ကိုဆန်းဝင်းအိမ်က မှန်ထဲမှာ မှင်စာ ရှိသည် :)
2011/11/19 Ko San Win <kosanwinn@gmail.com>
မှင်စာရှိပါတယ် ..မှင်စာကဘယ်လိုပုံလဲဆိုရင် မှန်ထဲကိုကြည့်ပါ ..တွေ့ လိမ့် မယ် .--2011/11/18 YAN San <hyoricrazygirl@gmail.com>
မှင်စာရှိပါတယ် မာမားရယ် မာမားပိုသိတာပဲကို ဟိဟိ2011/11/17 ≧°◡°≦ သိင်္ဂီ ≧°◡°≦ <ms.theinginwe@gmail.com>
မှင်စာ ရှိ … မရှိ (ဇာတ်သိမ်းပိုင်း)
(မှတ်ချက်။ ။ အွန်လိုင်းပေါ်က ရသ … သုတ … ကိုယ်တွေ့ စသဖြင့်
ရေးသားနေသော ဘလော့ဂါများ ခင်ဗျာ … ယခုအခါ facebook ပေါ်
တွင် AAB (All about Bloggers) စုရပ်ကို ပြုလုပ်ထားပါတယ် …
မသက်ဝေတို့ … မချစ်ကြည်အေးတို့နဲ့ ဆက်သွယ်ကြပါ … :D )
ယခင်အပိုင်းကို ဤနေရာမှာ ဖတ်ရှုလို့ရပါတယ် …
ကျောင်းရဲ့ အောက်ခြေမှာ လူမနေတဲ့ အိမ်၂လုံးရှိပြီး အစိမ်းသေ သေခဲ့
တဲ့ အိမ်တွေမို့လို့ စွန့်ပစ်ထားတာတဲ့၊ လှေကားထစ် ၂၀၀လောက်မှာတော့
ဘုန်းကြီးကျောင်းရှိပြီး နောက်ထပ် ၁၀၀လောက်ဆက်တက်ရင် သိမ်
ရှိပါတယ်။ ဒီသိမ်ရှိတဲ့ အနောက်မှာတော့ တောအုပ်ကြီးပဲ၊ အင်မတန် သရဲ
ခြောက်တယ်ဆိုလို့ ကျွန်တော်တို့ ညီအကိုတွေ ၁၀ရက်ကိုရင်ဝတ်ချိန်မှာ
တောင် ငယ်ဖြူကိုရင်ကြီး တပါးခေါ်သွားလို့ တခါပဲရောက်ဖူးပါတယ်..။
လင်းနို့ချေးတွေကတော့ နေရာအနှံအပြားနဲ့ ရှုခင်းကတော့ အင်မတန်
သာယာပါတယ်..။ ပင်လယ်ကိုလည်း လှမ်းမြင်ရတယ်လေ... ကျွန်တော်
တို့ ကိုရင်ဝတ်တဲ့ ကျောင်းဆောင်နေရာကတော့ မြေပြင်ကို သင်ဗြူး
ဖျာခင်းထားသလို ညီညာပြီး မရမ်းချို၊ မရမ်းချဉ်ပင်နဲ့ ဇောင်းလျားပင်
တွေ ပေါမှ ပေါပါပဲ...
အဲဒီခေတ်က ကိုရင်ဝတ်ရင် သင်္ကန်းတောင်းကို အလွတ်ကျက်မှ
တက်ခွင့်ရမယ်လို့ စည်းကမ်းကြီးတဲ့ ကျောင်းထိုင်ဆရာတော်ကြီး
က မှာလိုက်လို့ ကျွန်တော်တို့တွေ ရန်ကုန်မှာကတည်းက သင်္ကန်း
တောင်းကို ဘုန်းကြီးကျောင်းတခုမှာ အလွတ်သွားကျက်မှတ်ရတာပေါ့။
စကားမစပ် ဒီဇာတ်လမ်းမှာ စပ်ဆက်နေတဲ့ လူတိုင်းသိတဲ့ ဂါထာ
တစ်ခုအကြောင်း သိသလောက်ပြောပါရစေဦး၊ လျှာရှည်တယ်လို့
တော့ မထင်ပါနဲ့ဗျာ... ကျွန်တော်ငယ်ငယ်က အားရင် အဘွားက
ဘုရားစာတွေ သင်ပေးသလို အိမ်ကဘုရားစင်ရှေ့မှာ ရှိတဲ့ စာအုပ်
စင်မှာ ဘုရားစာစာအုပ်တွေ ကျွန်တော်အမြဲဖတ်နေကျပေါ့.. တရက်
အားလို့ စာအုပ်တအုပ်ဖတ်မိတယ်.. တော်တော်လေးလည်း
ဟောင်းနွမ်းနေပါပြီ.. အဘွားတွေ တရိုတသေ သိမ်းထားတဲ့
စာအုပ်လေးပေါ့၊ ခုမှင်စာဇာတ်လမ်းမှာ ဒီဂါထာက ကယ်လိုက်တာ
လေ၊ စာအုပ်ထဲမှာ ရေးသားထားတဲ့ ဂါထာရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း
လေးပါ၊ ခုခေတ်လူတွေ သိချင်မှသိမယ်ထင်လို့ ခုထိ မှတ်မိနေတာ
လေး ရေးသားဖော်ပြပါရစေ၊ နောက်တခုက ဒီဂါထာကို ဋ္ဌာန်ကရိုဏ်း
ကျကျ သိစေချင်လို့ပါ။
ဒုတိယကမ္ဘာစစ် မတိုင်မှီက အညာဒေသ (စာအုပ်မှာတော့ သေချာ
မြို့ရွာအမည်ပါပါတယ်) ဦးမောင်ကြီးဆိုတဲ့ ဘုန်းကြီး လူထွက်တဦး
ဟာ လှေသူကြီးအဖြစ် ဦးစီးပြီး လှေသား၃ဦးနဲ့ အောက်ပြည် အောက်ရွာ
ကုန်ရောင်းသွားပါတယ်.. တရက် အောက်ပြည်ကအပြန် အချိန်လင့်
