[mrsorcerer:31001] [Richard Aung] လှည့်ကင်းရဲ အဖွဲ့၏ ထိန်းသိမ်း ခံရသူ လူငယ်တစ်ဦး ဦးခေါင်းသွေးယိုစီး ဒဏ်ရာဖြင့် သေဆုံး




ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် စက်တင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီခန့်က သောက်စားမူးယစ်နေသော လူငယ်တစ်ဦးအား လှည့်ကင်းရဲအဖွဲ့က ရဲစခန်း


သို့ ခေါ်ဆောင်သွားရာမှဦးခေါင်းသွေးယိုစီးဒဏ်ရာဖြင့် သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖြူးဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။




အဆိုပါ လူငယ်မှာဖြူးမြို့နယ်ရှိ လောကနတ် စားသောက်ဆိုင်ရှေ့တွင် လဲကျလျှက်ရှိပြီး


ရမ်းကားနေသည့် အနေအထားရှိသည့်အတွက် စားသောက်ဆိုင်ပိုင်ရှင်က ည ၉ နာရီခွဲ


ခန့်တွင် ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ လှည့်ကင်းရဲအဖွဲ့က လာရောက်ပြီး ဆိုက္ကားဖြင့် ခေါ်ဆောင်သွားသည်ကို တွေ့ရှိရကြောင်း မျက်မြင်တွေ့ရှိသူများ၏ပြောကြားချက်အရ သိရှိရသည်။




"ကျွန်မမောင်ကို ရဲစခန်းက ခေါ်သွားတယ်လို့ သူ့သူငယ်ချင်းတွေလာပြောတဲ့အတွက် ချက်ခြင်း လိုက်သွားပါတယ်။ ရဲစခန်းတောင် မရောက်လိုက်ဘူး။ ဆေးရုံးရှေ့လည်းရောက်ရော အသိထဲက တစ်ယောက်လှမ်းခေါ်လို့ ဝင်ကြည့်လိုက်တာ ကျွန်မ မောင်ဖြစ်နေတယ်။ မျက်နှာမှာ ဖူးရောင်ညိုမဲပြီး နှုတ်ခမ်းမှာလည်း သွေးတွေစိုနေတယ်။ ဆေးရုံကတော့ ခေါင်းထိလို့ သွေးယိုစီးပြီး သေတယ်လို့ပြောပါတယ်။" ဟု သေဆုံးသွားသော လူငယ်၏ အမဖြစ်သူ မမိခက် က


The Voice Weekly သို့ပြောကြားသည်။




အထက်ပါ ကိစ္စနှင့် ပတ်သက်၍ The Voice Weekly က ဖြူးမြို့နယ် ရဲစခန်းထံ ဆက်သွယ်မေးမြန်းရာ


"အဲဒီညက အခြေအနေကို အထက်ကို တင်ပြခဲ့ပါတယ်၊ဘာကြောင့်သေဆုံးတယ် ဆိုတာကို စစ်ဆေးနေပါတယ်၊


ဆရာဝန်ရဲ့ ဆေးစာထွက်ချက်ကို စောင့်နေတုန်းမို့ပါအဲဒီဆေးစာမှာပြင်ပဒဏ်ရာကြောင့်လား


၊ရောဂါကြောင့်လားဆိုတာအဖြေထွက်ပါမယ်၊




မကြာခင်ထွက်ပါလိမ့်မယ်၊ဒီကိစ္စနဲ့ပတ်သက်ပြီးခုံရုံးဖွဲ့စစ်ဆေးဖို့လဲရှိပါတယ်'' ဟု တာဝန်ကျ အရာထမ်းတစ်ဦး ကဖြေကြားသည်။




သေဆုံးသူ ကိုလင်းလင်းထက်သည် အသက်၂၄နှစ်အရွယ်ဖြစ်ပြီးယင်းနေ့ညက ဘီယာသောက်ကာ မူးလာပြီးရဲအားမချေမငံပြောဆိုသဖြင့်အမှုဖြစ်ပြီးစစ်ဆေးစဉ်လက်လွန်သေဆုံးခဲ့ကြောင်း


သတင်းဝက်ဘ်ဆိုက်များ၏ ဖော်ပြချက် အရ သိရသည်။




The Voice Weekly


--
Posted By အောင်မျိုးကျော် to Richard Aung at 9/09/2012 05:44:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