ဘုရားသခင်ရှိတာ မှန်ကန်ကြောင်းကို ကျမ်းစာတွေက သက်သေထူတယ်။
ကျမ်းစာကို သက်သေထူဖို့လည်း ဘုရားသခင်ကို ယုံကြည်ရတာဘဲ။
အဲ့နှစ်ခုက looping ပတ်ထားတာ။
ဘာသာတရားတိုင်းမှာ ယုံကြည်မှု့ကို အခြေခံထားရတာဘဲ။
ဘာလို့လဲ ဆိုတော့ ကျမ်းစာရေးသူ အားလုံးက လူတွေဘဲ။ဒါပေမယ့် လူတော့လူဘဲ။
လူမဟုတ်တဲ့ တမာန်တော်နဲ့ သားတော်တဲ့။ :D
^^^^^^^^^^^^^^^^^^^^^^^^^^
ဒီအပိုင်းကတစ်ပိုင်းတည်းကိုဖြတ်ပြောနေသလိုပဲ...
ငါဘုရားဖြစ်ပြီဆိုပြီး ငါပြောတာဓမ္မဖြစ်တယ် မယုံရင်လေ့လာကြလို့ပြောတာလည်းလူပဲ...
အဲ့ဒီလူပြောတာကိုလေ့လာဖို့ လေ့ကျင့်ဖို့အတွက် အဲ့ဒီလူရဲ့သင်ကြားမှုကို ပြတဲ့လမ်းအတိုင်းလျှောက်တဲ့အခါမှာ အဲ့ဒီလူပြောတာကိုယုံကြည်ရတာပဲ...
အဲ့ဒီနှစ်ခုက Looping ပတ်နေတယ်...
ဘယ်ဘာသာတရားမှာမဆို ယုံကြည်မှူ့ကိုအခြေခံထားရတာတော့ အမှန်ပဲ...
ဘာ့ကြောင့်လဲဆိုတော့ တရားဓမ္မရယ်လို့ဟောကြားခဲ့သူတွေက လူတွေပဲ...
သို့သော် လူမဟုတ်တော့တဲ့ ငါသည်ဘုရားဖြစ်၏လို့ ကြွေးကြော်တဲ့လူ... xD
+ + + + + + + + + + + + + + + + + + + +
ဒါပေမယ့် ကျွန်တော်သိတာတစ်ခုက ဘယ်ကျမ်းစာ ကိုမှ ဘုရားသခင်ရဲ့ လက်ရေးမူ မရှိဘူးဆိုတာဘဲ။
ဘုရားသခင်နဲ့ တွေ့ပြီး ရေးတယ် (ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ) ကိုရေးတယ်လို့ ပြောတာဘဲ။
ကျမ်းစာထဲမှာ ဘုရားသခင်ကို ဖန်ဆင်းထားတယ်လို့ မြင်သူတွေလည်း ရှိတယ်။
သူတို့ အဆိုတွေအရဆို လူက ဘုရားသခင်ကို ဖန်ဆင်းတာလား။
ဒါဆို လူက ဘာလို့ ဘုရားသခင်ကို ပြန်ဖန်ဆင်းလဲ မေးသင့်တာပေါ့။(ဖြေကြည့်ပေးပါ။)(ကျွန်တော်ကတော့ ကျွန်တော်ကိုယ်တိုင်လုံလောက်တဲ့ အဖြေမျိုးရှိတယ်းးးး :P)
^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^
တကယ်ပဲယုံကြည်မှုအားလုံးရဲ့ အပြင်ကိုထွက်ပြီးစဉ်းစားနိုင်ပြီလားဆိုတာကို ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ... ဘာသာမဲ့ဟာ ဖန်ဆင်းရှင်မရှိခြင်း ဆိုတဲ့အခြေခံယုံကြည်ချက်ရှူ့ထောင့်ကနေအမြဲစဉ်းစားလေ့ရှိတယ်... ဖန်ဆင်းရှင်မရှိခြင်းဆိုတာကလည်း ပြောရရင်တော့ Faith တစ်ခုပဲ... ဒီတော့သူ့အမြင်နဲ့ကိုယ့်အမြင် Crash မဖြစ်မှာမပူနဲ့...