နေတဲ့ အတွက် ရွာစဉ်လည်းပြတ်နေတဲ့ နေရာတနေရာမှာ ခဏကျောက်ချ
ရပ်နားလေရဲ့။ အားလုံးပင်ပန်းလို့ အိပ်ပျော်သွားကြပေမယ့် လှေသူကြီးက
နိုးနေသတဲ့။ အဲဒါနဲ့ ကတွင်းချဉ်လာလို့ ဆေးလိပ်ကလည်း သောက်ချင်၊
မီးခြစ်ကလည်း ရှာမတွေ့ အားလုံး ပင်ပန်းလို့ အိပ်မောကြနေတော့
လှေသူကြီးလည်း ဟိုဟိုဒီဒီလှမ်းမျှော်ကြည့်တော့ ကမ်းခြေနဲ့ မနီးမဝေး
လယ်စောင့်တဲလေး တခုမှာ မီးရောင်ဖြဖြမြင်ရသတဲ့..။ ဦးမောင်ကြီး
လည်း ဘယ်သူမှ ဒုက္ခမပေးချင်တာနဲ့ လှေပေါ်ကနေ ကမ်းခြေကိုဆင်းပြီး
လျှောက်သွားလေရဲ့ မီးရောင်က တဖြည်းဖြည်းနီးလာ.. လယ်စောင့်တဲ
လေးထဲမှာ မီးဖိုထားတာ တွေ့ရတာပေါ့... ဒါနဲ့အထဲမှာ မီးရောင်နဲ့ဆိုတော့
ထိုင်နေသူက မမြင်ရလေ...။ အထဲကို လှမ်းဝင်ပြီး မီးပုံနားသွားပြီး
မီးတောင်းမယ်လည်း ကြံရော အားပါးပါး.. အင်မတန်ကြီးမားလှတဲ့
သဘက်(သရဲထက်ကြီးတဲ့ ပြိတ္တာ)က မီးဖိုရှေ့မှာ လယ်ပုဇွန်လုံးတွေကို
ကင်စားနေတာ မြင်လိုက်ရပါလေရော... ဧရာမလျှာကြီးနဲ့ ကြီးမား
တဲ့ မျက်လုံးကြီးတွေအောက်မှာ ဦးမောင်ကြီးကို စူးစူးစိုက်စိုက်ကြည့်
နေပါလေရော.. ဦးမောင်ကြီးလည်း ခေါင်းနပန်းတွေကြီးပြီး ဘာမှ
ပြန်မပြောနိုင် အံ့အားသင့်နေတုန်း ဗြုန်းဆို ထလာဖို့လုပ်ပါလေရော၊
ထလိုက်တော့ အရပ်ကလည်း ၆ပေလောက်ရှိမယ်... ဦးမောင်ကြီး
ကလည်း ဘုန်းကြီးလူထွက်လေ.. သတိပြန်စုပြီး ရသမျှ ဘုရားစာ
တွေ၊ ဂါထာတွေ ရွတ်တော့တာပေါ့.. သဘက်ကြီးက မဖြုံတဲ့အပြင်
ရှေ့တောင်တိုးလာပါလေရော နောက်ဆုတ်ရင်း ဆုတ်ရင်း တဲနံရံနဲ့
ကပ်တော့မယ့် မှီလုမှီခင်မှာ တစုံတခုသော ဂါထာကို သတိရလို့
ဆိုမယ့်အချိန်မှာ သဘက်ကြီးကကြိုတင် သိနေတဲ့အလား အမွေးအမျှင်
တွေနဲ့ လက်ကိုကာပြပြီး ရပ်သွားပါလေရော ဦးမောင်ကြီးလည်း
အဲဒီမှာမှ အားတက်ပြီး အားရပါးရ သံ သံ သံဗုဒ္ဓေဆိုပြီး ဆိုချလိုက်
တော့ သဘက်ကြီးလည်း နောက်ဆုတ် ဦးမောင်ကြီးလည်း သံဗုဒ္ဓေ
ဂါထာကို ဆိုပြီး မီးတုတ်ကိုကိုင် အနောက်က လိုက်ပါလေရော..
သဘက်လည်း ပြေးပေါ့ နောက်ဆုံး အမှောင်ထဲမှာ ရွာစပ်စပ်လိုရှိတဲ့ မြင်ကွင်းတနေရာမှာပျောက်သွားပါတော့တယ်.... ။ လှေသူကြီး
ဦးမောင်ကြီးလည်း မီးတုတ်ကိုင် လှေဆီပြန်လာခဲ့ပြီး မနက် အာရုဏ်
လင်းချိန်ကို ငုတ်တုတ်ထိုင်စောင့်နေခဲ့ပါတယ်..။ မနက်မိုးလင်းတော့
ဆက်ပြီးခရီးမနှင်သေးပဲ.. အာရုဏ်လင်းတော့ တပည့်တွေကို
အကျိုးအကြောင်း ပြောပြရင်း အနီးအနားက ရွာတွေကို စနည်းနာ
ထွက်ကြတယ်။
တနေရာရောက်တော့ ပိန္နဲပင်၊ သရက်ပင်၊ မာလကာပင်တွေမျိုးစုံနဲ့
ခူးဆွတ်ယူခြင်းမရှိပဲ ပြွတ်ပြွတ်သိပ်အောင် သီးနေတဲ့ ရွာအစွန်
ဧရာမခြံကြီးထဲမှာ လူမရှိတဲ့ ဘုန်းကြီးကျောင်းတခုကို တွေ့ကြတယ်။
ဘုန်းကြီးကျောင်းထဲမှာ လူအရိပ်အရောင်လည်း မမြင်ရပေါ့။။
အနီးအနား လယ်ယာမြေတွေမှာ အလုပ်လုပ်နေကြတဲ့ ရွာသားတွေကို
စနည်းနာကြည့်တာပေါ..
နောင်ကြီးတို့ ကျွန်တော်တို့ အညာက ကုန်ရောင်းရင် လမ်းကြုံလို့
ဝင်လာတာပါ... ဘုန်းကြီးကျောင်းလေးဘာလေး ရှိရင် လှူစရာ
တန်းစရာလေးလှူမလို့ ဝင်လာတာ... ဒါနဲ့ ရွာအဝင်မှာ တွေ့ခဲ့တဲ့
ရွာဦးကျောင်းက ဘယ်သူမှ မတွေ့မိပါလားဗျ..
