[mrsorcerer:31351] Re: Don't Cry Rakhine State, We,Burma, Will Always Be Your Side.On June 9 2012,NYC,USA

အင်ဒိုက မွတ်စလင်တွေက လာပြီးဆရာလုပ်လမ်းညွှန်တယ်ဆိုရအောင် သူတို့ နိုင်ငံအတွင်းမှာတောင် တခြားဘာသာဝင်အတွက် လုံခြုံမှုကို အာမခံပေးနိုင်လို့လား... ကျွန်တော့်သူငယ်ချင်းသင်္ဘောသားတွေ အင်ဒိုရောက်တယ်... ကိုယ့်ဟာကိုနေ့လည်ဘက် ဘီယာသောက်တယ်စားတယ်... ဆိုင်ထဲမှာနော် လမ်းမမှာ မဟုတ်ဘူး... အဲဒါကို အပြင်က ဆိုင်ကယ်နဲ့လာတဲ့သူတွေက သူတို့ ဥပုသ်လမှာ ဒီလိုစားသောက်တယ်ဆိုပြီး.... ဆိုင်ရဲ့ အပြင်ဘက်က နေ မှန်ကို ခွဲတယ် ကျွန်တော်သူငယ်ချင်း မနည်းထွက်ပြေးခဲ့ရတယ်....... သူတို့ဟာသူတို့တောင်မထိန်းနိုင်တာ.... မြန်မာပြည်ဘာဆရာလာလုပ်မှာလဲ.......

အကိုပြောသလို ၁၉၄၈ ကစပြီး မိသားစုနဲ့ နေထိုင်ခဲ့ရင် ဒါကလက်ခံနိုင်တယ်...... ခုဟာက နောက်မှ ၀င်လာပြီးတိုင်းရင်းသားလိုလာအော်နေတာဘဲ..... နောက်ရိုဟင်ဂျာပိုင်တောင်လုပ်လာသေးတယ်....... အကိုလည်း စာတွေဖတ်ရမှာပါ..... အကိုလိုသည်းခံစိတ်လေးထားပြီးနေရင် .... သူတို့လိုဝါဒဖြန့်ပုံမျိုးနဲ့တော့ တွေးတောင်မတွေးရဲဘူး.......

အကို့က မြန်မာတွေကိုဘဲ ဆုံးမသလိုစာတွေရေးနေတယ်.... ဘင်္ဂလီကျူးကျော်လာသူတွေမဟုတ်မမှန်ဘူးဆိုတာလဲ အကိုရေးရဲရမယ်... ဒါမှ ၂ ဖက်မျမယ်....


2012/9/12 Lynn Htet Swe <myatchitshin@gmail.com>
ညီလေးစိုးထွဋ်

ငါညီပြောတဲ့ ကချင်ပြည်နယ်မှာ အကိုတို့ အဖွဲ့ အပါအ၀င် ဒေသခံလူမှုရေး အဖွဲ့တွေ လုပ်နေကြပါတယ်။ ရေဘေးသင့်တဲ့ နေရာတွေ မှာ လဲ လုပ်နေကြပါတယ်။ ရခိုင် ကိစ္စ က တော့ လူတိုင်း အာရုံစိုက် ဆွေးနွေးနေတဲ့ အကြောင်း အရာ မို့ ပြောသင့်ပြောထိုက်တာ ပြောရတာပ။

အကို မြန်မာနိုင်ငံသား ခံယူတာ မခံယူတာ က အရေးမကြီးလှပါဘူး။ ဒါပေမဲ့ ဒီ ဗီဒိယိုဖိုင် မှာ မိုးဟိန်းဆို တဲ့ ငနဲ က ကိုကိုကြီး ကို ထောက်ခံတယ်။ ဒါက ပြဿနာ မရှိဘူး။ ဒါပေမဲ့ ကိုကိုကြီးလို မပြောတဲ့ တစ်ခြားနိုင်ငံရေးခေါင်းဆောင်တွေ ကို ပုတ်ခတ်သွား တာ မင်း ကြားမိသလား။ ဒါကို မှ အကွက်ရွေ့တာ မဟုတ်ဘူး ဘေးတီးတာ မဟုတ် ဘူး ဆို ရင် ဘာ ကို ပြော မလဲ။ ဆရာကြီးဂိုက်ဖမ်းလို့ ရာဇသံတွေ ပေးသွားလေရဲ့။

