သစ်ထူးလွင်

သစ်ထူးလွင်


ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စတင်ရွေးချယ်

Posted: 15 Sep 2012 07:15 AM PDT

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၁)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး စတင် ရွေးချယ်နေပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရွေးချယ်ရာတွင် အခြေခံဖြစ်သည့် ဆယ်အိမ်စုမှူးများကို(၁၅.၉.၂၀၁၂)ရက်နေ့နံက် ၀၈း၀၀ မှ စတင်ကာ အမှတ်(၂၁)ရပ်ကွက်၊ ကိုးန၀င်းစေတီဝင်း အတွင်း နေ့လယ်၂း၀၀ အထိပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အပြောင်းအလဲကို လိုချင်နေသော ပြည်သူများ အားတက်သရော မဲပေးခဲ့ကြောင်း Myanmar News Now မှ စုံစမ်းသိရှိရပါသည်။

ယနေ့ ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စတင်ရွေးချယ်နေစဉ်


ရွှေဝါရောင် နှစ်ပတ်လည် ကျင်းပမည်

Posted: 15 Sep 2012 05:36 AM PDT

ရွှေဝါရောင် တော်လှန်ရေး ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်း အနားကို စက်တင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီတွင် အဆိုပါ တော်လှန်ရေးတွင် အကျဉ်းကျခံခဲ့ရသော ဆရာတော် ဦးကောဝိဒက ဦးဆောင်ကျင်းပ မည်ဖြစ်ကြောင်း ယင်းအခမ်း အနားဖြစ် မြောက်ရေးကော် မတီအဖွဲ့ဝင် တစ်ဦးကပြောသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပိုးရှိသူ၏ အပေါ်ယံထွက်သည့်သွေးမှ HIV ရောဂါကူးစက်ခံရမှု မရှိနိုင်

Posted: 15 Sep 2012 05:21 AM PDT

HIV  ပိုးရှိသူ၏ အပေါ်ယံထွက်သော သွေးမှလည်း အခြားသူများထံသို့ ရောဂါကူးစက်ခံရမှုမရှိနိုင်ကြောင်း လူမှုရေးအဖွဲ့အစည်းများ မှပညာရှင်တို့က ဆိုသည်။ HIV ပိုးမှာ ပိုးရှိသူနှင့် အတူနေထိုင်လျှင်လည်း ကူးစက်မခံရနိုင်သလို ART ဆေးဝါးသောက်သုံးနေရသူ၏ ပိုးမှာလည်း အခြားသူများသို့ မကူးစက်နိုင်ကြောင်းကိုလည်း သိရသည်။-----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သမီးဖြစ်သူကို နမူနာယူ၍ အပြစ်မဲ့ ပြည်သူများ မဆုံးရှုံးစေလိုဟု သေဆုံးသူ မိဘများပြောကြား

Posted: 15 Sep 2012 04:50 AM PDT

"မဂျာဆိုင်းအိမ်ရဲ့အဖေ၊ အမေဖြစ်တဲ့ ဦးဘရမ်ရောင်နဲ့ဒေါ်ဂျာပူတို့အနေနဲ့ သူတို့သမီးအတွက် အမှုဖွင့် မတိုင်ကြားလိုပေမယ့်၊ နောင် အပြစ်မဲ့တဲ့ပြည်သူတွေ ဒီလိုမဖြစ်ဖို့်အတွက် အထက်ကလူကြီးတွေ သိစေ ချင်တယ်လို့ ပြောပါတယ်"ဟု ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိတ္ထီလာမြို့နယ် ရပ်ကွက်(၁၂)ခု စလုံးမှ နေအိမ်နှင့် ဆိုင်ခန်းများ အားလုံး ပြောင်းရွှေ့ရမည်