ဒီမှာတင် ရွာခံက သြော် နောင်ကြီးတို့က တခြားနယ်က ဆိုတော့
ဒီရွာအကြောင်း ကောင်းကောင်းမသိထင်တယ်။ ရွာထိပ်မှာ တွေ့ခဲ့တဲ့
ကျောင်းက ကျောင်းထိုင် ဘုန်းကြီးပျံလွန်တော်မူပြီး နောက်ပိုင်း
အာဂန္နုကျောင်းထိုင်တွေ ဘယ်သူမှ မမြဲကြဘူး... ပျံလွန်တော်မူတဲ့
ကိုယ်တော်နဲ့ ထွက်ပြေးတဲ့ကိုယ်တော်နဲ့ ၃ပါးလောက် ကျောင်းထိုင်
ကြည့်တာ အရင်ဦးဆုံးကျောင်းထိုင် ကိုယ်တော်..က မကျွတ်ပဲ
ခြောက်လှန့်နေတော့ ဘယ်သူမှ ကျောင်းမထိုင်ရဲလို့ ကမ္မဝါဖတ်
လည်း ခဏလောက်ပျောက်သွားပြီး ပြီးရင်ပြန်ခြောက်နေလို့
ဘယ်သူမှ ကျောင်းမထိုင်ရဲတော့ဘူး နောင်ကြီးရေ.. သြော် ဒါနဲ့
နောင်ကြီးတို့က ကုန်ရောင်းကုန်ဝယ်လာတာလား၊ ဒီမှာတင်
ဦးမောင်ကြီးက ကုန်ရောင်း၊ ကုန်ဝယ်တာအဓိကပေါ့ ဒါ့အပြင်
ကျုပ်ကဆေးလေးဘာလေး ကုတတ်ပါတယ် ...
ဒီမှာတင် ရွာခံက ဟာ... ဆေးကုတတ်တယ်ဆိုရင်၊ ပရောဂရော
ကုတတ်လားဗျ...
ဦးမောင်ကြီးက ပယောဂလည်း ကုတတ်ပါတယ်...
ဒါဆိုရင် အတော်ပဲ နောင်ကြီးရေ ကျုပ်တို့ရွာသူကြီး သမီးအရင်က
ကွမ်းတောင်ကိုင် ချောချောလေးဗျာ.. အခု သွက်သွက်ခါအောင် ရူးသလို
ဖြစ်နေတာ... နောင်ကြီးကြည့်ပေးနိုင်ရင် ကြည့်ပေးပါဦး။ အရင် အနီးအနား
က ပယောဂဆရာတွေတော့ လက်လန် ပြေးတာပဲ...
ဒါဆိုရင် ကျုပ်လိုက်ကြည့်ပေးမယ်လေဆိုပြီး တပည့်တွေနဲ့ အတူလိုက်
သွားပါလေရော... ရွာမှာ အချမ်းသာဆုံး သူကြီးအိမ်ရောက်တော့ သူကြီး
မိန်းမက အားကိုးတကြီးနဲ့ပေါ့ ရပ်ဝေးကလာတဲ့သူဆိုတော့
ဆရာရယ် ကျွန်မသမီးလေးကို ကယ်ပါဦးဆိုပြီး ငိုပါလေရော၊ သူကြီးကတော့
အရင်ဆရာတွေ အတိုင်းပဲထင်လို့ သိပ်တော့အထင်ကြီးဟန်မရှိလေ ...
သူကြီးမိန်းမက ဆရာရယ် သမီးအဖြစ်က လွန်ခဲ့တဲ့ ၂လလောက်ကစပြီး
ကောက်ကာငင်ကာ ရွာအပြင် ဘုန်းကြီးကျောင်းအနားက ဖြတ်ပြန်လာ
ရင်း အခုလိုဖြစ်ရတာဆရာ အမဲသား ၁ ပိဿာချက်လည်း ခဏလေး
စားပစ်တာ ခု အဝတ်တောင် မကပ်ဘူးဆိုပြီး ပြောလည်းပြော
ငိုလည်းငိုပေါ့..
ဦးမောင်ကြီးတို့ အိမ်အနားရောက်ကတည်းက အခန်းထဲမှာ သူကြီး
သမီးက အသံနက်ကြီးနဲ့ ဒီဆရာကို အခုချက်ချင်း ပြန်ထွက်သွားခိုင်း
ဆိုပြီး အော်နေပြီ... နံရံကိုလည်း တဘုန်းဘုန်းထုပေါ့ ဦးမောင်ကြီးလည်း
နံရံနား အသာကပ်သွားတော့ သူကြီးသမီးဦးမောင်ကြီးကို ကြောက်လို့
အော်ဟစ်ဆဲဆိုလိုက်ပေါ့ သူကြီးသမီးမျက်လုံးကို လှမ်းမြင်လိုက်တော့
ဘယ်သူဆိုတာ ဦးမောင်ကြီးသိလိုက်ပြီ.. နောက်အသာ အိမ်ပေါ်က
ပြန်ဆင်းပြီး သူကြီးကို မကြောက်တတ်တဲ့ အားကောင်းမောင်းသန်
ယောကျာင်္း အယောက် ၃၀ ကို သံပုံးတွေ ကိုင်ဆောင်ပြီး အသင့်ပြင်
ထားဖို့ရယ် နောက်သံဗုဒ္ဓေဂါထာကို အလွတ်ရအောင် တထိုင်တည်း
သင်ပေးပေါ့။ အားလုံးသေသေချာချာ သင်ပေးပြီး မနက်ဖန်ပြန်လာခဲ့
မယ် ဆိုပြီး လှေကို ပြန်ခဲ့လေရဲ့ နောက်နေ့ မနက်စောစော သူကြီးအိမ်
ရောက်တော့ အိမ်ကို လူအားလုံးနဲ့ ဝိုင်းပြီး သံပုန်းတွေနဲ့ အပမှီနေတဲ့
သဘက်ကြီးထွက်လာရင် သံပုန်းတီးပြီး လိုက်ဖို့ မှာထာပေါ့ နောက်အိမ်ကို
ဝိုင်းထားသူတွေက သံဗုဒ္ဓေဂါထာတော်ကြီးကို ဝိုင်းရွတ်ဖတ်ကြတော့
အိမ်ထဲက ဘုန်းကြီးတစ္ဆေသဘက်ကြီးလည်း ပြေးပါလေရော...
