မြန်မာ့သတင်းများစုစည်းရာ |
- ဗန်းမော်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများပြား
- သာကေတမြို့နယ် အတွင်းရှိ ယုဇနစားအုန်းဆီစက်ရုံကိစ္စ ဖြေရှင်းချက်နှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများမှ ကျေနပ်မှုမရှိသောကြောင့် ဆန္ဒဖော်ထုတ်မှု ဒုတိယအကြိမ်မြောက် လျှောက်ထားမည်
- အငြင်းပွားဖွယ် ဗီဒီယိုကလစ် ဖြုတ်ပေးရေး Google လက်မခံ
- မန္တလေးမြို့တွင် ဒီမိုကရေစီနေ့အထိမ်းအမှတ်အဖြစ် မီးပုံးပျံလွှတ်၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲပြုလုပ်
- မြန်မာ့သတင်းများစုစည်းရာ ဘလော့၏ ပထမဦးဆုံးလှူတန်းမှု
- ကျူးကျော်အဖြစ် သတ်မှတ်ခံရသူများ ပြောင်းရွှေ့ရန် မန္တလေး မြို့တော်ဝန်ပြောကြား
- SEA Games ကျင်းပမည့် နေပြည်တော်က အားကစားရုံ (၈၅) ရာခိုင်နှုန်းပြီးစီး
- လက်ပန်တောင်းတောင်ကိစ္စကို ဆက်လက်လုပ်ဆောင်သွားမည့် မအေးနက်
- တရုတ်နိုင်ငံထုတ် လက်ပ်တော့များတွင် ကြိုတင် ထည့်သွင်းသည့် ဗိုင်းရပ်စ်များ ပါဝင်နေ
- ပြည်သူလက်မခံသောစီမံကိန်းများ ဘယ်တော့မှ အောင်မြင်မည်မဟုတ်ဟု ကိုမင်းကိုနိုင်ပြောကြား
- "မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မှာ မြန်မာ ပျက်ကွက် နေဆဲ ဟု အမေရိကန်ကြေညာ"
- မွတ်ဆလင် ဘာသာဝင်များကမ္ဘာတဝန်း ဆန္ဒပြမှု ပြန့် နှံသွားပြီး""
- အမေရိကား ကို မသွားဘဲ စစ်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်ကို သွားတဲ့ ခေါင်းဆောင်
- နိုင်ငံသားများအသက်ရှည်လာကြခြင်းရဲ့ပြဿနာ
- ပြည်ခိုင်ဖြိုး ရခိုင်တာဝန်ခံ မောင်တောတွင် ရောက်ရှိနေစဉ် ရခိုင်အမျိုး သားတစ်ဦး ဓါးခုတ်ခံရ
- မြောက်ဥက္ကလာပ လူသတ်မှု ၂၃ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး ၁၂ ဦးကို တရားခံပြေးအဖြစ် ကြေညာ
- မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဒလိုင်လားမား ပွင့်ပွင့်လင်းလင်းပြောကြား
- ဒေါ်လာခြောက်သန်းကိစ္စ ၈၈ မျိုးဆက်ကျောင်းသားများ ငြင်းဆို
- ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ ကလေးမြို့ အာဏာပိုင်များက ပြန်လည်ရောင်း ချ
- KIO ဆီက ကလေးစစ်သား လွတ်ရေး ဆွေးနွေး
- ဘင်္ဂလီမူဆလင်များက ကန်ဝန်ကြီး Joseph Yunနှင့်အဖွဲ့အား နိုင်ငံသစ်နှင့် နိုင်ငံသား လိုကြောင်းဆို
- မဟာမုနိ ရုပ်ရှင်တော်မြတ်တွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ပြီ
- ရခိုင်ပြည်နယ်၌ မြန်မာနှင့် အင်ဒိုနီးရှား ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်မည်
- လမ်းလျှောက်တာ ကောင်းပါတယ်
- တရုတ် ဒုသမ္မတ မသေသေးပါ
| ဗန်းမော်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများပြား Posted: 15 Sep 2012 09:43 AM PDT ကချင်ပြည်နယ် ဗန်မော်မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားနေပြီး ထိထိရောက်ရောက် အရေးယူတာမရှိဘူးလို့ သိရပါတယ်။ မူးယစ်ဆေးဝါးရောင်းတဲ့နေရာတွေ ကတော့ ဗန်းမော်မြို့ပေါ် ဆင်ခြေဖုံးနေရာ အများအပြားနဲ့ အနီးအနားကျေးရွာတွေ အပါအ၀င် တက္ကသိုလ်ကျောင်းအနီးတ၀ိုက် ဖြစ်ကြောင်း ဗန်းမော်မြို့ခံ တစ်ယောက်က ပြောပြပါတယ်။ "မြို့ပေါ်မှာရှိသမျှဆင်ခြေဖုံးရပ်ကွက်တွေ အကုန်ရောင်းတယ်။ နောင်ခို၊ မင်းလှ၊ ဖန်းတဲ |
