[mrsorcerer:31414] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/9/14
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


မြစ်ကြီးနားမြို့အနီး ရထားသံလမ်း ဗုံးကွဲ

Posted: 14 Sep 2012 05:56 AM PDT

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အ၀င် ရထားသံလမ်းမှာ ဒီနေ့ မနက် ၃ နာရီလောက်က မိုင်းဗုံး တလုံး ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။

မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းအပိုင်းမှာ ဗုံးပေါက်ကွဲတာဖြစ်ပြီး ဗုံးပေါက်ကွဲတာနဲ့ပတ်သတ်ပြီး---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မော်ဟန်နှင့် ကာဒူကြား ကေအိုင်မှမိုင်းထောင်ဖောက်ခွဲခဲ့သည့် တံတားအမှတ်(၅၅၅)


အွန်လိုင်း ဘဏ်စနစ်နှင့် လုံခြုံရေး ကဒ်များ ပြုလုပ်ခြင်း တစ်နေရာတည်း အပြီးသတ် ဝန်ဆောင်မည်

Posted: 14 Sep 2012 06:05 AM PDT

နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခြင်း အပါအဝင် ပုဂ္ဂလိက ဘဏ်များ၏ အွန်လိုင်း ဝန်ဆောင်မှုများ အတွက် အဓိက လိုအပ်ချက်များ ဖြစ်သော ငွေအသွင်းအထုတ် စက်များ တပ်ဆင်ခြင်းနှင့် လုံခြုံရေးကဒ်များပြုလုပ်ခြင်းကို Be One Group of Companies က တစ်နေရာတည်း အပြီးသတ် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


MPU ကတ်များ စတင် အသုံးပြု

Posted: 14 Sep 2012 06:10 AM PDT

ပြည်တွင်း ငွေသား ကိုင်ဆောင်မှု လျှော့ချရန်နှင့် ငွေပေးချေမှု စနစ် အဆင့်မြှင့်တင်ရန် ရည်ရွယ် ထုတ်လုပ်သော MPU (Myanmar Payment Union) ကတ်ကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် စတင် အသုံးပြုနိုင်ပြီဖြစ် ကြောင်း ယနေ့နံနက် ၈နာရီတွင် ကျင်းပသော MPU ကတ်ဖွင့်ပွဲ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဖမ်းဆီးခံထားရသော လက်ပံတောင်းကြေးနီ စီမံကိန်းအရေး လှုပ်ရှားသူများ ပြန်လွတ်ပြီ

Posted: 14 Sep 2012 04:21 AM PDT

ဖမ်းဆီးခံထားရသော လက်ပံတောင်းကြေးနီ စီမံကိန်းအရေး လှုပ်ရှားသူများ ဖြစ်ကြသည့် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက် တို့သည် ယနေ့ညနေ ၄ နာရီ ၃၀မိနစ်တွင် အာမခံဖြင့် လွတ်မြောက်သွားကြပြီ ဖြစ်ပါသည်။

ချောင်းဦးထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ကိုဝေဠုလည်း လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိရပါသည်။

မုံရွာအကျဉ်းထောင်ရှေ့တွင် လွတ်မြောက်လာသူ မသွဲ့သွဲ့ဝင်းတို့သုံးဦးအား ၈၈ မျိုးဆက်
 ကျောင်းသားမှား အဖွဲ့ မှ ကိုဂျင်မီ ကိုယ်တိုင် လာရောက်ကြိုဆိုပြီး ခေါ်ဆောင်သွားခဲ့
 ကြောင်း ThanLarWaddy Times သတင်းအရ သိရပါသည်။

လွတ်မြောက်လာသူများကို မြို့ ခံလူထု  ထောင်နှင့်ချီ ကြိုဆို ခဲ့ပါသည်။


မုံရွာအကျဉ်းထောင်ရှေ့တွင် လွတ်မြောက်လာသူများ နှင့် ကြိုဆိုသူများကိုတွေ့ ရစဉ် ဓါတ်ပုံ - ThanLarWaddy Times
မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက်တို့အား တွေ့ ရစဉ် ဓါတ်ပုံ - ThanLarWaddy Times

