[mrsorcerer:30470] Fwd: [လူဗိုလ်ဟူသည် ...] မြန်မာနိုင်ငံရဲ့အခြေအနေဟာ မပေါက်သေးတဲ့ထီလက်မှတ်ကိုင်ပြီးစိတ်ကူးယဉ်နေကြတဲ့အဆင့်ပဲရှိပါသေးတယ်။



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/2
Subject: [လူဗိုလ်ဟူသည် ...] မြန်မာနိုင်ငံရဲ့အခြေအနေဟာ မပေါက်သေးတဲ့ထီလက်မှတ်ကိုင်ပြီးစိတ်ကူးယဉ်နေကြတဲ့အဆင့်ပဲရှိပါသေးတယ်။
To: lubo601@gmail.com



by Than Htut on Sunday, September 2, 2012 at 8:00am ·

အလဲဗင်းဆိုက်မှာ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ့ရဲ့မှူးဇော်ဖေ့ဘုတ်မှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဒီမိုကရေစီစနစ်အောက်မှာပဲ စစ်တပ်အာဏာသိမ်းမှု အကြိမ်ကြိမ်ဖြစ်ပွားရင်း ဒီမိုကရေစီရင့်ကျက်လာတယ်ဆိုတဲ့ အမြင်တစ်ခုရေးသားထားတယ်လို့ ပုံနဲ့တကွဖော်ပြထားပါတယ်။ ယခုလတ်တလော လွှတ်တော်နဲ့အစိုးရအားပြိုင်မှုတွေကြားမှာ တစ်ဖက် နဲ့တစ်ဖက်မလျှော့ကြဘူးဆိုရင် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားလာနိုင်ကြောင်း ဦးဇော်ဌေးအနေနဲ့ ဆိုလိုဟန်ရှိတယ်လို့ အလဲဗင်းကသုံးသပ်လိုတဲ့ပုံစံပါပဲ။ ဒီနေရာမှာ ၂ ခုကိုဆွေးနွေးလိုပါတယ်။

၁ အချက်က ဦးဇော်ဌေးကိစ္စပါ။ သူ့အနေနဲ့အစိုးရအဖွဲ့ရဲ့အကြီးဆုံးသမ္မတရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ပုံစံ (တရားဝင်ကြေငြာထားတာမတွေ့မိဘူး) အနေနဲ့ သူ့ရဲ့ဖေ့စ်ဘုတ်ကိုအသုံးပြုပြီး ကြေငြာချက်ဆန်ဆန်၊ သဘောထားဆန်ဆန်၊ ဖြေရှင်းချက်လိုလိုတွေထုတ်နေတာ ခဏခဏတွေ့နေရတယ်။
ဒါတွေဟာ သူ့ရဲ့သဘောထားတွေလား၊ သမ္မတရဲ့သဘောထားတွေလားဆိုတာ တရားဝင်ဖော်ပြချက်မရှိသလို၊ တရားဝင်ပါလို့လဲ ယူဆလို့၊တွက်ချက်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ ဖေ့စ်ဘုတ်အကောင့်နိမ်း မှူးဇော်(ဗိုလ်မှူးဇော်ဌေးလို့ ဆိုလိုဟန်ရှိပါတယ်)ဆိုတာဟာ သမ္မတရုံးကညွှန်ကြားရေးမှူး ဦးဇော်ဌေးပါဆိုတာ အများကိုသိစေထားတဲ့အတွက် သူ့အနေနဲ့ ဒီအပေါ်ကရေးသားချက်တွေအပေါ်မှာ သတိရှိသင့်တယ်။ ဘောလုံးလောကမှာ ဖေ့စ်ဘုတ်ပေါ်က၊ တွစ်တာပေါ်က စကားလုံးတွေကြောင့် ပြဿနာတွေအပြင် ဒါဏ်ရိုက်တာတောင်ဖြစ်သေးတာ ခုလိုတနိုင်ငံလုံးကိုအုပ်ချုပ်နေတဲ့ သမ္မတရဲ့ လူတစ်ယောက်အနေနဲ့ ဒီလိုစကားမျိုးတွေ လက်လွတ်စပါယ်မပြောသင့်ဘူး။အခြားဌာနက ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ သူတွေဆို ဒီလိုမျိုး ဖေ့စ်ဘုတ်ပေါ်မှာ အမြဲတမ်း Update လုပ်ဖို့ဘယ်လိုမှ မအားနိုင်ဘူး။ ဒါပေမဲ့ မှူးဇော်ဆိုသူကတော့ အချိန်ပြည့်နီးပါး တင်နေနိုင်တော့ အလုပ်ပဲအားနေတာလား၊ ဒီလိုတင်ဖို့သက်သက်တာဝန်ပေးထားတာလား ဆိုတာမရှင်းနိုင်တော့ဘူး။

