ဆောင်းပါးရှင် ရဲ့ စာ ထဲ မှာ လူ့ အခွင့်အရေး ဟာ အနောက်တိုင်း အယူအဆ တစ်ခု ဖြစ် သယောင်ယောင် ရေးသားထား တာ တွေ့ တယ်။ သူ့ ကို အဂတိ လိုက် တယ် လို့ အကို ထင်တယ်။ အာဏာရှင်သန်းရွှေ ခေတ် တုန်း က လီကွမ်ယူ က ပြော တယ်..ဒီ စကားမျိုးပဲ..လူ့ အခွင့်အရေး ဟာ အနောက်တိုင်း အယူအဆ တစ်ခု ဖြစ် တယ်..အာရှ မှာ အာရှ တန်ဖိုးတွေ ရှိတယ်..အဖေ က သားသမီး ကို ဆုံးမ ပိုင်ခွင့် ရှိသလို အုပ်ချုပ်သူ က လဲ ပြည်သူ ကို ဆုံးမ တာကို လူ့ အခွင့် အရေး နဲ့ တိုင်းတာ စရာ မလို..ဒါက အာရှတန်ဖိုးပဲ ဖြစ်တယ် ဆို ပြီး Asian Value and Cultural Relativism မျိုး ကို ပွဲ ထုတ် လာ တာ အကို မှတ်မိသေးတယ်..။ အဲဒီတုန်း က လီကွမ်ယူ က အာဏာရှင်သန်းရွှေ ခေါင်းဆောင် တဲ့ စစ်အစိုးရ ဟာ လူ့ အခွင့် အရေးတွေ ချိုးဖေါက် နေပေမဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်နိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော စည်းကမ်းရှိ အဖွဲ့ အစည်း ဖြစ်တယ် လို့ လဲ ပြော ရော အဘိုးကြီးလီ ကို သံကုန်ဆဲလိုက် ကြ တာ မိုးမွန် ခဲ့ ပါတယ်။ အဲဒီတုန်း က တော့ လူ့အခွင့်အရေး အလံထောင်ပြီး အာဏာရှင်စနစ် ကို တိုက်ပွဲဝင်ခဲ့ ကြတာပဲ မဟုတ်လား။
အကို ခိုင်ခိုင် မာမာ ခံ ယူထား တာ က တော့ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်း ဟာ အနောက်တိုင်း မှာ ပြဋ္ဌာန်းခဲ့ ပေမဲ့ လူသားထု တစ်ရပ်လုံးနဲ့ ဆိုင်တဲ့ လောက အမြင်ပဲ ဖြစ်တယ်။ ဆေးပညာ အင်ဂျင်နီယာပညာ ကွန်ပျူတာ ပညာ တွေ ဟာ အနောက်တိုင်း မှာ ပေါ်ပေါက်ခဲ့ ပေမဲ့ လူသားထု တစ်ရပ်လုံးနဲ့ ဆိုင်တဲ့ ပညာရပ်တွေ ဖြစ်နေသလို မျိုးပါပဲ။ ဒီလို မြင်ဖို့ လို တယ်။ ဒီ ကြေညာစာတမ်း တာ ပြီးပြည့်စုံတဲ့ လူသားဝါဒ အမြင် ဟုတ်ချင်မှ ဟုတ်မယ်..ဆက်လက် ဆွေါ်နွေးငြင်းခုန် နေကြ ဆဲ ပါပဲ။
