Re: [mrsorcerer:29971] သိချင်တာလေးပါ။

ဟုတ်ကဲ့ဗျ။ ဂိုဂယ်ဂရုတွေကိုတော့ အရင်က စာတစ်ချို့ ပို့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်း မပို့ဖြစ်ပါဘူး။ မြန်မာ့အရုဏ်သစ် ဖေ့ဘုတ်ပေ့ခ်ျမှာ စာတက်လာရင် ကျွန်တော်တို့ဆီ ဒါရိုက်နိုတီဖီကေးရှင်းလုပ်ထားတော့ မြင်နေရပါတယ်။

အသင်းဝင်ရင် လစဉ်ကြေးရယ်လို့တော့မဟုတ်ပါဘူး။ အဖွဲ့ရပ်တည်ရေးအတွက် မန်ဘာဝင်သူတွေက တစ်လကို တစ်ထောင်နှုန်း(အနည်းဆုံး) နဲ့ အဖွဲ့ကို ကူညီဖို့ ဆုံးဖြတ်ထားကြပါတယ်။ ဒါက အဓိက အလှူငွေမဟုတ်သေးပါဘူး။ ဒါပေမယ့် အဖွဲ့အတွက် အလှူငွေဆိုရင်တော့ မမှားပါဘူး။ ဒုက္ခရောက်လို့ လှူပေးမယ့် အလှူကိစ္စကတော့ အမှုဆောင်တွေ တိုင်ပင်ကြပါတယ်။ အဲဒီအတွက် အကြောင်းသင့်ရင်လည်း လှူနိုင်ပါတယ်။ အသင်းအတွက် ကူညီပေးရမယ့် တစ်ထောင်နှုန်း(အနည်းဆုံး)ဆိုတာကလည်း သတ်မှတ်တာမျိုးလို့ မထင်စေချင်ဘူး။ အားလုံးဟာ စေတနာတွေထားပြီး လုပ်နေကြပေမယ့် လိုအပ်တဲ့ သွားလာစရိတ်၊ အထွေထွေစရိတ်လေးတွေဟာ အသင်းကနေ ကုန်ကျဖို့ လိုအပ်တဲ့အတွက် အသင်းဝင်တွေဆီက အသင်းအတွက် သတ်မှတ်တောင်းခံရသလို ဖြစ်ပါတယ်။ အသင်းစရိတ်တွေကို တစ်ဦးတည်းကနေပြီးတော့လည်း အမြဲတမ်း အကုန်မခံနိုင်ကြဘူးလေ။ ဒါပေမယ့် အသင်းစရိတ်မသုံးဖြစ်တဲ့အခါတွေရှိချင်ရှိနေနိုင်တဲ့အခါမျိုးမှာ စာရင်းနဲ့တကွ ပြုစု စုဆောင်းထားပါတယ်။ အလှူရှင်ကလည်း တောင်းခံကြည့်ရှုနိုင်ပါတယ်။

အလှူရည်မှန်းချက် အစီအစဉ်ကတော့ အမြဲရှိနေပါတယ်။ ဒီတော့ အလှူငွေလက်ခံတာကလည်း အမြဲဖြစ်နေမှာပါဗျ။ ပါဝင်ချင်ရင်တော့ သစ္စာဆိုရပါမယ်  ဆိုတာကတော့ အခြားအဖွဲ့တွေမှာ မလုပ်ခဲ့လောက်ပါဘူး။ ဒါကလည်း ဆိုကို ဆိုရမယ်လို့တော့ မဟုတ်ပါဘူးဗျ။ ကျွန်တော်တို့အဖွဲ့လေးကို ယုန်ထင်ကြောင်ထင် ထင်ကြမှာကို စိုးရိမ်ပါတယ်။ အကြောင်းက တလောက ဖေ့ဘုတ်စာမျက်နှာတစ်ခုမှာ ပရဟိတကို ခုတုံးလုပ်ပြီးတော့ ငွေတွေ လိမ်လည်တယ်ဆိုတဲ့ စာကို ဖတ်လိုက်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ယုံကြည်ချက်၊ လုပ်ဆောင်ချက်တွေဟာ အလှူခံပုဂ္ဂိုလ်အတွက် ရည်စူးတယ်ဆိုတာက အလှူရှင်တွေ သိစေချင်လို့ ကျွန်တော်ကစပြီး သစ္စာဆိုခဲ့ပါတယ်။

