အမေစုက " ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေး" ဘို့ ပြောတယ်။
ဓမ္မဓိဋ္ဌာန် ဆိုတာဘာလဲ ? ငယ်ငယ်က ကျောင်းမှာ ဖြေရတဲ့ ဓမ္မဓိဋ္ဌာန် Objective Type ဆိုတာနဲ့ ဘာကွာလဲ။
အရဏ၀ိဘင်္ဂသုတ်ကို မင်းကွန်းတိပိဋကဓရ ဆရာတော်၏ အနက်ပြန်ဆိုချက်အရ မြောက်စားခြင်း၊ နှိမ်ခြင်းကို အလျင်းမပြုဘဲ တရားသော သဘောကိုသာ ဆွေးနွေးခြင်းဟာ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေးခြင်း ဖြစ်တယ်လို့ မှတ်သားရပါတယ်။
အရဏ၀ိဟာရ (ကိလေသာကင်းကွာ ချမ်းသာစွာ နေနိုင်ကြောင်း) တရား (၆) ပါး...(မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး)
ဓမ္မဓိဋ္ဌာန် ဆိုတာဘာလဲ ? ငယ်ငယ်က ကျောင်းမှာ ဖြေရတဲ့ ဓမ္မဓိဋ္ဌာန် Objective Type ဆိုတာနဲ့ ဘာကွာလဲ။
အရဏ၀ိဘင်္ဂသုတ်ကို မင်းကွန်းတိပိဋကဓရ ဆရာတော်၏ အနက်ပြန်ဆိုချက်အရ မြောက်စားခြင်း၊ နှိမ်ခြင်းကို အလျင်းမပြုဘဲ တရားသော သဘောကိုသာ ဆွေးနွေးခြင်းဟာ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေးခြင်း ဖြစ်တယ်လို့ မှတ်သားရပါတယ်။
အရဏ၀ိဟာရ (ကိလေသာကင်းကွာ ချမ်းသာစွာ နေနိုင်ကြောင်း) တရား (၆) ပါး...(မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး)
(၁) အယုတ်နှစ်ပါး၊ မလိုက်စား၊ လမ်းသွားမဇ္ဈိမ။
(၂) မမြှောက်မစား၊ မနှိမ်ငြား၊ တရားဟောဖေါ်ပြ။
(၃) သုခနှစ်ပါး၊ ဉာဏ်ပိုင်းခြား၊ ပွားများအဇ္ဈတ္တ။
(၄) မျက်မှောက်မျက်ကွယ်၊ ဤနှစ်သွယ်၊ ဆိုဖွယ်သိတတ်လှ။
(၅) မလျင်မဆော၊ စကားပြော၊ ပြေချောသိမ်မွေ့စွ။
(၆) အရပ်စကား၊ မလွန်ငြား၊ ခြောက်ပါးအရဏ။
အဓိပ္ပာယ် -
(၁) အယုတ်တရားနှစ်ပါး မလိုက်စားဘဲ မဇ္ဈိမ ပဋိပဒါလမ်းသို့ လိုက်ပါခြင်း။
(၂) ပုဂ္ဂလဓိဋ္ဌာန် နည်းဖြင့် ပုဂ္ဂိုလ်ကို ဦးတည်၍ စကားပြော တရားဟောလျှင် "ချီးမွမ်းအပ်သည့် ပုဂ္ဂိုလ် ဖြစ်သည်" ဟု ဟောပြောက "မြောက်စားခြင်း" မည်၍၊ "ကဲ့ရဲ့အပ်သည့် ပုဂ္ဂိုလ် ဖြစ်သည်" ဟု ဟောပြောက "သူ့ကို နှိမ်ခြင်း" မည်လေသည်။ ထိုသို့ မြောက်စားခြင်း၊ နှိမ်ခြင်းကို အလျင်းမပြုဘဲ ဓမ္မဓိဋ္ဌာန် နည်းအားဖြင့် တရားသဘောကိုသာ ညွှန်ပြ၍ "ချီးမွမ်းအပ်သော တရားဖြစ်သည်၊ ကဲ့ရဲ့အပ်သော တရားဖြစ်သည်" ဟုသာ ဟောပြောခြင်း။
(၃) သူတော်တရား (သမထ၊ ၀ိပဿနာ) အားထုတ်၍ ရရှိသော အဇ္ဈတ္တ သုခ၊ အပြင်အပ ဗဟိဒ္ဓ အာရုံငါးပါးကို အကြောင်းပြု၍ ရရှိသော ဗဟိဒ္ဓသုခ ဟု သုခနှစ်ပါးကို ခွဲခြားသိမြင်ပြီးလျှင် အဇ္ဈတ္တသုခ ကိုသာ ပွားများခြင်း။