| Posted: 15 Sep 2012 09:27 AM PDT ယုဇနစားအုန်းဆီစက်ရုံပိုင်ရှင် ဦးဌေးမြင့်နှင့် ယင်းစက်ရုံမှထွက်ရှိသည့် မီးခိုးများ၊ ပြာမှုန့်များနှင့် အနံဆိုးများ၏ ဒုက္ခခံစားနေကြရသည့် ရပ်ကွက်နေပြည်သူများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေစဉ် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာရပ်ကွက် လူနေအိမ်ခြေများနှင့် နီးကပ်စွာတည်ဆောက်လည်ပတ်လျက်ရှိသည့် မီးခိုးများ၊ ပြာမှုန့်များနှင့် အနံဆိုးများ ထွက်ရှိနေသော ယုဇနစားအုန်းဆီစက်ရုံကိစ္စ ပိုင်ရှင်ဦးဌေးမြင့်၏ြေ |
| အငြင်းပွားဖွယ် ဗီဒီယိုကလစ် ဖြုတ်ပေးရေး Google လက်မခံ Posted: 15 Sep 2012 09:07 AM PDT အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်စေသည့် အငြင်းပွားဖွယ် YouTube ဗီဒီယိုကလစ် အင်တာနက်တွင် ဆက်လက်ထားရှိမည်ဟူသော ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးရန် အိမ်ဖြူတော်၏ တောင်းဆိုချက်ကို Google က သောကြာနေ့တွင် ပယ်ချလိုက်သည်။ အမေရိကန်သံရုံးများ ၀င်ရောက်စီးနင်းတိုက်ခိုက်ခံရသည့် အီဂျစ်နိုင်ငံ၊ လစ်ဗျားနိုင်ငံတို့တွင် ထိုဗီဒီယိုကလစ် ကြည့်ရှုနိုင်ခြင်း မပြုနိုင်ရန် စီစဉ်လိုက်ပြီြး |
| Posted: 15 Sep 2012 09:00 AM PDT စက်တင်ဘာလ(၁၅) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် မီးပုံးပျံလွတ်၊ ဖယောင်းတိုင်မီးထွန်း ငြိမ်းချမ်းရေးဆုတောင်းပွဲကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ လိုရာပြည့်စုံရန်မျိုးလုံပေါ်တော်မှု မြတ်စွာဘုရား(၅)ဆူ ပရ၀ုဏ်အတွင်း၌ အဆိုပါနေ ည ၇နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဆုတောင်းမီးထွန်းပွဲကို အထက်မြန်မာပြည် ဗကသအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ငြိမ်းခ |
| မြန်မာ့သတင်းများစုစည်းရာ ဘလော့၏ ပထမဦးဆုံးလှူတန်းမှု Posted: 15 Sep 2012 07:41 AM PDT ကျွန်တော်တို့ မြန်မာသတင်းများစုစည်းရာ ဘလော့၏ ပထမဦးဆုံးလှူတန်းမှုကို ၁၄.၉.၂၀၁၂ မနေ့ ကပြုလုပ်ခဲ့ပါတယ်။ သိပ်မကြာခင် ကမြန်မာ့သတင်းများစုစည်းရာ ဘလော့တည်ထောင်ရခြင်းရည်ရွယ်ချက်နှင့်ရှေ့ဆက်လုပ်သွားမည့်အစီအစဉ်များဆိုတဲ့ပို့ စ်တင်ထားပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုလို့ ရပါတယ်။ ဒီဘလော့နဲ့ ပက်သက်ပြီးရရှိသည့်မည့်သည့်အရာကိုမဆိုလှူတန်းသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလက်တွေ့ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ |
| ကျူးကျော်အဖြစ် သတ်မှတ်ခံရသူများ ပြောင်းရွှေ့ရန် မန္တလေး မြို့တော်ဝန်ပြောကြား Posted: 15 Sep 2012 07:29 AM PDT မန္တလေး မြို့ပြဧရိယာထဲက ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်တွေအတွင်းက လ/န ၃၉ စာရင်းပေါက် အိမ်နဲ့ ခြံ ၃၃၄၄ ခုမှာ လက်ရှိ နေထိုင်နေကြသူတွေကို ဒီလအတွင်း အပြီးပြောင်းရွှေ့ကြဖို့ မန္တလေး မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။ အဲဒီမြေတွေဟာ လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က စည်ပင်ဌာနက သိမ်းထားခဲ့တဲ့ မြေတွေဖြစ်တာကြောင့် ဒီလ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး အသာတကြည် မရွှေ့ပြောင်းဘူးဆိုရင် လုပ်ထုံး လုပ်နည်းတွေနဲ |
| SEA Games ကျင်းပမည့် နေပြည်တော်က အားကစားရုံ (၈၅) ရာခိုင်နှုန်းပြီးစီး Posted: 15 Sep 2012 06:54 AM PDT ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက လက်ခံ ကျင်းပမှာ ဖြစ်ပြီး နေပြည်တော်မှာတည်ဆောက်နေတဲ့ အားကစားရုံကြီး (၃) ခုဟာ အခုအခါ (၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီလို့ မလေးရှား Banama သတင်းက ဖော်ပြပါတယ်။ တည်ဆောက်နေတဲ့ အားကစားရုံတွေကို ဇမ္ဗူသီရိ၊ ဇေယျာသီရိနဲ့ ဇမ္ဗူဒီပလို့ အမည်ပေးထားပြီး (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပ |
| လက်ပန်တောင်းတောင်ကိစ္စကို ဆက်လက်လုပ်ဆောင်သွားမည့် မအေးနက် Posted: 15 Sep 2012 04:51 AM PDT လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းရပ် ဆိုင်းရေးနှင့်ပတ်သက်၍ဒေသခံများနှင့် ဆွေးနွေးပြီးဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဒေသခံများနှင့်သက်ဆိုင် သူအားလုံးကလည်း ထပ်တူထပ်မျှဆောင် ရွက်ပေးစေလိုကြောင်း မုံရွာအကျဉ်းထောင်မှ လွတ်မြောက်လာသူ ၀က်မှေးကျေးရွာသူ မအေးနက်က ဆိုသည်။ လွတ်မြောက်လာသော ၀က်မှေးရွာသူသုံးဦးအား နိုင်ငံရေးကျောင်းသားများနှင့် မုံရွာမြို့နယ်ရဲတပ်ဖွဲ့များက ကျေးရွာအရောက် အိမ်တိုင်ယာရောက် |
| တရုတ်နိုင်ငံထုတ် လက်ပ်တော့များတွင် ကြိုတင် ထည့်သွင်းသည့် ဗိုင်းရပ်စ်များ ပါဝင်နေ Posted: 15 Sep 2012 04:43 AM PDT Microsoft ကုမ္ပဏီမှ ဒစ်ဂျစ်တယ် ပြစ်မှု ယူနစ်မှာ တရုတ်နိုင်ငံမှ ကွန်ပြူတာ ထုတ်လုပ်သူများသို့ စုံစမ်း စစ်ဆေးမှု ပြုလုပ်နေချိန် အတွင်းတွေ့ရှိမှု အသစ် တစ်ခုကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။ တွေ့ရှိချက်များထဲတွင် ၎င်းတို့ အနေဖြင့် Window အော်ပရေးတင်း စနစ်များကို တရားမဝင် ထည့်သွင်းနေသည်ကို တွေ့ရှိခဲ့ရသည့် အပြင် အန္တရာယ် ဖြစ်စေနိုင်သည့် Malware များ မှာလည်း စက်ကို ဝယ်ယူစဉ်ကပင် ပါဝင်လာသည်ကို တွေ့ရှိခဲ့ရခြင်းြ |
| ပြည်သူလက်မခံသောစီမံကိန်းများ ဘယ်တော့မှ အောင်မြင်မည်မဟုတ်ဟု ကိုမင်းကိုနိုင်ပြောကြား Posted: 15 Sep 2012 04:24 AM PDT ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ မဂျွယ်ခန်းမ၌ ယနေ့နံနက်မှ စတင်၍ ကျင်းပလျှက်ရှိသော မြစ်ဆုံဆည်တည်ဆောက်ရေး ရပ်တန့်မှုတစ်နှစ်ပြည့်အဖြစ်ကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲတွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်မှနိုင်ငံတော် အစိုးရအနေဖြင့်ပြည်သူများလက်မခံသော စီမံကိန်းများကို ဆောင်ရွက်ခြင်းမပြုရန် တောင်းဆိုပြောကြားခဲ့ကြောင်းသိရသည်။ ကိုမင်းကိုနိုင်က "ဘာစီမံကိန်း ပဲလုပ်လုပ်။ြ |