အဓိကကတော့ အမှုဆောင်တွေပေါ့ဗျာ(ငွေကောက်ပေးကြရတာကိုး) အသင်းဝင်ကတော့ အလှူရှင်တွေဆိုတော့ မလိုပါဘူး။ တကယ်တော့ အမှုဆောင်တွေထဲလည်း မဆိုဖြစ်သေးသူလည်းရှိပါတယ်(မဖတ်မိတာ ဖြစ်မှာပါ) ။  ကျွန်တော်တို့တွေ စေတနာတွေထားပြီး တတ်နိုင်သလောက် လုပ်ဆောင်နေကြတယ်။ အခုဟာက အလှူရှင်က အွန်လိုင်းအချိတ်အဆက်နဲ့ ရတာတွေများပါတယ်။  ဖေ့ဘုတ်လိုသတင်းပြန့်လွယ်တဲ့နေရာတစ်ခုကနေ ဘာအကြောင်းရယ်ကြောင့်မသိရေးလိုက်တဲ့ စာအချို့ကို ဖတ်မိသူတွေ အွန်လိုင်းပရဟိတကို အထင်လွဲချင် လွဲနိုင်ပါတယ်။ သူတို့ရဲ့ စိတ်မှာ ဖြစ်ပေါ်မယ့် စေတနာ သဒ္ဒါတရားတို့ဟာ ထိုစာမျိုးကြောင့် တိမ်မြုပ်သွားနိုင်ပါသေးတယ်။  ဒါကြောင့် လမ်းလျှောက်နိုင်စဖြစ်လာတဲ့ အဖွဲ့လေးကိုလည်း ဆက်လက် ရှင်သန်စေလိုတဲ့ စိတ်တွေနဲ့ အမှုဆောင်တွေ ရိုးသားကြောင်း သက်သေပြတဲ့အနေနဲ့ ဆိုဖြစ်ကြတာပါ။

ဖြစ်တတ်ပါတယ်Bro ။ ကျွန်တော်တို့တွေ ဖေ့ဘုတ်မှာလည်း အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ စနောက်နေကြပါတယ်။ အသင်းဝင်အင်အားသိပ်တော့ မများလှသေးပါဘူး။ ပိုပြီး သိချင်ရင်တော့ ကိုစိုးနိုင်နဲ့ ကိုလူစိမ်းကို မေးပါခင်ဗျ။

ရွှင်လန်းချမ်းမြေ့ပါစေ

2012/8/26 Minhtet Lin <minhtetlin09@gmail.com>
ကျွန်တော်ပြောတာရိုင်းသွားရင် ကျွန်တော်တောင်းပန်ပါတယ်။လူမျိုးကိုစော်ကားတာလည်း မဟုတ်ပါဘူး။
ကျွန်တော်ကိုယ်တိုင်ကလည်း မြန်မာပါ။ကောက်ရိုးမီး ဖြစ်တတ်ကြလွန်းလို့ ရင်ထဲမှာ မချိတဲ့ ခံစားချက်လေးပါသွားတာခွင့်လွှတ်ပါ။
ကျွန်တော်စိတ်ဝင်စားပါတယ်။
အဖွဲ့လည်း ၀င်မှာပါ။ဒါပေမယ့်သိချင်တာလေးတွေရှိတယ်ဗျ။ဖြေပေးကြပါဦးနော်။
၁။ကျွန်တော် အင်တာနက်ပုံမှန်လိုလို သုံးဖြစ်ပါတယ်။အဲ့မှာ......လူမှုရေးအဖွဲ့ဖွဲ့ကြောင်း လုံးဝမတွေ့မိတာပါ။
စ ပြောတုန်းကတော့ ကျွန်တော်ကိုယ်တိုင်လည်း ၀င်ဆွေးနွေးဖူးတဲ့ ကိစ္စဆိုတော့ စိတ်ဝင်စားလွန်းလို့ လောသွားပြီး အပြောရိုင်းသွားတာပါ။
၂။ခု ဖွဲ့ထားတဲ့ အဖွဲ့က လစဉ်ကြေးဆိုပြီးရှိတာလား။အစီအစဉ်ရှိတော့မှ ပိုက်ဆံ စုကြတာလား။
၃။2012/8/26 goodluck zaw <goodluckzaw@gmail.com> ပြောထားတဲ့ ပါဝင်ချင်ရင်တော့ သစ္စာဆိုရပါမယ် ဆိုတာက ဘာလဲ။