၂ အချက်က ခုမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ သပွတ်အူလိုဖြစ်နေပြီထင်တယ်။ ခုလွှတ်တော်နဲ့သမ္မတအားပြိုင်တာလား၊ အာဏာရကြံ့ဖွတ်အတွင်းမှာ အကွဲအပြဲဖြစ်တာလား၊ ဦးရွှေမန်းရွှေ့တဲ့ အကွက်တွေလား။ ခုဒီအထဲမှာစစ်တပ်ကိုပါ ဝင်ကစေမဲ့နှပ်ကြောင်းပေးသံတွေစလာပြန်ပြီ။ ခုသမ္မတက ဘယ်လိုအကြောင်းကြောင့် ABSDF အဖွဲ့တွေကို ခေါ်ယူဆွေးနွေးစေရပြန်တာလဲ။ ကျွန်တော်အမြင်အရတော့မိုးသီးဇွန်တို့၊နိုင်အောင်တို့တွေအနေနဲ့အသံသာရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးရာမှာကော၊ မြန်မာပြည်တွင်းနိုင်ငံရေးမှာကော အကောင်းဘက်ကိုပို့ဆောင်ပေးနိုင်မဲ့အကြောင်းအရာတွေမဟုတ်ပဲရှုပ်ထွေးလာတဲ့နိုင်ငံရေးမီးတောက်ကို ဖြည့်မဲ့လောင်စာတွေသာဖြစ်တယ်လို့ထင်မိတယ်။ ခုအလဲဗင်းမှာပဲ လူသတ်ပွဲမှာအဖမ်းခံပြီးလွတ်မြောက်လာခဲ့တဲ့ ကိုစိုးလင်းနဲ့ အင်တာဗျူးပြီး အဲဒီတုန်းကဖြစ်ရပ်တွေအပေါ် ဖွင့်ချထားတယ်။ အဲ..ဒါပေမဲ့ မိုးသီးဇွန်ကို သူရဲကောင်းလိုကြိုဆိုသူတွေကလည်း ကြိုဆိုနေပြန်တယ်။သတင်းတွေက သူတို့တွေ မြန်မာနိုင်ငံရေးကို မွှေနှောက်ဖို့ပြန်ရောက်လာတယ်လို့လဲ ကြားနေရပြန်တယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ မပေါက်သေးတဲ့ထီလက်မှတ်ကိုင်ပြီးစိတ်ကူးယဉ်နေကြတဲ့အဆင့်ပဲရှိပါသေးတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘယ်နေရာမှ အကောင်းဘက်ကို မရောက်သေးပါဘူး။ လမ်းကြောင်းပေါ်တောင်မရောက်သေးတဲ့အခြေအနေပါ။ ဒီလိုအခြေအနေကို နိုင်ငံရေးသမားဆိုတဲ့ (အစိုးရနဲ့စစ်တပ်အပါအဝင်) သူတွေ စိတ်ကြီးဝင်ပြီးမဖျက်ဆီးကြပါနဲ့။ အတ္တတွေဖုံးလွှမ်းလွန်းအားကြီးနေတယ်။ နေရာတကာ ငါဆိုတဲ့စိတ်တစ်ခုနဲ့ စဉ်းစားနေကြတယ်။ ဘယ်မှာလဲ ပြည်သူအတွက်ဆိုတဲ့စိတ်ရင်းစေတနာ။ ပြည်သူဆိုတဲ့စကားလုံးကို အကာအကွယ်ယူပြီး လုပ်စားနေကြတယ်။ အခုမြေကြီးထဲကထွက်ဖို့ကြံနေတဲ့ အပင်ပေါက် ဒီမိုကရေစီနိုင်ငံလေးကို အမဲဖျက်ဖို့၊ ရိုက်ချိုးဖို့ကြိုးစားနေကြတယ်။ ပြည်သူ့အတွက်ဆိုတဲ့ စကားလုံးကိုင်သုံးနေတဲ့သူတွေ ရှက်စိတ်လေးတော့ နည်းနည်းရှိကြပါလို့ပဲ ပြောချင်မိတော့တယ်။


robin76(MMCP)



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/03/2012 01:35:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