[Real Family: 24593] ပရဟိတ

ပရဟိတ

ကျနော်တို့တတွေ .. လက်ရှိ ပတ်ဝန်းကျင် လူငယ်တွေ နယ်ပယ်မှာ .၊ အင်တာနက်
နယ်ပယ်မှာ .. ပရဟိတအလုပ်တွေကို လုပ်ဆောင်နေကြတဲ့ သတင်းတွေ မကြာခဏဆိုသလို
ကြားဖူးကြမှာပါ .. ။ အဲ့ဒီလုပ်ရပ်တွေဟာ ကောင်းသော လုပ်ရပ်တွေပါ ..
ကျနော့်အနေနဲ့ အားပေးပါတယ် ဝမ်းမြောက်ပါတယ် ။ နောက်ပြီး
လူတိုင်းပြုမူလုပ်ဆောင်နေကြတဲ့ ကုသိုလ် ကောင်းမှုတိုင်းကိုလည်း သာဓု
သုံးကြိမ်ခေါ်ပါတယ်။ ကျနော် ပြုမူလိုက်တဲ့ ကောင်းမှုတွေကိုလည်း
ပြန်မျှပါတယ် ။
ယခု ဒီပိုစ့်မှာ ကျနော်ပြောချင်သော ပရဟိတဆိုတဲ့ အလုပ်ကို ကျနော်တို့ တတွေ
သေချာလေးတွေးကြည့်စေချင်ပါတယ် ။ သူ့ရဲ့ အနက်မှာ ပရ ဆိုတဲ့ စကားလုံးက
တခြားသူ ၊ တပါးသူ လို့ အဓိပ္ပါယ်သက်ရောက်ပြီး ဟိတ ဆိုတဲ့ စကားလုံးကတော့
အကျိုးစီးပွားလို့ လွယ်လွယ် သိထားစေချင်ပါတယ် ။ ဒီစကားလုံးနှစ်လုံး
ပေါင်းလိုက်ရင် သူတပါး အကျိုးဖြစ်ထွန်းစေတာကို လုပ်ပေးခြင်းလို့
နားလည်မိပါတယ် ။ သူတပါး အတွက် အဆင်ပြေရာပြေကြောင်း ကိုယ့်ဘို့မကြည့်ပဲ
ဆက်ဆံပေးခြင်း လုပ်ပေးခြင်း ပြုမူခြင်းတွေ အားလုံးဟာ ပရဟိတ လုပ်ရပ်လို့
ကျနော် ဆိုချင်မိပါတယ် …။
ခုခေတ်မှာ .. ပရဟိတ ဆိုပြီး အဖွဲ့အစည်းတွေ ရှိကြပါတယ် ။ ဥပမာ
နာမည်ကြီးလူသိများတာကတော့ ဦးကျော်သူ ဦးဆောင်တဲ့ .. နာရေးကူညီမှု အသင်း
ပရဟိတ အဖွဲကို မြင်နိုင်ပါတယ် .။ ပရဟိတ လုပ်ငန်းတွေဟာ သူတပါး အတွက်
အဆင်ပြေပြေလေးဖြစ်အောင် လုပ်ပေးတဲ့ ကုသိုလ်အလုပ်တွေပါပဲ ..။ အဲ့ဒီလို
ကြီးကြီးမားမား အကျိုးဆောင်တာတွေရှိသလို .. အနည်းငယ် လုပ်ရပ်တွေလည်း
ရှိကြပါတယ် ..။ ပရဟိတ လုပ်ရပ်ဟာ ကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ ပရဟိတက
ပရဟိတပါပဲ .. ။ ဒီတော့ သေးသေးမွှားမွှား ပရဟိတလေးတွေကို ကျနော်တို့
သတိထားပြီး လုပ်တတ်ဖို့လိုပါလိမ့်မယ် …။