လွတ်လာမည့်သူများအား ကြိုဆိုရန် မုံရွာအကျဉ်းထောင်ရှေ့တွင် စောင့်နေကြသည့် လူထုနှင့် သတင်းထောက်များ  ဓါတ်ပုံ - ThanLarWaddy Times


ယနေ့ ရွှေဘိုမီး နေအိမ်တလုံးပျက်ဆီးပြီ မီးသတ်ကားတစ်စီး တိမ်းမှောက်

Posted: 14 Sep 2012 03:51 AM PDT

စက်တင်ဘာလ ၁၄ ရက်နေ့ နေ့ လည် (၂)နာရီခန့်  က စစ်ကိုင်းတိုင်း ရွှေဘိုမြို့ 
 ဂေါက်ကွင်းလမ်း မှာ မီးလောင်မှု တခုဖြစ်ပွါးခဲ့ ကြောင်း Myanmar  News Now မှ
 သတင်းရရှိပါတယ်။

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။ မီးလောင်ချိန်မှာ

 နေအိမ်မှာ လူမရှိတဲ့ အတွက် လျှပ်စစ် ၀ါယာရှော့ ဖြစ်မှုကြောင့် မီးလောင်တာလို့ 
ယူဆရကြောင်း မျက်မြင်တွေ့ ရှိသူတဦးက ပြောပါတယ်။

အဆိုပါ မီးလောင်မှုကို မီးငြိမ်းသတ်ဖို့ သွားတဲ့ မီးသတ်ကားတစ်စီး ကတော့

ကျောက်မြောင်းအထွက် ဂေါက်ကွင်းလမ်းမှာ တိမ်းမှောက်ခဲ့ တယ်လို့ သိရပါတယ်။



ယနေ့ မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်

မီးသတ်ဖို့ အသွား လမ်းမှာ တိမ်းမှောက်နေတဲ့ ရွှေဘို မီးသတ်ကား





ဖားကန့်မြို့ပေါ်တိုက်ပွဲကြောင့် န၀မတန်းကျောင်းသူ မဆိုင်းဂျာအိမ် သေဆုံး

Posted: 14 Sep 2012 02:48 AM PDT

ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်တွင် ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများကြောင့် န၀မတန်း
 ကျောင်းသူတစ်ဦး အသက်ဆုံးရှုံး ခဲ့ရပြီး၊ ကျောင်းသားကျောင်းသူနှင့်အရပ်သား(၈)ဦးအထိ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံက သိရှိရသည်။ "မနေ့က မြို့ပေါ်တိုက်ပွဲကြောင့်
 မော်ဝမ်းအုပ်စု(၁)က ကိုးတန်းကျောင်းသူ မဆိုင်းဂျာအိမ် ကျောင်းကအပြန်မှာ   သေနတ်မှန်ပြီး
 သေသွားတယ်၊ နောက်အရပ်သား(၅)ဦးကိုတော့ ဆေးရုံတင်ထားရတယ်" ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဖားကန့်မြို့ လယ်တိုက်ပွဲကြောင့် ဆန်တစ်အိတ် ကျပ်ငါးသောင်း အထိမြင့်တက်

Posted: 14 Sep 2012 02:50 AM PDT

ကချင်ပြည်နယ် ဖားကန့်မြို့၌ မြို့တွင်း တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီးနောက် ဆန်ဈေးမှာ
တစ်အိတ်လျှင် ကျပ်ငါးသောင်းအထိ   မြင့်တက်လာကြောင်း ဒေသခံများထံက
သိရှိရသည်။ စက်တင်ဘာလ(၁၃)ရက်နေ့  နေ့လည်ပိုင်းက ဖားကန့်မြို့လယ်
 မော်ဝမ်းကြီးနှင့် မော်ဝမ်းလေး ရပ်ကွက်နှင့် ဧရာဦးဆေးဆိုင်ရှေ့တွင်  ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စက်တင်ဘာ ၁၄ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၃