မှာထားတဲ့ ယောကျာင်္းတွေက ထွက်လည်းထွက်လာရော သံပုန်းတွေ
တီးပြီးလိုက် သဘက်ကြီးကပြေး.. တခါတခါ အရပ်က ထန်းပင်
အမြင့်လောက်ဖြစ်လိုက် တခါတခါ.. လူအရပ်လောက် ပြန်သေး
သွားလိုက်နဲ့ နောက်ဆုံးတောအုပ်ထဲ ရောက်တဲ့အထိ ဝိုင်းမောင်း
ထုတ်လိုက်ကြပါတယ်...။ နောက် အရင်ရွာဦးကျောင်းကိုလည်း
အားလုံးသံဗုဒ္ဓေဂါထာရွတ်ပြီး ရေမန်းတွေ ပတ်ဖြန်းပေါ့.. သူကြီးသမီး
လည်း လူကောင်းပကတိပြန်ဖြစ်၊ ရွာသူရွာသားတွေလည်းကျေးဇူးတင်
လို့ လက်ဆောင်တွေပေးလိုက်ကြတာ အပြည့်အလျှံပါပဲ...
ဒါကတော့ ကျွန်တော်ဖတ်ခဲ့ပြီး ယခုတိုင် ရွတ်ဆိုနေတဲ့ သံဗုဒ္ဓေဂါထာ
တော်ကြီးပါပဲ.. နောက်ပိုင်းသိပ်တော့မမှတ်မိပေမယ့် ဦးမောင်ကြီးကို
သံဗုဒ္ဓေဂါထာတော်ကြီးအမှန်ကို လေးခါတိတိ အိပ်မက်ပေးတယ်လို့
ရေးထားပါတယ်.. ဒီမှာဘာလဲဆိုတော့ ကျွန်တော်တို့ တော်တော်များများ
နှုတ်ကျိုးနေတဲ့ ဝေစပေါက်တွေ နေရာမှာ ဝေစပေါက်တွေဖြုတ်ပြီး ဆိုရ
တာပါ..။ နောက်အသေးစိတ် သိလိုသူတွေ ကျွန်တော် နောက်ထပ်
ရေးပေးပါဦးမယ်... ပေရှည်သွားတာခွင့်လွှတ်ပါဗျာ ...
မှင်စာကိစ္စပြန်ဆက်ရအောင်.. ကျွန်တော်တို့ အဘိုးအဘွားတွေ
စီစဉ်တဲ့ ရှင်ပြုပွဲမှာ စည်းကမ်းတင်းကြပ်တဲ့ ဆရာတော်ကြီးက
ကျွန်တော်တို့ ရှင်ပြုပြီး နောက်တနေ့မှာပဲ တရားဟောပွဲတွေ လက်ခံ
ထားလို့ နယ်တွေကို ကြွရပါတော့တယ်..။ ကျောင်းမှာတော့ ဦးပဇ္ဇင်း
တပါးနဲ့ ငယ်ဖြူကိုရင်ကြီး ၅ပါးလောက်နဲ့ ကျွန်တော်တို့ ညီအကို
ကိုရင် ၄ ပါးနဲ့ နယ်ခံ အတူလိုက်ဝတ်တဲ့ ကိုရင်တပါးပဲကျန်ခဲ့ပါတယ်။
ကျွန်တော်တို့ ရန်ကုန်သားတွေ ဆိုတော့ ဆွမ်းလည်းခံစရာမလို မြို့ခံ
အိမ်တွေက အဆင်သင့်ပို့ပေါ့။ ဆရာတော်ကြီး မရှိတော့ လွတ်လပ်တာ
ဗျောင်းဆန်နေတာပါပဲ။ တရက် ကျွန်တော်တို့ ကိုရင်တစုနဲ့ ငယ်ဖြူ
၂ ပါး ကျောင်းအောက်က အစိမ်းသေသေတဲ့ အိမ်မှာ စားပွဲခင်းပြီး
မကြောက်မရွံ့ သရဲခေါ်ကြပါတော့တယ်...။ စားပွဲအောက်မှာ ခဲတလုံး
ခုပြီး ငယ်ဖြူကိုရင်ကြီးက ခေါ်ပြပါတော့တယ်... ဝင်လာရင် စားပွဲ
လှုပ်ပြပေါ့... မကြာခင်မှာပဲ စားပွဲစလုပ်ပါတော့တယ်... ဘယ်သူမှ
မကိုင်ရပဲ.. ကြောက်ကြောက်နဲ့ တဦးလက်တဦးကိုင် ကြည့်နေတုန်း
ဝင်လာသူ ယောကျာင်္းဆိုရင် တချက်လှုပ်ပါ...ဆို လှုပ်ပြပါတယ်...။
နောက်ဘယ်သူကြောင့် သေတာလည်းလည်း မေးရော ဝုန်းဒုန်းဆိုပြီး
စားပွဲခုံကြီး တုန်ခါသွားတာ ကျွန်တော်တို့ ညီအကိုတွေ အထစ် ၂၀၀
ရှိတဲ့ ကျောင်းပေါ် ဘယ်လိုပြန်ရောက်လာမှန်းကို မသိတော့ပါဘူး...။
ကျောင်းပေါ်ရောက်တော့ ဦးဇင်းမသိအောင် ကုပ်ကုပ် ကုပ်နဲ့ပေါ့ ...
