(၁) ရိုဟင်ဂျာတွေကို လက်ခံမည့်နိုင်ငံရှိရင် ပို့ပေးမယ် လို့ပြောခဲ့တဲ့ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန်တောင် ခုချိန်မှာ သူ့စကားကိုသူ
ပြန်တွေးတွေးပြီး ရှက်နေမှာသေချာပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီစိတ်ကူးဟာ လက်ရှိနိုင်ငံတကာမှာ လုံးဝလူစဉ်မမှီတဲ့ စိတ်ကူးတစ်ခုသာ
ဖြစ်နေလို့ပါ ။ သေချာရှင်းအောင် ထပ်ပြောပါ့မယ် ။
လူတစ်ယောက်ဟာ သူမွေးဖွားရာဒေသမှာပဲ လူသားဆန်စွာ ရပ်တည်ခွင့်ရှိရပါမယ် ။ သူကိုယ်တိုင်မနေချင်လို့ တခြားနေရာထွက်သွားတာကလွဲလို့
ဘယ်သူကမှ အကြောင်းမဲ့မောင်းထုတ်ခွင့်မရှိပါ ။ ဒါဟာအလွန်ရိုးရှင်းလှတဲ့ အမြင်တစ်ခုပါ ။ ထို့အတူ ဘယ်နိုင်ငံကမှလဲ ဒီလိုအဓမ္မမောင်းထုတ်ခံရသူကို
လက်မခံပါ ။ ဒါဟာ အဲဒီပြဿနာကိုဖြေရှင်းတဲ့ နည်းလမ်းအမှန်မဟုတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ် ။ ထို့အတူ ဒီလိုမောင်းထုတ်ခံရသူတွေကို
လက်ခံလိုက်ခြင်းအားဖြင့် ကိုယ်တိုင်မတရားမှုမှာပါဝင်ပြီး အားပေးရာရောက်သွားပါမယ် ။ ဒီလိုလူများကို သူတို့မွေးရပ်မြေမှာ သူတို့ကောင်းကောင်းမွန်မွန် ရပ်တည်နေထိုင်ခွင့်ရအောင် ကြိုးစားလုပ်ဆောာင်ပေးခြင်းသည်သာ ထိုသူများအတွက် စစ်မှန်တဲ့အကူအညီဖြစ်တယ်ဆိုသော အတွေးအခေါ်မျိုးကိုသာ
နိုင်ငံတကာက လက်ခံထားပါတယ် ။
( ရိုဟင်ဂျာလူမျိုးများရဲ့ မွေးရပ်မြေလို့ ကျနော်ပြောလိုက်လို့ စာဖတ်သူတစ်ချို့လက်ခံရခက်နေမယ်ထင်ပါတယ်။
လက်၇ှိ အစိုးရထုတ်ပြန်ချက် နဲ့ နိုင်ငံတကာရဲ့ သတ်မှတ်ထားမှုကို ရည်ညွှန်းပြီး ကျနော်ပြောတာ ဖြစ်ပါတယ်။ )
(၁) ကိုမှော်ဆရာပြောသလို သမ္မတကြီးက တွေးတွေးပြီးရှက်မှာ သေချာတယ်ဆိုတာ မဖြစ်နိုင်ပါဘူး...ဘာလို့လည်းဆိုတော့ သူပြောတာကို ထောက်ခံတဲ့ မြန်မာပြည်သူပြည်သားတွေ အများစု သူ့နောက်ကွယ်မှာ ထောက်ခံအားပေးနေပါတယ်။ ရှက်စရာကိုအကြောင်းမရှိပါဘူး။ မြန်မာသမ္မတက မြန်မာပြည်သူတွေအကျိုးကိုပဲပိုကြည့်သင့်လို့ပါဘဲ။ တတိယနိုင်ငံက လက်ခံလို့ရှိရင် ပေးသွားမယ်လို့ပြောတာပါ၊ လူစဉ်မမှီဘူးလို့ ဆိုလိုထားတာက အကြမ်းဆန်လွန်းတယ်။ သတ်မယ်ဖြတ်မယ်လို့ ဘယ်တုန်းကမှ ပြောမထားပါဘူး။ မျှတစွာကိုင်တွယ်နေတာပါ။ အကြံပေးချက်တွေကိုနားထောင်ပြီးဆုံးဖြတ်နေတာပါ။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးနေတာပါ။ လူတစ်ယောက်မွေးဖွားရာနေရာမှာ လူသားဆန်စွာရပ်တည်ခွင့်တော့ရှိပါတယ်။ လူသားမဆန်တဲ့ လုပ်ရပ်တွေနဲ့ အများစုထိခိုက်လာမယ့် လုပ်ရပ်မျိုးကိုတော့ လက်မခံနိုင်ပါဘူး။ ဥပဒေနဲ့ နိုင်ငံအပေါ်ကိုတော့ လေးစားသင့်တယ်။ သူတို့ကို လတ်တလောမှာ အဓမ္မဆန်စွာနှင်ထုတ်နေတာမဟုတ်ပါဘူး။ အစိုးရက နှင်ထုတ်နေတယ်လို့လည်း မကြားမိပါဘူး။ ရိုဟင်ဂျာအများစုက လတ်တလော မျိုးဆက်တစ်ဆက်အရတော့ မြန်မာပြည်တာမွေးတာဖြစ်ဖို့များပေမဲ့ ဥပဒေအရတော့ နိုင်ငံသားခံခွင့်မရှိဘူးပဲ။ကိုမှော်ဆရာအနေနဲ့ မြန်မာပြည်မှာ ရှိတဲ့ ကောင်းကောင်းမကောင်းကောင်းဥပဒေကို လက်ရှိအချိန်မှာ လက်ခံသင့်တယ်။ ဥပဒေကိုလိုက်နာရမယ်ဆိုတာကိုပါဘဲ။
(၂) မွတ်ဆလင်နိုင်ငံများနှင့် ဘာသာတူလို့ ၊ လူမျိုးတူလို့ လက်ခံသင့်တယ်ဆိုတဲ့စကားဟာ မြန်မာပြည်တွင်းမှာသာပြောနေတဲ့စကားဖြစ်ပြီး
နိုင်ငံတကာမှာ သူတို့ဟာ မြန်မာနိုင်ငံ ရခိုင်ဒေသဖွားများအဖြစ်သာ သတ်မှတ်ခံထားရသူတွေပါ … ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အပါအ၀င် ဘယ်မွတ်ဆလင်နိုင်ငံကမှ သူတို့အားလုံးကို လက်ခံပြီး အမြဲတမ်းနေထိုင်ခွင့် ပေးမှာမဟုတ်ပါ ။ နောက်တဆင့် ထပ်တွေးကြည့်ရင် ဒီလို လက်ခံပြီးနေထိုင်ခွင့်ပေးလိုက်ခြင်းအားဖြင့်
ထိုမောင်းထုတ် ခံရသူတွေအတွက် မွေးရပ်မြေ၊ ဇစ်မြစ်ဟာ လုံးဝပျောက်ဆုံးသွားပါလိမ့်မယ် ။
လက်တွေ့တွင် ဒီ၇ိုဟင်ဂျာလူမျိုးများကိစ္စ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံချင်း ဆွေးနွေးတဲ့အခါမှာတောင် မြန်မာပြည်ဘက်က ထွက်ပြေးသွားသူများကို
ပြန်ခေါ်ဖို့အကြောင်းသာ ပြောကြတာဖြစ်ပြီး၊ ယခုအွန်လိုင်းမှာ ပြောနေကြသလို ခိုးဝင်လာသူများဖြစ်လို့ ခင်ဗျားတို့လူတွေခင်ဗျားတို့ဆီ ပြန်ပို့မယ်ဆိုသော စကားမျိုး မြန်မာဘက်မှ ပြောခွင့်မရှိခဲ့ပါ …
( ကြုံတုန်းပြောရရင် ပြီးခဲ့တဲ့ OIC အစည်းဝေးပွဲမှာ အီရန်သမ္မတ အာမက်ဒီနီဂျက် ချပြသော အကြံပေးချက်တွင် ရိုဟင်ဂျာများကို မြန်မာနှင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က တ၀က်ဆီခွဲပြီးတာဝန်ယူကြဖို့ ဖြစ်ပါတယ် ။ ကျနော်ဖတ်ရတဲ့ အတိုင်းပြောပြတာပါ ။ ဒီ အကြံပြုချက်ဟာ မိတ်ဆွေတို့စိတ်ထဲ