လူက ဘုရားသခင်/ဖန်ဆင်းရှင် ကိုဖန်ဆင်းတယ်လို့မြင်သူကလည်း သူ့ Faith နဲ့သူပဲ...
ဘုရားသခင်/ဖန်ဆင်းရှင် ကလူကိုဖန်ဆင်းတယ်လို့မြင်သူကလည်း သူ့ Faith နဲ့သူပဲ...
မတူညီတဲ့ Faith နှစ်ခုပေါ်မှာ ရပ်ပြီးအဖြေရှာလို့ ဘုံအမြင်ထွက်မယ်မထင်...
ဥပမာပြောရရင် ကျနော်က ဖန်ဆင်းရှင်ရှိတယ်ဆိုတာကိုယုံတယ်... ဘလိုင်းတော့ယုံထားတာမဟုတ်ဘူး... အရာရာတိုင်းမှာ Existence ဆိုတာကိုရှိတယ်လို့ ယုံလို့... ဆန်းကျယ်တဲ့ လူသား၊ ဆန်းကျယ်တဲ့ကမ္ဘာ၊ ဆန်းကျယ်တဲ့စကြာဝဠာတွေကိုကြည့်ပြီးယုံတာ... အခြေခံအမှုန်တွေကို ဖျောက်ဖျက်လို့မရတာ စကြာဝဠာရဲ့အစ big bang ရဲ့အစောပိုင်းကာလကို လက်ရှိသိပ္ပံနိယာမတွေက အထောက်အပံ့မပြုတာ... ထူးဆန်းတဲ့ နေနဲ့ ကမ္ဘာကြားကအကွာအဝေး... ထူးဆန်းတဲ့ ကမ္ဘာရဲ့ပမာဏ... လူသားရဲ့ အာရုံခံနိုင်စွမ်းအားကန့်သတ်ခံထားရမှု... စတဲ့ စတဲ့အချက်တွေကိုကြည့်ပြီး ဖန်ဆင်းရှင်ကိုယုံတာ...
အိုင်းစတိုင်းကတော့ စပင်နိုဇာလို့ခေါ်တဲ့ ဂျူးဖလော်ဆော်ဖာတစ်ယောက်ပြောတဲ့ ဂေါ့ဒ်/စပင်နိုဇာရဲ့ဂေါ့ဒ်ကိုယုံသတဲ့... ကျနော်ကတော့ အဲ့ဒီလောက်ဂေါ့ဒ်များလိမ့်မယ်လို့မထင်လို့ တစ်ပါးတည်းသောဖန်ဆင်းရှင်ကိုယုံတာ... နာမည်ကျော်ဟာသသရုပ်ဆောင် ဂျင်မ်ကာရေးသရုပ်ဆောင်ထားတဲ့ ဘရုစ့်အောမိုက်တီး ဆိုတဲ့ရုပ်ရှင်လေးကိုကြည့်ကြည့်ပါ...
နောက်ဆုံးပြောရရင် ဖန်ဆင်းရှင်/ဘုရားသခင်ကိုလူတွေဖန်ဆင်းတာလို့ ကျနော်တော့မမြင်ဘူး ဖန်ဆင်းရှင်/ဘုရားသခင်က သူရှိကြောင်းလူတွေကိုပေးသိလိုက်တာ...
အထက်မှာကျနော်ပြောပြီးသားဖြစ်တဲ့ လူသားရဲ့ အာရုံခံတွေအားလုံးဟာအကန့်အသတ်ရှိတာကြောင့် လူသားရဲ့စဉ်းစားဆင်ခြင်နိုင်မှုဟာလည်း အကန့်အသတ်ရှိတယ်လို့ပဲ ကျနော်ယုံတယ်... အဲ့ဒီတော့ ဖန်ဆင်းရှင်ရဲ့ အတွေးအခေါ်အကြံအစီတွေကို လူသားတစ်ယောက်ဖြစ်တဲ့ ကျနော်ကတော့ စဉ်းစားဆင်ခြင်ယုံနဲ့ အားလုံးကိုအနုလုံပဋိလုံသိနိုင်လိမ့်မယ်လို့မထင်ဘူး... ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်နေတာ သူများယုံကြည်မှုကို မေးခွန်းတွေထိုင်ထုတ်နေရုံနဲ့တော့ ကိုယ်လိုချင်တဲ့အဖြေကိုရမှာမဟုတ်ဘူး... အဖြေမရှိနိုင်တာအတွက် မဖြေပေးနိုင်ရကောင်းလားဆိုပြီး တခြားယုံကြည်သူတွေကို အပြစ်ဖို့လို့မရတန်စကောင်း...