ဒါပေမဲ့ လူ တစ်ဦးချင်း စီ ရဲ့ မွေးရာပါ အခြေခံ အခွင့် အရေးတွေ ဖြစ်တဲ့ ရှင်သန်ခွင့် ကျန်းမာရေး ပညာရေး ဘာသာရေး လူမှု ရေး နဲ့ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် တွေ လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့် ဆို တာ တွေ က တော့ လူ ဖြစ်နေတဲ့ သန်း ၇၀၀၀ သော လူသား တိုင်းနဲ့ ဆိုင်တဲ့ အခြေခံ အကျဆုံး အကြောင်း အရာတွေ ပဲ ဖြစ်တယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်လို အကြောင်းပြချက်မျိုးနဲ့ ဖြစ်ဖြစ် ဒီ လူ့ အခြေခံအခွင့် အရေးတွေ ကို မချိုးဖေါက်သင့် တာ အခြေခံ လူသား ကျင့်ဝတ် ပဲ ဖြစ်တယ်။ ဒါမှ လဲ လောက မှာ ကြီးနိုင်ငယ်ညင်းဝါဒ တွေ ကို ကာကွယ် နိုင်ပြီးတော့ အားနည်းသူ လူသားတွေ ကို စောင့်ရှောက်မှု ပေးနိုင်မှာ ပါပဲ။ အနောက်လဲ မဟုတ် အရှေ့လဲ မဟုတ် လူသားမျိုးနွယ် တစ်ရပ်လုံးနဲ့ ဆိုင်တယ် ဆို တာ မြင်စေချင်တယ်။
ညီလေးတို့ မြင်သလို လူ့အခွင့်အရေး ကို အရေခြုံသူတွေ ရှိနိုင်တာ ပါပဲ။ အကို လက်ခံ တယ်..။အမျိုးသားရေးဝါဒ ကို အရေခြုံ နေတဲ့ အခွင့်အရေးသမား ကြောင်သူတော် တွေ လဲ ရှိ နိုင်တာပဲ မဟုတ်လား။ အကိုပြောမယ်..ဆဒ္ဒန်ဆင်မင်း ကို သတ်ဖို့ သောနုတ္တိုရ် က သင်္ကန်း ဖုံးလွှမ်း ပြီးသွားခဲ့ တာပဲ ဖြစ်တာလေ..သင်္ကန်းနဲ့ ဘာသာရေး ကို မုန်းစရာ မှ မရှိပဲ။ ဒီလိုပဲ လူ့အခွင့်အရေး ကို အရေခြုံသူတွေ အမျိုးသားရေးဝါဒ ကို အရေခြုံ နေတဲ့ အခွင့်အရေးသမား ကြောင်သူတော် တွေ ကို အကိုတို့ ညီတို့ ပြတ်ပြတ်သားသား ဆန့် ကျင်ရ မယ်. တိုက်ဖျက်ရမယ် ဆို တာ အကို လက်ခံ တယ်။ ဒါပေမဲ့ ဒီလိုလူတွေ နိုင်ငံတွေ ကြောင့်တော့ လူသားဝါဒ နဲ့ အမျိုးသားရေးဝါဒ တွေ ကို အကို တို့ မုန်းစရာ မလို ပါဘူး။ ဒါတွေ ကို ခွဲခြားပြီး မြင်စေချင်ပါတယ် ညီလေး။
အကို့ အမြင်မှာ တော့ ဒီ အမြင် ၂ ရပ် ကို တိုက်ရိုက်ဆန့်ကျင်တယ်လို့ မထင်ပါဘူး။ အစိုးရတစ်ရပ်ဟာ မိမိ အမျိုးသားနိုင်ငံရဲ့ အကျိုးစီးပွား ကို ဦးတည်ပြီးဆောင်ရွက် ရ မယ် ဆို တာ က ပဓါန တာ ၀န် ပဲ ဖြစ်တယ်..