တောင်ခြေအောက်က အိမ်ကိုတော့ ကြည့်တောင် မကြည့်ရဲတော့ပါ ...။
ဒီလိုနဲ့ တပတ်ပြည့်တဲ့ ညနေခင်းမှာ အကိုအကြီးဆုံး ကိုရင်ဦးဆောင်ပြီး
ကျောင်းက ဦးပဇင်းကို မပြောမဆိုပဲ မြို့ဦးကျောင်းကနေ အဘိုးတွေ
အဘွားတွေ ရှိရာကို တိတ်တဆိတ်ပြန်လာပြီး အဲ့ဒီအရပ်မှာ အင်မတန်
ပေါတဲ့ ဥသျှစ်သီးဖျော်ရည် ပြန်ဘုန်းပေးကြတာပေါ့။ အပြန်တော့
အဘိုးတို့၊ အမေတို့က ပြန်လိုက်ပို့ပေးကြပါတယ်..။ ဦးပဇင်း အသိ
မပေးပဲ ပြန်လာမှန်း လူကြီးတွေက မသိကြလေ...။ ကျောင်းရောက်မှ
ဦးပဇင်းက ကျွန်တော်တို့ ပျောက်သွားလို့ စိတ်ပူနေတာ...။ အဲဒီအတွက်
ခံရတဲ့ အပြစ်ဒဏ်ကတော့ နောက်တနေ့မှာ တောင်အောက် ရေတွင်းက
ရေကို ကျောင်းပေါ်ကို ကျွန်တော်တို့တွေ ကဆုန် ညောင်ရေအိုးလေး
တွေနဲ့ ရေခပ်ခိုင်းပြီး ရေဒဏ်ပေးခံရတော့တယ်..။ အဲ့ဒီ့ရေဒဏ်ရယ်
အအေးမိတဲ့ဒဏ်ကြောင့် အဲ့ညမှာ ကျွန်တော် အကြီးအကျယ် ဖျားတော့
တာပါပဲ..။ ကျွန်တော်တို့ ကိုရင်ဝတ်တဲ့ မြို့လေးက အဲ့ဒီ့အချိန်က ညနေ
၅ နာရီကနေ ၉ နာရီထိပဲ မီးစက်နဲ့ မီးပေးတာ..။
တောမြို့ဆိုတော့ ခြင်ကိုက်တာလည်းမရှိ ခြင်ထောင်လည်း မလိုလေ
တောင်ပေါ်ကျောင်းဆိုတော့ လေတဖြူးဖြူးပေါ့....။ အားလုံးအိပ်မအိပ်
တော့ မသိကျွန်တော်ကတော့ ပင်ပန်းပြီး စအိပ်ပျော်သွားတော့တယ်...။
တကယ်တော့ အဲ့ဒီအချိန်မှာ ကျွန်တော် အကြီးအကျယ်ဖျားနေပြီလေ...
အကိုတွေကတော့ သတိမထားမိကြဘူး...။ အိပ်ပျော်ပြီး တရေးနိုးလာ
တဲ့ အချိန်မှာ ဆူဆူညံညံအသံတွေ ကြားနေရပြီ ဘေးကကိုရင်တွေ
အသံ၊ ကျောင်းက ကိုရင်တွေအသံ အတိုင်းသားကြားနေရတယ်..။
ပထမဦးဆုံး အကိုငယ် ရှင်နန္ဒိယက ကျောင်းက ကိုရင်ကြီးကို အရှင်ဘုရား
ဟိုမှာကလေးတွေ အချိန်မတော် ဘာလုပ်နေကြတာလဲတဲ့...
ပြေးတာလည်း မြန်လိုက်တာတဲ့ အပေါ်သိမ်ရှိတဲ့ လှေကားကနေ အောက်
ပြေးဆင်းလိုက် ပြေးတက်လိုက် လုပ်နေတာ မြန်မှမြန်၊ ကလေး လေး ...
ငါးယောက်တဲ့ သူတို့ ပြတင်ပေါက် သံတိုင်ကြားက ကြည့်ပြီး ပြောနေကြ
တာ၊ အတိုင်းသားကြားနေရပေမယ့် ကျွန်တော်မလှုပ်နိုင်ဘူး ...
ကျွန်တော်မြင်နေရတာကတော့ လူလုံးမကွဲတဲ့ ကလေးတွေ လာခေါ်
နေကြတာပါပဲ... သင်္ကန်းချွတ်ဖို့ ပြောပြီး တိုးကပ်လာကြပြီ ဘေးမှာ
အကိုကိုရင်တွေက အော်ပြောနေကြတာ ကျောင်းအပြင် မရမ်းပင်
အောက်ကနေ သိမ်ပေါ်လှေကားပေါ် ပြေးတက်ပြေးဆင်းနေကြတဲ့
တကယ့်မြင်ကွင်း အဲဒီမှာ နားလည်တဲ့ ကိုရင်ကြီးက ...
ဟာ ဒါ … မှင်စာကလေးသရဲတွေတဲ့ နောက်အကိုတွေ ပြန်ပြောပြတာ
ကလေးပုံသဏ္ဍာန် ပြိတ္တာတွေ...။ ကျွန်တော်ကတော့ အပြင်ကမြင်ကွင်း
ကို မမြင်ရ လှဲနေရတာကိုး မြင်နေရတဲ့က မသဲကွဲတဲ့ ကလေးပုံဆန်တွေ
စကားလည်း ပြောမရ၊ လှုပ်လည်းမရတော့ ... လာခေါ်နေတာတော့
သိတယ်... ဘေးမှာလည်း အကိုတွေ ပြောနေတာ အတိုင်းသားပေါ့၊
ကျွန်တော်မလှုပ်နိုင်တဲ့ အချိန်မှာ နောက်ဆုံး သံဗုဒ္ဓေရွတ်ဆိုတဲ့ အသံ
ကို ကြားလိုက်ရပြီး ပါးစပ်က လှုပ်ပြီးမနည်း အားယူဆိုလိုက်တဲ့ အချိန်မှာ
တော့ ခုနလာခေါ်တဲ့ ပြိတ္တာမှင်စာတွေ ပျောက်ခြင်းမလှပျောက်သွားတယ်။
ဘေးကအကိုတွေ ကျွန်တော့်ကို သတိမထားမိပဲ သူတို့ သင်္ကန်းကို
ပြသူကပြနေကြပေါ့..။ မလှုပ်နိုင်တဲ့ ကျွန်တော်ကတော့ သံဗုဒ္ဓေကို
ဘယ်နှစ်ခေါက် ရွတ်မိမှန်းကို မသိတော့ပါ..။ နောက်ဆုံး ကိုရင်ကြီးတွေ
