်းရှင်များကပြောသည်။
သျှမ်းသံတော်ဆင့်



--
Posted By အောင်မျိုးကျော် to Richard Aung at 8/28/2012 04:29:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