။ ဒါပေမဲ့ ဒီလို လုပ်ဆောင်တဲ့ အခါ မှာ လူ့အခွင့်အရေး အမြင် လူသားဝါဒ အမြင်တွေ နဲ့ ထိန်းကျောင်းပြီး လုပ်ဆောင်ရမယ် လို့ အကို မြင်တယ်။ အခု ရိုဟင်ဂျာ ကိစ္စ လဲ ဒီလိုပါပဲ။ လူ့အခွင့်အရေး အမြင် လူသားဝါဒ အမြင်တွေ နဲ့ ထိန်းကျောင်းပြီး မြန်မာနိုင်ငံ ရဲ့ ရေရှည် အကျိုးစီးပွား အတွက် ဦးတည် လုပ်ဆောင်ကြရမှာ ပဲ ဖြစ်တယ်။ အမျိုးသားရေး အသံကောင်းလွှင့်ပြီးတော့ ကိုယ့်လူမျိုး အချင်းချင်း ရဲ့ အခြေခံ အခွင့်အရေးတွေ ကို ချိုးဖေါက် နေခဲ့ တဲ့ အာဏာရှင် အစိုးရ အဆက်ဆက် ကို အကို တို့ ခါးသီးခဲ့ ပြီးပြီလေ။ တော်လောက်ပြီလို့ တော့ အကို ထင်တယ်။ ဒီ ပြဿနာ က နေ လက်ယာစွန်းဖက် ကို ဆွဲယူပြီး နိုင်ငံရေး အမြတ်ထုတ်ကြမှာ မသင့်တော်ဆုံး ပဲ လို့ အကို မြင်တယ်။ အကိုတို့ မြင်ချင်တဲ့ အစိုးရမျိုး က ဒီ အမြင် ၂ ရပ်လုံး ကို သမမျှတ ဖေါ်ဆောင်နိုင်မဲ့ အစိုးရမျိုးပဲ ဖြစ်ပါတယ်။
"လူ့အခွင့်အရေးဆိုတာ တစ်ခုခုတံဆိပ်ကပ်ထားတဲ့ မျှော့ကြိုးby Moe Kay Khamm on Wednesday, August 22, 2012 at 12:28am ·ဟိုတလောက သမ္မတကြီးနဲ့ အင်တာဗျုးတစ်ခုမှာ မေးခွန်းမေးသူရဲ့ စကားတစ်ခွန်းပေါ့။ ရခိုင်အရေးကိစ္စမှာ ပြည်တွင်း မီဒီယာတွေနဲ့ ပြည်ပမီဒီယာတွေ သတင်းဖေါ်ပြပုံချင်း ခြားနားတာကို သူက ညွှန်းပြပါတယ်။ ပြီးတော့.. ပြည်တွင်းမီဒီယာတွေက အမျိုးသားရေးအမြင်လောက်နဲ့ ဖော်ပြကြတာဖြစ်ပြီး၊ ပြည်ပမီဒီယာတွေက လူ့အခွင့်အရေးအမြင်နဲ့ ဖော်ပြကြပါတယ်..တဲ့။ ဆိုလို ချင်တာကတော့ ပြည်တွင်းမီဒီယာတွေက အိုင်ငယ်လေးထဲက ဖားသူငယ်တွေဖြစ်ပြီး၊ ပြည်ပမီဒီယာတွေကတော့ ပင်လယ်ထဲက ငါကြီးအာနန္ဒာတွေပေါ့။ ဒီလို။
သူ့ကို ကျွန်တော် တစ်ခွန်းထဲပဲ ပြန်မေးချင်တာပါ။ "ခင်ဗျား ဘာလူမျိုးလဲ" လို့ပါ။ မကြားချင်ကြဘူးလားဗျာ၊ ပြည်ပမှာ သူများ ပေးစားကမ်းစား အရိုးအရင်းလေးကို ကိုက်ဝါးပြီး အသက်ရှင်နေကြရတဲ့ သူတို့လို လူများဆီက ဘာသံထွက်လာမလဲ ဆိုတာ။ အောက်ကလိအာ ကလွဲလို့ အခြားမရှိဘူးပ။
