ဒါနအဓိပ္ပာယ်
ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ ဝေငှခြင်း၊ မျှတခြင်း၊ ဖြည့်စွက်ခြင်း စသည်အမူများကို ပြုလုပ်လိုသော စေတနာကိုလည်းကောင်း၊ လှူဒါန်းဆက်ကပ်ခြင်း စသည့်အမူများကို ပြုလုပ်လိုသော စေတနာကို လည်းကောင်း၊ ပေးကမ်းအပ် စွန့်ကြဲအပ်သော ပစ္စည်းဝတ္တုများကိုလည်းကောင်း ဒါနဟု ခေါ်သည်။
စေတနာရှိမှ ပေးလှူနိုင်၏။ စေတနာမရှိက မပေးလှူနိုင်ပေ၊ သို့ဖြစ်၍ ဒါနဖြစ်မြောက်ရေးတွင် စေတနာသည် အလှူဖြစ်ကြောင်း အဓိကဖြစ်သည်။ ထို့ကြောင့် စေတနာကိုလည်း ဒါနဟု ခေါ်သည်။ အကျိုးပေးရာ၌ စေတနာ ဒါနက အကျိုးပေးသည်။ လှူဖွယ်ဝတ္ထုပစ္စည်းများသည်လည်း ဒါနဖြစ်မြောက်ရေးအတွက် များစွာအထောက်အပံ့ပေးကြသည်။ လှူဖွယ်ဝတ္ထုများသည်လည်း ဒါန မည်ကြသည်။
ဗုဒ္ဓဘာသာတရားတော်တွင် ဒါန၊ သီလ၊ ဘာဝနာ ဤသုံးဖြာသည် မပါမပြီး အရေးကြီးပါသည်။ ဒါနသည် ပါရမီကုသိုလ်လုပ်ငန်းအစုစုတို့၏ မူလဘူတအခြေခံအုတ်မြစ်ဖြစ်ပါသည်။ ဒါနအလုပ်သည် ဘုရားအလောင်း သူတော်ကောင်းတို့ စတင်ကြိုးကုတ် အားထုတ်သော လုပ်ငန်းကြီး ဖြစ်ပါသည်။ ဘ၀သံသရာကျင်လည်ရာဝယ် သံသရာခရီးသည်အတွက် ရိက္ခာထုပ်ကြီးနှင့်လည်း တူပါသည်။ ဒါနရိက္ခာထုပ် အပြည့်အစုံပါလာသူအဖို့ လူဖြစ်လည်း လူချမ်းသာ၊ နတ်ဖြစ်လည်း နတ်ချမ်းသာ ဖြစ်လေရာရာ ဘ၀တို့၌ ဘောဂသမ္ပတ္ထိ ပြည့်စုံကြွယ်ဝ အထက်တန်းကျသူသာ ဖြစ်ရပါသည်။ ဒါနပါရမီရှင်သည် နိဗ္ဗာန်ဝင်စံမည့်နောက်ဆုံးဘ၀မှာပင် ဒါနနွမ်းပါးသူထက် အဘက်ဘက်မှ ပြည့်စုံကာ ကျက်သရေမင်္ဂလာရှိစွာဖြင့် ၀င်စံရပါသည်။ ဒါနတရားသည်ကား ပစ္စက္ခဘ၀၊ တမလွန်ဘ၀တို့၌ အားကိုးအားထားပြုရမည့် မိတ်ဆွေကောင်းကြီးဖြစ်၍ ဒါနတရားကို ပစ်ပယ်မထားသင့်ပေ။ ဒါနတရားကို နည်းမှန် စနစ်မှန် ပြုလုပ်တတ်ပါမူ သံသရာလွတ်မြောက်ရာ နိဗ္ဗာန်ကို အမြန်ရစေနိုင်ပါသည်။
မြတ်စွာဘုရားသခင်ပွင့်တော်မမူမီ ရှေးအတီတေကာလများကပင် အသွင်အမျိုးမျိုးဖြင့် ဒါနတရားရှိနေပါသည်။ ထိုခေတ်က ဗြဟ္မဏတို့၏ ဟောပြမူအရ လူတို့သည် သုဂတိရောက်ရေးအတွက် အသက်ပေါင်းများစွာ သတ်ဖြတ်စတေး၍ ယဇ်ပူဇော်မူများကို ဒါနအထင်ဖြင့် ပြုလုပ်ခဲ့ကြပါသည်။ ယဇ်ပူဇော်မူဒါနတို့သည် လွန်စွာကြီးမား ကျယ်ပြန့်ခဲ့ကြပါသည်။ သတပဒီယဇ်ဆိုလျှင် ဆိတ်အကောင်တစ်ရာ၊ နွားအကောင်တစ်ရာ၊ လူတစ်ရာ စသည်ဖြင့် ကြောက်ခမန်းလိလိ သွေးချောင်းစီးမျှ သတ်ဖြတ်၍ ပူဇော်လှူဒါန်းခဲ့ကြပါသည်။
