[mrsorcerer:30731] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin
Date: Wednesday, September 5, 2012
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်

________________________________

ကူးတို့လှေ မှောက်၊ လူအယောက်၂၀ ကျော် ပျောက်ဆုံး
အဝေးပြေးလမ်းပေါ်တွင် အရှိန်မြင့်ကားများကို ရေဒါဖြင့် ဖမ်းတော့မည်
ပြည်ကြီးတံခွန်မြို့နယ်မှာ အိပ်ရာပေါ် ခြင်ဆေးခွေ ထွန်းညှိရာမှ မီး လောင်မှု ဖြစ်ပွား
ပရိသတ် သောင်းကြမ်းမှု ရတနာပုံအသင်း ဒဏ်ငွေဆောင်ရ
အစိုးရအဖွဲ့ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စု ၀န်ကြီးများ စာရင်း
ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစား လုပ်နေကြောင်း စုံစမ်းရေး အဖွဲ့က ပြောကြား
ပြည်ထောင်စုဝန်ကြီးများ လခ တလ ကျပ် ၆ သိန်းသာ ရရှိ
SME အတွက် ဘဏ်ချေးငွေများ လုပ်ငန်းရှင်များတလွဲအသုံးချမှု များရှိနေ
ဘင်လာဒင် နောက်ဆုံးနေ့ စာအုပ်ထွက်
မြန်မာနိုင်ငံရေးပါတီတွေ အမေရိကန် နိုင်ငံရေးလေ့လာ
အစ္စလာမ်နိုင်ငံရေးပါတီများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံမည်
၂၀၁၄ သန်းခေါင်စာရင်းအတွက် ပထမအဆင့်လုပ်ငန်းစတင်
ကချင်စစ်ပြေးဒုက္ခသည် ရေဘေးနှင့် ရင်ဆိုင်နေရ
စက်တင်္ဘာလ ၅ ရက်နေ့ ထုတ် SHADE ဂျာနယ်၊ အတွဲ(၆)၊အမှတ်(၃၂)
ဖားကန့် ဒုက္ခသည်များ ကြာရင် အခက်အခဲဖြစ်နိုင်
၂၀၁၃ တွင် မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်တော့မည်
အစိုးရတပ်တွေ ပြောင်းရွှေ့ပေးဖို့ KNU ဆွေးနွေး
အိန္ဒိယ ကျောက်မီးသွေးတွင်း လုပ်ငန်းတွေ ရဲဝင်စီး
အစိုးရနှင့် KNU တပ်များဆုတ်ခွာရေးကိစ္စ မပြီးပြတ်သေး
NLD ပါတီဝင်များ တွံတေးမြို့ အမျိုးသားဒီမိုကရေစီ ရုံးရှေ့တွင်ဆန္ဒပြ
ရင်းနှီးမြုပ်နှံလိုသူများကြောင့် ညောင်ဦးမြေဈေး ကျပ်သိန်းသောင်းချီရောက်ရှိ
SEA Game မတိုင်မီအသုံးပြုနိုင်မည့် အဆင့်မြင့်မိုဘိုင်းကွန်ယက် 4G
ဒုတိယဝန်ကြီး အပြောင်းအလဲကြောင့် ဆီးဂိမ်းမတိုင်မီ (၅ဝဝဝ)တန် GSM 3G ထွက်ရှိမည်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် လုပ်ငန်းရှင်တို့ တွန့်ဆုတ်နိုင်သည့် အချက်များ ပါဝင်
ဘဏ်ထုတ်အချို့တွင် အစစ်မဟုတ်ဟု သံသယရှိဖွယ် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ ပါဝင်လာ

ကူးတို့လှေ မှောက်၊ လူအယောက်၂၀ ကျော် ပျောက်ဆုံး

Posted: 05 Sep 2012 04:45 AM PDT

ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျောချောင်းကို ဖြတ်ကူးတဲ့ ကမ်းမဖြူ ကူးတို့ဆိပ်မှာ မနေ့ နံနက် ၁၁ နာရီလောက်မှာ လှေမှောက်တဲ့အတွက် လူ ၁ ဦး အလောင်းရှာတွေ့ပြီး လူအယောက် ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပေါက်မြို့နယ် ရဲစခန်းက ပြောပါတယ်။

ပေါက်မြို့ကို ပြန်အ၀င်မှာဖြစ်ပြီး လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေထဲက ပညာရေးဌာနမှ ဆရာမ ၅ ဦးမှာ ၁ ဦးကို ကယ်တင်နိုင်ပြီး ၄ ဦးရေထဲ မျောပါသွားခဲ့ပါတယ်။ မနေ့က ညနေပိုင်းမှာ ညောင်ဝန်ပေါက် အစိုးရကျောင်းက ဆရာမ မနှင်းနှင်းဝေရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။