အခု ဒီ လှိုင်းကြီး ကို အမေစုတို့ အဘဦးဝင်းတင်တို့ လဲ ရပ်နိုင်တော့ မယ်မထင်ပါ။ မင်းကိုနိုင်တောင် (မွန်-တရုပ် ကပြား ဖြစ်လို့) ငုတ်တုတ်မေ့နေရတဲ့ အဖြစ်မှာ ကိုကိုကြီးလို လူက နှာတစ်ဖျားတက်သွားခဲ့တာတွေ မျက်မြင်ပါပဲ။ ခုချိန်မှာ ဒီ ရိုဟင်ဂျာ ဆန့်ကျင်ရေး က လူတိုင်း ကို မျှားလို့ ရတဲ့ ငါးစာ လို ဖြစ်နေတယ်။ ၀ီရသူလို ဘုန်းကြီး က ရိုဟင်ဂျာ ဆန့်ကျင်ရေး ပါးပါးလေးဖုံးပြီး သူ့ ရဲ့ မူလ အစ္စလာမ်မုန်းတီးရေးတွေ လုပ်..နာမည်ကောင်းရအောင် (မဖြစ်နိုင်တဲ့) အစ္စလာမ်ဘာသာဝင်တွေ ကို ပါ ဖိတ်ခေါ်တယ်လုပ် တနိုင်ငံလုံး အုံကြွ အောင် လုပ် နေတာ တွေ က ညီလေးလဲ အမြင်ပါ။ ဒါတွေ က လက်ခုပ်တီး ရ မှာ တွေ မဟုတ်ပဲ အနာဂတ် အတွက် အဆိပ်အတောက် တွေ ပဲ ဖြစ်တယ်။ ဒါမျိုးတွေ မြင် ရတဲ့ အခါ ကိုယ် လဲ မနေနိုင် ပဲ ၀င် ပြောမိတာပါပဲ။ ချဉ်ဖတ် ဖြစ်လို က သံသရာ ဆုံးသည် အထိ မုန်းကြ ချဉ်ကြလေရော့။

ကိုယ့်ညီ တို့ က သူများ က ဒီမို ကရေစီ အော်ခိုင်းတော့ လဲ အော်ကြတာ ပဲ။အခု ရိုဟင်ဂျာ အော်ခိုင်တော့ လဲ အော် ကြတာ ပဲ။ မခက်လား။ ဒီလူတွေ ကို ဘယ်လို ခေါ်ခေါ် ရိုဟင်ဂျာ ခေါ်တော စစ်တကောင်း ဘင်္ဂလီ ဘယ်လို ခေါ်ခေါ် အရေးမကြီးဘူး။ ဒီလူစုတွေ က မနေ့ တနေ့ က မှ ရောက် လာ တာ မဟုတ်လို့ ပဲ။ လ၀က ဥပဒေ မှာ ၁၈၂၄ မတိုင်မီ နေခဲ့ ရင် တိုင်းရင်းသား ၁၉၄၈ မတိုင်မီ နေခဲ့ ရင် နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားနိုင် တယ် ဆို တာ တွေ ရှိတယ်။

ဒီ လူစုတွေ ထဲ မှာ နိုင်ငံသား ဖြစ်ထိုက်သူတွေ မရှိပါဘူး လို့ မင်း ငြင်းမလား။ မှန်တယ်..ရိုဟင်ဂျာ ဟာ တိုင်းရင်းသား မဟုတ်ဘူး။ ဒါပေမဲ့ တိုင်းရင်းသား မဟုတ်ခြင်း နဲ့ နိုင်ငံသား မဟုတ်ခြင်း တွေ ကို တစ်ခြားစီပဲ ဆို တာ မျက်စိကို ပြူးနေအောင် ကြည့်ပါ။ ပြည်တွင်းမှာ တောင် တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံသားတွေ အများကြီးပဲ..မင်းတို့ သူတို့ ကို ပါ မောင်းထုတ်မှာ လား ကျူးကျော်သူ တွေ လို့ ပြော မှာ လား။

အဓိက က ဒီလူစုတွေ ထဲ မှာ နဂို နေထိုင်သူ တွေ နဲ့ ကျူးကျော်သူတွေ ကို ခွဲထုတ်ပြီး နိုင်ငံသား ဖြစ်သူတွေ ကို နိုင်ငံသား အခွင့်အရေးတွေ ပေးရမယ်။ ကျူးကျော်သူတွေ ကို လဲ ဆိုင်ရာ ဥပဒေနဲ့ အရေးယူ ရ မှာပဲ..ဒီနေရာ မှာ နိုင်ငံတကာ အဖွဲ့ တွေ နဲ့ ပူးပေါင်းဆောင်ရွက် ရ လိမ့်မယ်။ ဒါတွေ ကို မင်းတို့ မသိ တာ လဲ မဟုတ်ဘူး။ ဒီလူတွေ က အစ္စလာမ်ဘာသာဝင်တွေ ဖြစ်နေတယ် ဆို တာ က မင်းတို့ ကို သွေးလေချောက်ခြားစေတာ အမှန်ပဲ။ အရှေ့ဖက်မှာ ၀ တရုပ်တွေ က ဗိုလ်လုပ်နေတာ ဘယ်သူမှ မဆိုရဲ မထိရဲ ဖြစ်နေတာ လေ။

((လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရိုဟင်ဂျာဆိုတာ ဘယ်သူမှတောင်မသိဘူး..(ဒီဂရုမှာ ရေးနေတဲ့သူတွေလည်း တစ်ယောက်မှ မသိဘူး). လို့ ညီလေး ပြော တာ အမှန်ပဲ။ သူတို့ ရှိ နေ တာ ကြာ လှ ပေါ့။ နှစ်ပေါင်း ရာ ချီ နေခဲ့ ပြီ။ တသက်လုံး မျက်စိမှိတ်ထားပြီးတောည့ အခု အမွှေ ကြောင့် ဒီပြဿနာ တက်တော့ မှ ကျူးကျော်သူတွေ ဆို ထ အော် တာ တော့ မဖြစ်သင့် ဘူး ထင်တယ် ညီလေး။ ကျူးကျော်သူ အစစ် ကို ပြစမ်းပါ ညီလေး အကို လဲ သွေးနီ ပါတယ်။ နိုင်ငံတော် က လဲ ကြည့်မနေပါဘူး။ ဖြစ်တဲ့ နည်း နဲ့ ဖြေရှင်းမှာ ပါ။

အခု ဟာ က ဒါကို အခွင့်ကောင်းယူ မပြီးနိုင် မစီးနိုင်တွေ ဖြစ် နိုင်ငံရေး အမြတ်ထုတ်ကြ အမုန်းမျိုးစေ့တွေ ထပ်စိုက်ကြ နဲ့ ခု ဘုန်းကြီးလူစုတွေ က ပါ ပါလာ ပြန်ပြီ။ ဟိုနားပွက်ပွက် ဒီနား ကျွက်ကျွက် နဲ့ ဗိုလ်ခြေတစ်ထောင် ငယ်သားတစ်ရာ ဖြစ်နေတဲ့ ကိန်းပါပဲ။ အဆိုးဆုံး က လူငယ်တွေ မှာ နိုင်ငံရေး သဘောတရားရေး အသိအမြင်တွေ အားနည်းနေတာ သမိုင်း အသိအမြင် အားနည်း နေတာ တွေ ပဲ။ အခု အထိ ကို သမိုင်း ရဲ့ သင်ခန်းစာ တွေ မယူနိုင်သေးတော့ အခု အင်ဒို က မွတ်စလင်တွေ က လာ ပြီး ဆရာ လုပ် လမ်းညွှန် ရ တဲ့ အခြေဆိုက်တော့ တာ ပဲ။


2012/9/12 SOE HTUT <soehtut1@gmail.com>
အကို့ကိုတော့ ကြာလေနားမလည်နိုင်တော့လေဘဲ........ ရိုဟင်ဂျာကိစ်စဟာ ဘာသာရေးမဆိုင်ဘူး..... တိုင်းရင်းသားမဟုတ်တာကို မဟုတ်ဘူးရယ်လို့ ပြောရဲရမယ်....... ကျုးကျော်လာတဲ့သူကို ကျူးကျော်လာတယ်လို့ အကိုမြန်မာတစ်ယောက်အနေနဲ့ ပြောရဲရမယ်...... အဲလို တောင်အကိုမပြောရဲဘူးဆိုရင် အကို မြန်မာနိုင်ငံသားတောင်ခံယူမနေနဲ့တော့.....

သွေးဆူတာမဟုတ်ဘူး အကို အရေးကြီးရင် သွေးနီးရမယ်..... ဒါမြန်မာပြည်ရဲ့အမျိုးသားရေး..... နိုင်ငံရေးလို ရှုံ့ချည်နှပ်ချည် လုပ်မရဘူး.... အကိုက တစ်ခါလာလည်း လစ်ဘရယ် လစ်ဘရယ်ဘဲ..... အကို့လို စိတ်ဓါတ်ရှိတဲ့သူမျိုး သာ သမ်မတဖြစ်ရင် အကိုပြောသလို မြန်မာပြည် လှတပတကနေ ပုံပျက်သွားမှာ အမှန်ဘဲ..... အဲတော့မှ မြန်မာပြည် တကယ်ကံဆိုးမှာ.....

အကိုပြောနေတာ NGO စိတ်ဓါတ်လို့ ပြောမယ်ဆို ပြောရတယ်... ဒါပေမယ့် အကို့ဆီက ကချင်ပြည်နယ်က ဒုတ်ခသည်တွေအကြောင်းတစ်ခါမှ မကြားရဘူး...

