Re: [mrsorcerer:30111] ဇနီးတစ်ဦးတည်းသာလက်ထပ်ပါ´

ကိုလင်းထက်ဆွေပြောတာကိုထပ်မံဖြည့်စွက်ပါရစေ... 

၁၉၅၄ဥပဒေအရ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးဟာ ဘာသာခြားတစ်ဦးနဲ့ အိမ်ထောင်ကျသော်လည်း တရားရုံးတံဆိပ်ကပ် အသိအမှတ်ပြုလက်ထပ်စာချုပ်စာတမ်းနဲ့တကွ လက်ထပ်ထားပြီး ဖြစ်တယ်ဆိုရင် မိမိအိမ်ထောင်ဖက် တခြားဘာသာဝင် အမျိုးသားနဲ့ တရာမမှုတခုကိုရင်ဆိုင်ရင် အသိအမှတ်ပြုလက်ထပ်စာချုပ်ကိုတင်သွင်းပြီး မြန်မာဓလေ့ထုံတမ်းဥပဒေအတိုင်းဘဲဆုံးဖြတ်ခွင့်တောင်းဆိုခွင့်ရှိပြီး တောင်းဆိုပါက တရားရုံးမှငြင်းပယ်ခွင့်မရှိပါဘူး... ဒါ့ကြောင့် အရေးအကြီးဆုံးက တရားရုံးတံဆိပ်ကပ်အသိအမှတ်ပြု လက်ထပ်စာချုပ်ကအရေးအကြီးဆုံးပါ... ဒါ့ကြောင့် ဘာသာခြားတစ်ဦးဦးနဲ့ အိမ်ထောင်ကျတဲ့ ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးအနေနဲ့ တရားရုံးတံဆိပ်ကပ် အသိအမှတ်ပြုလက်ထပ်စာချုပ်စာတမ်းကို မဖြစ်မနေပြုလုပ်ဖို့နဲ့ အဆိုပါလက်ထပ်စာချုပ်မှာ မိမိကိုးကွယ်သည့်ဘာသာကို ဗုဒ္ဓဘာသာအဖြစ်ရေးသွင်းဖော်ပြထားဖို့ အတိအကျအကြံပေးပါရစေ... 

ဒါဆိုရင် တရားရုံးတံဆိပ်ကပ် အသိအမှတ်ပြုလက်ထပ်စာချုပ်မရှိရင် မိမိအိမ်ထောင်ဖက် တခြားဘာသာဝင် အမျိုးသားနဲ့ တရာမမှုတခုကိုရင်ဆိုင်ရင် မြန်မာဓလေ့ထုံတမ်းဥပဒေအတိုင်းဘဲဆုံးဖြတ်ခွင့်တောင်းဆိုရင် ငြင်းပယ်ခံရနိုင်တယ်လို့မထင်ပါနဲ့ဦး... အဲ့ဒီအချိန်မှာ လျှောက်ထုံးကအရေးပါပါတယ်... မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအရ ပုဆိုးတန်းတင်အကြင်လင်မယားအရာမြောက်ပြီး ရပ်သိရွာသိပေါင်းသင်းနေထိုင်ရင် လင်မယားအရာမြောက်ပြီးလို့သတ်မှတ်တာကြောင့် တရားရုံးတံဆိပ်ကပ် အသိအမှတ်ပြူလက်ထပ်စာချုပ်မတင်ပြနိုင်သည့်တိုင် ခိုင်လုံတဲ့လူသက်သေတင်ပြနိုင်ရင် ၁၉၅၄ဥပဒေအရ  မြန်မာဓလေ့ထုံတမ်းဥပဒေအတိုင်းဘဲဆုံးဖြတ်ခွင့်တောင်းဆိုခွင့်ရှိပြီး တောင်းဆိုပါက တရားရုံးမှငြင်းပယ်ရန်ခက်ခဲပါတယ်...

2012/8/28 Lynn Htet Swe <myatchitshin@gmail.com>
အမှန်ပါပဲ ညီမ။ ဖြတ်ထုံး တွေ တောင် ရှိပါတယ်။ ဒါပေမဲက များသော အားဖြင့် က တော့ ဒီလို အခြေအနေ မှာ မွတ်စလင်ဘာသာဝင်တဦးနဲ့ အိမ်ထောင်ကျတဲ့ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးဟာ အကြောင်းကြောင်း ကြောင့် ဒီလို ဆက်လက် ရပ်တည် ဖို့ ခက်ခဲ ပါတယ်။