Posted: 14 Sep 2012 02:37 AM PDT

စက်တင်ဘာ ၁၄ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒေါ်အောင်ဆန်းစုကြည် ၏ အမေရိကန် ခရီးစဉ် အသေးစိတ်ကို NLD မှ ယနေ့ ထုတ်ပြန်လိုက်သည်

Posted: 14 Sep 2012 02:21 AM PDT

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၆ ရက်တွင် သွားရောက်မည့် အမေရိကန်နိုင်ငံ ခရီးစဉ်နှင့်  ပတ်သက်ပြီး ခရီးစဉ် အသေးစိပ်ကို ယနေ့ ရက်စွဲဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန် လိုက်ပါသည်။

ခရီးစဉ် အသေးစိတ်ကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ပဲခူးမြို့ပေါ်မှ ခရီးသည်တင်သုံးဘီးကားနှင့် ဆိုင်ကယ်များ ယခု နှစ်မကုန်မီ ဖယ်ရှားမည်

Posted: 14 Sep 2012 02:08 AM PDT

ပဲခူးမြို့ပေါ်၌ နှစ်ပေါင်း၃၀ နီးပါး ပြေးဆွဲလျက်ရှိသော ခရီးသည်တင် သုံးဘီးကားနှင့် သုံးဘီး ဆိုင်ကယ်များအား ယခုနှစ်မကုန်မီ အပြီး ဖယ်ရှားရှင်းလင်း သွားမည်ဟု ပဲခူး မထသမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းသို့ပြုလုပ်ရန် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် တစ်သိန်းကျော်တစ်နှစ်အတွင်း ဇာတိမြေသို့ ပြန်ဖွယ်ရှိ

Posted: 14 Sep 2012 01:02 AM PDT

ထိုင်းနိုင်ငံတွင်း ရှိနေသော မြန်မာဒုက္ခသည် ၁၂၀,၀၀၀ ခန့်သည် တစ်နှစ်တာကာလအတွင်း ဇာတိမြေပြန်နိုင်ဖွယ်ရှိ ကြောင်း ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက ပြောကြားသည်။
ထိုင်းနှင့် မြန်မာနှစ်နိုင်ငံသည် ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ဆွေးနွေးမှုများ မကြာသေးမီက ပြုလုပ်ခဲ့ပြီးနောက် ယခု ကြေညာချက်ထွက်ပေါ် လာခြင်းဖြစ်သည်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းတခု အားတွေ့ ရစဉ်


လက်ပန်းတောင်းတောင် လက်ရှိ အခြေအနေ ဒေါ်အောင်ဆန်း စုကြည် ဖုန်းဆက်မေးမြန်း

Posted: 14 Sep 2012 01:08 AM PDT

လက်ရှိ လက်ပန်းတောင်းတောင် ကိစ္စကို ဒီချုပ်ဥက္ကဋ္ဌ အနေဖြင့် စိတ်ဝင်စားမှု ရှိကြောင်းနှင့် အဖမ်းခံရ သူများအတွက် စိုးရိမ်နေကြောင်း ယင်းအရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ဒီချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အား ဒေါ်အောင်ဆန်းစုကြည်က ဆက်သွယ်ခဲ့ခြင်းနှင့် ပတ်သက်၍ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တိုက်ပွဲကြောင့် ဖားကန့် ကျောင်းအားလုံး ယနေ့ ပိတ်လိုက်ပြီ