နဲ့ အကိုတွေ ပြောတာကြားလိုက်တာကတော့ ဟာစောင်းလျားပင်တွေကြား
မှာ ခေါင်းပေါင်းဖြူကြီးနဲ့ လူကြီးတဲ့ အဲဒီအချိန်မှာပဲ လျှပ် … လျှပ်နဲ့
ကျွန်တော်အသံပဲကြားပြီး အကိုတွေ အတိုင်းသားမြင်နေရတဲ့ ကလေး
အရွယ်.. ၁နှစ် ၂နှစ်သားအရွယ် မှင်စာတွေ ပျောက်ခြင်းမလှ ပျောက်
သွားပါတော့တယ်တဲ့။
အဲဒီမှာမှ ဘေးက ကျွန်တော့်ကို သတိရပြီး လှမ်းနှိုးပြီးပြဖို့ နှိုးတော့မှ
ကျွန်တော် ကိုယ်တွေ ချစ်ချစ်တောက်ပူနေတာ သူတို့သတိထားမိကြ
တယ်။ ကျွန်တော့်ကို ဦးဇင်းကြီးချက်ချင်းရောက်လာပြီး ရေပတ်တင်
ဆေးတိုက်လုပ်ရပါတော့တယ်။ ကျွန်တော်လည်း အားအင်ကုန်ခမ်းပြီး
အိပ်ပျော်သွားပါတော့တယ်...။ မနက်မိဘတွေ အဘိုးတွေလာတော့
ချက်ချင်းလူဝတ်လဲပြီး မြို့မှာ တဦးတည်းသော ဆရာဝန်နဲ့ ပြတော့မှ
ကျွန်တော် အသည်းရောင် အသားဝါဖြစ်နေတာ သိကြရပါတော့တယ်..။
အဲ့ဒီညက အဖြစ်အပျက်တွေကို အကိုကိုရင်တွေက လူကြီးတွေ
ပြောပြတော့မှ လူကြီးတွေ သိကြရတာ။ ရှင်းရှင်းပြောရရင်တော့
ကျွန်တော်သေကောင် ပေါင်းလဲဖြစ်နေတာကို ဝမ်းသာအားရ မှင်စာ
ကလေးသူရဲလေးတွေက လာခေါ်ကြတာလေ။ ကျွန်တော့်အကို
ကိုရင်တွေကတော့ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာကို ယခုအထိ
ပြောစမှတ်ပြုနေပါတယ်။ နေရာကလည်း မြေကြမ်း နောက်
ကျွန်တော် သင်္ကန်းစီးထားရတာရယ်၊ သံဗုဒ္ဓေဂါထာကို ဆိုမိလိုက်တာ
ရယ်၊ သူတော်စင်တဦး ပေါ်ထွက်လာတာရယ် ဆုံသွားလို့ ကျွန်တော်
ပါမသွားတာလို့ ပြောစမှတ်ပြုကြရပါတယ်..။ အရေးကြုံလို့ အသက်
အန္တရာယ်ကြုံလာရင် အကြောက်တရားကြောင့် ဘာဆိုဘာမှ မသိတော့
ပါ။ ကျွန်တော်တခေါက် ရေနစ်စဉ်က ရေပေါ် သုံးခါပေါ်လာမှ ရေကူး
တတ်တယ်ဆိုတာ အပေါ်ကလှမ်းသတိပေးမှ သတိရတာပါ။ ခုလည်း
ဒီဖြစ်စဉ်မှာ သံဗုဒ္ဓေဂါထာကို သတိပေးမှ ရွတ်ဖြစ်တာကို သတိထား
မိခဲ့ပါတယ်။ ဒီလို ငယ်ငယ်က နာနာဘာဝတွေနဲ့ အဖြစ်အပျက်တွေ ကြုံခဲ့
ဘူးတဲ့ ကျွန်တော် လွန်ခဲ့တဲ့ ၆နှစ်ခန့်က ဂျပန်နိုင်ငံ တောမကျ မြို့မကျ
မြို့လေးတမြို့မှာ ထပ်မံကြုံတွေ့ခဲ့ရ ပြန်ပါတယ်။
ဆက်လက်ဖတ်ရှုချင်ရင်တော့ ကျွန်တော်ရေးသားပါဦးမယ်...။
ကိုအောင်ရေ
(ပြီးပါပြီ …. ။)
-ဂျပန်နိုင်ငံရောက် မြန်မာတစ်ဦး2011/11/17 ≧°◡°≦ သိင်္ဂီ ≧°◡°≦ <ms.theinginwe@gmail.com>
မှင်စာ ရှိ … မရှိ
(မှတ်ချက်။ ။ဒီဇာတ်လမ်းကို ကိုယ်တွေ့ကြုံခဲ့တဲ့ သူ၊ ရေးသား
တင်ပြတဲ့ စာရေးသူဟာ ပြင်ပက ဖြစ်ပါတယ်၊ ကော်ပီကူးယူပြီး
အီမေးလ်ကနေ ဖြန့်ချီသူများအနေဖြင့် စည်းကမ်းရှိရှိ လုပ်ကြပါလို့
မေတ္တာရပ်ခံပါတယ်၊ ကိုယ်တွေ့ အဖြစ်အပျက် သရဲဇာတ်လမ်းများ
ရှိရင် ကျနော့်ရဲ့ `ပျူနိုင်ငံ´ဘလော့ဆီ ပို့ပေးလို့ ရပါတယ်၊
ကျနော့်`ပျူနိုင်ငံဘလော့ (Pyustate)´ ရဲ့ Facebook စာမျက်နှာ
ကိုလည်း ဖွင့်လှစ်ထားပါတယ် ခင်ဗျာ ... :D )
ဂျပန်မှာ ကြုံတွေ့ရတဲ့ ကိုယ်တွေ့ သရဲဇာတ်လမ်းလေး
မရေးမှီ.... ကျွန်တော် ၇-နှစ်သားလောက်က အဘိုး၊ အဘွား
တွေရှိရာ ပင်လယ်ကမ်းခြေနဲ့ နီးတဲ့တောမြို့လေးမှာ ကိုရင်ဝတ်
တုန်းက မသေကောင်း မပျောက်ကောင်းကြုံခဲ့ရတဲ့ ကိုယ်တွေ့
ဇာတ်လမ်းလေးတခုပေါ့.... ကဗျာဆရာတွေ ကဗျာသွားရွတ်တဲ့
ပင်လယ်ကမ်းခြေကျွန်းလေးရှိတဲ့ မြို့ဆိုရင် မမှားပါဘူး...