| "မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မှာ မြန်မာ ပျက်ကွက် နေဆဲ ဟု အမေရိကန်ကြေညာ" Posted: 15 Sep 2012 03:51 AM PDT မန်မာ၊ဘိုလီဗီးယား၊ဗင်နီဇွဲလား (၃)နိုင်ငံ သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အတွက်ပျက်ကွက်သော နိုင်ငံများအဖြစ် အမေရိကန်အစိုးရက နာမည်ပျက် စာရင်းတွင် သောကြာနေက ထည့်သွင်းလိုက်သည်။ မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တိုးတက်အောင်ဆောင် ရွက်နေမှုကြောင့် အမေရိကန်အစိုးရမှ ပိတ်ဆို့တားဆီးထားသော အရာများ ကိုလျော့ပေါ့ပေးပြီး ၂နိုင်ဆက်ဆံရေးလည်းတိုးတက်လာခဲ့သည်။ အမေရိကန်အစိုးရမှ ၂၀၀၂ခုနှစ်ကတည်းကြ |
| မွတ်ဆလင် ဘာသာဝင်များကမ္ဘာတဝန်း ဆန္ဒပြမှု ပြန့် နှံသွားပြီး"" Posted: 15 Sep 2012 02:58 AM PDT တမန်တော်ရုပ်ရှင်ဇာတ်လမ်းတိုအပေါ် စိတ်ဆိုးနေကြသော အစ္စလာမ်ဘာသာဝင်တို့ သည် အမေရိကန်သံရုံး ရုံးစိုက်ရာနိုင်ငံပေါင်း ၂၀ကျော်တွင် ဆန္ဒပြနေကြသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဆန္ဒပြသူတို့မှ ဆန္ဒပြရင်းအကြမ်းဖက်မှုများလည်းဖြစ်ပွားပြီး အမေရိကန်သံရုံးအချို့ဖျက်ဆီးမီးရှို့ခံရမှုများရှိနေကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖေါ်ပြထားသည်။ တူနီးရှားနိုင်ငံတွေမှ |
| အမေရိကား ကို မသွားဘဲ စစ်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်ကို သွားတဲ့ ခေါင်းဆောင် Posted: 15 Sep 2012 02:06 AM PDT ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆု သွားယူစရာရှိတဲ့ ခရီးစဉ်ကိုတောင်ဖျက်ပြီး ကချင်လူထုဆီ အရောက်လာခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့သတင်းအရ ကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ကိုမာကီး၊ ကိုသက်ဇော်(ခ)ဇောက်ထိုး တို့နဲ့DVB သတင်းထောက် တစ်ဦးတို့ ဟာမနက်ဖြန်မှာ တိုက်ပွဲပြင်းထန နေတဲ့် ဖားကန့် ဒေသ နှစ်ဘက်တိုက်ပွဲကြားထဲကို ဝင်ကြတော့ မှာဖြစ်ပါတယ်။ အဲဒီနေရာမှာ |
| နိုင်ငံသားများအသက်ရှည်လာကြခြင်းရဲ့ပြဿနာ Posted: 15 Sep 2012 01:50 AM PDT စီးပွားရေးအကျပ် အတည်းကဲ့သို့ပင် အရေးကြီးသော၊ စီးပွားရေးအကျပ်အတည်းထက် ကြီးမားသော၊ စီးပွားရေးအကျပ်အတည်းထက်ဖြေရှင်းရခက်သော သို့သော် လူအများ သတိမမူကြသေးသော ပြဿနာတစ်ရပ်ရှိနေပါသည်။ ကမ္ဘာသူ ကမ္ဘာသားများသည် ပို၍အိုမင်းလာနေခြင်းဖြစ်သည်။ တစ်နည်းပြင်ဆင်၍ပြောပါက ကမ္ဘာသူ ကမ္ဘာသားများ အသက် ပို၍ ရှည်လာခြင်းဖြစ်သည်။ အသက်ပိုရှည်လာခြင်းသည် ဝမ်းမြောက်ဖွယ်သတင်းစကားဖြစ်ပါသည်။ သက်ရှိအားလုံးပင် အသက် ရှည်စွာနေထိုင်လြို |
| ပြည်ခိုင်ဖြိုး ရခိုင်တာဝန်ခံ မောင်တောတွင် ရောက်ရှိနေစဉ် ရခိုင်အမျိုး သားတစ်ဦး ဓါးခုတ်ခံရ Posted: 15 Sep 2012 12:28 AM PDT မောင်အေး ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးမောင်ဦးနှင့် မောင်တောမြို့နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်ဦးအောင်ဇော်ဝင်းတို့ မောင်တောမြို့သို့ရောက်နေစဉ် ရခိုင်အမျိုးသား တဦးကို တိုက်ခိုက်ခံရပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံ တင်ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။ တိုက်ခိုက်ခံရသူမှာ မောင်တောမြို့နယ် ရွာသာယာကျေးရွာမှ ဦး အောင်လှဖြူ ဖြစ်ပြီး စက်တင်ဘာ လ ၁၄ ရက် သောကြာနေ့ ညနေ ၈ နာရီကျော်ခန့်တွင် လယ်တဲ |
