လူ သည် ဘာသာတရား အတွက် အသုံးချခံ မဟုတ် ဘာသာတရား သည် သာ လူ့ အကျိုး အတွက် အသုံးချခံ ဖြစ် တယ် ဆို တာ ကို စိတ်ထဲ စွဲမြဲအောင် သတိကပ်နေကြဖို့ တော့ လို တယ်။ ငြိမ်းချမ်းတဲ့ ကမ္ဘာ တိုးတက်တဲ့ ကမ္ဘာ ဆို တာ တို့ လူသား တွေ ရဲ့ လက် ထဲ မှာ ပဲ ရှိတယ်။ လူ့ ကံကြမ္မာ ဟာ လူ့ လက်ထဲ မှာ မရှိဘူး လို့ ယူဆ လိုက် တာ နဲ့ ဘာသာရေးဆရာ တွေ ဘုန်းကြီးတွေ ရဲ့ သားကောင် ဖြစ်ရပြီ သာ မှတ်။
2012/8/28 Thantsin Phyoe <thantsinphyo@gmail.com>
ဂျီဟတ်ကိုတလွဲအဓိပ္ပာယ်ဖွင့်တာ... အငုံ့စိတ်ထဲမှာ ဘာသာရေးလောင်းထည့်တာ... ဘာသာရေးသင်ကြားချက်ကိုလိုရာစွဲကိုင်အသုံးချတာ... ဒီပလိုမက်တစ်ကို နားမလည်တာ... အခြေခံအပိုင်းတွေကတော့အများကြီးပါ... အလ္လာဟ်ဆိုတဲ့ အသံတညံညံနဲ့ ခေါင်းဖြတ်ပြတာ... ဒါမျိုးတွေကလည်း တော်တော်ကြီးဆိုးပါတယ်... အစ္စလာမ်ဘာသာဝင်တွေထဲမှာ အဲ့ဒီလိုအကြမ်းဖက်သမားတွေကို ကိုင်တွယ်ဖြေရှင်းနေသူ/အုပ်စု လမ်းမှန်ပေါ်ကိုပြန်ဆွဲတင်နေတာတွေမရှိဘူးလို့လူတွေတော်တော်များများကထင်ကြတယ်...မီဒီယာရဲ့အရေးကြီးပုံကိုတော့ bandwagon effect အတိုင်းလုပ်နေတာ အထင်းသားကြီးပါ... သို့သော် ဒီအချိန်မှာတော့ မီဒီယာတစ်ခုတည်းရဲ့ ခေါင်းပေါ်ပုံချရင် ဘယ်လောက်ပဲ Fact ကျကျပြော လူတွေကထင်ယောင်ထင်မှားဖြစ်နေမှာ...လက်ရှိအချိန်မှာအရေးကြီးတာက ထိရှလွယ်တဲ့ ပြဿနာတွေထပ်ထပ်ပြီးမဖန်တီးဖို့ပဲ... အထူးသဖြင့် ကမ္ဘာနဲ့အဝှမ်းက ဘာသာရေးစော်ကားမှုတွေကို ဝိုင်းဝန်းတားဆီးပေးဖို့လည်း တစ်ဖက်တစ်လမ်းကလိုအပ်တယ်... ၂ဖက်စလုံးမှာ ဒီပြဿနာကို တကယ်အေးသွားစေချင်တဲ့လူတွေရှိဖို့လိုအပ်နေပြီ...--2012/8/27 Lynn Htet Swe <myatchitshin@gmail.com>အကြမ်း ဖက်မှု တွေ နဲ့ အစ္စလာမ် နဲ့ ကို တွဲ မြင် တာ က တော့ မီဒီယာ တွေ ကြောင့် လို့ ပြော လို က ပြော နိုင်တယ်။ အစ္စလာမ် မဟုတ် သော အကြမ်းဖက် သမား များ လဲ ထု နဲ့ ဒေး ရှိ နေလို့ ပါပဲ။ နိုင်ငံရေး နောက် ခံ ဘာသာရေး နောက် ခံ နဲ့ အကြမ်းဖက် ကြ တာ ဖြစ်တယ်။ အစ္စလာမ် အကြမ်းဖက် သမား တွေ က တော့ Visibility ပို ရှိ တယ် (မုတ်ဆိတ်ဖားဖား သေနတ်တကားကား အာရေဘစ် Banner တွေ တလွှားလွှား နဲ့ ပို မို ထင် ပေါ်ဟန်ရှိပါတယ်) နောက်ပြီး ပိုပြီး outspoken ဖြစ်တယ်..အကြမ်းဖက်မှု ကို ဘာသာရေး အနက် နဲ့ ဆက်စပ်ပြီး ဂုဏ်ယူ ဖေါ်ထုတ်လေ့ ရှိတယ်။ ဒါတွေ ကြောင့် ပို လို့ လူ သိများ ထင်ရှား လာ ရ တာ ဖြစ်တယ်။ ဂဏန်းညှပ်တာ လူမမိ မိအေး အော်တာ ပဲ လူသိတယ် ဆို တာ မျိုး တွေ ဖြစ်ခဲ့ တာ လေ။ အစ္စလာမ် ဘာသာဝင် တွေ လဲ တိတ်တဆိတ် အသတ်ခံ ရ ခွဲခြားခံ နေရ တာ တွေ အများကြီး ပါ။
တမန်တော်မိုဟာမက် ကိုယ်တိုင် အစ္စလာမ် ကို ထူထောင် ခဲ့ ရာ မှာ အကြမ်းနည်း နဲ့ အင်အားသုံး ခုခံခဲ့ တိုက် ခိုက်ခဲ့ ရ တာ တွေ ရှိတော့ ကိုရန် ဟာဒိစ် နဲ့ သျှာရီယတ် တွေ အားလုံး မှာ Violence က ထင်းထင်း ပပ ဖြစ် နေခဲ့ တယ်။ ဘာသာတည်ထောင်သူ ဟာ စစ်ခေါင်းဆောင် နိုင်ငံရေးခေါင်ဆောင် တစ်ယောက် လဲ ဖြစ် ခဲ့ တာ မို့ နမူနာယူစရာ role model ဖြစ်ခဲ့ ပုံ ပါ။ ဒီ တော့ ကျမ်းချက် အတော်များများ က ဘာသာရေး အစွန်းရောက် တွေ အတွက် Open to interpretation ဆို တာ မျိုး ဖြစ် ပြီး လို ရင် လို သလို အနက်ဖွင့် ၀ါဒဖြန့်လို့ ရ တဲ့ စာပေ တွေ ဖြစ် လာ တယ်။ မူလ context က နေ ဝေးကွာ ပြီး တရားသေဆန်တဲ့ အနက်ဖွင့် မှု မျိုး တွေ လုပ် လာ ခဲ့ ကြ တာ ကို တွေ့ ရ တယ်။
မျက်မှောက်ခေတ် အစ္စလာမ်အကြမ်းဖက်ဝါဒ (Islamic Terrorism) က တော့ စစ်အေး ကာလ ကွန်မြူနစ်ဆန့်ကျင်ရေး ထရူးမင်းဝါဒ မက်ကာသီ ၀ါဒ တို့ က မွေးပေးလိုက် တာ ဖြစ် ပုံ ရ တယ်။ ဘာသာရေး အိုင်ဒီယိုလိုဂျီ ကို စွဲ ကိုင်ပြီး လူမွေး လေ့ကျင့် အကြမ်းဖက် လုပ် ဆို တာ မျိုး တွေ ဖြစ် လာ တဲ့ အပြင် အကြမ်းဖက်သူ တွေ က လဲ စိတ်ကြမ်းလူကြမ်း တွေ မဟုတ်ပဲ ဖန်ဆင်းရှင်ဘုရားသခင် ရဲ့ ဆန်ရှင် ကို လိုက်နာ ဖြည့်ဆည်းပေးတဲ့ သဘော ဆောင် လာ တာမို့ နုနယ်တဲ့ မိန်းမငယ် တွေ ကလေး တွေ တောင် ဒီ အကြမ်းဖက် လှိုင်းထဲ ဆွဲ သွင်းခံ ရ တာ ကို တွေ့ ပါတယ်။