ဗုဒ္ဓဘာသာ မိသားစု အသိုက်အ၀န်း က လဲ ဘာသာခြား နဲ့ ယူတဲ့ မိန်းကလေး ကို အကာအကွယ် ပေးဖို့ ထက် တို့ မျက်နှာ အိုးမဲသုတ်တယ် ဆို ပြီး စွန့်ပစ်လိုက် ကြ တာ များ ပါတယ်။ ဒီတော့ ဒီ မိန်း ကလေး လဲ (ဘာသာရေးခံယူချက် အလွန်အမင်း ပြင်းထန်သူ မဖြစ်ရင်=တကယ်တော့ လဲ မဖြစ်လို့ လဲ ဒီလို ဖြစ်ရတာ ပေါ့) များသော အားဖြင့် က တော့ ပတ်ဝန်းကျင် နဲ့ ကိုယ့် ယောကျာ်း ဖြစ်သူ ရဲ့ တိုက်တွန်း အားပေး မှု တွေ နဲ့ ဘာသာ ပြောင်းလိုက် ကြ ရ တာ များ ပါတယ်။  မထူးဇာတ်ခင်း တယ် လို့ အရပ် ပြော ပြော ချင် ပြော နိုင်တယ်။ ဗုဒ္ဓဘာသာ မိသားစု အသိုက်အ၀န်း က သူ့ ကို စွန့်ပယ်လိုက် ချိန် မှာ တစ်ဖက် ဘာသာခြား အသိုက်အ၀န်း က နွေးထွေးကြိုဆို မယ် ဆို ရင် တော်ရုံ မိန်း ကလေး မလွန်ဆန်နိုင် လောက် ပါဘူး။ မိမိ ဘာသာ ကို စွန့်ခဲ့ ပြီ ဆို ရင် တော့ ဆိုင် ရာ ဘာသာ ရဲ့ ဓလေ့ထုံတမ်း ဥပဒေ အတိုင်း ပဲ ဖြစ်မှာ ပါ။

2012/8/28 Win Sandar <winsandar124@gmail.com>
ဒါဆို ဆိုလိုတာက မွတ်စလင်ဘာသာဝင်တဦးနဲ့ အိမ်ထောင်ကျတဲ့ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးဟာ သူ့ဘာသာကို မစွန့်လွတ်သရွေ့ သူနဲ့ပက်သက်တဲ့တရားမမှုတွေကို မဟာမေဒင်ဥပဒေအရမသွားဘဲ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ သွားတယ်ပေါ့နော်အစ်ကို။ (ဥပမာ၊ မွတ်စလင်ဘာသာဝင်တစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးအိမ်ထောင်ကျလို့ ဒီအမျိုးသမီးဟာ သူ့ဘာသာကိုမစွန့်လွတ်ဘဲ ဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ဘဲ ဆက်လက်ရပ်တည်နေတဲ့အချိန်မှာ သူ့အမျိုးသားက နောက်အိမ်ထောင်တခုကို ပြုလိုက်ရင် ကွားရှင်းခွင့်တောင်းလို့ရတယ်ပေါ့နော်အစ်ကို။)

2012/8/28 Lynn Htet Swe <myatchitshin@gmail.com>
ညီမရေ...၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် အမျိုးသမီး များ ၏ အခွင့် အရေး ကို ကာကွယ်စောင့်ရှောက် သော ဥပဒေ ဆို တာ ကို နိုင်ငံတော် က ပြဋ္ဌာန်း ထား ပါတယ်။ ဒီ ဥပဒေ အရ ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ယောက် ဟာ မည်သည့် ဘာသာဝင် အမျိုးသား နဲ့ အိမ်ထောင် ကျကျ မိမိ ရဲ့ ဗုဒ္ဓဘာသာဝင် အဖြစ် ကို မစွန့် လွှတ် ရင် အခြားသော ဗုဒ္ဓဘာသာဝင် အမျိုးသမီး များ နည်းတူ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့် တွေ ရပိုင်ခွင့် တွေ မဆုံးရှုံးစေကြောင်း ဥပဒေ နဲ့ ကာကွယ်ပေးထား တာ ဖြစ်ပါတယ်။

2012/8/28 Win Sandar <winsandar124@gmail.com>
အကယ်၍များ မြန်မာအမျိုးသမီးနဲ့ တခြားဘာသာဝင် အမျိုးသားနဲ့ တရာမမှုတခုကိုရင်ဆိုင်ရင် မြန်မာဓလေ့ထုံတမ်းဥပဒေအတိုင်းဘဲ ဆုံးဖြတ်လားအစ်ကိုလင်းထက်ဆွေ။

2012/8/28 Kamome Yukiko <kamomeyukiko@gmail.com>
အကို .
       ညီမတို့ ဆီမှာလဲ ဥပဒေတွေရှိတာတင်ပါဦး..တွာလတ် အကြောင်းတွေရေးပါဦး အကို..