+ + + + + + + + + + + + + + + + + +
ယုံကြည်မှု့တစ်ခုက လူသားတစ်ဦးကို ငြိမ်းချမ်းမှု့ပေးနိုင်လား။ >> မပေးနိုင်ဘူး၊ ယုံကြည်မှုတစ်ခုတည်းနဲ့ လူသားတစ်ဦးကို အလုံးစုံသော ငြိမ်းချမ်းမှုကိုမပေးနိုင်ဘူး... ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး ပူးပေါင်းပါဝင်မှု လိုကိုလိုအပ်တယ်...
ဒါပေမယ့် သေချာတာ တစ်ခုက ဘာသာတရားတိုင်းမှာ ရှေးဖြစ်ဟော သဘောတရားတွေ မပါဝင်ဘူး။ >> ဒီအပိုင်းကိုတော့ စာရေးသူပြန်ရှင်းပြသင့်တယ်... နားမလည်ဘူး... ကျနော်သိတာတော့ ဘာသာတရားတိုင်းက ဖန်ဆင်းရှင်ယုံသည်ဖြစ်ဖြစ် မယုံသည်ဖြစ်ဖြစ် ရှေးဖြစ်ဟောတွေပါနေတယ်...
လူတစ်ယောက်ရဲ့ စိတ်နှစ်ခွ ဖြစ်မှု့တွေကို ဘာသာတရားက မရှင်းပေးနိုင်ဘူး။ အရင်ကလည်း မရှင်းပေးနိုင်ဘူး။ နောက်လည်း ရှင်းပေးနိုင်မှာ မဟုတ်ဘူး။ >> ဒါကလည်းဘာကိုစိတ်နှစ်ခွဖြစ်တာလည်း ရှင်းပြမထားဘူး... ဘယ်အပိုင်းမှာ စိတ်နှစ်ခွဖြစ်တာလဲ... သေသေချာချာရှင်းပြသင့်တယ်ထင်တယ်...
အဲ့တာကတော့ ဘာသာတရားကို တီထွငိသူကြီးတွေ မလုပ်နိုင်တဲ့ အချက်ဘဲ။မလုပ်နိုင်ဘူးဆိုတာကလည်း စိတ်နှစ်ခွ ဆိုင်ရာ ဖြေရှင်းမှု့အတွက်ရှေးဖြစ်ဟောလို့ ကို မရဘူး။ >> ပိုပြီးနားမလည်နိုင်အောင်ဖြစ်စေတဲ့အပိုင်းပဲ... ဘယ်လိုစိတ်နှစ်ခွလဲ??? ဘယ်လိုရှေးဖြစ်ဟောလဲ??