ပေါက်မြို့နယ် ဒေသခံတဦး "လှေသမားက ၆ ယောက်သေတယ်။ အလောင်းရှာမတွေ့သေးဘူး။ over weight ဖြစ်သွားတာပေါ့။ ဆိုင်ကယ် ၅ စီးပါတယ်။ လူက ၄၀ လောက်ရှိမယ်။ ကျောင်းဆရာမ ၅ ဦးပါသွားတာ လှေသမား တဦးက ကယ်နိုင်လို့ တဦးပဲ အသက်ရှင်တယ်။ ကျန်တဲ့ ၄ ဦးမှာ တဦးက အလောင်းရတယ်။ ၃ ဦး အလောင်းမရသေးဘူး။"

ပျောက်ဆုံးနေတဲ့ ဆရာမ ၃ ဦးမှာ အင်းတော်ကျေးရွာက ဒေါ်လှသိန်း၊ ဒေါ်ခင်မြတ်နွယ်နဲ့ နံ့သာရွာက ဆရာမတဦးတို့ ဖြစ်ပါတယ်။ မနှစ်က ယောချောင်း၊ ကျောချောင်း ရေကြီးပြီး တံတားတွေကျိုးခဲ့ရာ တံတားတွေကို ပြန်ပြင် မဆောက်နိုင်သေးတဲ့အတွက် ကူးတို့လှေတွေ အသုံးပြုနေရတာလည်း ဖြစ်ပါတယ်။
လှေပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေနဲ့ လှေထိုးသား စုစုပေါင်း ၁၇ ဦးသာ အသက်ရှင်ခဲ့တယ်လို့ သိရပြီး မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ကနေ လှေမှောက်လို့ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

by ဒီဗွီဘီ
http://feeds.feedburner.com/thithtoolwin/yIWV

အဝေးပြေးလမ်းပေါ်တွင် အရှိန်မြင့်ကားများကို ရေဒါဖြင့် ဖမ်းတော့မည်

Posted: 05 Sep 2012 04:43 AM PDT

အဝေးပြေး လမ်းတွေပေါ်မှာ ယာဉ်သတ် မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ ယာဉ်တွေကို လက်ဆုပ် လက်ကိုင် ဖမ်းဆီး အရေးယူဖို့ အတွက် ရေဒါစနစ်ကို အသုံးပြုတော့ မယ်လို့ အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။

နေပြည်တော် ၁၉၅ မိုင်စခန်းမှာ ရှင်းလင်းပွဲမှာ ရဲမှူးကြီးက ပြောဆိုလိုက်တာ ဖြစ်ပြီး အဲဒီ REDFLEX Traffic System လို့ခေါ်တဲ့ အရှိန်ထိန်းတိုင်းကိရိယာဟာ သတ်မှတ်ရှိန်ထက် ပိုမောင်းတဲ့ယာဉ်တွေကို တိုင်းတာမှတ်သားနိုင်ပြီး အရေးယူနိုင်မယ်လို့ ရှင်းပြပါတယ်။

ဒီကိရိယာဟာ ၆ လမ်းသွား အသုံးပြုလမ်းတွေအထိ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ယာဉ်တွေကို ဓာတ်ပုံ၊ သတ်မှတ်မိုင်နှုန်း၊ ကားအမြန်နှုန်း၊ သတ်မှတ်လမ်းပိုင်း၊ ရက်စွဲ၊ အချိန်၊ ရှေးရှုရာအရပ်နဲ့ တည်နေရာတွေကို မှတ်တမ်းတင် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာက တိကျမှုပိုင်းဆိုင်ရာ  အာမခံချက်ရထားတဲ့ ဒီကိရိယာဟာ နေရာရွှေ့ပြောင်းရ လွယ်ကူပြီး ကားငယ်လေးတွေပေါ်မှာ တင်ဆောင် အလုပ် လုပ်နိုင်ပါတယ်။  တစုံကို အမေရိကန်ဒေါ်လာ ၇ သောင်း ကျသင့်တဲ့ ဒီကိရိယာကို  မြန်မာနိုင်ငံက ၂ လုံး ၀ယ်ယူထားပြီး မကြာခင် သုံးတော့မယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အရှိန်နှုန်းဖမ်းတွေ သုံးရတာဟာ အဝေးပြေးလမ်းတွေပေါ် ယာဉ်ထိခိုက်မှုတွေ အနက် သတ်မှတ်မိုင်နှုန်းထက် အရှိန်ပိုမောင်းလို့ဖြစ်ရတဲ့ ယာဉ်ထိခိုက်မှုတွေက ပိုများလို့ ဖြစ်တယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကိုရှင်းပြပါတယ်။