| မြောက်ဥက္ကလာပ လူသတ်မှု ၂၃ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး ၁၂ ဦးကို တရားခံပြေးအဖြစ် ကြေညာ Posted: 15 Sep 2012 12:25 AM PDT ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏရှိ အရှေ့ပိုင်းခရိုင် တရား ရုံး၌ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ စစ်ဆေး လျက်ရှိသော မြောက်ဥက္ကလာပ မြို့နယ် နွယ်သာကီလမ်းထိပ်၌ ဖြစ်ပွားခဲ့ သော လူသတ်မှုကို အရှေ့ပိုင်းခရိုင် တရားရုံးမှ စီရင်ပိုင် ခွင့်တူညီသော သင့်တော်ရာ ခရိုင်တရားရုံးတစ်ခုခုသို့ လုံခြုံရေးအရ ပြောင်းရွှေ့စစ်ဆေးခွင့်ပြု ပါရန် ရန်ကုန် တိုင်းဒေသကြီး တရား လွှတ်တော်သို့ သက်ဆိုင်ရာက ဩဂုတ်လ |
| မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဒလိုင်လားမား ပွင့်ပွင့်လင်းလင်းပြောကြား Posted: 15 Sep 2012 12:22 AM PDT ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးများ အလွန်အမင်းချိုးဖောက်နေသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး အလွန်ဝမ်းနည်းဖွယ်ကောင်းကြောင်း ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက ပြောကြားလိုက်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရခေါင်းဆောင်များနှင့် ဒီမိုကရေစီလိုလားသူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံလိုကြောင်း ပြောကြားလိုက်သည်။ "ဟုတ်ပါတယ် ဒါဟာသိပ်ကိုဝမ်းနည်းစရာပါ။" ဒါပေမြဲ့ |
| ဒေါ်လာခြောက်သန်းကိစ္စ ၈၈ မျိုးဆက်ကျောင်းသားများ ငြင်းဆို Posted: 15 Sep 2012 12:20 AM PDT ပြည်တွင်းဂျာနယ်တစ်ခုတွင် အတိ အလင်း ဖော်ပြခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ၈၈ မျိုးဆက် များထံမှ အမေရိကန် ဒေါ်လာ ခြောက် သန်း စီးဆင်းနေပြီဟူသော ဖော်ပြချက် အပေါ် ၈၈ မျိုး ဆက်ကျောင်းသား များ က ယခုလ ၈ ရက်နေ့ တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အတိအလင်း ငြင်းဆိုလိုက်သည်။ ယင်းဂျာနယ်၏ ဖော်ပြချက်အရ ဏှီု ဆိုသောအဖွဲ့အစည်းမှတဆင့် ၈၈ မျိုးဆက်ကျောင်းသားများထံသို့ ဒေါ်လာခြောက်သန်းစီးဆင်း နေ |
| ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ ကလေးမြို့ အာဏာပိုင်များက ပြန်လည်ရောင်း ချ Posted: 14 Sep 2012 08:19 PM PDT မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ကာ ကုန်သည်များထံမှ ဖမ်းဆီး ထားသည့် အိန္ဒိယ နိုင်ငံထုတ် ဆေးလုံးများ ကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ အာဏာပိုင်များ က ပြန်လည်ရောင်းချ ခဲ့ကြောင်း သိရသည်။ ကလေးမြို့  ရဲစခန်းမှူး ထွန်းငွေ ဦးဆောင်သည့်အဖွဲ့ က ဖမ်းဆီးရမိခဲ့သည့် ဆေးလုံးများကို မူးယစ်ဆေး ၀ါးရောင်းဝယ်သူများထံ ခိုးရောင်းနေကြောင်း ကလေးမြို့  ဒေသခံတဦး ထံမှ သိရှိ ရသည်။ "မကြာသေးဘူးပေါ့နော်၊ ည ၁၂း၀၀ |