မင်းစိုးရာဇာ၊ သူဋ္ဌေးသူကြွယ်တို့သည် အပြိုင်အဆိုင် အမျိုးအမည် စုံလင်သည်ထက် စုံလင်အောင် သတ်ဖြတ်ပူဇော်ခဲ့ကြပါသည်။ ယဇ်ပူဇော်မူ ကိုလည်း အမြင့်မြတ်ဆုံးသော ဒါနဟု သတ်မှတ် ထင်မြင် ခံယူခဲ့ကြပါသည်။
မြတ်စွာဘုရားပွင့်တော်မူသောအခါ ယဇ်ပူဇော်မူများကို မပြုလုပ်ရန် ဟောပြတော်မူပြီး သတ္တ၀ါများ အသက်ဖြင့် ယဇ်ပူဇော်မူ၏ အပြစ်များကို ဟောပြတော်မူကာ ဘောဂသမ္ပတ္တိပြည့်စုံရေးအတွက် ဒါနအလှူပြုလုပ်နည်း ဒါနကထာများကို ဟောပြတော်မူခဲ့ပါသည်။ ထိုအခါမှ စ၍ ဗြဟ္မာဏ ဘာသာဝင်တို့သည်လည်း သတ်ဖြတ်မူကို ရှောင်ကြဉ်လာကြပြီး နောက်ဆုံးတွင် အသက်သတ်လွတ် စားသောက်သည်အထိ ပြောင်းလဲလာခဲ့ပါသည်။
မြတ်စွာဘုရားသည် အလှူဒါနကို ဟောပြတော်မူရာ၌ မိမိပြုလုပ်သော အလှူဒါနကြောင့် သတ္တ၀ါတို့ သေကျေပျက်စီးမူမရှိစေရန် ဟောပြတော်မူခဲ့ပါသည်။ အလှူအတန်းနှင့် ပတ်သက်၍ မလိုအပ်ဘဲ ဗုံးပေါလအော လှူဒါန်းမူမျိုးကိုလည်း အားပေးတော်မမူပေ။ အလှူခံပုဂ္ဂိုလ်တို့သည် လိုအပ်သမျှ ပမာဏအထိသာ အလှူခံသင့်သည်ဟု မကြာမကြာ ဟောပြတော်မူပါသည်။ မိမိအာင်အားအလိုက် လေးပုံတစ်ပုံလောက်သာ လှူဒါန်းရန် ဟောပြတော်မူပါသည်။ အလှူဒါနကြောင့် ဘ၀ပျက်နစ်နာ သွားစေမည့် ပကာသနများကို လိုလားတော်မမူပေ။
အထူးသဖြင့် သာသနာတော်အတွက် ထာဝရအကျိုးရှိစေမည့် အလှူမျိုး၊ မိမိသီတင်းသုံးရာ ကျောင်း အာရာမ်မြို့ရွာ နယ်ပယ်နှင့် အမျိုးဘာသာ သာသနာ လူလောကကြီးတစ်ခုလုံး အရှည်တည်တံ့ ကေင်းကျိုးတိုးပွားစေမည့် ထာဝရဒါနမျိုးကို အားပေးတ်ာမူသည်။ အလှူဒါနသည် အာစိဏ္ဏကံ ကုသိုလ်ဖြစ်နေလျှင် အာစိဏ္ဏကံဝတ်တစ်ခုအနေဖြင့် ကြိုးစားပြုလုပ်နိုင်လျှင် ဒါနအကျိုး ပိုမိုထက်သန်သည်။ ထိုကဲ့သို့သော နိဗဒ္ဓ၀တ်အလှူမျိုးကို သားစဉ်မြေးဆက် မပျက် ဆောင်ရွက်ကြရန် ရှေးသူတော်ကောင်းတို့ အားထုတ်ခဲ့ကြသည်။