ပရဟိတ လုပ်ငန်းကြီးတွေမှာ ဝင်လုပ်နိုင်ဖို .. ကျနော်တို့
အချိန်သီးခြားပေးရပါမယ် ..။ ပြီး တကူးတက လုပ်ရတာမျိုးတွေလည်း ရှိပါမယ် .။
ကျနော်တို့ အများစု ဟာ ဝမ်းရေး နေရေး တွေနဲ့ မကင်းကြတာမို့ ပရဟိတ
လုပ်ငန်းတွေထဲ အားသွန်ခွန်စိုက် မပါဝင်နိုင်ကြပါဘူး ။
ဒီလုပ်ငန်းတွေကိုတော့ ကောင်းမွန်ခြင်းတွေမှန်း သိကြပြီး စိတ်ရောကိုယ်ပါ
မဝင်ရောက်နိုင်တာ ၊ အကျိုးမဆောင်နိုင်တာမျိုးတွေ ရှိကြမှာပါ ။ အဲ့လို
သူတွေဟာ လုပ်နိုင်သူတွေကို အားပေးခြင်း အလှူငွေထည့်ခြင်း စတဲ့ တတ်အားသ၍
ပါဝင်ကြပါတယ် ။ ဒါလည်း ကောင်းခြင်းပါ .. ။ သို့သော် သူတို့ ပရဟိတ
သက်သက်ကို လုပ်ဖို့ မတတ်နိုင်ကြပါဘူး ။
ခုလောလောဆယ် ကျနော်တို့ အားလုံးဟာ အလုပ်တာဝန်တွေနဲ့ နေ့စဉ်
လူတွေကြားထဲမှာ လှုပ်ရှားရုန်းကန်ရင်း နိစ္စဓူဝ ဖြတ်သန်းနေကြရပါတယ် ။
ဒီလို ဖြတ်သန်းနေခိုက် .. လူတွေနဲ့ အနည်းအများ ဆက်ဆံ ပြောဆိုကြရပါတယ် ။
အဆင်ပြေတာလည်း ရှိသလို အဆင်မပြေကြတာမျိုးလည်းရှိကြပါတယ် ။ ဖြစ်ပြီးတာတွေ
ဘယ်လိုပဲ ရှိပါစေပါ .. လက်ရှိအချိန်ကနေစပြီး ကိုယ်နဲ့
ဆက်သွယ်စကားပြောနေတဲ့ သူတွေအပေါ်မှာ .. မေတ္တာတရား သို့မဟုတ် ပရဟိတ
စိတ်ကလေးကို ထားကြည့်စေချင်ပါတယ် ။ ဥပမာ အရောင်းဈေးသည်
တစ်ယောက်ဆိုပါစို့ .. သူ့ရဲ့ ဖောက်သည်အပေါ်မှာ စေတနာ စိတ်အပြည့်နဲ့
ဆက်ဆံပေးမယ်ဆိုရင် .. အဲ့ဒီလုပ်ရပ်ဟာ ပရဟိတ လုပ်ရပ်ပါပဲ ..။ အဲ့ဒီ ပရဟိတ
လုပ်ရပ်ကို လုပ်နေစဉ် ကျနော်တို့ လက်ရှိအလုပ်လည်း အနှောက်အယှက် မဖြစ်သလို
သီးသန့်လည်း အချိန်မပေးရပါဘူး ..။ ပရဟိတ စိတ်နဲ့ ပြုမူလိုက်ခြင်းဟာ
တဖက်သူမှာလည်း ကျေနပ်သလို ကိုယ့်မှာလည်း ကျေနပ်မှု ဖြစ်စေပါတယ် ။
နေရာတိုင်း ၊ ဌာနတိုင်း ၊ ကုမ္မဏီတိုင်းမှာ လူလူချင်း ဆက်ဆံရတာဟာ အဓိက
လုပ်ရပ်ပါပဲ ။ ဒီတော့ ဘယ်သူဖြစ်ဖြစ် .. ဘယ်လိုအခြေအနေပဲ ရှိရှိ ..
