- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
Re: [Real Family: 24594] ပရဟိတ
သင့်မှာ အများပြည်သူအတွက် ပေးစရာ ဘာရှိသလဲ ? အချိန် (သို့မဟုတ်) ငွေကြေး (သို့မဟုတ်) လုပ်အား တစ်ခုခု အကူအညီပေးချင်တဲ့ ဆန္ဓရှိတယ် ရှိတဲ့အတိုင်းလည်း အကောင်အထည် ဖော်တယ်ဆိုရင် အမြတ်ဆုံးလူသားထဲမှာ စာရင်းပေါက်တဲ့သူ ဖြစ်ပါပြီ။
ကျနော်တို့ Real Family က မန်ဘာများအနေနဲ့ ``မြန်မာ့ အရုဏ်သစ်`` (အွန်လိုင်း) ပရဟိတ လူမှုကူညီရေး အသင်း https://www.facebook.com/groups/Myanma.ArunThit.Org မှာလည်း မန်ဘာဝင်ကြရင် သိပ်ကောင်းမှာပဲလို့ အက်မင်တစ်ဦးအနေနဲ့ ဆန္ဒပြုမိတယ်။ ဖိတ်ခေါ်ပါရစေဗျာ။ သူများဂလုတွေက ဝင်တာများပြီး တို့ RFM က ဝင်တာနည်းနေတော့ အက်မင်တွေ မျက်နှာငယ်ရတယ် :)
2012/8/28 "☆•❤´¯``သိဂီၤ´¯``❤•☆ -" <ms.theinginwe@gmail.com>:
> ပရဟိတ
>
> ကျနော်တို့တတွေ .. လက်ရှိ ပတ်ဝန်းကျင် လူငယ်တွေ နယ်ပယ်မှာ .၊ အင်တာနက်
> နယ်ပယ်မှာ .. ပရဟိတအလုပ်တွေကို လုပ်ဆောင်နေကြတဲ့ သတင်းတွေ မကြာခဏဆိုသလို
> ကြားဖူးကြမှာပါ .. ။ အဲ့ဒီလုပ်ရပ်တွေဟာ ကောင်းသော လုပ်ရပ်တွေပါ ..
> ကျနော့်အနေနဲ့ အားပေးပါတယ် ဝမ်းမြောက်ပါတယ် ။ နောက်ပြီး
> လူတိုင်းပြုမူလုပ်ဆောင်နေကြတဲ့ ကုသိုလ် ကောင်းမှုတိုင်းကိုလည်း သာဓု
> သုံးကြိမ်ခေါ်ပါတယ်။ ကျနော် ပြုမူလိုက်တဲ့ ကောင်းမှုတွေကိုလည်း
> ပြန်မျှပါတယ် ။
> ယခု ဒီပိုစ့်မှာ ကျနော်ပြောချင်သော ပရဟိတဆိုတဲ့ အလုပ်ကို ကျနော်တို့ တတွေ
> သေချာလေးတွေးကြည့်စေချင်ပါတယ် ။ သူ့ရဲ့ အနက်မှာ ပရ ဆိုတဲ့ စကားလုံးက
> တခြားသူ ၊ တပါးသူ လို့ အဓိပ္ပါယ်သက်ရောက်ပြီး ဟိတ ဆိုတဲ့ စကားလုံးကတော့
> အကျိုးစီးပွားလို့ လွယ်လွယ် သိထားစေချင်ပါတယ် ။ ဒီစကားလုံးနှစ်လုံး
> ပေါင်းလိုက်ရင် သူတပါး အကျိုးဖြစ်ထွန်းစေတာကို လုပ်ပေးခြင်းလို့
> နားလည်မိပါတယ် ။ သူတပါး အတွက် အဆင်ပြေရာပြေကြောင်း ကိုယ့်ဘို့မကြည့်ပဲ
> ဆက်ဆံပေးခြင်း လုပ်ပေးခြင်း ပြုမူခြင်းတွေ အားလုံးဟာ ပရဟိတ လုပ်ရပ်လို့
> ကျနော် ဆိုချင်မိပါတယ် …။
> ခုခေတ်မှာ .. ပရဟိတ ဆိုပြီး အဖွဲ့အစည်းတွေ ရှိကြပါတယ် ။ ဥပမာ
> နာမည်ကြီးလူသိများတာကတော့ ဦးကျော်သူ ဦးဆောင်တဲ့ .. နာရေးကူညီမှု အသင်း
> ပရဟိတ အဖွဲကို မြင်နိုင်ပါတယ် .။ ပရဟိတ လုပ်ငန်းတွေဟာ သူတပါး အတွက်