Posted: 15 Sep 2012 04:53 AM PDT

 မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် ရပ်ကွက်(၁၂)ခုမှ နေအိမ်နှင့် ဆိုင်ခန်းများအား လမ်းနယ်နိမိတ်၊ ရေနုတ်မြောင်း ရှိရာလမ်းဖြင့် မလွတ်ခြင်းကြောင့် ယနေ့ စက်တင်ဘာ(၁၅)ရက်နေ့တွင် အပြီးပြောင်းရွှေ့ပေးရ မည်ဖြစ်သော်လည်း ပြောင်းရွှေ့ရန် အခက်အခဲ များကြောင့် စည်ပင်မှ အရေးယူမည်ကို စိုးရိမ်ပူပန် လျှက်ရှိကြောင်း ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကျပ်သန်းထောင်ချီ ကြေးနီ အလွဲသုံးစားမှု စတင်အရေးယူ

Posted: 15 Sep 2012 04:04 AM PDT

ဝန်ထမ်း ၄၆ ဦးက အသိပေး ဖော်ထုတ်ခဲ့သည့် ကျပ်သန်းပေါင်း ၂၇၀၀ကျော် တန်ဖိုးရှိ ကြေးနီတန် ၃၀၀ကျော် အလွဲ သုံးစားမှုတွင် ပါဝင်သည်ဟူသော စွဲချက်ဖြင့် ကြေးနီ စီမံကိန်း စက်ရုံမှူးနှင့် ဝန်ထမ်း တစ်ဦးတို့က ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်းထားပြီး တရားစွဲဆိုနိုင်ရန် အမှုတည်ဆောက်နေကြောင်း ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သံရုံးတွေ ဆက်လက် တိုက်ခိုက်ခံရ

Posted: 15 Sep 2012 02:35 AM PDT

တမန်တော် မိုဟာမက်ကို စော်ကားတယ် ဆိုတဲ့ အမေရိကန် ရိုက် ရုပ်ရှင်ကား ကို ဆန္ဒပြ ပွဲတွေ မွတ်ဆလင် နိုင်ငံ တွေမှာ ထပ်ပြီး ပံျ့နှံ့သွား ပါတယ်။အနည်းဆုံး နိုင်ငံ ၁၅ နိုင်ငံမှာ သောကြာနေ့ ဝတ်ပြု အပြီး ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးက ဆန္ဒပြ ခဲ့ကြပါတယ်။ သောကြာနေ့က ဖြစ်ပွားတဲ့ ဆန္ဒပြမှုတွေ အတွင်း အနည်းဆုံး ၇ ဦး သေဆုံးပါတယ်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဦးပိုင် အလောင်း ဒေသခံများ မီးသင်္ဂြိုလ် လိုက်ပြီ (ရုပ်/သံ)

Posted: 15 Sep 2012 02:17 AM PDT

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးတွက် လှုပ်ရှားမှုကို ထိပ်တိုက် ရင်ဆိုင်ပြီး ဆူပူအုံကြွ နေသည်ဟု ယူဆပြောနေမှုသည် ဦးပိုင်ကုမ္ပဏီဘက်မှ ကာကွယ်နေခြင်း ဖြစ်သောကြောင့် ၁၅.၀၉.၂၀၁၂နေ့တွင် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားနေသူများက ရှုံချသည့် အနေဖြင့် ဦးပိုင် အလောင်းထည့်ထားသည့် အခေါင်းပုံ ပြုလုပ်ပြီ လိုက်ပါပို့  ဆောင် မီးသင်္ဂြိုလ်လိုက်သည်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ












မင်းကိုနိုင် အမေရိကန်ကို ဆု လာယူမည်မဟုတ်

Posted: 15 Sep 2012 02:08 AM PDT

၈၈ မျိုးဆက် ကျောင်းသားကိုမင်းကိုနိုင်သည် အမေရိကန် ပြည်ထောင်စု (National Emdowment For Democracy)ကချီးမြှင့်သည့် ဒီမိုကရေစီ လှုပ်ရှားသူများဆု ကိုအမေရိကန်နိုင်ငံသို့ သွားရောက်ရယူနိုင်မည် မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများထံမှ သိရှိရသည်။

နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားရာ တွင် ၈၈ မျိုးဆက်ကျောင်းသား ၁၇ ဦး အနက် ၃ ဦးသာရရှိသဖြင့် ယင်းခရီးစဉ်ကို မသွားရောက်နိုင်ခြင်းပြီး၊ ကိုမင်းကိုနိုင်သည် နိုင်ငံကူးလက်မှတ် ရရှိသော်လည်း ၈၈ မျိုးဆက်အားလုံး နိုင်ငံကူးလက်မှတ် ထုတ်ပေးမှသာ နိုင်ငံတကာ ခရီးစဉ်များကို သွားရောက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား များက ဆိုသည်။

 The Voice Weekly
ရန်ကုန် စက်တင်ဘာ (၁၃)
--------------------------
၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်နှင့်ကိုပြုံးချိုတို့သည် ရန်ကုန်မြို့၌ရောက်ရှိနေသော အမေရိကန်နိုင်ငံ CARNEGIE COUNCIL ၏ The Voice for Ethics in International Affairs ဌာနမှSenior Program Director and Senior Fellow ဖြစ်သူ Mr.Devin T. Stewart အား ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် နံနက်(၁၁)နာရီက လက်ခံတွေ့ဆုံခဲ့သည်။ ထို
သို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်းဆိုင်ရာဆောင်ရွက်ချက်များ၊ အရပ်ဘက်လူ့အဖွဲအစည်းအတွင်း တရားမျှတမှုဖော်ဆောင်ရေး ဆိုင်ရာကိစ္စရပ်များ ၊တိုင်းရင်သားဒေသများ တွင်ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဖြင့် တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်။

8 Generation Students


ကမ္ဘာ့ ဒီမိုကရေစီ နေ့ အထိမ်းအမှတ် မြိတ်မြို့ မှာ ကျင်းပ

Posted: 15 Sep 2012 01:07 AM PDT

ယနေ့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၁၀ ခန့်တွင် မြိတ်မြို့ ပေါ်တော်မူ ဘုရားပေါ်တွင် ကမ္ဘာ့ ဒီမိုကရေစီ နေ့ အထိမ်းအမှတ် ဆုတောင်းပွဲအား NLD ပါတီဝင်များအင်အား ၁၅၀ ကျော်ခန့်  နှင့် ကျွန်းစုမြို့နယ် လွှတ်တော်အမတ် ဒေါ်တင်တင်ရီ တို့မှ ဦးဆောင်ပြုလုပ်ခဲ့ကြပါသည်။

ကမ္ဘာ့ဒီမိုကရေစီနေ့ ဖြစ်သည့်အားလျော်စွာ နိုင်ငံတကာ ဒီမိုကရေစီ ကျင့်နည်းကျင့်ထုံးများ ၊ အခြေခံ လူ့အခွင့်အရေးနှင့် နိုင်ငံသားတိုင်းရပိုင်ခွင့် ၊ လုပ်ပိုင်ခွင့်များအား ပိုမို တိုးတက်လာပြီး ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာစေရန် နှင့် နိုင်ငံတွင်း ဖြစ်ပွားနေသည့်  ပြည်တွင်းစစ်များ ၊ အငြင်းပွားမှုများ ပပျောက်ကင်းစင်စေရန်ရည်စူး မေတ္တာပို့ ဆုတောင်းပေးကြပါသည်။

ကမ္ဘာတစ်ဝန်း မေတ္တာလွမ်းခြုံကြပါစေ.
ကမ္ဘာအနှံ့ စစ်မက်ကင်းကြပါစေ.
ကမ္ဘာတစ်ခွင် ဒီမိုကရေစီ ရှင်သန်ထွန်းလင်းကြပါစေ.