အနာထပိဏ်သူဌေးကြီးကွယ်လွန်ပြီးနောက် အနာထပိဏ်သူဌေး၏ မြေးမလေးတစ်ယောက်သည် ဆင်းရဲသားဘ၀ရောက်နေသည်။ မြေးမလေးသည် မိမိ၏ မျိုးရိုး အစဉ်အလာ စောင့်ထိန်းလာခဲ့သော ကုသိုလ်ဒါန၀တ်မပျက်စေရန် နေ့စဉ်ကြိုးပမ်းခဲ့သည်။ သံဃာတော်အများကို မတတ်နိုင်သဖြင့် သံဃာတော်တစ်ပါးကို ပင့်၍ နေ့စဉ် ဆွမ်းဒါန ၀တ်ပြုသည်။ ထိုသံဃာတော်အတွက် ၀တ်မပျက် ဆက်ကပ်ရန်အတွက် ကောက်ရိတ်ပြီးစ လယ်ကွင်းများသို့သွားကာ မိမိကိုယ်တိုင် ကောက်သင်းကောက်ရောင်းချပြီး နိဗဒ္ဓဆွမ်းဝတ်မပျက်အောင် ကြိုးစားခဲ့သည်။ ဆင်းရဲနွမ်းပါးသော်လည်း မျိုးရိုးစဉ်ဆက် အလှူဝတ်မပျက်ရန် စောင့်ထိန်းခဲ့သည်။
ထို့အတူပင် မိမိ၏ ခန္ဓာကိုယ်ဖြင့် ရင်းနှီး၍ ၀ီရိယတရားဖြင့် ဆောင်ရွက်ရသော ကုသိုလ်ဝတ်တို့လည်း များစွာရှိသည်။ ဆွမ်း၊ ရေချမ်း၊ ဆီမီးကပ်လှူသည့်ဝတ်များ၊ လမ်းမများ၌ ခရီးသွားတို့သောက်သုံးရန် ရေအိုးစင်များ တည်ထားလှူဒါန်းမူများ စသည့် အလှူဝတ်တို့သည် ၀ီရိယနှင့် စေတနာပြည့်စုံသုတို့သာ အာစိဏကံ ပြုလုပ်နိုင်သော အဖိုးတန်သည့် နိဗဒ္ဓဒါနများ ဖြစ်ကြသည်။
ရှေးမြန်မာလူမျိုးတို့သည် အမြဲအကျိုးရှိနေမည့် ဒါနမျိုးများကို ကိုယ်ကျိုးမဖက်ဘဲ ပြုလုပ်လေ့ရှိသည်။ သစ်ပင်စိုက်ပျိုးခြင်း၊ ရေတွင်းရေကန်တူးခြင်း၊ လမ်းတံတားပြုလုပ်ခြင်းစသည့် ကုသိုလ်များကို ပြုလုပ်ခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးလှူဒါန်းရာတွင် နှစ်တိုပင်များဖြစ်သည့် အုန်းပင်၊ ပိန္နဲပင်များကို စိုက်ပျိုးလှူဒါန်းသကဲ့သို့ နှစ်ရှည်ပင်ဖြစ်သည့် ထန်းပင်များကိုလည်း စိုက်ပျိုးပေးခဲ့ကြသည်။ မိမိအတွက် မျှောင်လင့်ချက်မထား၊ နောင်လာနောင်သားတို့ ကောင်းစားရေးဟူသော ရေရှည်အကျိုး မြော်ကိုး စိုက်ပျိုးခဲ့ခြင်းဖြစ်၍ စိတ်ဓာတ်ဖြောင့်မှန်ကြသည်။ ထိုဒါနမျိုးများသည် ထာဝရအကျိုးများကို တုံ့ပြန်ပေးနေမည်သာ ဖြစ်သည်။
ဒါနတရားသည် အကျိုးကြီးလှသည်။ ဒါနပြုလုပ်နည်းမှန်ကန်ပါက တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကျိုးကို ပေးနိုင်သည်။ ကံ ကံ၏အကျိုးကို သိမြင်ယုံကြည်ကာ စေတနာသုံးတန်ပြည့်ဝစွာ လှူဒါန်းအပ်သော ဒါနသည် သံသရာအတွက် မိတ်ဆွေကောင်းကြီး ဖြစ်ပေသည်။
--
--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။