လူသားချင်းစာနာစတန်းဆို သွားကယ်လေ ကချင်ပြည်နယ်က ဒုတ်ခသည်တွေကို... ကယ်တော့ ကယ်ချင်တယ် သေမှာတော့ ကြောက်တယ် ဆိုသလိုဖြစ်နေတယ်....NGO မှာလည်း ကောင်းတဲ့သူတွေရှိပါတယ်... အကုန်လုံးကိုတော့ မဆိုလိုဘူး... ဘယ်နေရာမှာ ကယ်ရမယ် ဆိုတာက အထက်က ဆုံးဖြတ်ချက်...... ခက်တာက NGO ဆိုတာကလည်း အလှုငွေနဲ့ရပ်တည်နေရတာ.... ဘယ်နေရာမှာသွားလုပ်ရင် ပိုက်ဆံပိုရမယ် ဆိုတာကို အဓိကထားကြည့်တယ်.... ငွေရေးကြေးရေးက အဓိကဖြစ်တယ်.... လူသားချင်းစာနာတယ် ဆိုတာက ကြားကောင်းအောင်ပြောတာ......

ဘင်္ဂလီတွေက အစတည်းက အထောက်အပံ့ပေးတဲ့ UN ကော NGO တွေကော ရှိတယ်...ဘာမှ မရှိသလောက်ဖြစ်နေတဲ့ ကချင်ပြည်နယ်က ဒုတ်ခသည်တွေကိုတော့ မြန်မာပြည်တွင်းက NGO များက လှုပ်တောင်မလှုပ်ချင်ဘူး.... (ကျွန်တော်ပြောတဲ့ NGO ဆိုတာ နိုင်ငံခြားက အထောက်အပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကို ဆိုလိုတယ်...).....

မြန်မာနိုင်ငံသားမှန်ရင် ရိုဟင်ဂျာ ဆိုတာ တကယ့်မြန်မာပြည်က တိုင်းရင်းသား မဟုတ်ဘူးဆိုတာ ပြောကိုပြောရဲရမယ်....အဲလိုမှ မဟုတ်ဘဲ ရိုဟင်ဂျာ အယောင်ဆောင် ဘင်္ဂလီတွေနဲ့ ပတ်သက်တဲ့ မြန်မာပြည်တွင်းဖြစ်များက ဟုတ်သလိုလို မဟုတ်သလိုလို ရဲရဲဝံ့ဝံ့မဆန့်ကျင်ရဲတာကို မြင်မိတော့ တကယ်ကို သောက်မြင်ကပ်မိတယ် ...... လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရိုဟင်ဂျာဆိုတာ ဘယ်သူမှတောင်မသိဘူး..(ဒီဂရုမှာ ရေးနေတဲ့သူတွေလည်း တစ်ယောက်မှ မသိဘူး)...ခုမှ ရခိုင်လို ဘယ်လိုခေါ်တယ်... ဘာလိုနဲ့လာရှင်းပြနေရတာအမော...... ခုမှ အရှင်မွေးလို့ နေချင်းကြီးလာသလို လာလုပ်နေတာ......အကိုပြောတဲ့ ကျားကွက်ရွှေ့တယ်ဆိုတာ အဲဒါမှ အစစ်...

အကို့ကို သတိပေးရအုံးမယ်.... အကို့ လစ်ဘရယ် စိတ်ဓါတ်ကြီးနဲ့ ဆက်သွားသိပ်မကြာခင် လူ့ချဉ်ပတ်ဖြစ်မယ်..... စေတနာနဲ့ သတိပေးတာနော်....

အင်း အကိုလို တော်တော်များများ သိတဲ့သူကို ဆရာလုပ်မိသလို ဖြစ်ရင် ခွင့်လွတ်....


2012/9/12 Lynn Htet Swe <myatchitshin@gmail.com>
ကျားကွက် တွေ တော့ ရွေ့ နေကြပါပြီ။ အမျိုးသားရေး အလံ တွေ လွှင့်ထူနေပါပြီ။
မကြာခင် အမေစု ကို တောင် ခြေနဲ့ ကန်ထုတ်တော့ မဲ့ ဗမာ အာဏာရှင် လက်သစ် အလောင်းအလျှာ ကလေးတွေ ပါပဲ။
ချင့်ချိန်တိုင်းထွာ တဲ့ လစ်ဘရယ် နိုင်ငံရေးမျိုးထက် အော်ကျယ်ကျယ် နဲ့ သွေးဆူစေတဲ့ ၀ံသာနု နိုင်ငံရေးမျိုး က ပဲ ဗမာတွေ သည်းခြေကြိုက် ပေလား။
ကံဆိုးပါပေ့ မြန်မာပြည် ရယ်။

On Wed, Sep 12, 2012 at 9:22 AM, Tin Naing Linn <tinnainglinn@gmail.com> wrote:
http://www.youtube.com/watch?v=E9qF90QxORc&feature=share




--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