2012/8/28 Lynn Htet Swe <myatchitshin@gmail.com>
ဟုတ်ပါတယ် ညီမရေ။ မြန်မာ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းဥပဒေ က အမျိုးသမီး တွေ ကို အခွင့် အရေးများစွာ ကာ ကွယ် ပေးထားပါတယ်။ အမျိုးသမီး တစ်ဦး ဟာ မိမိ လင်ယောက်ျား နဲ့ အကြောင်းခိုင်လုံ ရင် ကွာ ရှင်းပြတ်စဲ ခွင့် တောင်းခံလျှောက်ထား နိုင်ပါတယ်။ ခိုင်လုံတဲ့ အကြောင်း တွေ က တော့

(၁) ရက်စက်ခြင်း (အလွန်အမင်းနှိပ်စက်ခြင်း နဲ့ စိတ်ဆင်းရဲစေခြင်း)
(၂) လင် ဖြစ်သူ နောက် အိမ်ထောင်ပြုခြင်း
(၃) စွန့်ပစ်ထားခြင်း ( ၃ နှစ်ထိ လုပ်ကိုင်ကျွေးမွေးစောင့်ရှောက်မှု မရှိခြင်း)
(၄) လင် ဖြစ်သူ ရဟန်းပြု ခြင်း

တွေ ပဲ ဖြစ်တယ်။ ဒီ အခြေအနေ တွေ မှာ အမျိုးသမီးဟာ ကွာရှင်းခွင့် တောင်ခံ လို့ အိမ်ထောင်သစ် ထူထောင် နိုင်ပါတယ်။

2012/8/28 Win Sandar <winsandar124@gmail.com>
အမျိုးသမီးတွေကြည်ဖြူမှပါအစ်ကို။ မကြည်ဖြူရင် မယားပြိုင်ထားတာနဲ့ ဒီအချက်ကိုဦးတည်ပြီးကွာရှင်းခွင့်တောင်းလို့ရတယ်ဆိုတဲ့အကြောင်း မြန်မာဓလေ့ထုံးတမ်းဥပဒေမှာ ပါတယ်လို့ သိထားပါတယ်အစ်ကို။

2012/8/28 Lynn Htet Swe <myatchitshin@gmail.com>
မြန်မာ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းဥပဒေ အရ ကတော့ မယားပြိုင် လက်ထပ်ခြင်း ကို ခွင့် ပြု တယ် လို့ သိရပါတယ်။ တစ်လောက ပျဉ်းမနား အနီး က ကျေးရွာ တစ်ခု မှာ သတို့ သမီး နှစ်ယောက် နဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း မင်္ဂလာ ဆောင် လိုက် တဲ့ (ဓါတ်ပုံနဲ့ တကွ) ထူးခြား သတင်း တစ်ပုဒ် ဖတ် လိုက်ရသေးတယ်။ မှတ်မိသူ တွေ သိကြ မှာ ပါ။ တစ်လင် တစ်မယား စံနစ် ကို အားပေး သော်လည်း အမျိုးသမီး တွေ ရဲ့ ရပိုင်ခွင့် ကလေး တွေ ရဲ့ ရပိုင်ခွင့် တွေ ကို လဲ ကာကွယ် စောင့်ရှောက်ထား ပါတယ်။

2012/8/27 Ma Htar Thi <htarthi2010@gmail.com>
ဒို့ဗုဒ္ဓဘာသာမှာတော့သူများအိမ်ထောင်ကိုဖျက်စီးတယ်ဆိုတာကာမေသုကံထိုက်တယ်သူများအိမ်ထောင်ဖျက်စီးဖို့ကိုအားမပေးဘူးကြောက်တယ်

2012/8/27 Honey <hninthidaraye@googlemail.com>
အရေးအသားတော်တော်ကိုကောင်းတယ်။ ဗဟုသုတလဲတော်တော်ရတယ်။
ဒါပေမဲ့လို့အဆုံးကျတော့သူများယောင်္ကျားကိုလက်ထပ်ဖို့ကိစ္စကတော့.............
ဒုသနသော........ဆိုတာကိုနားလည်လို့ထင်ပါရဲ့.........

2012/8/25 Haroon <roon.ha@gmail.com>

Good, this will clear the people doubts and the senseless rumours.

Thanks.

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here