ရီစရာကောင်းပြီး လုံးဝလက်မခံဘူးကွလို့ ပြောချင်ပြောမှာဖြစ်ပေမဲ့ မြန်မာအစိုးရစိတ်ထဲတွင် အလွန်ကောင်းတဲ့ အကြံပေးချက်တစ်ခုဖြစ်နေတယ်ဆိုတာ
သံသယမရှိပါနဲ့ )
(၂) ရခိုင်ဒေသဖွားဆိုတာ အခုမှလား နောက်မှလားဆိုရောထွေးနေတာပဲ။ ခိုးဝင်လာတာတွေရှိတယ်ဆိုလည်း မလိမ်ညာစတမ်းဆိုရင် တကယ်ဗျ။
သမိုင်းအရပြောရရင် ဘူးသီးတောင်၊ မောင်းတောဆိုတာ ရခိုင်လူမျိုးတွေ နေထိုင်ခဲ့တယ်လို့ဘဲ ပြည်တွင်းသမိုင်းဆရာတွေရေးသားချက်အရတော့သိရတယ်။ မောင်းထုတ်ခံရသူတွေရဲ့ မူရင်းဇစ်မြစ်ဆိုတာ (၂၀) ရာစုအစောပိုင်းမှ စတဲ့ဟာကိုပြောတာလားမသိဘူး။ ဘင်္ဂလားကတော့ ငါနဲ့မဆိုင်တော့ဘူးလို့ငြင်းမှာဘဲ။ ဘာလို့လည်း သူတို့ နိုင်ငံကျဉ်းကျဉ်းလေးမှာတင် လူက သန်း(၁၈၀) ရှိတယ်။ နောက်ထပ်လက်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငြင်းမှာပဲ လက်ရှိမြန်မာဘက်က ယူပါယူပါတစာစာလိုက်အော်ပြန်ရင်လည်း မရှိတဲ့ သိက္ခာတွေက အတုံးလိုက် အတစ်လိုက်ကျပြီ။ မြန်မာဘက်က ပြောခွင့်မရှိဘူးဆို မြန်မာအစိုးရ ဘက်က သူ့စိတ်ကြိုက်ဒီအရေးကို စီမံခန့်ခွဲမယ်ဆို လက်ခံနိုင်မလား။ အီရန်သမ္မတ အာမာဒီနီဂျက်ကိုက အစွန်းရောက်သမားပါ။ အစ္စရေးကို မြေပုံက ဖျောက်ပစ်မယ်လို့ပြောတဲ့ ၀င်ရိုးစွန်းနိုင်ငံသမ္မတပါ။ သူ့အကြံပြုချက်ကို လက်မခံနိုင်ပါဘူး။ သံသယရှိစရာမလိုသလို၊ အရေးစိုက်စရာလည်းမလိုပါ။
(၃) ဒီလူတွေကို ပင်လယ်ထဲမှာ လှေနဲ့မျောလိုက်မယ်.. လက်ခံမဲ့နိုင်ငံရှိရင် ပို့ပေးလိုက်မယ် ဆိုတဲ့ စကားဟာ လူတစ်ယောက်ရဲ့
စိတ်ကူးပေါက်ရာပြောလိုက်တဲ့စကားတစ်ခွန်းသာဖြစ်ပြီး ခုနောက်ပိုင်း လူတော်တော်များများက ဖြစ်နိုင်၊မဖြစ်နိုင် မစဉ်းစားတော့ဘဲ
သဘောကျစွာလက်ခံ ပြောဆိုလာကြတာ ဖြစ်ပါတယ် ။ ဒါဟာ လူတွေရဲ့စိတ်ထဲမှာ"အလွန်အကျူးမျော်လင့်ချက်" ကိုဖြစ်ပေါ်စေတဲ့
စကားတစ်ခွန်းလည်းဖြစ်ပါတယ် ။ ဒီလို " အလွန်အကျုး မျှော်လင့်ချက် " ကို ဖြစ်ပေါ်စေခြင်းဟာ အလုပ်တစ်ခုခုကို လုပ်ဆောင်ရာမှာ
အလွန်ထိရောက်တဲ့ စိတ်ခွန်အားကို ဖြစ်စေပါတယ် ။ ဥပမာ - ကမ္ဘာစစ်မှာ ဂျပန်တွေ စစ်ရှုံးနေပေမဲ့ သူတို့ရေဒီယို သတင်းဌာနများမှ
သတင်းကြေငြာချက်တွေမှာတော့ ဂျပန်တပ်တွေ ဘယ်မဟာမိတ်တပ်တွေကို ချေမှုန်းလိုက်ပါပြီ ၊ ဘယ်ဒေသကို ထပ်မံသိမ်းပိုက်လိုက်ပါပြီ ..