အဲဒီလို ဇာတိပုညကို မေ့ပြီး လေကြီးဖင်ကျယ်ချင်ကြတဲ့ မြန်မာလူမျိုးတစ်ချို့ကို ကျွန်တော်ကတော့ ပြောထားချင်တယ်။ သမိုင်းဆိုတာ ရပ်တန့်မနေဘူးလို့ပါ။ ပြီးခဲ့တဲ့ ရာစုနှစ်နောက်ပိုင်းနဲ့ ဒီရာစုသစ်မှာ အနောက်ဘက်က လွှင့်တဲ့လှိုင်းက အရင်လို မဟုတ်တော့ဘူးဗျ။ နားယဉ်သာတဲ့ အသုံးအနှုန်းတွေနဲ့..။ တပ်မက်စရာ အသွေးအရောင်နဲ့ ဖြစ်လာတယ်။ ဟုတ်ပြီ၊ ဒါ လူ့သမိုင်း ဖြစ်စဉ်ရှည်ကြီးထဲက အခိုက်အတန့်ကာလတစ်ခုမျှသာပါပဲ။ သမိုင်းက ဘယ်လို ပြောင်းလဲမယ်၊ ဘယ်တော့ ချိုးကွေ့မယ် ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
အခုနေမှာ လူ့သမိုင်းရဲ့အဓိက ဖော်ဆောင်ရာဟာ အနောက်အရပ်ဖြစ်နေပေမယ့် ကျွန်တော်တို့ကမ္ဘာ့အရှေ့အရပ်ဆီကို အဲဒီစာမျက်နှာ ရောက်မလာဘူးလို့ ဘယ်သူ ပြောရဲမလဲ။ (အရှေ့တိုင်းက အသက်သုံးဆယ်ရှိ လူရွယ်တစ်ယောက်အနေနဲ့ ဒီလိုပဲ ကျွန်တော် ရှေ့ကို အားမာန်တင်းပြီး မြင်ပါတယ်။) အဲဒီအခါကျမှ အဲဒီလို ခြောက်ပြားတစ်ပဲ လူမျိုးတွေ ဖင်တယမ်းယမ်းနဲ့ မျောက် သစ်ကိုင်းလွတ် ဖြစ်ကြမှာကို ကြို မြင်ယောင်သေးရဲ့။
တကယ်တော့ "လူ့အခွင့်အရေး" ဆိုတဲ့ ဝေါဟာရဟာ ကျွန်တော်တို့ဆီမှာ မရှိပါဘူး။ တကယ်ရှိနေတဲ့ ဝေါဟာရက "Human right" ဆိုတာပါပဲ။ ကျွန်တော်ပြောချင်တာကို ခင်ဗျားတို့ နားလည်ကြရဲ့လား မသိဘူး။ "Human right" ဆိုတာ ကျွန်တော်တို့ မြန်မာဝေါဟာရမှ မဟုတ်ပဲလေဗျာ။ နိုး..နိုး..။ ထိုင်းဘာသာစကားလည်း မဟုတ်၊ အင်ဒိုနီးရှန်း, ကမ္ဘောဒီးယန်း, ဖိလစ်ပင်း, ချိုင်းနီး, အာရေဗီးယန်း.. ဘာတစ်ခုမှ မဟုတ်ဘူး။ အဲဒီသိုးဆောင်းဝေါဟာရဟာ ဘယ်ခေတ်မှာ စတင်ပေါ်ပေါက်ခဲ့ တယ်ဆိုတာ ကျွန်တော် မသိပေမယ့် ကမ္ဘာအနှံ့အပြားကို အဓိက တင်ပို့ဖြန့်ဖြူးသူကတော့ ပထမကမ္ဘာစစ်ကနေ အခုချိန်ထိ လူသတ်လက်နက်ကြီးတွေကို ရောင်းစားပြီး ချမ်းသာနေတဲ့ "လူသတ်လက်နက်ကုန်သည်"နိုင်ငံကြီးတစ်နိုင်ငံပဲဗျ။