> အဆင်ပြေပြေလေးဖြစ်အောင် လုပ်ပေးတဲ့ ကုသိုလ်အလုပ်တွေပါပဲ ..။ အဲ့ဒီလို
> ကြီးကြီးမားမား အကျိုးဆောင်တာတွေရှိသလို .. အနည်းငယ် လုပ်ရပ်တွေလည်း
> ရှိကြပါတယ် ..။ ပရဟိတ လုပ်ရပ်ဟာ ကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ ပရဟိတက
> ပရဟိတပါပဲ .. ။ ဒီတော့ သေးသေးမွှားမွှား ပရဟိတလေးတွေကို ကျနော်တို့
> သတိထားပြီး လုပ်တတ်ဖို့လိုပါလိမ့်မယ် …။
> ပရဟိတ လုပ်ငန်းကြီးတွေမှာ ဝင်လုပ်နိုင်ဖို .. ကျနော်တို့
> အချိန်သီးခြားပေးရပါမယ် ..။ ပြီး တကူးတက လုပ်ရတာမျိုးတွေလည်း ရှိပါမယ် .။
> ကျနော်တို့ အများစု ဟာ ဝမ်းရေး နေရေး တွေနဲ့ မကင်းကြတာမို့ ပရဟိတ
> လုပ်ငန်းတွေထဲ အားသွန်ခွန်စိုက် မပါဝင်နိုင်ကြပါဘူး ။
> ဒီလုပ်ငန်းတွေကိုတော့ ကောင်းမွန်ခြင်းတွေမှန်း သိကြပြီး စိတ်ရောကိုယ်ပါ
> မဝင်ရောက်နိုင်တာ ၊ အကျိုးမဆောင်နိုင်တာမျိုးတွေ ရှိကြမှာပါ ။ အဲ့လို
> သူတွေဟာ လုပ်နိုင်သူတွေကို အားပေးခြင်း အလှူငွေထည့်ခြင်း စတဲ့ တတ်အားသ၍
> ပါဝင်ကြပါတယ် ။ ဒါလည်း ကောင်းခြင်းပါ .. ။ သို့သော် သူတို့ ပရဟိတ
> သက်သက်ကို လုပ်ဖို့ မတတ်နိုင်ကြပါဘူး ။
> ခုလောလောဆယ် ကျနော်တို့ အားလုံးဟာ အလုပ်တာဝန်တွေနဲ့ နေ့စဉ်
> လူတွေကြားထဲမှာ လှုပ်ရှားရုန်းကန်ရင်း နိစ္စဓူဝ ဖြတ်သန်းနေကြရပါတယ် ။
> ဒီလို ဖြတ်သန်းနေခိုက် .. လူတွေနဲ့ အနည်းအများ ဆက်ဆံ ပြောဆိုကြရပါတယ် ။
> အဆင်ပြေတာလည်း ရှိသလို အဆင်မပြေကြတာမျိုးလည်းရှိကြပါတယ် ။ ဖြစ်ပြီးတာတွေ
> ဘယ်လိုပဲ ရှိပါစေပါ .. လက်ရှိအချိန်ကနေစပြီး ကိုယ်နဲ့
> ဆက်သွယ်စကားပြောနေတဲ့ သူတွေအပေါ်မှာ .. မေတ္တာတရား သို့မဟုတ် ပရဟိတ
> စိတ်ကလေးကို ထားကြည့်စေချင်ပါတယ် ။ ဥပမာ အရောင်းဈေးသည်
> တစ်ယောက်ဆိုပါစို့ .. သူ့ရဲ့ ဖောက်သည်အပေါ်မှာ စေတနာ စိတ်အပြည့်နဲ့
> ဆက်ဆံပေးမယ်ဆိုရင် .. အဲ့ဒီလုပ်ရပ်ဟာ ပရဟိတ လုပ်ရပ်ပါပဲ ..။ အဲ့ဒီ ပရဟိတ
> လုပ်ရပ်ကို လုပ်နေစဉ် ကျနော်တို့ လက်ရှိအလုပ်လည်း အနှောက်အယှက် မဖြစ်သလို
> သီးသန့်လည်း အချိန်မပေးရပါဘူး ..။ ပရဟိတ စိတ်နဲ့ ပြုမူလိုက်ခြင်းဟာ
> တဖက်သူမှာလည်း ကျေနပ်သလို ကိုယ့်မှာလည်း ကျေနပ်မှု ဖြစ်စေပါတယ် ။
> နေရာတိုင်း ၊ ဌာနတိုင်း ၊ ကုမ္မဏီတိုင်းမှာ လူလူချင်း ဆက်ဆံရတာဟာ အဓိက
> လုပ်ရပ်ပါပဲ ။ ဒီတော့ ဘယ်သူဖြစ်ဖြစ် .. ဘယ်လိုအခြေအနေပဲ ရှိရှိ ..