ဆိုတာမျိုးတွေ လီဆည်ပြီး ကြေငြာခဲ့ပါတယ် ။ ဒီလို သတင်းတွေကြားရတာဟာ ရှေ့တန်းရောက်နေသူတွေ အတွက် နောက်မဆုပ်တမ်း
ဆက်လက်တိုက်ခိုက်ဖို့ အားဆေးတစ်ခွက်ဖြစ်ခဲ့ပါတယ် ။
ဒီသဘောအတိုင်းပါပဲ .. ခုလို လက်တွေ့မကျတဲ့ (မဖြစ်နိုင်တဲ့) စကားတစ်ခွန်းကို မြန်မာနိုင်ငံရဲ့ ဥသျှောင်ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ကိုယ်တိုင်ပြောခဲ့တော့
လူအတော်များများမှာ ယခုလိုအမြင်မျိုး ၀င်ရောက်သွားတာ မဆန်းပါ။ အွန်လိုင်းပေါ်မှာ ဖတ်ရသလောက် လူတော်တော်များများရဲ့ စိတ်ထဲမှာ
ဒီရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ဒီနေ့မောင်းထုတ်ရင် ဒီနေ့ထွက်သွား ရလိမ့်မယ်လို့ ထင်မြင်နေကြပါတယ် ။ တကယ်တမ်း ဖြစ်ခဲ့တဲ့ပြဿနာအပေါ်
သမိုင်းကြောင်းအထောက်အထားများပါမကျန် အခြေခံကျကျ လေ့လာပြီး ခေါင်းအေးအေးနဲ့ တွေးကြည့်ရင် ဒီလိုစကားမျိုး ၊ အတွေးမျိုးဟာ
ရယ်စရာကောင်းမှန်း သိမြင်လာပါလိမ့်မယ် ။
(၃) ပင်လယ်ထဲမှာ လှေနဲ့မျောလိုက်မယ်.. လက်ခံမဲ့နိုင်ငံရှိရင် ပို့ပေးလိုက်မယ် ဆိုတဲ့ ပြောတဲ့သူက ခံစားချက်ကို ဦးတည်ပြောမိတာပါ။
အဲဒါကို စာတတန်ပေတတန်နဲ့ သမ္မတဆီကိုဝေ့၀ိုက်ပြီး ဝေဖန်တာကတော့ မကောင်းပါဘူး။ ကိုမှော်ဆရာပြောသလို့တော့ မင်းတို့ကောင်တွေထွက်သွား၊ မလာနဲ့ ပြန်လို့ပြောပြီးမောင်းထုတ်ရင် မျှမျှတတ တွေးတတ်တဲ့ သူအပိုင်းမှာတော့ ရယ်စရာကောင်းပါတယ်။ ဟုတ်ပါတယ်။
နာကြဉ်းချက်တွေပါခဲ့တာလည်းပါမယ်။ သမိုင်းကြောင်းအရဖြစ်ခဲ့တဲ့ ငြိစွန်းမှုမှာ ခံစားခဲ့ရတဲ့ ရခိုင်တွေကလည်း ရှိတာကို ရခိုင်ကိုထိရင် ဗမာကလည်းနာတာပဲ ထို့အတူရှမ်းကလည်းနာမှာပဲ။ ဘာလို့လည်းဆိုတော့ မြန်မာပြည်မတိုးတက်ရင်နေမယ် ဗိုလ်ချုပ်အောင်ဆန်းစုစည်းခဲ့တဲ့ အဓိကတိုင်းရင်းသားအများစုက စည်းလုံးနေလို့ဘဲ။
(၄) ရိုဟင်ဂျာများကို ရိုဟင်ဂျာလို့ မခေါ်ဘဲ ဘင်္ဂါလီများလို့သာခေါ်ဝေါ်ကြပါရန် တောင်းဆိုတဲ့စာများကို ကျနော်တွေ့ရပါတယ် ။ ကျနော့်အနေနဲ့တော့
လက်မခံပါ ။ ဘင်္ဂါလီလူမျိုးဆိုတာ တရားဝင်မြန်မာနိုင်ငံသား ဖြစ်ခွင့်ရသူများ ဖြစ်ကြပါတယ် ။ နှစ်ပေါင်းများစွာအခြေချနေထိုင်လာပြီး
မြန်မာနိုင်ငံသားဖြစ်နေကြသော ဘင်္ဂါလီလူမျိုးပေါင်းများစွာ မြန်မာနိုင်ငံမှာ ရှိနေပါတယ် ။ ထို့ကြောင့် ရိုဟင်ဂျာလို့ခေါ်သူများ နှင့် ဘင်္ဂါလီများအားလုံးကို
ရောထွေးတိုက်ခိုက်စော်ကားခြင်းသည် မဖြစ်သင့်ဟု ထင်ပါတယ် ။ ဒါကြောင့်မို့လို့ ရခိုင်ဒေသမှ ကမန်လူမျိုးမဟုတ်သော မွတ်ဆလင်များကို
ပြည်မမှဘင်္ဂါလီများနှင့် ကွဲကွဲပြားပြားဖြစ်စေရန် သူတို့သတ်မှတ်ထားသည့်အတိုင်း ရိုဟင်ဂျာ လို့ပဲ ကျနော် ခေါ်ဝေါ်ပါတယ် ။ လစ်ဘရယ်ဒီမိုကရေစီ စနစ်