အဲဒီဝေါဟာရကိုပဲ "အိမ်ရှင်ထက် အိမ်စောင့်ခွေးက ဟောင်သံပိုကျယ်"ဆိုသလို ဒီနောက်ပိုင်းမှာကျတော့ စတင်ဖြန့်ချိသူ တွေထက် ကျွန်တော်တို့အရှေ့အရပ်ဆီကနေ ပြောင်းရွေ့သွားကြတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်းတွေက ပိုလို့ ကျယ်ကျယ်လောင် လောင် ဟောင်သံပေးလာကြတယ်။ တကယ့်ကိုပဲ အိပ်ရေးပျက်လှပါတယ်။
ကျွန်တော် ရယ်ချင်တာကဗျာ..၊ နာဂစ်အရေးတို့..ရခိုင်အရေးတို့..စတာတွေမှာ ကိုယ့်မှာရှိတဲ့ ပုဆိုးနှစ်ထည်ထဲက တစ်ထည်ချွတ်လှူခဲ့ရတဲ့ ကျွန်တော်တို့တွေ..၊ ကိုယ့်သားသမီးရဲ့ ကျောင်းဝတ်စုံ သုံးလေးစုံထဲက တစ်စုံထုတ်လှူခဲ့ရတဲ့ ကျွန်တော်တို့တွေ..၊ ကိုယ့်မှာရှိတဲ့ ငါးမူးတစ်မတ်ထဲက တစ်မတ်ဆယ်ပြား လှူခဲ့ကြတဲ့ ကျွန်တော်တို့တွေ..။ ဒီလိုလူမျိုး ဒီလိုနိုင်ငံ သားတွေကိုမှ ဒီ "လူ့အခွင့်အရေး"ဆိုတာနဲ့ လာလာပြီး လက်ချာရိုက်ရိုက်နေကြတာကိုပဲ။ လေနဲ့သနားကြ၊ လေနဲ့ သွားလေသူ စစ်အစိုးရကို ပုတ်ခတ်ပြ၊ လေနဲ့ တည်ဆောက်ထားတဲ့ဘဝတွေ..၊ လေကလေးနဲ့ စားရေးသောက်ရေး ရှာကြံနေကြတဲ့ သူတွေကများဗျာ..။ ကျွန်တော်တို့လို တိုင်းပြည်နဲ့လူမျိုးကို အပေါ်စီးကနေ ဆရာကြီးလေသံနဲ့ ဟောက်နေကြချင်သေးတာ။
တစ်ချို့က ပြောကြမယ်၊ "ကုလသမဂ္ဂ မှာတောင် လူ့အခွင့်အရေးကြေညာစာတမ်း ဆိုတာ ရှိနေသေးတာပဲ" လို့..။ အဲဒီ ကုလသမဂ္ဂဆိုတဲ့အဖွဲ့ကြီးကရော..၊ ဟိုနိုင်ငံကြီးက သူ့မှာရှိတဲ့ လက်နက်ဆန်းတွေ ဟိုစမ်းသပ်ဒီစမ်းသပ်လုပ်နေတာကို တားမြစ် နိုင်ရဲ့လားလို့။ ကန့်ကွက်နိုင်ရဲ့လားလို့။ "စိုးရိမ်မိပါတယ်၊ ပူပန်မိပါတယ်" ဒီလောက်နဲ့ပဲ ဘေးကနေ ရပ်ကြည့်နေရတာပဲလေ။ အာဖဂန်မှာ အီရတ်မှာ နှစ်တွေချီပြီးကြာမြင့်အောင် မီးခိုးမဆုံး မိုးမဆုံး ပြဿနာတွေ ရှာတော့ရော.. ဘာများတတ်နိုင်လို့လဲ။ အီရတ်မှာဝင်တော့.. အကြောင်းပြချက်က ဓာတုလက်နက်တွေကြောင့်တဲ့။ အခုထိ သူတို့ပဲ အီရတ်တစ်ခွင် ပြဲပြဲစင်အောင် မှောက်လှန်ပြီးသွားပြီ။ ရိုးသားတဲ့ အာရပ်မွတ်စလင်လူမျိုးတွေကို အကြောက်တရားဆီ အရောက်ပို့ပေးပြီး သွေးနဲ့ ဒီမိုကရေစီ စာတမ်းကို ရေးပြနေတုန်း..။ဘယ်မလဲ..ဓာတုလက်နက်..။ အဲဒါကိုကျတော့ ပြောကြလေ..၊ အသံလွှင့်ကြလေ..။ ထောက်ပြကြလေ..။