သာပေါင်းမြို့နယ်ရှိ ကလေးငယ် ၁၀၀ ကျော်ခန့်တွင် ဖျားနာခြင်းများ ဖြစ်ပေါ်နေ

Posted: 15 Sep 2012 12:46 AM PDT

ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ်ရှိ ကျေးရွာ အချို့၌ သြဂုတ်လ အတွင်းက ဖြစ်ပေါ်ခဲ့သော  ရေကြီး
 ရေလျံမှု နောက်ဆက်တွဲ ပြဿနာ အဖြစ် ကလေးငယ် ၁၀၀ကျော် ခန့်တွင် တုတ်ကွေးဟု ယူဆရသော ဖျားနာခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရေမြုပ်နေတဲ့ သာပေါင်းမြို့နယ် က ကလေးငယ် နှစ်ဦးကို တွေ့ ရစဉ်


ကလေးတွင် ဘင်္ဂါလီ ၁၀ ဦးနှင့် မြန်မာ တစ်ဦး တရားမဝင် ခိုးဝင်မှုဖြင့် ဖမ်းဆီး

Posted: 15 Sep 2012 12:27 AM PDT

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နှင့် ၁၅ မိုင်ခန့် အကွာ နတ်ချောင်း အနီး အနောက်ပေါက်တော ကျေးရွှာ လေသာဆောင် ရေနံမော်တွင် တရားမဝင် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး ၁၀ ဦးနှင့် မြန်မာလူမျိုးတစ်ဦးကို ယ နေ့ နံနက် ၁၁နာရီအချိန်တွင် ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဖမ်းမိလာသော ဘင်္ဂါလီ (၁၀)ဦးနှင့် မြန်မာ တစ်ဦးအား စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဦကျေးရွာသို့ ခေါ်ဆောင်လာစဉ်။


မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဒလိုင်လားမား ပွင့်ပွင့်လင်းလင်းပြောကြား

Posted: 15 Sep 2012 12:15 AM PDT

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးများ အလွန်အမင်း ချိုးဖောက်နေ သည်ဆိုသည့် သတင်းများနှင့် ပတ်သက်ပြီး အလွန်ဝမ်းနည်းဖွယ် ကောင်းကြောင်း ဘာသာရေး ခေါင်းဆောင် ဒလိုင်လားမားက ပြောကြားလိုက်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရ ခေါင်းဆောင်များနှင့် ဒီမိုကရေစီလိုလားသူ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့နှင့် တွေ့ဆုံလိုကြောင်း ပြောကြား လိုက်သည်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



နီကယ်စက်ရုံ ၊ ဂရိတ်ဝေါစက်ရုံ တို့ တည်ရှိနေခြင်းကို ထောက်ခံ ဆန္ဒပြပွဲ ပြုလုပ်

Posted: 14 Sep 2012 08:42 PM PDT

(၁၄-၉-၂၀၁၂)ရက်နေ့  တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့  နယ် ၊ မောင်းကုန်း ကျေးရွာဒေသခံ မိဘပြည်သူ(၃၀၀)ခန့်  က  နီကယ်စက်ရုံ ၊ ဂရိတ်ဝေါ စက်ရုံ
တို့ တည်ရှိနေခြင်းကို ထောက်ခံ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း Myanmar News Now မှ
သတင်းရရှိပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

(၁၄-၉-၂၀၁၂)ရက်နေ့  က နီကယ်စက်ရုံ ၊ ဂရိတ်ဝေါစက်ရုံ တို့ တည်ရှိနေခြင်းကို ထောက်ခံ ဆန္ဒပြပွဲ ပြုလုပ်နေစဉ်




ရတနာ့ဂူဘုရားပွဲတော် ယမန်နှစ်ထက် ပိုမိုစည်ကားစွာကျင်းပ

Posted: 14 Sep 2012 07:59 PM PDT

ရတနာ့ဂူဘုရားကို မြန်မာသက္ကရာဇ် ၇၄၅ ခုနှစ်တွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲက ရခိုင် ဆရာတော်ကြီး၏ ဆုံးမ ညွှန်ကြားမှုဖြင့် တည်ထားကိုးကွယ်ခဲ့ သဖြင့် အင်းဝ ပြည်ကြီးပျက်စီးမည့်ဘေးမှ ကင်းဝေးသာယာခဲ့ကြောင်းဆိုသည်။ မြန်မာသက္ကရာဇ် ၇၄၅ ခုနှစ်စတင်၍ ဘုရားပွဲကိုနှစ်စဉ် ကျင်းပခဲ့ပြီး၊ မြန်မာ သက္ကရာဇ် ၁၁၈၁ ခုနှစ်တွင်ပုပ္ပားမယ် တော်အားပူဇော်ပွဲ နှင့်အတူ ကျင်းပခဲ့ရာ ရတနာ့ဂူနတ်ပွဲဟု -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရတနာ့ဂူဘုရားပွဲတော်လာ ပရိသတ်များကို တွေ့ရစဉ်။
ဓာတ်ပုံ - ရွှေဝါလွင်