ပီပီပြင်ပြင်ဖြစ်ထွန်းလာပါက တိုင်းရင်းသားဖြစ်ခြင်း နဲ့ တိုင်းရင်းသားမဖြစ်ခြင်းတို့ဟာ ဘာမှမကွာခြားတော့ဘဲ နိုင်ငံသားဖြစ်မှု ၊ မဖြစ်မှုသည်သာ
အရေးပါလာပါလိမ့်မယ် ။
ရိုဟင်ဂျာဟုခေါ်သည်ဖြစ်စေ၊ ဘင်္ဂါလီဟု ခေါ်သည်ဖြစ် ကျွန်တော့်တိုအနေနဲ့ မုန်းတီးစရာအကြောင်းမရှိပါဘူး။ သွေဖီလာတဲ့ စနစ်ကိုသာ ဆန့်ကျင်ရမှာပါ။ လစ်ဘရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာခဲ့ရင် တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်းဆိုတာ မကွာခြားတော့တာလည်းဟုတ်တယ်
နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုက အရေးပါတယ်ဆိုတာကတော့လက်ခံ့ပါတယ်။ နိုင်ငံသားမဟုတ်သူများကိုတော့ နိုင်ငံသားဖြစ်ခွင့်မရှိပါကြောင်း။
(၅) မသက်ဆိုင်သူများကိုပါ ဘာသာရေးအရ သိမ်းကြုံးပြီးတိုက်ခိုက်နေသော ဗုဒ္ဒဘာသာဝင်မျိုးချစ်ပုဂ္ဂိုလ်များကိုလည်း အနည်းငယ် အကြံပြုချင်ပါတယ်။
မြန်မာနိုင်ငံတွင် ပြည်တွင်းဖြစ် ဘာသာသာသနာ လုံးဝမရှိပါ .. ဘာသာအယူဝါဒ အားလုံးသည် အိန္ဒိယနိုင်ငံ၊ အာရေဗျနိုင်ငံ ၊ အီတလီနိုင်ငံများမှ စတင်ကာ ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ ပျံ့နှံ့ရောက်ရှိလာခြင်း ဖြစ်ပါတယ် ။ ဗုဒ္ဒဘာသာသည် အိန္ဒိယနိုင်ငံမှအစပြုပြီး မြန်မာနိုင်ငံသို့ လွမ်းမိုးဝါးမြို ၀င်ရောက်လာသည်ကို
မမေ့သင့်ပါ ။ ထို့အတူ အစ္စလာမ်ဘာသာသည် နိုင်ငံခြားဖြစ်ဘာသာ ဖြစ်သော်လည်း ကိုးကွယ်ယုံကြည်သူများမှာ မြန်မာနိုင်ငံတိုင်းရင်းသားများနှင့်
နိုင်ငံသားများသာ ဖြစ်သည်ကို နားလည်စေလိုပါသည် ။
မြန်မာ့မြေပေါ်တွင် နှစ်ကာလကြာမြင့်စွာကတည်းက အတူတကွနေထိုင်လာကြသူများ အချင်းချင်း ကိုးကွယ်ရာ ဘာသာမတူခြင်းကြောင့် သွေးကွဲရမည်လား ။
အချင်းချင်း ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံမှုကို ပျက်ယွင်းစေမည်လား ။ ကိုယ့်နိုင်ငံသား အချင်းချင်း နှိမ့်ချ အနိုင်ကျင့်ကြမည်လား ။ ကျနော်နားလည်သလောက် မည်သည့်ဘာသာအယူဝါဒဟူသမျှ လူ လူ ချင်းနှိမ်ချခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုခြင်းကို အားမပေးပါ။
လူ့ဘောင်ဘ၀ တိုးတက်စည်ပင်ရေးအတွက် ဥာဏ်ရည်ထူးချွန်ထက်မြက်သူ လူသားများက ဆောင်ရွက်လာခဲ့ကြပါသည် ။ လှည်းဘီး မှစပြီး အနုမြူစွမ်းအင်အထိ ထုတ်ဖေါ်တီထွင်ပြီး လူ့ဘောင်အဖွဲ့အစည်း သာယာဝပြောရေးအတွက် ကြိုးစား
ခဲ့ကြပါသည် ။ မည်သည့် ဘာသာ ၊ မည်သည့် လူမျိုးအတွက်ဟူသော ဆန္ဒစွဲဖြင့် တီထွင်ခဲ့ကြသည်မဟုတ်ပါ ။
လူသားအားလုံး၏ အကျိုးအတွက်ဟူသော စေတနာဖြင့်သာ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည် ။ လူ့ယဉ်ကျေးမှု လွန်စွာတိုးတက်ဖွံ့ဖြိုးနေပြီဖြစ်သော
