မပြောနဲ့လမ်းသွားလို ကောင်းမလေးတွေ ဆီ မျက်လုံးကစားရင်တောင် မဒန်
စိုးနိင် ကဘယ်လိုအရေးယူပါသလဲ။ သူများတွေလို မယားပြိုင်ယူရင် တော့ ဟီးဟီး
မပြောတတ်တော့ဘူး။
On 8/28/12, ChAW Kalayar <chawkalayar80@gmail.com> wrote:
> လင်ကျင့်ဝတ် [ ၅ ] ပါး
> မထီမဲ့ကင်း ၊ အပ်နှင်းဥစ္စာ ၊ မိစ္ဆာမမှား ၊ ဝတ်စားဆင်ယင် ၊ မြတ်နိုးကြင် ၊
> ငါးအင် လင်ကျင့်ရာ။
>
> မယားကျင့်ဝတ် [ ၅ ] ပါး
> အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ ၊ မိစ္ဆာကြဉ်ရှောင် ၊ လျော်အောင် ဖြန့်ချိ ၊
> ပျင်းရိမမူ ၊ ဝတ်ငါးဆူ ၊ အိမ်သူကျင့် အပ်စွာ။
> ဒါမြတ်ဗုဓ္ဒဟောခဲ့တဲ့လင်ကျင့်ဝတ်မယားကျင့်ဝတ်ပါ။
>
>
> သူတပါးသားမယား မိဘသဘောတူသူ စသည်ဖြင့် ပိုင်ရှင်ရှိသော သူကိုမတရားနည်းလမ်းနဲ့
> အုပ်ထိန်းသူလဲသဘောမတူ အနိုင်ကျင့်ပီး ယူရင် ငရဲကြီးပါတယ်။ ဒါမှမဟုတ်
> လွတ်လွတ်ကင်းကင်းနဲ့ အုပ်ထိန်းသူကလဲ သဘောတူခွင့်ပြုရင်တော့ မယားလေးယောက်ယူပီး
> ကုသိုလ်ဒါနအကျင့်သီလကို ထပ်တူညီကောင်းအောင်ပြုကျင့်ကြရင်တော့ သကြားမင်း မာယ
> ဇာတ်လို နောင်သံသရာပါ ပေါင်းရပါမယ်။
>
> ဒါလောက်ဆို ဗုဓ္ဒဘာသာရဲ့ အဆုံးအမကိုသဘောပေါက်နားလည်ပီလို့ထင်ပါတယ်။
>
> အောက်ကဟာတွေကတော့ တခြားကျင့်ဝတ်တွေပါ လောကီကော လောကုတ်တရာပါ အကျိုးများမဲ့
> ကျင့်ဝတ်အမှန်တွေပါ။ဒီထက်ပိုသိချင်ရင် ဖြစ်ဖြစ် အကျယ်သိချင်ရင်ဖြစ်ဖြစ်
> နားလည်တဲ့သူတွေဆီမှာမေးမြန်းနိုင်သလို စာအုပ်စာပေတွေမှာလဲလေ့လာနိုင်ကြပါတယ်။
> ကြားဖူးပီးပြန် ထပ်မံရ်ူရှင်း ယုံမှားကင်း၏ နာယူရမြဲအကျိုးတည်းတဲ့။
>
> သား , သမီး ကျင့်ဝတ် [ ၅ ] ပါး
> ကျွေးမွေးမပျက် ၊ ဆောက်ရွက်စီမံ ၊ မွေခံထိုက်စေ ၊ လှူမျှဝေ၍ ၊
> စောင့်လေမျိုးနွယ် ၊ ဝတ်ငါးသွယ် ၊ ကျင့်ဖွယ် သားတို့တာ။
>
> မိဘကျင့်ဝတ် [ ၅ ] ပါး
> အကောင်းမြစ်ထာ ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ ၊ ပေးဝေနှီးရင်း ၊
> ထိမ်းမြားခြင်းလျှင် ၊ ဝတ်ငါးအင် ၊ ဖခင်မယ်တို့တာ။
>
> တပည့်ကျင့်ဝတ် [ ၅ ] ပါး
> ညီညာထကြွ ၊ ဆုံးမနာယူ ၊ လာမူကြိုဆီး ၊ ထံနီးလုပ်ကျွေး ၊ သင်တွေးအံရွတ် ၊
> တပည့်ဝတ် ၊ မချွတ်ငါးခုသာ။
>
> ဆရာကျင့်ဝတ် [ ၅ ] ပါး
> အတတ်လည်းသင် ၊ ပဲ့ပြင်ဆုံးမ ၊ သိပ္ပမချန် ၊ ဘေးရန်ဆီးကာ ၊ သင့်ရာအပ်ဖို့ ၊
> ဆရာတို့ ၊ ကျင့်ဖို့ ဝတ်ငါးဖြာ။
>
> ကျေးဇူးပြုမိတ်ဆွေကျင့်ဝတ် [ ၅ ] ပါး
> ပေးကမ်းချီးမြှင့် ၊ ကိုယ်နှင့်ယှဉ်ထား ၊ စီးပွားဆောင်ရွက် ၊ နှုတ်မြွတ်ချိုသာ
> ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ ၊ ကျင့် လေမိတ်သဟာ။
>
> ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် [ ၅ ] ပါး
> မေ့လျော့စောင့်လာ ၊ ဥစ္စာစောင့်ရှောက် ၊ လန့်ကြောက်မှီရာ ၊ ဘေးလာမပစ် ၊
> သားမြစ်ဆက်စေ ၊ ဤငါးထွေ ၊ မိတ်ဆွေပြန့်ကျင့်ရာ။
>
> အလုပ်ရှင်ကျင့်ဝတ် [ ၅ ] ပါး
> ဝစွာကျွေးမွေး ၊ ပြုရေးစီရင် ၊ နာလျှင် ကုစေ ၊ ငှဝေရသာ ၊ အခါကိုလွှတ် ၊
> အရှင်ဝတ် ၊ မချွတ်ငါးခုသာ။
>
> အလုပ်သမားကျင့်ဝတ် [ ၅ ] ပါး
> အိပ်သော်နောက်ကျ ၊ ထသော်ကားရှေ့၊ ပေးမှယူအပ် ၊ စေ့စပ်ဆောင်ရွက် ၊ ကျေးဇူးမြွတ်
> ၊ ငါးချက် ကျွန်ကျင့်ရာ။
>
> ဒါယကာ ကျင့်ဝတ် [ ၅ ] ပါး
> မေတ္တာစိတ်သက် ၊ ဆောင်ရွက်ချစ်ကြင် ၊ ခင်မင်နှုတ်ချို ၊ လိုလျှင် ဖိတ်ထား ၊
> တက်အားလှူစေ ၊ ဝတ်ငါးထွေ ၊ ပြုလေ ဒါယကာ။
>
> ရဟန်းကျင့်ဝတ် [ ၆ ] ပါး
> မကောင်းမြစ်တာ ၊ ကောင်းရာညွှန်လစ် ၊ အသစ်ဟော ကျူး ၊ နာဖူးထပ်မံ ၊ နတ်ထံတင်ရာ ၊
> မေတ္တာလည်းပြု ၊ ရဟန်းမှု ၊ ခြောက်ခု လွန်သေချာ။
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