[Real Family: 24595] အလှူဒါနအကြောင်းသိကောင်းစရာ

အလှူဒါနအကြောင်းသိကောင်းစရာ

''လှူတတ်လျှင်မြတ်သည်'' ''အလှူပေးသူဌေးဖြစ်''ဟူ သော စကားများ ရှိသည်။ အလှူဒါနဟူသမျှ အကျိုးပေးသည် ချည်းဖြစ်သည်။ သို့သော် အကျိုးပေးပုံချင်း မတူချေ။ အလှူခံ ပုဂ္ဂိုလ်၊ လှူဘွယ်ဝတ္ထု၊ အလှူရှင်၏ စိတ်စေတနာစသည်တို့ ကွဲပြားခြားနားသည်နှင့်အမျှ အကျိုးကျေးဇူး ကွဲပြားခြားနား ကြသည်။ ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီး လောက် အကျိုးရသည်။ ညောင်ပင်ကြီးလောက် လှူသော် လည်း ညောင်စေ့လောက်သာ အကျိုးရသည်ဟူသော စကားသည် အလှူ ရှင်စိတ်စေတနာ၊ လှူဘွယ်ဝတ္ထု၊ အလှူခံပုဂ္ဂိုလ်တို့ စင်ကြယ်မြင့် မြတ် မှန်ကန်စေရန် ၇ည်ရွယ်ညွှန်းဆိုသော စကားဖြစ်သည်။

မျက်မှောက်ဘဝနှင့် တမလွန်တို့၌ ဒါနနှင့်တူသော အမှီ အခိုကောင်း၊ အစောင့်အရှောက်ကောင်းဟူသည် မရှိချေ။ မြတ်စွာ ဘုရားရှင် ကိုယ်တော်တိုင် အလောင်းတော်ဘဝတွင် ပါရမီဖြည့် ကျင့်ရာ၌ ဒါနပါရမီကိုေ၇ှးဦးစွာ ဆောက်တည်တော်မူခဲ့ပြီး ဘု၇ား ဖြစ်တော်မူသောအခါ ပါရမီဆယ်ပါးတွင် ဒါနပါရမီကို ဦးစွာ ဟောတော်မူခဲ့သည်။

ပါရမီဆယ်ပါးတွင် ဒါနပါရမီသည် ပြုရန် လွယ်ကူသည်။ များစွာသော လူတို့၌ ပြုကျင့်နိုင်သည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုး တို့သည် ကံ, ကံ၏ အကျိုးကို ယုံကြည်သည့်အားလျော်စွာ အလှူရေစက် လက်နှင့်မကွာ လှူဒါန်းသည့် ဓလေ့ရှိပြီးဖြစ်သည်။ ထို့ကြောင့်ပင် မိမိတို့ အလှူဒါန၏ အကျိုးပေးကို ထင်ထင်ရှားရှား သိမြင်၍ ပီတီသုခ၇ရှိစေရန် အလို့ငှာ ဤအလှူဒါနအမျိုးမျိုးနှင့် အကျိုးကျေးဇူးများစာအုပ်ကို ထုတ်ဝေရခြင်းဖြစ်ပါသည်။

http://zawtika.com
--
စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။