[mrsorcerer:31318] Fwd: [လူဗိုလ်ဟူသည် ...] ငြိမ်းချမ်းရေးလား..ဖျားနေတယ်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/11
Subject: [လူဗိုလ်ဟူသည် ...] ငြိမ်းချမ်းရေးလား..ဖျားနေတယ်
To: lubo601@gmail.com



by Khin Hnin Kyi Thar on Tuesday, September 11, 2012 at 12:45am 


မှောင်လိုက်တာ မေမေရယ်။ ချမ်းလိုက်တာကလည်း အရေနဲ့ အကြောပဲတွယ်ကပ်နေရတဲ့ သမီးရဲ့ အရိုးသေးသေးလေးတွေ ကွဲကုန်တော့မလားပဲ။ အပြင်က ရာသီဥတုကတော့ ဘယ်လိုနေလဲမသိ နားထဲမှာတော့ မိုးချိမ်းသံလိုလို ဗုံကွဲသံလိုလို။ အပြင်မှာ ခလုတ်ဆွဲသံအချို့နဲ့ အော်ဟစ်ပြိုလဲသံအချို့။
စိတ်ထဲမှာတော့ လတ်လတ်ဆတ်ဆတ် သွေးအိုင်အချို့က ပွက်ခနဲ ပွက်ခနဲ။ ဒါ မေမေ့ အသံလား… ဒါမှမဟုတ် ဖေဖေ့အသံလား။
ကယောင်ချောက်ချား ဖြစ်နေတဲ့ စိတ်တွေက ဖေဖေဆန့်တန်းထားတဲ့ လက်ဆီကိုရောက်လို့။ ဖေဖေရေ ချီပိုးလှည့်ပါဦး။ မေမေရေ ချော့သိပ်လှည့်ပါဦး။ အိပ်စက်ခြင်းနဲ့ အိပ်ပျက်ခြင်းတွေက သမီးဆီမှာ အလုအယက်။ နည်းနည်းလေးမှကို မလှုပ်ချင်ဘူးမေမေရေ….။ ဘာမှသိုလှောင်ထားခွင့်မရတဲ့ အစာအိမ်က လှုပ်လိုက်တိုင်း ဆန္ဒတွေပြလို့။ မေမေရေ…. သမီး အရင်လိုချေးမများပဲ ထမင်းဆိုတဲ့ စာတန်းလေး မြေပြင်မှာ ရေးထားတာ ဖတ်ရုံနဲ့ ဗိုက်ပြည့်တတ်ပါပြီ။
ဘေးနားမှာ လဲပြိုသံ အချို့ နဲ့…… တိုးတိုးရှိုက်သံအချို့…။ ကျင့်သားရနေပြီဖြစ်တဲ့ စိတ်က ဒါ တစ်ယောက်သောသူ ၀ဋ်ကျွတ်သွားသံဆိုတာ သိနေခဲ့ပြီမေမေ။
မေမေရော… မှောင်းမည်းနံစော်နေတဲ့ တွင်းထဲမှာ တစ်ယောက်တည်းလား။ ဒါမှမဟုတ် တခြားလောကဆီမှာ အခြေကျနေပြီလား။ ဖေဖေကရော သမီးနဲ့ မေမေ့ကို ရှာဖို့ မှောင်မည်းနေတဲ့ ကျင်းတွေဆီကို ပုန်းခိုပြီး လာနေပြီလား။
လင်းသွားလိုက်တာ မေမေရေ….။ အသံတွေကလည်းဆူလို့ ညံလို့။ အော်နိုင်သေးတဲ့ သူတွေက အော်လို့။ မအော်နိုင်တော့တဲ့ သူတွေကတော့ အလိုက်သင့်ပေါ့။
ကြယ်ဆိုတာ ကောင်းကင်မှာ ရှိမှန်းမေ့နေခဲ့တာ ကြာပြီမေမေ။ ခုတော့ ပိုပြီး လင်းလက်ပြီး ပိုပြီးတောင်လှလို့။
ပေါ့ပါးလိုက်တာ မေမေရေ။ လေထဲမှာစွန်လွှတ်နေရသလိုမျိုး။ သူငယ်ချင်းအချို့လည်း စွန်တွေ လွှတ်လို့။
အဖြူရောင် ငှက်တို့က ပျံလို့….. အပြာရောင် အချို့က လွှမ်းလို့…………..။

 စက်တင်ဘာ ၂၁မှာ ကျရောက်မယ့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် ဟိုးအရင်တုန်းကရေးထားတဲ့ စာလေးကို ပြန်တင်လိုက်ပါတယ်။ ကျွန်မတတ်နိုင်တာလေးနဲ့ ကြိုးစားကြည့်ခြင်းပါ။ ငြိမ်းချမ်းပါစေ။ ကလေးငယ်တွေအားလုံး စိတ်ဒုက္ခဆင်းရဲကြောင့် မျက်ရည်တွေ မကျပါစေနဲ့။

Khin Hnin Kyi Thar 




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/12/2012 01:26:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