မြောက်ဥက္ကလာပ လူသတ်မှု ၂၃ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး ၁၂ ဦးကို တရားခံပြေးအဖြစ် ကြေညာ

Posted: 14 Sep 2012 07:46 PM PDT

"အမှုစစ်ဆေးနေစဉ် ဘယ်သူက ဓားနဲ့ ထိုးတယ်လို့ပြတဲ့ တရားလိုပြသက်သေ ကို ဖမ်းထားတဲ့ တရားခံက လက်ထိပ်နဲ့ ခေါင်းကို ရိုက်မလို့ ရဲက အဆွဲမြန်လို့၊ သူတို့က နည်းနည်းကြမ်းတယ်"ဟု အမှု လိုက် ဥပဒေအရာရှိက ရှင်းပြသည်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လူသတ်မှု ဖြစ်ပွါးခဲ့သည့် စားသောက်ဆိုင်


ဒေါ်လာခြောက်သန်းကိစ္စ ၈၈ မျိုးဆက်ကျောင်းသားများ ငြင်းဆို

Posted: 14 Sep 2012 07:33 PM PDT

ပြည်တွင်းဂျာနယ်တစ်ခုတွင် အတိ အလင်းဖော်ပြခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ၈၈ မျိုးဆက် များထံမှ အမေရိကန်ဒေါ်လာ ခြောက် သန်း စီးဆင်းနေပြီဟူသော ဖော်ပြချက် အပေါ် ၈၈ မျိုး ဆက်ကျောင်းသားများ က-----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အခက်ကြုံသော်လည်း အမေရိကန် နောက်ဆုတ်မည်မဟုတ်

Posted: 14 Sep 2012 07:12 PM PDT

လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ အလောင်းတွေ အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama က အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်သံရုံးတွေကို ခိုင်ခိုင်မာမာ ကာကွယ်သွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ ရုပ်ကလပ်များအား အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama မိန့်ခွန်းပြောနေစဉ်


ကြေးနီးစီမံကိန်း ရပ်မည်မဟုတ်

Posted: 14 Sep 2012 12:30 PM PDT

မုံရွာမြို့ လက်ပန် တောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ ဒေသခံ တောင်သူတွေရော လယ်သမားတွေရော ပြည်သူ့အကျိုးဆောင် ကွန်ယက်ကပါ ထိန်းသိမ်းခံရာက လွတ်လွတ်ချင်း ဆက်တိုက် ဆန္ဒပြ ကန့်ကွက် နေပေမယ့် မြန်မာနိုင်ငံ ဦးပိုင် လီမီတက် ကတော့ ဒီ စီမံကိန်းကို ရပ်တန့်ဖို့မရှိဘူးလို့ တုန့်ပြန်လိုက်ပါတယ်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများပျံ့နှံ့

Posted: 14 Sep 2012 12:21 PM PDT

အမေရိကန်နိုင်ငံမှာ ရိုက်ကူးတဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ရုပ်ရှင်ကားကို အကြောင်းပြုပြီး အရှေ့အလယ်ပိုင်း ဒေသမှာ လေးရက်မြောက်အဖြစ် အကြမ်းဖက်ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပါတယ်။ အဲဒီလို ဆန္ဒပြမှုတွေကြောင့် ကမ္ဘာအနှံ့မှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန် အဖွဲ့အစည်းတွေ လုံခြုံရေးကို ပိုမိုတင်းကြပ်ထား လိုက်ပါတယ်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