ဒီအကြောင်းမရေးခင် အရင် ကုလားသရဲ ဇာတ်လမ်းတုန်းက
သေတာတောင် ဆိုင်းဘာဘာပုံ ကိုးကွယ်ဖို့ ဘာလို့ ခွင့်တောင်း
လဲ မေးစရာရှိပါတယ်... အဝိဇ္ဇာဖုံးလွှမ်း အမှောင်လွှမ်းနေတော့
ကိုယ့်ဘဝအခြေအနေမှန်ကို မသိကြဘူးပေါ့... အရင်ဘဝမပြော
နဲ့ အခုဘဝမှာတောင် ကျွန်တော်တို့ အမိဝမ်းကြာတိုက်ထဲမှာ
ကိုးလ၊ ဆယ်လ ကြပ်ကြပ်တည်းတည်း ဒုက္ခခံနေခဲ့ရတဲ့ အနေအထား
ကိုတောင် ပြန်မြင်ရ၊ သိရတာမဟုတ်ဘူးလေ.. ကုလားသရဲနဲ့
စပ်ဆက်လို့ကြုံတုန်း မဂန္ဓာရုံ တောင်မြို့ဆရာတော်ဘုရာကြီး
အရှင်ဇနကာဘိဝံသရဲ့ ရေးသားချက်ထဲက တခုကို ပြန်ပြောပြ
ပါမယ်၊ တချို့လည်း သိပြီးဖြစ်ပါလိမ့်မယ်။ မန္တလေးမြို့က ဘုန်းကြီး
ကျောင်းတကျောင်းမှာ တန်ဆောင်မုန်းလပြည့်နေ့ ဆီ၊မီးပူဇော်ကြ
တော့ ကျောင်းဝင်းအတွင်းနဲ့ နေရာအနှံ ဆီမီးပူဇော်ကြသတဲ့...
အဲမှာ ကိုရင်လေးတပါးက ကျောင်းအတွင်း သစ်ပင်ကြီး တပင်
ပေါ်တက်ပြီး ဆီးမီးပူဇော်ရှာတယ်။
အဲ့လိုတက်ပူဇော်နေတုန်း ဗြုန်းဆို အပင်ပေါ်က ပြုတ်ကျလာပြီး
အပမှီသလို ဖြစ်နေပါလေရော... ဒါကို သတိထားမိတဲ့ ကျောင်းထိုင်
ဆရာတော်က ဆေးကြိမ်လုံး.ယူပြီး ခေါ်မေးသတဲ့ အဲ့မှာ ဝင်ပူး
နေတဲ့ သရဲကို နင်ဘယ်သူလဲ ဘာညာဆိုတော့ ဘယ်သူပါပေါ့...
ဘာလို့ ဒီမှာနေသလည်းဆိုတော့ ကျောင်းမှာ စားကြွင်းစားကျန်
တွေ ပေါများလို့ပါပေါ့..။ ဘာလို့ ကိုရင်ကို တွန်းချသလဲ ပြောစမ်း
ဆိုတော့... အပင်ပေါ်မှာ ဆီမီးလာပူဇော်လို့ပါပေါ့ အဲ့တော့ ဒါ
ကောင်းတဲ့အလုပ် ဘာကြောင့်ဒီလိုလုပ်ရတာလဲပေါ့.. အဲမှာ
ဘာပြန်ပြောသလဲဆိုတော့ သူကဘာသာခြား ဖြစ်တဲ့အတွက်
သူ့ဘာသာနဲ့ မဆိုင်လို့ တွန်းချတာတဲ့ ကဲဘယ်လောက်လဲ ဆိုတာ..
အဲဒါနဲ့ကျောင်းထိုင်က ဆေးကြိမ်လုံးကိုင်ပြီး စားကြွင်းစားကျန်လဲ
စာသေး စော်လည်း စော်ကားသေးဆိုပြီး မောင်းထုတ် လိုက်တယ်၊
အဲတော့ ဘာသာခြား ပြိတ္တာက သွားဆို သွားရတာပေါ့ဆိုပြီး ပမာမခန့်
ပြောပြီး ထွက်သွားလေရဲ့ ...။ (ကျွန်တော်တို့ တိုင်းပြည်မှာလည်း
ဒီလို ပြိတ္တာတွေပေါများ သလားပဲ) ထားပါတော့ ...။ ဒါပေမယ့်
တောင်မြို့ဆရာတော်ကြီးကတော့ သူသာဆိုရင် မေတ္တာနဲ့ နှင်မယ်
လို့ ရေးသားထားပါတယ်.... (လိုအပ်တာရှိရင်လည်း ခွင့်လွှတ်ပါ ...
ဖတ်ထားတာနှစ်တွေကြာနေလို့.. အမှောင်ဖုန်းလွှမ်းနေတော့
အစွဲက ပြိတ္တာဖြစ်တဲ့ အထိ မိမိဘဝမှန်ကို မသိသေးတာ
ပြောချင်တာပါ..
တလက်စတည်း ဆွေမျိုးနီးစပ် သေရွာပြန် ဦးလေးတစ်ယောက်
သူဆေးရုံတက်တုန်းက အဖြစ်အပျက် ပြန်ပြောပြတာလေးပေါ့..
အဆိုပါ ဦးလေးဖြစ်သူ ဆီးမသွားနိုင်ပဲ ဆီးအိတ်ယောင်တဲ့ ဝေဒနာ
အပြင်းအထန်ခံစားရလို့ ရန်ကုန်ဆေးရုံကြီးကို တင်လိုက်ရပါတယ်။
တစ်ရက် အပြင်းအထန်ဝေဒနာ ခံစားရပြီး သတိလစ်မြောသွားပါ
တယ်။ မေ့မြောသွားတဲ့ အချိန်မှာ သူမြင်တွေ့လိုက်ရတာကတော့
ရန်ကုန်ဆေးရုံကြီးပတ်ဝန်းကျင်မှာ များပြားလှတဲ့ လူတွေပါပဲ...