+ + + + + + + + + + + + + + + + + +
နောက်ပြီး ဘာသာမဲ့သူတွေက ဘာသာတရားရှိသူတွေထက်
၁။ ကြောက်စိတ်ပိုကင်းတယ်။ >> သက်သေအထောက်အထားမရှိ
၂။လက်တွေ့ပိုဆန်တယ်။ >> လက်တွေ့ဆန်လွန်းပြီး လူသားဆန်မှုလျော့ကျနိုင်
၃။တွေးခေါ်နိုင်မှု့စွမ်းရည် မြင့်မားတယ်။ >> သက်သေအထောက်အထားမရှိ
၎။မိရိုးဖလာတွေထဲက ဖေါက်ထွက်ရဲတယ်။ >> ဘာသာတရားရှိပြီး မိရိုးဖလာတွေထဲက ဖောက်ထွက်လို့ရ/ဖောက်ထွက်ရဲတယ်
၅။အကျိုးမြှော်စိတ် ကင်းတယ်။ >> မှန်တယ် သို့သော် မျှဝေခံစားနိုင်ခြင်းလျော့ကျနိုင်တယ်
၆။စိတ်ဆင်းရဲစရာ ကြုံရင် ဘုရားမှာဘဲ ဆုတောင်းမနေဘူး။ >> စိတ်ဆင်းရဲစရာကြုံရင် ဘုရားမှာပဲ ဆုတောင်းနေတာကို ဘာသာတရားလို့ထင်မှတ်ရင်တော့ အဆိုပြုချက်မှန်
၇။ဘာသာမဲ့ကြောင့် ဘာသာရေး စစ်ပွဲ ဆိုတာ မရှိတော့ဘူး။ >> ဘာသာရေးစစ်ပွဲမရှိသော်လည်း ဘာသာမဲ့ကြောင့်စစ်ပွဲလုံးဝမဖြစ်လို့ သက်သေမရှိ... ဘာသာမဲ့ကြောင့်စစ်ပွဲဖြစ်နိုင်သလို လူသန်းနဲ့ချီပြီးသေဆုံးနိုင်
၈။လူကို လူလိုဘဲမြင်ကြတယ်။ >> ဘာသာမဲ့သည်လူကိုလူလို့မြင်ပေမဲ့ လူသားချင်းစာနာစိတ်လျော့ကျနိုင်ခြေမြင့်မား...
၉။ကိုးကွယ်မှု့ဆိုတာ မရှိလို့ အငြင်းပွားစရာ ဘုရားသခင်လည်း မရှိတော့ဘူး။ >> ဘာသာမဲ့တို့ကြောင့် ဘုရားသခင်ရှိမရှိ အငြင်းပွါးမှုတိုးပွါးလာ...
စသည်တွေ စသည်တွေ သူတို့က ပိုသာတယ်။ ဒါတွေကလည်း လူသားပဓါန ရဲ့ သဘောတရားတွေ။ အရာရာကို လူသားဝါဒကို ဦးစားပေးလိုက်တယ်။ >> ဘာသာတရားတွေကိုယ်နှိုက်ကလည်း လူသားပဓာနဝါဒတွေပါ... လူသားတွေတီထွင်တဲ့ ဝါဒတွေက ပုံစံသာကွဲသွားမယ် အားလုံးက လူသားပဓာနဝါဒတွေပဲ... မြင်အောင်ကြည့်ဖို့တော့လိုတာပေါ့..
+ + + + + + + + + + + + + + + + + +
ဘာသာရှိသူတွေက ဘာသာမဲ့လို ပြောလိုက်တာနဲ့... နှခေါင်းရှုံ့သွားတယ်။ဒီလူတွေရဲ့ လုပ်ရပ်က ဘာကို ပြသလဲဆိုရင် ဘာသာတရားရဲ့ မှိုင်းမိနေမှန်းမသိ မိနေတာပါလို့ ပြောတာနဲ့ အတူတူဘဲ။ဖန်ဆင်းရှင် ၀ါဒကို သက်သေပြဖို့လည်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဖန်ဆင်းရှင်မှ မဟုတ်ဘူး။ဘယ်ဘာသာတရားတိုင်းရဲ့ ပန်းတိုင်ကိုမှ သက်သေပြလို့ မရဘူး။ စိတ်ကူးလေးနဲ့ ယုံကြည်မှု့လေးနဲ့ ကျမ်းစာလေးနဲ့ ရောပြီး စိတ်ကျေနပ်ရတာဘဲ။ဒါပေမယ့် ဘယ်ဝါဒ မဆို မိမိယုံကြည်ထားတဲ့ အတိုင်း သေရင် ဖြစ်မလာမှာဘဲ စိတ်ပူတယ်။ တော်ကြာ သေလဲ သေရော ကိုယ်ထင်ထားသလို ဖြစ်မလာရင် ဟိုဘက်လဲ ရောက်ရော ဟက်ကော့ကြီးတွေ ဖြစ်မှာကိုတော့ စိုးရိမ်မိကြောင်းပါဘဲ။ :)