ယနေ့ခေတ်တွင် ဘာသာရေး ၊ လူမျိုးရေးအမြင်ကျဉ်းမြောင်းသော လူစဉ်မမှီတဲ့အတွေးအခေါ်များကို ရှက်ရွံ့သင့်လှပါသည်။
ကမ္ဘာပေါ်တွင် ထိုသို့ အစွန်းရောက်အတွေးအခေါ်များအတွက် နေရာမရှိသလောက် ဖြစ်နေပါပြီ ။ သမိုင်းဖြစ်ရပ်များမှ သင်ခန်းစာယူပြီး ဥာဏ်ရည်မြင့်သူ
မြန်မာပြည်သား မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုးကိုမဆို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် ပြုစုပျိုးထောင်လေ့ကျင့်
ပေးသွားရန် စိတ်ဆန္ဒထားရှိသင့်ပါသည် ။ နိုင်ငံသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်စေရန် လူကသာ အဓိကစွမ်းဆောင်နိုင်ပါသည် ။ ထိုနေရာတွင်
ဘာသာရေးသည် သာမညသာဖြစ်သည် ။ တိုးတက်နေသော နိုင်ငံများကို လေ့လာကြည့်လျှင် ဘာသာရေးထက် လူ့စွမ်းအားအရင်းမြစ်ကိုသာ မှန်ကန်စွာ အသုံးချနေသောကြောင့်ဟု တွေ့နိုင်ပါသည် ။ အချို့သော နိုင်ငံရေးသမားများက ဘာသာရေးကို ဗန်းပြအသုံးချပြီး လူဗြိန်းအကြိုက်စကားလုံးများသုံးရ်ျ
နိုင်ငံ နှင့် ပြည်သူလူထုအပေါ် ခေါင်းပုံဖြတ်သစ္စာဖေါက်နေမှုများအား သတိဖြင့်ဆင်ခြင်ကြည့်က မြင်တွေ့နိုင်ပါသည် ။
ထို့အတူ အစ္စလာမစ်အစွန်းရောက်ဝါဒကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် ပြောချင်ရာပြောရင်း မိမိကိုယ်တိုင်အစွန်းရောက် ဖြစ်မှန်းမသိ
ဖြစ်နေကြသော မျိုးချစ် ညီငယ် ညီမငယ်များကို ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဗုဒ္ဒဘာသာအစွန်းရောက်ဝါဒရှိသော တိုင်းပြည်တစ်ခုအဖြစ်
တိုင်းတပါးသားများ အမြင်ရောက်သွားအောင် မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ် ။
(ရိုဟင်ဂျာအရေးအတွက် အလွန်တရာစိုးရိမ်ပူပန်နေကြသော မိတ်ဆွေများ စဉ်းစားသင့်သည်ထင်သောအချက်များကို ကျနော့်အမြင်ဖြင့်
လုံးဝလက်မခံလိုလျှင် ၊ မဖြစ်စေလိုလျှင် လုပ်ရမဲ့လမ်းကတစ်လမ်းသာ ရှိပါတယ်။ အဲဒါ စစ်အာဏာရှင်စနစ်ကို ပြန်လှည့်သွားလိုက်ပါ ။
မိမိသိထားသလောက် အကြောင်းအရာပေါ်တွင် မျိုးချစ်စိတ်ဓါတ်အရင်းခံဖြင့် စိုးရိမ်ပူပန်မှုများကို နားလည်ပေးပါသည် ။
သို့သော် လက်တွေ့မဖြစ်နိုင်သော "အလွန်အကျူး မျှော်လင့်ချက် " ရှိခြင်းအားဖြင့် အခြေအနေမှန်ကို လက်မခံနိုင် ၊
မစဉ်းစားနိုင်ဖြစ်ပြီး တကယ်တမ်းကြိုတင်စီစဉ်ထားသင့်သည့် ၊ လုပ်သင့်သည့်အလုပ်များကို မလုပ်ဘဲ မယောင်ရာ ဆီလူးရင်းဖြင့်သာ
အချိန်ကုန်နေမည်စိုးတာကြောင့် ၀င်ပြောမိတာဖြစ်ပါတယ် ... )
ကိုသုရှင်ရေးတဲ့ မျက်ကန်းမျိုးချစ်နဲ့ မျက်စိမြင်မျိုးချစ်ဆိုတာ
အောက်ပါအတိုင်းဖြစ်သည်............