ဒီနှစ် ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ယာဉ်တိမ်းမှောက်မှု ၄၅ ခုဖြစ်ပွားပြီး ၁၇ ဦးသေဆုံး၊ ၄၇ ဦးဒဏ်ရာရတဲ့အနက်မှာ တ၀က်ကျော်က မိုင်နှုန်း ပိုမြင့်တဲ့အတွက် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီကိရိယာ အလုပ်လုပ်ပုံအဆင့်ဆင့်ကို နိုင်ငံခြားသားပညာရှင်တဦးက ရန်ကုန် – မန္တလေး အဝေးပြေးလမ်းမပေါ် စမ်းသပ်ပြရာမှာ ဓာတ်ပုံရော၊ မိုင်နှုန်းနဲ့ တည်နေရာပါ ရိုက်ကူးမှတ်တမ်းတင်ပြီး ကွန်ပြူတာဒိုင်ခွက်မှာ ပြသတယ်လို့ ဆိုပါတယ်။

ကင်မရာကလည်း 12.0M pixel အရည်အသွေးရှိပြီး ကင်မရာ အမြန်နှုန်းမြင့်လို့ ၁ နာရီကို 400 KM/H နဲ့ မောင်းရင်တောင် ဓာတ်ပုံ ၂ ခါ ရိုက်နိုင်တဲ့အထိ အရည်အသွေးရှိတယ်လို့ ဆိုပါတယ်။

ယာဉ်ငယ်တစီးပေါ် တင်ဆောင်သယ်ယူဖို့ လွယ်ကူတာကြောင့် အမြန်လမ်းမ တကြော ရွှေ့ပြောင်း စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အရင်က မြန်မာပြည်မှာ သုံးတဲ့ လေဆာ စနစ်က အမှားအယွင်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

by အေးနိုင် (ဒီဗွီဘီ)
အရှိန်ထိန်းကိရိယာ အလုပ်လုပ်ပုံအဆင့်ဆင့် ရှင်းပြနေစဉ်
http://feeds.feedburner.com/thithtoolwin/yIWV

ပြည်ကြီးတံခွန်မြို့နယ်မှာ အိပ်ရာပေါ် ခြင်ဆေးခွေ ထွန်းညှိရာမှ မီး လောင်မှု ဖြစ်ပွား

Posted: 05 Sep 2012 03:50 AM PDT

မန္တလေး၊ စက်တင်ဘာလ ၅

မန္တလေးမြို့တော်ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်၊ ၆၆လမ်းနှင့် ၆၇လမ်းကြား၊ ယောမင်းကြီးလမ်းနှင့် ဖိုးရာဇာလမ်းကြားရှိ မြစ်ဝါ ပရိဘောဂ စက်ရုံတွင် စက်တင်ဘာ ၅ ရက်နေ့ နံနက် ၂နာရီ ခွဲခန့်က အိပ်ရာပေါ် ခြင်ဆေးခွေ ထွန်းညှိရာမှ မီး
လောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် မီးသတ်ဦးစီးဌာန ထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းနေစဉ် ဖြစ်ပေါ်သော အဆိုပါ မီးလောင်မှုကြောင့် ပေ (၄၀'/၆၀')အကျယ် ထရံကာ သွပ်မိုး(၃)ထပ် အိမ်(၁)လုံး၊ ပေ(၂၅'/၅၀')အကျယ် ထရံကာသွပ်မိုး ၂ ထပ်အိမ် ၁လုံး၊ ပေ (၂၅'/၅၀')အကျယ် တစ်ထပ်အိမ် ၁လုံး၊ ပေ(၃၀'/၅၀')အကျယ် နံကပ်သွပ်မိုး အိမ်(၁)လုံး၊ စုစုပေါင်း အိမ် (၄)လုံး မီးလောင်ခဲ့ပြီး အဆောက်အဦးဆုံးရှုံးငွေကျပ်(၇၃၄၀၀၀၀)သိန်း ကုန်ကျခဲ့ကြောင်း၊ ငွေကျပ် ငါးသောင်းတန်ဖိုးရှိ သစ်ဖြတ်စ (၁၀)တန်နှင့် ဝါပိဿာချိန် (၂၀၀)အတွက် တန်ဖိုးငွေကျပ် နှစ်သောင်း ဆုံးရှုံးခဲ့ကြောင်း ဗဟိုမီးသတ်ဦးစီးမှ သိရှိရသည်။