Posted: 14 Sep 2012 01:16 AM PDT

(13.9.2012) စက်တင်ဘာလ (၃)ရက်နေ့  ညနေ ၄ နာရီခန့် တွင် ဖားကန့် မြို့ နယ်
 မော်ဝမ်းမူလွန် အ-လ-က ကျောင်းခွဲ  ဝန်းကျင် တစ်ဝိုက်တွင် အစိုးရတပ် နှင့် KIA တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါတယ်။
အဆိုပါ တိုက်ပွဲမှ ပစ်ခတ်သံများကို ဖားကန့် တစ်မြို့လုံးကြားကြရပြီး အပြေးအလွှား----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကန်ဝန်ကြီး Joseph Yunနှင့်အဖွဲ့ ဘင်္ဂလာတွင် စုံစမ်းလျက်ရှိနေပြီ

Posted: 14 Sep 2012 01:23 AM PDT

အမေရိကန်နိုင်ငံမှ အာရှပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Joseph Yunနှင့် အဖွဲ့ဝင် (၃) ဦး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်စပ်မြို့နယ်များအတွင်းရှိ ဘင်္ဂလီမူဆလင် ဒုက္ခသည်များ စခန်းသို့ ယနေ့ (ဗုဒ္ဓဟူး) ညနေဘက် သွားရောက်လေ့လာ ကြည့်ရှုရန်----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကန်ဝန်ကြီး Joseph Yunနှင့်အဖွဲ့


ဦးကျော်မောင်ချေ အသုဘတွင် လူသတ်တရားခံ အစစ်အမှန်ကို ဖေါ်ထုတ်ပေးရန် ပြည်သူများ တောင်းဆို

Posted: 14 Sep 2012 01:30 AM PDT

ယမန်နေ့က ပြုလုပ်သော ဦးကျော်မောင်ချေ အသုဘတွင် သူ့အား သတ်ဖြတ်သူ
တရားခံ အစစ်အမှန်များကို ဖေါ်ထုတ်ပေးရန် အသုဘ လာသူများက ပိုစတာများ ကိုင်ဆောင်ပြီး တောင်းဆိုခဲ့သည်ဟု သိရသည်။ ရခိုင်ပြည်နယ်တွင် တာဝန်ရှိသူ
အများအပြားသည် ပြစ်မူ ကျူးလွန်သူများထံမှ လာဒ်ငွေ အမြောက်အမြား ယူပြီး
လွတ်ပေးကာ------

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရိုဟင်ဂျာအစား တိကျသော မျိုးနွယ်စုအမည်တစ်ခု သတ်မှတ်ပေးရန် အစိုးရအားတောင်းဆို

Posted: 14 Sep 2012 01:40 AM PDT

စက်တင်ဘာ (၁၃) ရက်နေ့ မနက် (၉) နာရီတွင် အီရန်သံအမတ်ကြီး မစ္စတာ ဟူစိန်ကင်မာလီယာနှင့်  တွေ့ဆုံဆွေးနွေးစဉ် ဘင်္ဂလီကိုယ်စားပြု ဦးကျော်မြင့်က မိမိတို့အပေါ် အမည်နာမ အမျိုးမျိုးခေါ်ဝေါ် နေမည့်အစား နိုင်ငံတော် အစိုးရအနေဖြင့် မိမိတို့မျိုးနွယ်စု အမည်တစ်ခုကို တိတိကျကျသတ်မှတ်ပေးပါရန် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရခိုင်ပြည်နယ် လွှတ်တော် (ဓါတ်ပုံ- နိရဉ္စရာ)


ဘင်္ဂလီများက ကန်ဝန်ကြီး Joseph Yunနှင့်အဖွဲ့အား နိုင်ငံသစ် ရလိုကြောင်း တောင်းဆို

Posted: 14 Sep 2012 01:50 AM PDT

အမေရိကန်နိုင်ငံမှ အာရှပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr. Joseph Yunနှင့်အတူ (၃) ဦးအား ဘင်္ဂလီ ဒုက္ခသည်များက နိုင်ငံသစ်နှင့် နိုင်ငံသား လိုချင်ကြောင်း ဆိုင်းဘုတ်များဖြင့် မနေ့က တောင်းဆိုလိုက်သည်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