ဒီလိုမျိုးလူသားမျိုးနွယ်တစ်ရပ်လုံးကို တရစပ်ဒုက္ခပေးပြီး ရိုးသားတဲ့ပြည်သူတွေ ကျီးလန့်စာစားဖြစ်အောင် လုပ်နေတာကိုတော့ ဘာမှ မပြောကြပဲ၊ ကျွန်တော်တို့လို နိုင်ငံငယ်လေးမှာ ဖြစ်တဲ့ကိစ္စကျမှ အော်ကြီးဟစ်ကျယ်နဲ့။ တကယ့် ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေ..။
ကျွန်တော်တို့နိုင်ငံလွတ်လပ်လေးရပြီးကတည်းက အခုအထိ ဖြစ်နေတဲ့ပြဿနာပေါင်းသောင်းခြောက်ထောင်ကိုပဲ ကြည့်။ သူတို့စနက်နဲ့ ဘယ်တစ်ခုက ကင်းဖူးလို့လဲ။ သူတို့ဝင်လို့ရတဲ့အစိုးရတွေ လက်ထက်မှာဆို ဝင်မွှေတယ်။ ဝင်လို့မရတဲ့ အစိုးရများတက်တဲ့အခါကျတော့ ဘေးကနေ ကပ်ပြီး လှိုက်ဖြိုတယ်။ ဘာလဲ.. အကူအညီ..ဆိုတာကို ပြောကြဦးမလို့လား။ ဟုတ်ကဲ့ .. ကျေးဇူးအများကြီးတင်ပါတယ်..။ နှောင်ကြိုးမပါတဲ့ စေတနာသန့်သန့်အကူအညီမျိုးတွေကို။ ကျန်တာ မပြောချင်ဘူး။ သိပ်မကြာသေးခင်က အဲဒီနိုင်ငံကြီးရဲ့ အစိုးရထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ကျွန်တော်တို့နိုင်ငံကို လာသွားတယ်။ အဲဒီနောက် လအနည်းငယ်ခြားပြီးတော့ပဲ လာအိုကို သွားတယ်၊ ကမ္ဘောဒီးယားကို သွားတယ်။ ဗီယက်နမ်ကို ချန်ထားခဲ့တယ်။
ကြည့်..ကြည့်..။ ဟိုအရင်ကဆို ဗီယက်နမ်မှ ဗီယက်နမ်ဖြစ်နေခဲ့တာနော်။ ဘာဖြစ်လို့ အဲဒီလိုမြားဦး ပြောင်းလာတာလဲ။ အသိသာကြီးပါ။ ဗီယက်နမ်ထက် မြန်မာ..လာအိုနဲ့ ကမ္ဘောဒီးယား.. ဒီသုံးနိုင်ငံကိုသာ သူတို့ဘက်ယိမ်းအောင် လုပ်ထားနိုင်ရင် ဘယ်နဂါးဆိုတာ အမောက်ထောင်နိုင်တော့မလဲ..။ ပထဝီဝင်နိုင်ငံရေးအရ ဒါဟာ သေချာတဲ့ "ချက်"ကွက်ပါပဲ။ ပြောတော့ပြောတာပေါ့..။ သူတို့နဲ့ ဆက်ဆံရေးပြေလည်တာနဲ့ အရင်ကဆက်ဆံခဲ့တဲ့ နဂါးကြီးနဲ့ ပြတ်စဲတာမျိုး မမြင်ချင်ပါဘူး..လို့လေ။ အဟင်းဟင်း..။ ဒီလိုလေးတော့ ရှောင်ပြီး ပြောတတ်ရတာပေါ့..။ ဒါ နိုင်ငံရေးပဲဥစ္စာ။ ပြောချင်တာက သူတို့အကျိုးအမြတ်ကင်းတဲ့ကိစ္စတော့ အဲဒီနိုင်ငံကြီးက ဘယ်တော့မှ မလုပ်ဘူး ဆိုတာပါပဲ။