^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^
ဘာသာမဲ့တွေအနေနဲ့လည်း ဘာသာရှိသူတွေကို brain stain တွေ brain wash လုပ်ခံထားရသူတွေအဖြစ် အမြင်ရောက်တာပါပဲ... ဖန်ဆင်းရှင်ဝါဒကိုပြဖို့သက်သေတွေကတော့ သူ့ဟာနဲ့သူရှိတယ်... ခက်တာက ဖွင့်ထားတဲ့စိတ်ကလေးပဲလိုတာပါ... ဒီလိုပဲ ဘာသာတရားတိုင်းရဲ့ ပန်းတိုင်ကို အတိအကျသက်သေဆိုတာ ရော့အင့်ဆိုပြီး မျက်စိရှေ့အရောက်ပြနိုင်မှယုံမယ်ဆိုရင်တော့ ဘာသာရှိတဲ့လူတစ်ယောက်တောင် ကမ္ဘာပေါ်မှာရှိတော့မယ်မထင်ဘူး... လူတိုင်းဟာ သူ့စိတ်ခံစားမှုနဲ့သူ သက်သေတွေရှိကြတာပဲ... အမှန်အတိုင်းမချွင်းမချန်ပြောကြကြေးဆိုရင် ဘုရားမဲ့ဝါဒီတစ်ယောက်အနေနဲ့လည်း သေပြီးတဲ့နောက်ဘာဖြစ်မှာလဲ သိနိုင်တာမှမဟုတ်တာ... ကျနော်ထင်တာတော့ သေပြီးနောက်တော့ လူတိုင်းတော့ သူ့အတိုင်းအထွာနဲ့သူ ဟတ်ကော့ကြီးတွေဖြစ်မှာပဲ...
2012/8/26 လွမ်းနေသူ® <lwan.nay.ya.thu.par@gmail.com>
ဘုရားသခင်ရှိတာ မှန်ကန်ကြောင်းကို ကျမ်းစာတွေက သက်သေထူတယ်။
ကျမ်းစာကို သက်သေထူဖို့လည်း ဘုရားသခင်ကို ယုံကြည်ရတာဘဲ။
အဲ့နှစ်ခုက looping ပတ်ထားတာ။
ဘာသာတရားတိုင်းမှာ ယုံကြည်မှု့ကို အခြေခံထားရတာဘဲ။
ဘာလို့လဲ ဆိုတော့ ကျမ်းစာရေးသူ အားလုံးက လူတွေဘဲ။ဒါပေမယ့် လူတော့လူဘဲ။
လူမဟုတ်တဲ့ တမာန်တော်နဲ့ သားတော်တဲ့။ :D
ဒါပေမယ့် ကျွန်တော်သိတာတစ်ခုက ဘယ်ကျမ်းစာ ကိုမှ ဘုရားသခင်ရဲ့ လက်ရေးမူ မရှိဘူးဆိုတာဘဲ။
ဘုရားသခင်နဲ့ တွေ့ပြီး ရေးတယ် (ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ) ကိုရေးတယ်လို့ ပြောတာဘဲ။
ကျမ်းစာထဲမှာ ဘုရားသခင်ကို ဖန်ဆင်းထားတယ်လို့ မြင်သူတွေလည်း ရှိတယ်။
သူတို့ အဆိုတွေအရဆို လူက ဘုရားသခင်ကို ဖန်ဆင်းတာလား။
ဒါဆို လူက ဘာလို့ ဘုရားသခင်ကို ပြန်ဖန်ဆင်းလဲ မေးသင့်တာပေါ့။(ဖြေကြည့်ပေးပါ။)(ကျွန်တော်ကတော့ ကျွန်တော်ကိုယ်တိုင်လုံလောက်တဲ့ အဖြေမျိုးရှိတယ်းးးး :P)