KIO နဲ့ နေပြည်တော်မှာ ဆွေးနွေးဖို့ သမ္မတဖိတ်ခေါ်

Posted: 13 Sep 2012 08:07 PM PDT


သမ္မတဦးသိန်းစိန်က ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့ အနေနဲ့နေပြည်တော်မှာ လာပြီးတော့ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ ပေမဲ့လို့ ကေအိုင်အိုဖက်က လုံးဝ အကြောင်းမပြန်သေးဘူး လို့ သမ္မတရုံးက ပြောပါတယ်။ အခုလိုမျိုးဖြစ်ရတာက ကေအိုင်အိုအနေနဲ့ မြန်မာအစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ မဆွေးနွေးချင်တာ ဖြစ်တဲ့အပြင် မြန်မာအစိုးရဘက်က နိုင်ငံရေးအရ မဆွေးနွေးဘဲနဲ့စစ်ရေး အရ ဆက်လက် တိုက်ခိုက်နေလို့ ဖြစ်တယ်လို့ ကချင်အရေး သုံးသပ်သူတစ်ဦး ကတော့ ပြောပါတယ်။ ဒီအကြောင်းကို ဦးဝင်းမင်းက ဆက်လက် တင်ပြထားပါတယ်။

မြန်မာသမ္မတဦးသိန်းစိန်အနေနဲ့ကချင်နဲ့ စေ့စပ်ရေးအတွက် ဆွေးနွေးမဲ့နေရာ သတ်မှတ်ဖို့ အခက်အခဲရှိနေရင် နေပြည်တော်မှာ လာဆွေးနွေးဖို့ သူကိုယ်တိုင်လည်း တာဝန်ခံတွေ့မယ်လို့ ကေအိုင်အိုကို ဂျူလိုင်လကတည်းက ဖိတ်ခေါ်ခဲ့ပေမဲ့ အခုအချိန်အထိ အကြောင်းမပြန်သေးဘူးလို့ မြန်မာသမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုပါတယ်။

"မဟုတ်ဘူး။ ကျနော်တို့ကခေါ်တယ်။ ဟိုဖက်ရွှေ့ ဒီဖက်ရွှေ့ အဆင်မပြေဘူး။ အဲ့ဒီတော့ နောက်ဆုံးသမ္မတကြီးက ပြောလိုက်တယ်။ အဲဒီလိုဆိုရင် နေပြည်တော်လာခဲ့ အားလုံးတာဝန်ယူတယ်။ နေပြည်တော်မှာ သူနဲ့တွေ့မယ် ဆိုပြီးတော့ခေါ်တယ် ဟိုဖက်က အကြောင်းမပြန်သေးဘူး။"

ဦးဇော်ဌေးကပဲ ကေအိုင်အိုကို အခုလို ဆက်သွယ်တာကို ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌနဲ့ လက်ရှိသမ္မတရုံးဝန်ကြီးဦးအောင်မင်း ကိုယ်တိုင်ပို့ ခဲ့ပြီး ဆက်သွယ်ရေး လမ်းကြောင်းလည်း ကောင်းကောင်းရှိနေပေမဲ့ အခုအချိန်အထိ ကေအိုင်အိုဖက်က အကြောင်းမပြန်သေးဘူးလို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

"ပြောရရင်တော့ ဦးအောင်မင်းက အဲ့ဒီ့မက်ဆေ့စ်ခ်ျကို ကေအိုင်အို ကေအိုင်အေကို ပို့တယ်။ ပို့တော့ အကြောင်းမပြန်သေးဘူးလို့သိရတယ်။"