ဟုတ်ပါပြီ..။ ရခိုင်ကိစ္စမှာ လူ့အခွင့်အရေးလို့ ပြောလာကြတယ်။ ဘာလဲ လူ့အခွင့်အရေး..။ ကျွန်တော်လည်း ရှာဖွေပြီးထားလို့ "လူ့အခွင့်အရေးကြေညာစာတမ်း"ဆိုတာကို ဖတ်ဖူးပါတယ်။ အမလေးလေး.. အဲဒီလိုသာ တကယ်တမ်း သူတို့နိုင်ငံတွေမှာ ကျင့်သုံးနေကြတယ်ဆိုရင်လေ..။ မပြောချင်တော့ပါဘူး။ ကျွန်တော်လည်း အဲဒီဝေါဟာရပျားရည်ဆမ်းမှာ ပျော်ဝင်ခဲ့ဖူးတာပါပဲ..။
ဒါပေမယ့်လေ..။ ဟိုတုန်းက ကိုး/ဆယ့်တစ်ကိစ္စဖြစ်ပြီးတော့ အဲဒီနိုင်ငံကြီးရဲ့ လေဆိပ်ဝင်ပေါက်တွေမှာ အစ္စလာမ်ဘာသာဝင်ဆိုရင် ဘယ်လို အစစ်အဆေးအရှာအဖွေခံရတယ်..ဆိုတာလေး ပြန် သတိရကြစေချင်ပါတယ်။ လူ့အခြေခံသိက္ခာနဲ့ မိန်းမသားတွေအပေါ်မှာ ထားရှိရမယ့် ကျင့်ဝတ်တွေကိုတောင် ဖောက်ဖျက်ပြီး ရှာဖွေလိုက်ကြတာများလေ။ ဒါ..သူတို့နိုင်ငံသူတို့လူမျိုးကို ကာကွယ်တာပေါ့..။ ကဲ.. ဒါဆို ကျွန်တော်တို့ကရော..ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့ လူမျိုးအတွက် အဲဒီလို အခွင့်အရေး မရှိဘူးလား..။ ပြောကြပါဦးလေ..။
"လူ့အခွင့်အရေး"ဆိုတာကို ပြန်ပြောရဦးမယ်။ ကျွန်တော့်မှာလည်း အိပ်ဆောင် မီနီဒစ်ရှင်နရီလေးပဲ ရှိတော့။ အဲဒီလောက်ပဲပေါ့လေ..။ ဒါပေမယ့် Oxford ကနေ ခုနစ်ကြိမ်မြောက်တည်းဖြတ်ထုတ်ဝေထားတဲ့ Dictionary ပါ။ ကဲ ကြည့်။ အရင်ဆုံး Human ဆိုတဲ့တည်ပုဒ်ကို ပြပြီးမှ Human rights လို့ ထပ်ဆင့်တည်ပုဒ်တည်ပါတယ်။ အဲဒါကိုမှ basic rights to which all people are entitled. ပါတဲ့။ ဒီလို ဖွင့်ပါတယ်။ ဘာမှခက်ခဲတာ မဟုတ်လို့ ကျွန်တော် ဘာသာပြန်မပြတော့ပါဘူး။ ဖြစ်ကြရဲ့ မဟုတ်လားဗျာ..။
ထားတော့ဗျာ..။ ကျွန်တော်တို့က "မေတ္တာ ကရုဏာ မုဒိတာ" လို့ ပြောတယ်။ သူတို့က "လူ့အခွင့်အရေး" လို့ပြောတယ်။ ကျွန်တော်တို့က "နီတိ"လို့ ပြောတယ်။ သူတို့က "Ethic" လို့ ပြောတယ်။ အသစ်အဆန်း မဟုတ်တဲ့စကားလုံးတွေပါဗျာတို့ရေ။ အစိုးရအဆက်ဆက် မှားယွင်းတဲ့စီမံခန့်ခွဲပုံတွေကြောင့် ကျွန်တော်တို့တတွေ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုမှာ နှေးကွေးခဲ့ကြရပေမယ့် စိတ်ပိုင်းဆိုင်ရာ အသိနဲ့ လေ့လာကျင့်သုံးမှုတွေမှာတော့ သူတို့ဆီက အပေါ်ယံရွှေမှုံကြဲအထဲက နွားချေးခံ ဝေါဟာရတွေကို အထင်ကြီးနေစရာ မလိုပါဘူး။ ဘာမှ မကြည့်နဲ့။ လူမျိုးသမိုင်း နိုင်ငံ့သမိုင်းကိုပဲကြည့်..