ကျွန်တော် သိချင်တာလေးတွေကို ပြန်ဖြေပေးကြပါ။
ဘာပဲဖြစ်ဖြစ် အားလုံးကိုလေးစားပါတယ်။
အပြောအဆိုမတတ်တဲ့ ဒီငနဲလေးကို တကြိမ်တခါလေး သည်းခံပေးကြပါ




2012/8/26 goodluck zaw <goodluckzaw@gmail.com>
ကိုမင်းထက် ပါဝင်ချင်ရင် နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။ အသင်းဝင်ဖြစ်ဖြစ် အမှုဆောင်ဖြစ်ဖြစ်ပေါ့ဗျာ။ ပါဝင်ချင်ရင်တော့ သစ္စာဆိုရပါမယ်။ ကျွန်တော်တို့တွေ ပရဟိတလုပ်တာပါ။

ကိုယ်ကျိုးမရည်ရွယ်ခဲ့ပါဘူးဗျ။ အခြေအနေသိချင်လို့ မေးတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် ထေ့တဲ့သဘောတော့ မဖြစ်စေချင်ဘူး။ မုဒိတာပွားစေချင်ပါတယ်။

ကျွန်တော်တို့ ဦးကျော်သူကို အားကျတယ်။ ဒါပေမယ့် ဦးကျော်သူလောက်တော့ မဟုတ်နိုင်သေးဘူး။

ဦးကျော်သူလိုမဟုတ်သေးလို့ ဒီအဖွဲ့ မဟုတ်ပါဘူးကွာဆိုရင် ၀မ်းတွင်းမှာ ပဋိသန္ဓေတည်ရတဲ့ သားလောင်းလေးတွေ မွေးမလားနိုင်တော့ဘူး။

သဘောသဘာဝကိုက သေးရာကနေ ကြီးရတာမဟုတ်လား။

 ကျွန်တော်တို့တွေ မြန်မာ့အရုဏ်သစ်ဟာ လမ်းလျှောက်တတ်စ စကားပြောတတ်စ သင်ယူစ

(အရွယ်နဲ့ပြောရင် ကလေးလေးဘ၀)၊ ဒါပေမယ့် လောကကို အကျိုးပြုဖို့ မွေးဖွားခဲ့ပြီးပါပြီ။ လက်ရှိတော့ လမ်းလျှောက်တတ်စလေးပါပဲ။ ပြေးလွှားနိုင်ဖို့ ခရီးတွင်ဖို့ ကြိုးစားလျက်ပါ။ ကူညီချင်စိတ်ရှိရင် မြန်မာပြည်သူပြည်သားတွေအတွက် လက်တွဲနိုင်ပါတယ်။

ပါဝင်လိုစိတ်ရှိမရှိ အကြောင်းပြန်ပေးပါခင်ဗျ။ ပရဟိတလုပ်ခြင်းကို ဂုဏ်ယူတယ်ဗျ။ ကျွန်တော်ကတော့ မြန်မာဖြစ်လို့ ဂုဏ်ယူတာမဟုတ်ဘူး။  မြန်မာထဲမှာလည်း ဂုဏ်ယူစရာမကောင်းတဲ့သူတွေ ရှိနေတတ်ပါတယ်။

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့

မြန်မာ့အရုဏ်သစ် ပရဟိတအသင်း၏ စာမျက်နှာ

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ မိတ်ဆက်

လူမှုရေးလုပ်ရန် စိတ်ဝင်စားသူများ ဆက်သွယ်ရန် (ဖောင်ဖြည့်ရန်)





--




--
မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့

မြန်မာ့အရုဏ်သစ် ပရဟိတအသင်း၏ စာမျက်နှာ

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ မိတ်ဆက်

လူမှုရေးလုပ်ရန် စိတ်ဝင်စားသူများ ဆက်သွယ်ရန် (ဖောင်ဖြည့်ရန်)

`` အိမ်ထောင်ဟူသည် မသာယာလျှင် အကျဉ်းထောင်တစ်မျိုး၊ သာယာပြန်လျှင် သံသရာ အမှောင်တိုး ´´

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