တကယ်တော့ ကေအိုင်အိုခေါင်းဆောင်တွေနဲ့ ဝန်ကြီးဦးအောင်မင်းအကြားမှာ အရင်ထိုင်းနဲ့ တရုတ်နယ်စပ်တွေမှာ ဆွေးနွေးခဲ့ရာမှာ ကေအိုင်အိုဘက်က နိုင်ငံရေးဆွေးနွေးဖို့နဲ့ မြန်မာစစ်တပ်ဖက်က ပြန်ဆုတ်ရေးတွေကို တောင်းဆိုခဲ့ပေမဲ့ အကြောင်းမထူးသေးတာက ဒီကိစ္စမှာ ကေအိုင်အိုဘက်က အကြောင်းမပြန်ရတဲ့ အဓိကကိစ္စဖြစ်နိုင်တယ်။ ကချင်ဖက်က မြန်မာအစိုးရထိန်းချုပ်တဲ့ နယ်မြေထဲမှာ မဆွေးနွေးချင်တာ တစ်ခုတင်မဟုတ်ဘူးလို့ ကချင်အရေးသုံးသပ်သူ ကချင်သတင်းစဉ်က အယ်ဒီတာကိုနော်ဒင်းက ဆိုပါတယ်။

"အကြိမ်ကြိမ်နိုင်ငံရေးကိစ္စဆွေးနွေးဖို့အတွက် အစိုးရကို သမ္မတသိန်းစိန်ဆီကို သူတို့က ရှင်းရှင်းလင်းလင်း သူတို့ တင်ပြခဲ့တယ်။ အရင်က ဦးအောင်သောင်း ဦးဆောင်တဲ့ငြိမ်းချမ်းရေး အဖွဲ့နဲ့ ရွှေလီမှာ တွေ့ဆုံတဲ့ အချိန်မှာလည်း သူတို့ပြောတဲ့ ဒီလမ်းပြမြေပုံပေါ့။ နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ အဲဒီဟာမျိုးကိုလည်း သူတို့ရှင်းရှင်းလင်းလင်း တန်ဖိုးထားခဲ့တယ်။

ဒါပေမဲ့ ဦးအောင်မင်းနဲ့ သုံးကြိမ် တွေ့ဆုံတဲ့အချိန်အထိ အစိုးရကငြိမ်းချမ်းရေးကို မလိုလားဘူး။ နိုင်ငံရေး ဆွေးနွေးဖို့ကိုလည်း အပေါ်ယံပဲ သူတို့လုပ်တယ်။ တကယ်လိုတဲ့ အချက်မပြောဘူး။ ကေအိုင်အိုဘက် ကတော့ အဲဒီလိုမျိုး သုံးသပ်ထားတော့ နိုင်ငံရေးဆွေးနွေးမယ်ဆိုလို့ရှိရင်တော့ ကေအိုင်အိုက လိုလားနေတာကို ကျနော်တို့သိရတယ်။

ဒါပေမယ့် ကေအိုင်အို ကတော့ ရှင်းရှင်းလင်းလင်းပဲ ပြောထားတယ်။ ဆွေးနွေးမယ်ဆိုရင်လည်းပဲ တိုင်းရင်းသားတွေ ပေါင်းစုံ ပါဝင်ပြီးမှပဲ နိုင်ငံရေးပြဿနာကို ဆွေးနွေးပြီးမှ ဖြေရှင်းရမယ်။ ကေအိုင်အို တစ်ဖွဲ့ နဲ့ ဒီနှစ်ဘက်ထဲ ဆွေးနွေးတဲ့ပုံစံနဲ့ မရဘူးဆိုတဲ့ အပိုင်းတွေကို ကေအိုင်အိုဘက်က ရှင်းရှင်းလင်းလင်း ပြောထားတာ ရှိတယ်။ သို့သော်လည်း ပထမအဆင့်အနေနဲ့က ဒီစစ်တပ်ပေါ့၊ စစ်တပ်ကို နောက်ဆုတ်ပေးဖို့ က ကေအိုင်အိုက ပထမတောင်းဆိုထားတယ်။"