(၁) မျက်ကန်းမျိုးချစ် နှင့် အစွန်းရောက်ခြင်း
ဘာကြောင့် ဖြစ်မှန်းမသိသော ပြဿနာကို အရင် သိအောင်မကြိုးစား၊
မိမိအမျိုးကို ထိရုံဖြင့် မိမိအမျိုးမှ အမှန် အားလုံးအမှားဟူ၍
ယူဆနေသောသူများ။မိမိ လူမျိုးအကြောင်း၊ မိမိဘာသာအကြောင်း ကိုသာ
လေ့လာထားပြီး တစ်ခြားမည်သည့် လူမျိုးဘာသာ ကိုမှ မလေ့လာ
လေ့လာရကောင်းမှန်းလည်းမသိ၊။စိတ်
တစ်ခြားလူမျိုးပြောတာအားလုံးအမှားဟု ယူဆသော သူများ။
တစ်ကိုယ်ကောင်းဆန်ပြီး တစ်ဖက်သတ်ဆန်သော ကိုယ့်ဖက်ကို ယက်သော သူများ။
သတင်းအချက်အလက်ရယူရာတွင် တစ်ဖက် တည်းဆီက သတင်းကို သာ ရယူလျှက် သူတပါး၏
ခံစားချက်ကို လျစ်လျူရှု ၊ တစ်ခြားလူအားလုံးကို အပြစ်မြင် ၊ ခွဲခြားဆက်ဆံ
၊ ဝေဖန်၊ပုတ်ချ ကဲ့ရဲ့ သူများ။ အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲလျှက်
လူမျိုးခြားရဲ့ ကိုးကွယ်ယုံကြည်မှု နှင့် ခံယူချက် အယူဝါဒ အားလုံးကို
ကန့်သတ် ပိတ်ဆို့ ရှုံ့  ချသော သူများ။ လူမျိုးခြားတို့ယုံကြည်ကိုးကွယ်မှု
နှင့်ဆိုင်သော အဆောက်အဦး ရုပ်တု ဆင်းတု အမှတ်အသားများကို ဖျက်စီး ပြီး
ထိုသို့ လုပ်ခြင်းအတွက်လည်း ဂုဏ်ယူဝံ့ ကြွားတတ်သူများ။
နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်လှည့်ဖြား၍ လူမျိုးခြားတို့
ပျက်စီးရာပျက်စီးကြောင်းကို သာ အချိန်ရှိသ၍ကြံစည် နေသူများ သူအားလုံးသည်
မျက်ကန်းမျိုးချစ်များဖြစ်ကြပါသည်။
(၂) မျက်စိမြင်သောမျိုးချစ်များ နှင့် တိုင်းပြည် တိုးတက်ရေး
မျက်စိမြင်သောမျိုးချစ်များကို နိုင်ငံတိုင်းက လိုလားကြပါသည်။
အမျိုးသားရေးပြယုဂ်အဖြစ်လည်းကောင်း။ တိုင်းပြည် တစ်ခု အတွက် ယုံကြည်
ကိုးစားစရာ။ လူမျိုးတစ်မျိုး၊နိုင်ငံတစ်ခုအတွက် သင်္ကေတ တစ်ခုအဖြစ်
မျိုးချစ်များကို သမိုင်းစာမျက်နှာများတွင် ကျွန်တော်တို့ရေးထိုးမှတ်
တမ်းတင်ကြပါသည်။ထိုသူတို့သည် ဗဟုသုတလည်းရှိကြပေသည်။ စာဖတ်လည်းများကြသည်။
လေ့လာမှုအားကောင်းလှသည်။ လူထဲတွင် ၀င်ဆံ့ လျက် လူချစ်လူခင်လည်းပေါလှသည်။
ကိုယ့်ကိုကိုယ်နှိမ်ချသလောက် အမျိုးသားရေးတွင် စိတ်ဓါတ်ပြင်းထန်ကြသည်။ (
ဂျာနယ်ကျော် ဦချစ်မောင်
ဗိုလ်ချုပ်အောင်ဆန်း၊သခင်ကိုယ်တော်မှိုင်း၊စသည်…။)ထိုသူတို့သည်
အမျိုးသားရေးမလုပ်ခဲ့သော်၊ လူမျိုးနှင့် တိုင်းပြည်အတွက် အလုပ်မလုပ်ခဲ့
သော် ယနေ့ကျွန်တော်တို့ သမိုင်းစာမျက်နှာများတွင် သူတို့ကို
မြင်နိုင်စရာအကြောင်းမရှိပါ။ မိမိလူမျိုးဘာသာအတွက် ဟူ၍
အသက်စွန့်ကြိုးပမ်း ခဲ့ ကြသော သူရဲကောင်းများစွာကို
ထိုလူမျိုးနှင့်တိုင်းပြည်က မှတ်တမ်းတင် လေးစားဂုဏ်ပြုရပါသည်။
ပြည်တွင်းဖြစ်ဘာသာတော့ဘယ်ရှိမလဲ၊ အဲဒါတော့ ကိုမှော်ဆရာနည်းနည်းတော့လွဲနေပြီ၊ ဗုဒ္ဒ၀ါဒကလွှမ်းမိုးဝါးမြိုခဲ့တာမဟုတ်ပါဘူး။