မီးလောင်မှုဖြစ်ပွားသည့် မြစ်ဝါပရိဘောဂစက်ရုံပိုင်ရှင် ဦးအောင်နိုင် နှင့် ညစောင့် ဦးစိုးနိုင် (၁၉)နှစ် အဘ ဦးလှမင်း တို့အား မန္တလေးမြို့  ပြည်ကြီးတံခွန် အမှတ် (၁၁) အဆင့်မြင့်ရဲစခန်းမှ ပ-၅၂၃/၂၀၁၂ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

The Voice Weekly


http://feeds.feedburner.com/thithtoolwin/yIWV

ပရိသတ် သောင်းကြမ်းမှု ရတနာပုံအသင်း ဒဏ်ငွေဆောင်ရ

Posted: 05 Sep 2012 02:58 AM PDT

ရတနာပုံ အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ သြဂုတ်လ ၁၉ ရက်နေ့ ကစားစဉ် အတွင်း ရတနာပုံ အသင်းကို အားပေးသည့် ပရိသတ်မှ ကစားကွင်း အတွင်းသို့ ကျောက်ခဲ၊ ရေသန့်ဘူး၊ သစ်သားစ ငယ်များဖြင့် ပစ်ပေါက် ခြင်းကြောင့် ရတနာပုံ အသင်းကို----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV

အစိုးရအဖွဲ့ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စု ၀န်ကြီးများ စာရင်း

Posted: 05 Sep 2012 03:07 AM PDT

 ပြင်ဆင် ဖွဲ့စည်း ခဲ့သည့် ပြည်ထောင်စု  အစိုးရ အဖွဲ့ ၀န်ကြီး ဌာနများနှင့်
 ပြည်ထောင်စု ၀န်ကြီးများ စာရင်း

(၁) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး -ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
(၂) ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး - ဒုတိယ ဗိုလ်ချူပ်ကြီး ကိုကို

ဝန်ကြီးများ စာရင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





http://feeds.feedburner.com/thithtoolwin/yIWV

ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစား လုပ်နေကြောင်း စုံစမ်းရေး အဖွဲ့က ပြောကြား

Posted: 05 Sep 2012 03:13 AM PDT

နေပြည်တော်၊ စက်တင်ဘာ ၅

အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်ခြင်း ကိစ္စကို ပြည်သူ့လွှတ်တော် စုံစမ်းရေးအဖွဲ့က စစ်ဆေးရန် ခုံရုံးသို့ အကြောင်းကြားခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ လာရောက်ခြင်း မရှိခြင်းမှာ ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစား လုပ်နေခြင်းသာ ဖြစ်ကြောင်း----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

http://feeds.feedburner.com/thithtoolwin/yIWV

ပြည်ထောင်စုဝန်ကြီးများ လခ တလ ကျပ် ၆ သိန်းသာ ရရှိ

Posted: 05 Sep 2012 12:21 AM PDT

ဒီဗွီဘီ ၀၅ စက်တင်ဘာ ၂၀၁၂

အရင် စစ်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ပြည်ထောင်စုဝန်ကြီး တဦးရဲ့ လစာကို တလ ကျပ် သိန်း ၃၀ ခံစားဖို့ ပြဋ္ဌာန်းထားပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူစဉ်ကစပြီး ယနေ့ အချိန်ထိ တလ ကျပ် ၆ သိန်းသာ ရယူခံစားနေကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးမောင်က ပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက ခုလို ရှင်းပြတာဖြစ်ပြီး ဒုဝန်ကြီးတွေလည်း လစာ ကျပ် သိန်း ၂၀ ပြဋ္ဌာန်းထားပေမယ့် ကျပ် ၄ သိန်းခွဲသာ ရယူခံစားနေတယ်လို့ ပြောပါတယ်။

လက်ရှိ အစိုးရအဖွဲ့မှာ သမ္မတ ရုံးဝန်ကြီး ၆ ယောက်ထားတာကို များတယ်လို့ ဝေဖန်တာနဲ့ ပတ်သက်ပြီး သူက အီတလီမှာ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ၆ ပါး၊ ထိုင်း ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၃ ပါး၊ စင်ကာပူ ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၃ ပါး၊ လာအို အစိုးရ အဖွဲ့ရုံးမှာ ၀န်ကြီး ၆ ပါး၊ မလေးရှား ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၆ ပါး၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၁၂ ပါးအထိ ခန့်အပ် အလုပ်လုပ်နေတယ် ဆိုပြီး ရှင်းပါတယ်။

DVB TV News
http://feeds.feedburner.com/thithtoolwin/yIWV

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