မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၁၊ ၂၀၁၂ခုနှစ်
အမေရိကန် ၃၃ ဒေါ်လာ လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ထောင်ချခံရသည့် ဦးဇင်း ဦးကောဝိဒ ပြန်လည်လွတ်မြောက်လာပြီးနောက် ရဟန်းဘောင် ပြန်ဝင်ရေးခွင့်ပြုချက်ရရှိဖို့ နှောင့်နှေးလျှက်ရှိသဖြင့် ယခုဝါမ၀င်မီ တရက်အထိ ခွင့်ပြုချက်မကျသေးကြောင်း ကာယကံရှင်က ပြောသည်။
ယခုနှစ် ဖေဖေါ်ဝါရီလတွင် အင်းစိန် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး မဟန (နိုင်ငံတော် သံဃမဟာနာယက အဖွဲ့) သို့လျှောက်ထားခဲ့ရာ မေလတွင် မဟနမှ တိုင်းသာသနာရေး ဦးစီးဋ္ဌာနသို့ ပြန်လည်ချပေးခဲ့သော်လည်း တိုင်းသာသနာရေးမှ ယခုချိန်ထိ ခွင့်မပြုသေးခြင်း ဖြစ်သည်ဟု ဦးကောဝိဒက ပြောသည်။
၎င်းက " တခြား ရွှေဝါရောင် သံဃာတွေ လုပ်သလို အရင်ရဟန်းပြန်ဝတ်ပြီး နောက်တော့မှ သတိပေးစာ နဲ့လက်မှတ်လာထိုးခိုင်းတာမျိုး လုပ်လိုက်ရင်တောင် ကောင်းသေးတယ်။ အခုတော့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာပြီး လျှောက်ထားခဲ့တာ လွတ်ကတည်းကဆို ၅လ နီးပါးရှိသွားပြီ၊ မနက်ဖြန်ဆို ၀ါဝင်တော့မယ်၊ ဒီလမမှီရင် ဒုတိယ၀ါကို စောင့်ရတော့မယ့် ကိန်းဆိုက်နေပြီ" ဟု မိုးမခသို့ပြောသည်။
 |
| ရွှေည၀ါဆရာတော်နှင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတ်ာတပါး၊ |
Read more of this post