လူဆိုတာထက် ပြိတ္တာတွေပါ... ဘယ်လောက်များသလဲဆို ဆေးရုံ
ကြီးရဲ့ လက်တန်းတွေမှာ ထိုင်နေကြတာ အပြည့်တဲ့၊ ဆေးရုံကြီး
ရှေ့က စိန်ပန်းပင်တွေမှာလည်း အပြည့်ရရာနေရာမှာ ထိုင်နေကြ
တာတဲ့.. ထူးခြားတာက သေမယ့်လူနာတွေကို စောင့်နေကြတာတဲ့
တချို့ကလည်း လူ့ဘဝက အမူအကျင့်အတိုင်း ပြုံးပြုံရွှင်ရွှင်၊ တချို့
ကြတော့ မာမာထန်ထန်ဆိုပဲ.။ သူ့လည်း အဲ့နားမှာ မယောင်မလည်
နဲ့ပေါ့... အဲဒီအချိန်မှာ အားလုံးဟေး ဆိုတဲ့အသံကြီးနဲ့ ဝိုင်းဝန်း
ဝမ်းသာအားရ အော်ဟစ်သံကို ကြားလိုက်ရပါတယ်..။ အလုံဘက်
မှာ ဂတ်စ်အိုးပေါက်လို့ လူ၂ဦးသေတာကို ဝမ်းသာအားရကြိုဆိုပြီး
အော်ဟစ်နေကြတာတဲ့ ဒီလိုနဲ့ ဆက်လျှောက်လာလိုက်တာ များပြား
လှတဲ့ ပြိတ္တာတွေလေ ....
လမ်းလျှောက်လာတာ ပထမဆေးရုံဝင်းထဲကနေ ဘယ်လိုလုပ်
ဘယ်လို.. ရန်ကုန်မြို့မှာ တခါမှ မမြင်ဘူးတဲ့ လမ်းတွေကို ရောက်
သွားတယ် ဆိုပါတယ်၊ ပတ်ဝန်းကျင် အနေအထားကတော့ တောအုပ်
တခုက မြေသားလမ်းလိုမျိုး ရောက်သွားတယ်ပေါ့၊ ပတ်ဝန်းကျင်မှာ
သစ်ပင်တွေပေါ်မှာတော့ ပြိတ္တာမျိုးစုံပါပဲ၊ ဆက်ပြီး ထပ်လျှောက်သွားရင်
ဧရာမတောအုပ်ကြီး တစ်ခုကိုဝင်ရတော့မယ့် လမ်းကို မြင်နေရပြီ၊
ဒါနဲ့ သူလည်းဝင်ရမလို မဝင်ရမလို ဖြစ်နေချိန်မှာ သစ်ပင်ပေါ်က
ပြိတ္တာတွေက အတင်းဝင်ဖို့ လှမ်းဆွယ်နေလေရဲ့ ချီတုံချီချဖြစ်နေတုန်း
ကြားလိုက်ရတာကတော့ ဆရာတော်ကြီး တပါးရဲ့ တရားဟောသံပါပဲ၊
သူ နားဆိုက်ထောင်နေလိုက်တဲ့ အချိန်မှာတော့.. ပီတိစိတ်တွေနဲ့ အတူ
ဆေးရုံဝင်းထဲ ပြန်ရောက်သွားပါတော့တယ်၊ ခုနဆေးရုံ နေရာအနှံအပြား
တွေ့ရတဲ့ ပြိတ္တာတွေကတော့ မနှစ်မြို့ဟန်နဲ့ပေါ့၊ သူသတိပြန်ရတဲ့
အချိန်မှာ ဇောချွေးတွေနဲ့ အတူသတိယလာပြီး ၃ … ၄ ရက် ဆီးမသွား
နိုင်တဲ့ အခြေအနေကလည်း ချောချောရှုရှု သွားလာနိုင်တော့တယ်။
သူကြားလိုက်ရတဲ့ ဆရာတော်ကြီးရဲ့ တရားသံကတော့ ဆေးရုံကြီးရှေ့
မှာ ထီရောင်းတဲ့သူ တရားခွေဖွင့်ထားတဲ့ တရားသံပါတဲ့ ...။
(ဆရာတော်ကြီးအမည် ပြောပြပေမယ့် ကျွန်တော်လည်း မှားမှာဆိုးလို့
မရေးတော့ပါ။)။ အရင်က တရားဘာဝနာဆိုတာနဲ့ ကင်းကွာခဲ့တဲ့
ဦးလေးဆိုသူလည်း အဲ့ကတည်းက ကျွတ်တမ်းဝင်ခဲ့ပါတယ်...။
ကိုယ်တိုင်ကြုံခဲ့ရတာကိုး တောအုပ်ထဲသာ ဝင်သွားခဲ့ရင်တော့
မတွေးမိစရာပါပဲ...။ ဒါကတော့ ကြုံလို့ပြောပြတာပါ...။
ကဲ မှင်စာအကြောင်း ထပ်ပြောရအောင် လွန်ခဲ့တဲ့ အနှစ်(၃၀)
ကျော်လောက်ကပေါ့... နွေရာသီကျောင်းပိတ်ရက် အဘိုးအဘွား
တွေ ရှိရာ ပင်လယ်ကမ်းစပ်နဲ့နီးတဲ့ တောမြို့လေးတမြို့မှာ ကြုံခဲ့
ရတာပါပဲ။ အဲဒီအချိန်တုန်းကတော့ လမ်းပန်းဆက်သွယ်ရေးကလည်း
ခက်ခဲလှပါတယ် (အခုလည်း ဘာမှမထူးပါ)။ ကျောင်းပိတ်ရဲ့ မြို့ရဲ့
အပြင်ဖက် တောင်ပေါ်ကျောင်းပေါ်မှာ ညီအကိုတွေ ဆွေးမျိုးတွေ
ကိုရင်ဝတ်ဖြစ်ကြတယ်...။ အသက်က ၇- နှစ်လောက် ဆိုတော့
ကိုရင်တွေထဲမှာ အငယ်ဆုံးပါပဲ၊ ကျောင်းကတော့ မြို့ကနေ လမ်းခွဲ
တခုက သွားရပါတယ်။ တောင်ပေါ်ကျောင်းဆိုတော့ လှေကား
ထစ်ကြီးပဲ ၂၀၀ လောက်တက်ရပါတယ် ….
(ဆက်ရန် …. ။)
-ဂျပန်နိုင်ငံရောက် မြန်မာတစ်ဦး
http://www.pyustate.com
--
--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
" May all of the peoples of the world , free from all forms of suffering and able to nurturing loving kindness among themselves..."
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