တဖက်သားအပေါ်မှာ ပရဟိတ စိတ်ကလေးနဲ့ လုပ်နေပေးရင် .. ထိုလူဟာ
မြှားတစ်စင်းနဲ့ ငှက်ပေါင်းများစွာကို ပစ်နိုင်သူလို ဖြစ်နေပါလိမ့်မယ် ..
။ ဘာလို့လဲဆိုရင် လူတွေရဲ့ စိတ်တွေဟာ ခံစားချက်နဲ့ တွဲစပ်ပြီး
ကူးစက်နိုင်တဲ့ သဘောကြောင့်ပါပဲ ..။ လူတစ်ယောက်ဟာ .. တခြားသူတစ်ယောက်ကို
မောက်မောက်မာမာ ဆက်ဆံလိုက်ပြီဆိုရင် .. ထိုတခြားလူက ပြုံးပြမနေပဲ ..
ထိုလူလို ပြုမူဆက်ဆံလာပါလိမ့်မယ် .. ဒါဟာ သဘာဝပါပဲ ။ ထိုသို့ မဟုတ်ပဲ
ချိုသာသောစကား နားလည်တတ်သော အမြင်နဲ့ .. ပြုမူပါက တဖက်သားဟာလည်း
ထိုစေတနာဓါတ်တွေ ကူးကာ ညင်သာလာတာကို လက်တွေ့ဖြင့် သက်သေယူနိုင်ပါတယ် ။
နေရာတနေရာမှာ .. ကျနော့်ကို လူတစ်ယောက်က ချိုသာတဲ့စကား ကြင်နာတဲ့ အပြုံး
နှစ်သက်လက်ခံမှုဖြင့် ဆက်ဆံတယ်ဆိုပါစို့ ကျနော်စိတ်က အလိုလို ထိုလူကို
ပြန်ပြီး နှစ်သက်ပေးမိပါမယ် ..။ နောက်ပြီး ဆက်လက် ကျနော်နဲ့
ထပ်တွေ့ရမဲ့သူများအား ထို နှစ်သက်မှုတွေဖြင့်သာ ဆက်ဆံရင်း
ဆက်လက်ကူးသွားပါလိမ့်မယ် ..။ ကျနော့်လိုပဲ ကျနော်နဲ့ တွေ့လိုက်တဲ့
တခြားသူဟာ နောက်ထပ် တစ်ဦးတစ်ယောက်အပေါ်မှာ နှစ်သက်မှု နားလည်မှုတွေနဲ့
ပြုမူရင်း ကျယ်ပြန့်လာကာ တဖြည်းဖြည်းနဲ့ ကျနော်တို့ လောကကြီးဟာ ..
သာယာလာပါလိမ့်မယ် ။ ဒီတော့ .. ငွေလည်း မကုန် .၊ အချိန်လည်း ပိုမပေးရပဲ
..၊ အလုပ်လည်း မပျက်စေတဲ့ အဲ့ဒီ ဆက်ဆံရေး ပရဟိတ စိတ်ကလေးကို ..
ကျနော်တို့ သတိထားပြီး ဆောင်ရွက် ပေးဖို့ လိုပါတယ် ..။ ဒါဟာ
အများကိုမြင့်စေသလို ကိုယ့်ကိုယ်ကိုလည်း မြှင့်ရာရောက်တာမို့ ..
ဒီစာဖတ်သူများ အဲ့ဒီ ပရဟိတ စိတ်ကလေးကို လက်ကိုင်ပြုပေးဖို့ လေးစားစွာ
ပြောလိုပါတယ် .. ။

ထာဝစဉ်လန်းဆန်းပြီး .. တန်ဖိုးရှိတဲ့ လူ့ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ
…လို့ ဆန္ဒပြုရင်း ..
ဘာနေ
၁၆ ၊ မတ်လ ၊ ၂၀၁၂
http://barnay.wordpress.com


--
စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။