Re: [mrsorcerer:28617] viber account ဖွင့်ချင်လို့ပါ။ဖွင့်မရလို့ ကူညီပါ။

အစောပိုင်းက viber အနေနဲ့ ice cream sandwich (Android version 4.X.X) မှာ compatible မဖြစ်ဘူးဆိုတဲ့အသံတွေထွက်သေးပေမဲ့ လောလောနောက်ဆုံး viber update မှာ bug fix ပြန်လုပ်ပြီး သုံးလို့ရနေပါတယ်... တကယ်လို့ ice cream sandwich (Android version 4.x.x)မှာ viber အဆင်မပြေဘူးဆိုရင် အကောင်းဆုံးက viber software ကို remove လုပ်ပြီး ပြန် install လုပ်ကြည့်စေချင်ပါတယ်... လောလောဆယ် Android forum တွေမှာတော့ အဲ့ဒီနည်းလမ်းနဲ့အလုပ်ဖြစ်တယ်လို့ အပြောများပါတယ်... ဖြစ်နိုင်ချေရှိတာကတော့ Viber က update လုပ်လိုက်ပေမဲ့ အရင် version အဟောင်းက crush ဖြစ်နေတုန်းလို့ယူဆရတယ်... လွန်ခဲ့တဲ့ တစ်ပါတ်အတွင်းမှာပဲ viber update လုပ်ပြီးမှ viber သုံးလို့မရပဲ force close ဖြစ်ဖြစ်နေလို့ remove လုပ်ပြီး ပြန် install လုပ်လိုက်ရတဲ့ user တွေတော်တော်များပါတယ်... 

(၁) viber application က အင်တာနက်ဆားဗစ်အပေါ်မှာပဲ အသုံးပြုတာကြောင့် အင်တာနက်အသုံးပြုလို့ရတဲ့ 3G service charge ပဲကုန်ပါတယ်... wifi နဲ့သုံးရင်ပိုကောင်းပါတယ်... viber application ရဲ့သဘောက ၂ဖက်စလုံးမှာ viber ကို install လုပ်ထားမှလှမ်းပြီးဆက်သွယ်လို့ရတာပါ... အလွယ်ဆုံးဥပမာပေးရရင် ကွန်ပြူတာ၂လုံးမှာ ဂျီတော့ခ်နဲ့ဆက်သွယ်ပြီး စကားပြောမယ်ဆိုရင် ကွန်ပြူတာ၂လုံးစလုံး ဂျီတော့ခ်ဆော့ဝဲလ်သွင်းထားရပြီး အင်တာနက်ဆက်သွယ်မှုရှိမှ စကားပြောလို့ရမယ်ဆိုတဲ့ ပုံစံမျိုးပါ... 

(၂) viber အကောင့်လိုပါတယ်... ဒါပေမဲ့ viber ကယနေ့အချိန်အထိတော့ totally free app ပါ... ဘာငွေမှထပ်ဖြည့်စရာမလိုပဲ သုံးလို့ရတယ်

(၃) viber ကဖုန်းခေါ်တာဆိုပေမဲ့ viber application အချင်းချင်းဆက်သွယ်တာမို့လို့ ခေါ်တဲ့ဖုန်းရော ခေါ်ခံရတဲ့ဖုန်းရော ၂လုံးစလုံးမှာ viber ရှိရမှာဖြစ်ပြီး ၂ဖက်စလုံးမှာ (လိုအပ်ရင်/ဝိုင်ဖိုင်မဟုတ်ရင်) 3G service charge/အင်တာနက်အသုံးပြုခ ကုန်ပါတယ်...

(၄) viber application ကိုစပြီးသုံးသုံးချင်းမှာ viber application ကို register လုပ်ရပါတယ်... အဲ့ဒီလိုလုပ်ရာမှာ viber account က ဖုန်းနာပါတ်နဲ့လုပ်ရတာဖြစ်ပြီး activation code ကိုဖုန်းထဲကိုတိုက်ရိုက် sms/message လှမ်းပို့ပါတယ်... မြန်မာနိုင်ငံကဖုန်းတွေမှာ အဆင်ပြေမပြေသေချာမသိပါဘူး... 


--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