ဒါပေမယ့်အမည်မဖော်လိုတဲ့ ကချင်ကိစ္စငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ပြောတာကတော့ နိုင်ငံရေးဆွေးနွေးဖို့က နောက်တစ်ဆင့်ဖြစ်တယ်။ အခုလောလောဆယ်က အပစ်အခပ်ရပ်စဲရေး သဘောတူဖို့လိုတယ်။ ဦးအောင်မင်းအနေနဲ့ စစ်ရေးကိစ္စတွေကို အာမခံဖို့ခက်တာကြောင့် ဒုကာကွယ်ရေးဦးစီးချုပ်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌဗိုလ်ချုပ်ကြီးစိုးဝင်းအနေနဲ့ တရုပ်ပြည်ဘက် ခရီးသွားလာဖို့ အခက်အခဲဖြစ်နေလို့ အခုလိုနေပြည်တော်အထိ ဖိတ်ခေါ်အောင် သမ္မတကို ပြောခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်တော့ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့အနေနဲ့ မြန်မာအစိုးရနဲ့ ၁၉၉၄ကစပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပေမဲ့ ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာအစိုးရဘက်က နယ်ခြားစောင့် တပ်ဖွဲ့ တွေကို လက်မခံခဲ့အပြီးမှာ ဒီအပစ်အခပ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်ခဲ့ အပြီး ၂၀၁၁- ဦးသိန်းစိန် အစိုးရအသစ် တက်လာချိန်မှာတော့ စစ်ပွဲတွေပြန်ဖြစ် လာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်မို့ ကေအိုင်အိုဘက်က အခုတစ်ခေါက်မှာ အပစ်အခပ်ရပ်စဲရေး သာမကဘဲ နိုင်ငံရေး သဘောတူညီချက် ပါရနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်လို့ ကချင်သုံးသပ်သူတွေက ဆိုနေကြပါတယ်။

ကိုဝင်းမင်း (ဗွီအိုအေ မြန်မာဌာန)



မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မတီဝင်ဦးအောင်သောင်းနှင့် ကေအိုင်အိုအဖွဲ့တို့ တရုတ်မြန်မာနယ်စပ်တွင် တွေ့ဆုံစဉ်


ကျောက်တော်မြို့နယ်တွင် လုယက်သတ်ဖြတ်မှုဖြစ်ပွား

Posted: 13 Sep 2012 07:58 PM PDT


မကြာခင်ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ သတ်ဖြတ်ခံခဲ့ရတဲ့ သရက်အုပ်ကျေးရွာနေ ဦးကျော်မောင်ချေကို မနေ့နေ့လည်ပိုင်းက ကျောက်တော်မြို့မှာ သဂြိုဟ်ခဲ့ရာမှာ မြို့ပေါ်နဲ့ ကျေးရွာတွေက ဒေသခံ နှစ်သောင်းနီးပါး လိုက်ပါ ပို့ဆောင်ခဲ့ကြကြောင်း----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အသတ်ခံသူ ဦးကျော်မောင်ချေ


ကေအိုင်အိုနှင့်အစိုးရတပ် ဖားကန့်မြို့တွင်း တိုက်ပွဲဖြစ်

Posted: 13 Sep 2012 07:55 PM PDT


ကေအိုင်အိုနဲ့ အစိုးရတပ်တွေ မနေ့က ညနေ ၄ နာရီကနေ ည ၈ နာရီကျော်လောက်အထိ ဖားကန့် မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ နီးစပ်ရာ ဒုက္ခသည် စခန်းတွေကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
အစိုးရတပ်က တပ်မ ၃၃ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တွေ မြို့ထဲမှာ ကျောင်းဆင်းချိန် တိုက်ပွဲဖြစ်တဲ့အကြောင်း ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တိုက်ပွဲတွေ အရောင်းအ၀ယ်ရပ်သွားတဲ့ ဖားကန့် စည်ပင်ဈေး