ယုံကြည်မှု့တစ်ခုက လူသားတစ်ဦးကို ငြိမ်းချမ်းမှု့ပေးနိုင်လား။ ဒါပေမယ့် သေချာတာ တစ်ခုက ဘာသာတရားတိုင်းမှာ ရှေးဖြစ်ဟော သဘောတရားတွေ မပါဝင်ဘူး။လူတစ်ယောက်ရဲ့ စိတ်နှစ်ခွ ဖြစ်မှု့တွေကို ဘာသာတရားက မရှင်းပေးနိုင်ဘူး။ အရင်ကလည်း မရှင်းပေးနိုင်ဘူး။ နောက်လည်း ရှင်းပေးနိုင်မှာ မဟုတ်ဘူး။
အဲ့တာကတော့ ဘာသာတရားကို တီထွငိသူကြီးတွေ မလုပ်နိုင်တဲ့ အချက်ဘဲ။မလုပ်နိုင်ဘူးဆိုတာကလည်း စိတ်နှစ်ခွ ဆိုင်ရာ ဖြေရှင်းမှု့အတွက်ရှေးဖြစ်ဟောလို့ ကို မရဘူး။ နောက်ပြီး ဘာသာမဲ့သူတွေက ဘာသာတရားရှိသူတွေထက်
၁။ ကြောက်စိတ်ပိုကင်းတယ်။
၂။လက်တွေ့ပိုဆန်တယ်။
၃။တွေးခေါ်နိုင်မှု့စွမ်းရည် မြင့်မားတယ်။
၎။မိရိုးဖလာတွေထဲက ဖေါက်ထွက်ရဲတယ်။
၅။အကျိုးမြှော်စိတ် ကင်းတယ်။
၆။စိတ်ဆင်းရဲစရာ ကြုံရင် ဘုရားမှာဘဲ ဆုတောင်းမနေဘူး။
၇။ဘာသာမဲ့ကြောင့် ဘာသာရေး စစ်ပွဲ ဆိုတာ မရှိတော့ဘူး။
၈။လူကို လူလိုဘဲမြင်ကြတယ်။
၉။ကိုးကွယ်မှု့ဆိုတာ မရှိလို့ အငြင်းပွားစရာ ဘုရားသခင်လည်း မရှိတော့ဘူး။
စသည်တွေ စသည်တွေ သူတို့က ပိုသာတယ်။ ဒါတွေကလည်း လူသားပဓါန ရဲ့ သဘောတရားတွေ။
အရာရာကို လူသားဝါဒကို ဦးစားပေးလိုက်တယ်။
ဘာသာရှိသူတွေက ဘာသာမဲ့လို ပြောလိုက်တာနဲ့... နှခေါင်းရှုံ့သွားတယ်။ဒီလူတွေရဲ့ လုပ်ရပ်က ဘာကို ပြသလဲဆိုရင် ဘာသာတရားရဲ့ မှိုင်းမိနေမှန်းမသိ မိနေတာပါလို့ ပြောတာနဲ့ အတူတူဘဲ။ဖန်ဆင်းရှင် ၀ါဒကို သက်သေပြဖို့လည်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဖန်ဆင်းရှင်မှ မဟုတ်ဘူး။ဘယ်ဘာသာတရားတိုင်းရဲ့ ပန်းတိုင်ကိုမှ သက်သေပြလို့ မရဘူး။ စိတ်ကူးလေးနဲ့ ယုံကြည်မှု့လေးနဲ့ ကျမ်းစာလေးနဲ့ ရောပြီး စိတ်ကျေနပ်ရတာဘဲ။ဒါပေမယ့် ဘယ်ဝါဒ မဆို မိမိယုံကြည်ထားတဲ့ အတိုင်း သေရင် ဖြစ်မလာမှာဘဲ စိတ်ပူတယ်။ တော်ကြာ သေလဲ သေရော ကိုယ်ထင်ထားသလို ဖြစ်မလာရင် ဟိုဘက်လဲ ရောက်ရော ဟက်ကော့ကြီးတွေ ဖြစ်မှာကိုတော့ စိုးရိမ်မိကြောင်းပါဘဲ။ :)
---
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
လွမ်းနေသူ®
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