> တဖက်သားအပေါ်မှာ ပရဟိတ စိတ်ကလေးနဲ့ လုပ်နေပေးရင် .. ထိုလူဟာ
> မြှားတစ်စင်းနဲ့ ငှက်ပေါင်းများစွာကို ပစ်နိုင်သူလို ဖြစ်နေပါလိမ့်မယ် ..
> ။ ဘာလို့လဲဆိုရင် လူတွေရဲ့ စိတ်တွေဟာ ခံစားချက်နဲ့ တွဲစပ်ပြီး
> ကူးစက်နိုင်တဲ့ သဘောကြောင့်ပါပဲ ..။ လူတစ်ယောက်ဟာ .. တခြားသူတစ်ယောက်ကို
> မောက်မောက်မာမာ ဆက်ဆံလိုက်ပြီဆိုရင် .. ထိုတခြားလူက ပြုံးပြမနေပဲ ..
> ထိုလူလို ပြုမူဆက်ဆံလာပါလိမ့်မယ် .. ဒါဟာ သဘာဝပါပဲ ။ ထိုသို့ မဟုတ်ပဲ
> ချိုသာသောစကား နားလည်တတ်သော အမြင်နဲ့ .. ပြုမူပါက တဖက်သားဟာလည်း
> ထိုစေတနာဓါတ်တွေ ကူးကာ ညင်သာလာတာကို လက်တွေ့ဖြင့် သက်သေယူနိုင်ပါတယ် ။
> နေရာတနေရာမှာ .. ကျနော့်ကို လူတစ်ယောက်က ချိုသာတဲ့စကား ကြင်နာတဲ့ အပြုံး
> နှစ်သက်လက်ခံမှုဖြင့် ဆက်ဆံတယ်ဆိုပါစို့ ကျနော်စိတ်က အလိုလို ထိုလူကို
> ပြန်ပြီး နှစ်သက်ပေးမိပါမယ် ..။ နောက်ပြီး ဆက်လက် ကျနော်နဲ့
> ထပ်တွေ့ရမဲ့သူများအား ထို နှစ်သက်မှုတွေဖြင့်သာ ဆက်ဆံရင်း
> ဆက်လက်ကူးသွားပါလိမ့်မယ် ..။ ကျနော့်လိုပဲ ကျနော်နဲ့ တွေ့လိုက်တဲ့
> တခြားသူဟာ နောက်ထပ် တစ်ဦးတစ်ယောက်အပေါ်မှာ နှစ်သက်မှု နားလည်မှုတွေနဲ့
> ပြုမူရင်း ကျယ်ပြန့်လာကာ တဖြည်းဖြည်းနဲ့ ကျနော်တို့ လောကကြီးဟာ ..
> သာယာလာပါလိမ့်မယ် ။ ဒီတော့ .. ငွေလည်း မကုန် .၊ အချိန်လည်း ပိုမပေးရပဲ
> ..၊ အလုပ်လည်း မပျက်စေတဲ့ အဲ့ဒီ ဆက်ဆံရေး ပရဟိတ စိတ်ကလေးကို ..
> ကျနော်တို့ သတိထားပြီး ဆောင်ရွက် ပေးဖို့ လိုပါတယ် ..။ ဒါဟာ
> အများကိုမြင့်စေသလို ကိုယ့်ကိုယ်ကိုလည်း မြှင့်ရာရောက်တာမို့ ..
> ဒီစာဖတ်သူများ အဲ့ဒီ ပရဟိတ စိတ်ကလေးကို လက်ကိုင်ပြုပေးဖို့ လေးစားစွာ
> ပြောလိုပါတယ် .. ။
>
> ထာဝစဉ်လန်းဆန်းပြီး .. တန်ဖိုးရှိတဲ့ လူ့ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ
> …လို့ ဆန္ဒပြုရင်း ..
> ဘာနေ
> ၁၆ ၊ မတ်လ ၊ ၂၀၁၂
> http://barnay.wordpress.com
>
>
> --
> စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။
>
> --
> --
> ♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
> ● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
> ● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
> ● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
> ● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
> ● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
> ● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
>
>
>
--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။