လုပ်ငန်းခွင်က တုန်ခါသံ လျော့ချပေးဖို့ ESSAR ကုမ္ပဏီကို တောင်းဆို

Posted: 13 Sep 2012 07:51 PM PDT


အိန္ဒိယ-မြန်မာဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်က ထွက်ပေါ်လာတဲ့ တုန်ခါမှုအသံတွေဟာ ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်နေတဲ့အတွက် အဲဒီအသံတွေကို လျှော့ချပေးဖို့အတွက် စစ်တွေအခြေစိုက် ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ESSAR လုပ်ငန်းခွင် တခုကို တွေ့ ရစဉ်


အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဖျက်သိမ်း

Posted: 13 Sep 2012 08:17 PM PDT


မြန်မာ့ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း (၂၀) ကျော် ဆောင်ရွက်လာခဲ့တဲ့ အဝေးရောက် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်း လက်မှတ်ရေးထိုးပြီး ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ပြောင်းလဲဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေတွေအရ အခုလို ဖျက်သိမ်းလိုက်တာ ဖြစ်ကြောင်း ဒေါက်တာ စိန်ဝင်းက ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲ တစ်ခုတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မိန့်ခွန်း ပြောကြားနေစဉ်။ RFA


စည်သွတ်စက်ရုံမှ ထွက်ရှိတဲ့ ရေဆိုးတွေ ကြောင့် ပတ်ဝန်ကျင် ညစ်ညမ်းနေ

Posted: 13 Sep 2012 08:25 PM PDT


မိတ္ထီလာစက်မှုဇုန်မှာရှိတဲ့ စည်သွတ်စက်ရုံတစ်ရုံက ထွက်ရှိတဲ့ ရေဆိုးတွေကို လူနေရပ်ကွက် အတွင်းမှာပဲ စီးဆင်းမှုမရှိတဲ့ မြောင်းကြီး (အကျယ် ၇ ပေခန့်) တူးပြီး ကန့်သတ်မဲ့ စွန့်ပစ်ထား တယ်လို့ သိရပါတယ်။
အဆိုပါ ရေဆိုးမြောင်းကြောင့်  ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ပြည်သူအများ -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိတ္ထီလာစက်မှုဇုန်မှာရှိတဲ့ စည်သွတ်စက်ရုံတစ်ရုံက ထွက်ရှိတဲ့ ရေဆိုးတွေ 



သမ္မတဦးသိန်းစိန် ကုလအထူးကိုယ်စားလှယ်ကို တွေ့ဆုံ

Posted: 13 Sep 2012 11:28 AM PDT

သမ္မတ ဦးသိန်းစိန်နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။ သမ္မတဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂခရီးစဉ်ကိစ္စ၊ ရခိုင်ပြည်နယ်အတွင်းက အခြေအနေ စတာတွေကို ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်း ထုတ်ပြန်ပါတယ်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်သမ္မတနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  ဦးဆောင်သော အဖွဲ့နှင့် အတူ  UNDP   မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ်  Mr. Ashok Nigam တက်ရောက်သည်။ (ဓါတ်ပုံ-သမ္မတရုံး ၀က်ဆိုဒ်)


ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပ

Posted: 13 Sep 2012 11:14 AM PDT

ဗုဒ္ဒ၊ ဟိန္ဒူ၊ အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာတွေ အပါအ၀င် ကမ္ဘာ့ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ခုကို ရန်ကုန်မြို့ ကန်တော်ကြီးစောင်းမှာရှိတဲ့ ချတ်ထရီယမ် ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

 သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က ရန်ကုန်မြို့ ချတ်ထရီယမ်ဟိုတယ်တွင် ကမ္ဘာ့ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနား ကျင်းပနေစဉ်။


You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