။ ကျွန်တော်တို့ရဲ့ ဘိုးဘေးပျူလူမျိုးတွေ မြို့ပြနိုင်ငံတွေ တည်ထောင်ပြီး ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာကို ဖော်ဆောင်နိုင်နေစဉ်မှာ အဲဒီအနောက်ဘက်ဒေသက လူမျိုးတွေဟာ လူရိုင်းဘဝသာသာပဲ ရှိနေတာပါ။
ပြောရင်းပြောရင်းနဲ့ ပြောချလာလိုက်တာ ကျွန်တော် မောလာတယ်ဗျာ..။ ကျွန်တော်တို့ဟာ ဗုဒ္ဓမြတ်စွာရဲ့ ကေသမုတ္တိသုတ်တော်ကို ယုံကြည်လိုက်နာကြသူတွေပါ။ ဒေါက်တာမာက်ခ် ကိုလည်း ဆရာမှတ်ကြီးအဖြစ်နဲ့ တလေးတစားဆက်ဆံခဲ့ကြသလို.. အစ္စလာမ်ဘာသာဝင်ကုန်သည်တွေကိုလည်း ရှေးဘုရင်များလက်ထက်ကတည်းက နန်းဝင်နန်းထွက်ချီးပင့်မြှောက်စားခဲ့ကြတာပါ။ မန္တလေးမှာ ဆိုရင်လည်း မြို့ခံမန္တလေးသားတွေဟာ အစ္စလာမ်ဘာသာဝင်တွေကို ရပ်ဆွေရပ်မျိုးလိုပဲ ရင်းနှီးယုံကြည်စွာ ဆက်ဆံခဲ့ကြတာပါ။ ဟိုဘက်ဒီဘက်က သွေးထိုးမှုတွေ ရောက်မလာခင်ကပေါ့လေ။
အဲဒီတော့.. ခက်ခဲတဲ့လူမှုအရှုပ်အထွေးတွေကို ကျွန်တော်တို့နိုင်ငံလေးရဲ့ ခေါင်းပေါ်မှာ လာလာပြီး အမှိုက်ထုပ်လို ဖြည် မချကြပါနဲ့လို့.. အဲဒီနိုင်ငံကြီးတွေနဲ့ ကပ်ဖားယပ်ဖား သူတောင်းစားတွေကို တောင်းပန်ပါရစေ..။ ငတ်ရင်လည်း တခြားနည်းနဲ့သာ ရှာကြံစားကြစေချင်ပါတယ်။ ကိုယ်မွေးခဲ့တဲ့နိုင်ငံရေမြေကို သစ္စာဖောက်တဲ့လုပ်ရပ်ကိုတော့ ကိုယ့်ဖာသာကိုယ် ပြန်ပြီး ဆန်းစစ်ဝေဖန်ကြပါဦး..လို့.။
ကိုယ့်နိုင်ငံကိုယ့်လူမျိုးကိုတောင် ချစ်မြတ်နိုးရမှန်း မသိတဲ့ လောက်လို လူစားတွေက "လူ့အခွင့်အရေး"လို့ ပြောလာတာကို ယုံစားဖို့ရာကတော့ အာကာကို လွှာပုံပြုပြီး မေရုကို စုတ်တံချီနိုင်မှပဲ ဖြစ်ပါလိမ့်မယ်လေ။
--မာဃလုလင်
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