(၄) ပုဂ္ဂိုလ် တစ်ဦးဦး၏ အကြောင်းကို မျက်မှောက် မျက်ကွယ် နှစ်နေရာလုံး မှာပင် မှန်ကန်၍ အကျိုးရှိမှ ပြောဆိုခြင်း။
(၅) စကားပြော တရားဟောသောအခါ မလျင်မဆော ချောမောပြေပြစ်စွာ ပြောဟောခြင်း။
(၆) အရပ်တစ်ပါးသို့ ရောက်သွားသော် ထိုအရပ်၌ သုံးစွဲသည့် ဝေါဟာရ စကားများနှင့် စပ်၍ (မိမိ၏ အရပ်သုံး ဝေါဟာရနှင့် မတူ ကွဲပြားသော်လည်း) ငြင်းခုံ လွန်ဆန်မှု မပြုခြင်း။
ဤကား ဥပရိပဏ္ဏသ ပါဠိတော် အရဏ၀ိဘင်္ဂသုတ်လာ အဓိပ္ပာယ်တည်း.....
(မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး)
Credit: http://www.dhammaflavour.net/2010/09/blog-post_25.html
May Zaw Khin RFA
ဒီကနေ့ မနက်ပိုင်းက လွှတ်တော် အစည်းအဝေး တက်ရောက်မဲ့ NLD ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ပိုင်း တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
"ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ဆောင်ကြဖို့၊ နောက်ပြီးတော့ ဆွေးနွေးတဲ့ နေရာတွေမှာ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေးကြဖို့ ကိုယ့်စိတ်နဲ့ မတွေ့တိုင်း မထောက်ခံဘူးလို့ မဖြစ်သလို၊ ကိုယ့်စိတ်နဲ့ တွေ့တိုင်းလည်း ထောက်ခံပါတယ်လို့ချည်း ပြောလို့မဖြစ်ဘူး။ အဲတော့ အချက်အလက်တွေကို သေသေချာချာ ရှာဖွေပြီးတော့ ဘယ်သူတွေ ဘယ်လိုပဲ စဉ်းစား၊ စဉ်းစားပေါ့။ ကိုယ်ကတော့ တစ်ဦးချင်းအလိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပီပီ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ရှေ့ရေးမြော်တွေးပြီးတော့ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေးကြပါပေါ့။ ဒါသိပ်အရေးကြီးတယ်တဲ့"
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမျိုးသား ယဉ်ကျေးမှု မြှင့်တင်ရေးအတွက် နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို NDF ပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက တင်သွင်းပြီး အမျိုးသား ဒီမိုကရေစီသစ် ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ထူးခြားချက်ကတော့ လွှတ်တော် အဝင်မှာ သာမက လွှတ်တော် အစည်းအဝေး အဆောက်အအုံ အတွင်းပိုင်းမှာပါ လုံခြုံရေး ကိရိယာတွေ တပ်ဆင်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် သတင်း မီဒီယာသမားတွေကိုပါ လုံခြုံရေး တိုးမြှင့် စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
--
Posted By အောင်မျိုးကျော် to Richard Aung at 8/07/2012 12:04:00 PM --
--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။