အဓိက က တော့ အမြင်ကျယ် ကြဖို့ နဲ့ လစ်ဘရယ် ပညာရေး ကို တိုးတက် အောင် လုပ် နိုင် ကြ မှ ပဲ ဒီ ရန်တွေ က အေး မှာ ဖြစ် တယ်။ လောက ငြိမ်းချမ်း ရေး နဲ့ လူသားဝါဒ တွေ ထွန်းကားပြီး အားလုံး အတူ ယှဉ်တွဲ နေနိုင်တဲ့ တစ်စိတ်တစ်ဝမ်း ကမ္ဘာ ကြီး ဖြစ် လာ နိုင်ဖို့ ပါပဲ။
2012/8/26 Thantsin Phyoe <thantsinphyo@gmail.com>ဝေဖန်ရရင်တော့ ဘာသာပြောင်းလို့ သတ်ရမယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး... လောလောဆယ်ကျမ်းကိုးအထောက်အထားရှာမပေးနိုင်သေးပေမဲ့ သေချာတာကဘာသာပြောင်းရင် ပြောင်းသွားသူကိုသတ်ရမယ်လို့ တိကျတဲ့ညွှန်ချက်မရှိတာအမှန်ပဲ... အထက်ကသတင်းမှာပါတဲ့လူတွေက အစွန်းရောက်တွေပါ... ဘာသာတရားရဲ့သင်ကြားချက်ကို လိုရာစွဲပြီး မိမိရဲ့အတ္တကိုပုံဖော်နေတဲ့ အစွန်းရောက်ကိုးကွယ်သူတွေကို အခြေပြုပြီး အစ္စလာမ်လို့ပြူးတူးပြဲတဲတပ်ပြီး လူထုကိုဝါဒဖြန့်လေ့ရှိတာ အင်မတန်မှရှင်းရခက်ပါတယ်...တစ်ရက်ကပဲ ကျနော်စာတစ်စောင်ပို့ဖူးပါတယ်... အမေရိကမှာ အကြမ်းဖက်မှုတွေရဲ့ ၆ရာခိုင်နှုံးကို အစ္စလာမ်အစွန်းရောက်တွေကကျူးလွန်ပြီး ဥရောပမှာတော့ အကြမ်းဖက်မှုတွေရဲ့ ၀.၄ရာခိုင်နှုံးကိုကျူးလွန်လေ့ရှိပါတယ်တဲ့... ဒီမှာမေးစရာရှိလာတာက ဒါဆိုရင်ဘာ့ကြောင့် အစ္စလာမ်အကြမ်းဖက်မှုတွေပဲ လူတွေအများဆုံးမြင်နေရတာလဲ??? ဟုတ်ပါတယ်... ကျနော်ကိုယ်တိုင်လည်းစဉ်းစားကြည့်ပါတယ်... အဓိကအချက်တစ်ခုကတော့ ဝါဒဖြန့်ရန်အတွက် သတင်းလောကကို အသုံးချခြင်းပါ... သတင်းမီဒီယာလောကရဲ့ ဝါဒဖြန့်မှုက ဘယ်အတိုင်းအတာအထိရောက်တယ်ဆိုတာ အဝေးကြီးကြည့်စရာတောင်မလိုပါဘူး... ကြည့်တတ်ရင်မြင်ဖို့လိုပါတယ်... :]+ + + + + + + + + + + + + + + + +--မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။