အနော်ရထာမင်းကိုယ်တိုင်ကိုက အရည်းကြီးသာသနာကို စွန့်ပြီး မှန်ကန်တဲ့ ထေရ၀ါဒအယူကို မရမက ဖမ်းဆုပ်ခဲ့တာပါ။ စစ်နဲ့တိုက်ပြီးရခဲ့တာမှန်ပေမဲ့ ဘာသာတရားကို ရပုံရချင်းကျတော့ အစ္စလာမ်နဲ့ကွာတယ်ဗျ။ စစ်နိုင်တဲ့သူက စစ်ရှုံးတဲ့ သူထံက အယူဝါဒတွေ ယဉ်ကျေးမှုတွေ အတုခိုးခဲ့ရတာပါ။ အစ္စလာမ် ဘာသာတရားရပုံကတော့ စစ်အောင်နိုင်တဲ့ နိုင်ငံရဲ့ ဘာသာတရားက စစ်ရှုံးတဲ့နိုင်ငံရဲ့ ဘာသာတရားကိုလွှမ်းမိုးသွားခဲ့တာက ကော တရားနည်းလမ်းကျပါရဲ့လား။ အိန္ဒိယမှာ ဗုဒ္ဒတက္ကသိုလ်က ရဟန်းနှစ်သောင်း သတ်ဖြတ်ခံခဲရတယ်ဆိုတာက ဘာသာတရားပိုင်းအရ ကြည့်ရင်ဘယ်လိုမြင်မလဲ။ အဲဒါတွေကထားပါဗျာ မမြင်အပ်မေ့သင့်တဲ့ သမိုင်းကြောင်းတွေပါ (၂၁) ရာစုမှာကော ပြောင်းလဲလာတဲ့ လူယဉ်ကျေးမှု လူသားချင်းစာနာမှုတွေကော ရှိပါရဲ့လား။ လူလူချင်းခွဲခြားဆက်ဆံတဲ့ အကြောင်းမြန်မာပြည်မှာမကြားဖူးပါ။ အိန္ဒိယမှာသာ ဇာတ်နိမ့်ဇာတ်မြင့်ရှိသည်။ အစ္စလာမ်ဘာသာတွင်သာ လူမျိုးတူ အမျိုးသမီးကိုတောင်ခွဲခြားဆက်ဆံတာပါ။ လူအခွင့်အရေးချို့ယွင်းနေတဲ့ ဆော်ဒီလို၊ အာဖဂန်လိုနိုင်ငံမျိုးက အမျိုးသမီးတွေ အကြောင်းကော ပြန်စဉ်းစားကြည့်ပါဦး။ များသောအားဖြင့် မြန်မာနိုင်ငံမှာနေတဲ့ မြန်မာလူမျိုးက တရုတ်၊ ဟိဒ္ဒူ၊ မွတ်စလင်များကို ခွဲခြားဆက်ဆံခြင်းမရှိပါ။ သူတို့ကသာ ခွဲခြားဆက်ဆံပြီး အရောမ၀င်တာပါ။ လူမျိုးခြား မိန်းကလေးဆိုရင် မြန်မာလူမျိုးနဲ့ များသောအားဖြင့် မပေးစားပါ။ ချစ်လို့ယူရင်လည်းခွဲတာပါဘဲ။ ဘာသာခြားလူမျိုးများရဲ့ဆိုင်မှာ အလုပ်လုပ်နေကျတဲ့ ကိုယ့်မြန်မာလူမျိုးများသာ ခွဲခြားဆက်ဆံခံရပြီး အနှိမ်ခံနေရတာပါ။ အဲဒါအကို မြင်တတ်ရင် လက်ဖက်ရည်ဆိုင်တွေ ခေါက်ဆွဲဆိုင်တွေမှာဘဲလိုက်ကြည့်ပါဦး။ အရမ်းနှိမ်သူရှိသလို မနှိမ်သူလည်းရှိမှာပါ။ ၀ါးလုံးသိမ်းကြုံးတော့ ကျွန်တော်မဆိုလိုပါဘူး။ မဟာလူမျိုးကြီး ၀ါဒများပပျောက်ပါစေ။ မြန်မာလူမျိုး မြန်မာနိုင်ငံသားများ ကမ္ဘာသူကမ္ဘာသားများအားလုံး လူမျိုးကြီး ၀ါဒမရှိကြပါစေနဲ့ဗျာ။ ကိုမှော်ဆရာနဲ့ ကျွန်တော်နဲ့တောင်လူမျိုးတူ အမြင်ကွဲသေးတာပဲ။ မြန်မာနိုင်ငံသားတော်တော်များများ အကိုနဲ့ အမြင်မတူတာ ခွင့်လွှတ်လိုက်ပါဗျ။ (မျက်ကန်းမျိုးချစ်များကို မဆိုလို)။ နိုင်ငံရေးအရပြောရင် လက်ရှိအနေအထားအရ ပြည်ပအားကိုး အဆိုးမြင်များရဲ့ ရန်မှလွဲပြီး လတ်တလောနိုင်ငံရေး အခြေအနေအရ စစ်အာဏာရှင်စနစ်သို့ နောက်ထပ် ပြန်လှည့်ဖို့ ရာခိုင်နှုန်းမရှိပါကြောင်း ရဲရဲကြီးအာမခံရင်း မျက်စိမြင်မျိုးချစ်တစ်ယောက်ရဲ့အမြင်ကို နိဂုံးချုပ်ရေးသားလိုက်ရတယ်။
--


★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚
*Mr.Jugger*
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