| KIO ဆီက ကလေးစစ်သား လွတ်ရေး ဆွေးနွေး Posted: 14 Sep 2012 08:16 PM PDT ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ မြန်မာ အစိုးရ ကြား တိုက်ပွဲတွေ အတွင်း KIO ဖမ်းမိထား တဲ့ ကလေး စစ်သား ၁၀ ဦး လောက် ကို ILO က လွှဲယူပြီး မိဘတွေဆီ ပြန်အပ် နိုင်ဖို့ KIO ရော အစိုးရနဲ့ပါ ဆွေးနွေး နေ ပါတယ်။ အခြေအနေကို ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန် ရုံး ဆက်သွယ်ရေး အရာရှိ Steve Marshall ကို ဘီဘီစီက မေးကြည့်တော့ ခုလို ပြောပါတယ်။ ILO ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရနဲ့ KIO ၂ ဘက်စလုံးကို ကျနော်တို့ တင်ပြ |
| ဘင်္ဂလီမူဆလင်များက ကန်ဝန်ကြီး Joseph Yunနှင့်အဖွဲ့အား နိုင်ငံသစ်နှင့် နိုင်ငံသား လိုကြောင်းဆို Posted: 14 Sep 2012 05:58 PM PDT အမေရိကန်နိုင်ငံမှ အာရှပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr. Joseph Yunနှင့်အတူ (၃) ဦးအား ဘင်္ဂလီ ဒုက္ခသည်များက နိုင်ငံသစ်နှင့် နိုင်ငံသား လိုချင်ကြောင်း ဆိုင်းဘုတ်များဖြင့် ယမနေ့က တောင်းဆိုလိုက်သည်။ Mr. Joseph Yunနှင့်အဖွဲ့မှာ ယမနေ့က ဒက္ကားမှတဆင့် ကော့စ်ဘဇားသို့ လေယဉ်ဖြင့် နံက် (၁၁) နာရီ (၄၀)မိနစ်တွင် ရောက်ရှိလာပြီး ကော့စ်ဘဇားခရိုင်မှူး မိုဟာမတ် ဇော်ရ်နုလ် ဘာရီ၊ ရဲထောက်လှမ်းရေး |
| မဟာမုနိ ရုပ်ရှင်တော်မြတ်တွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ပြီ Posted: 14 Sep 2012 05:37 PM PDT မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်တွင် နိုင်ငံခြားသား ဧည့်သည်များနှင့် ပြည်တွင်းဘုရားဖူး ပြည်သူများသည် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက် အခမဲ့ အသုံးပြုနိုင်ပြီဖြစ်ကြောင်း မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့က ပြောကြား သည်။ အဆိုပါ အခမဲ့ အင်တာနက်စနစ်ကို ရန်ကုန်မြို့ရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များက လာရောက်လှူဒါန်းခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ |
| ရခိုင်ပြည်နယ်၌ မြန်မာနှင့် အင်ဒိုနီးရှား ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်မည် Posted: 14 Sep 2012 05:22 PM PDT ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် လူမှုကရုဏာ လုပ်ငန်း များ ဆောင်ရွက်ရန် ကူညီထောက်ပံ့မှုများကို အင်ဒိုနီးရှား ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောသည်။ အဆိုပါ ကူညီထောက်ပံ့မှုများတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ ဘေးဒုက္ခဆိုင်ရာ တုံ့ပြန်ဖြေရှင်းရေး၊ ပြန်လည် ထူထောင်ရေးနှ |
| Posted: 14 Sep 2012 05:20 PM PDT ကာတွန်း - တော်တီဆွေ By Irrawaddy |
| Posted: 14 Sep 2012 05:18 PM PDT တရုတ်ပြည်မကြီးရဲ့ ဒုသမ္မတကြီး ရှီကျင့်ဖျင် (Xi Jinping) ရဲ့ အမည်ကို ၁၂ ရက်အကြာမှာ တရုတ်အစိုးရပိုင်မီဒီယာတွေမှာ ဖော်ပြလာတဲ့အတွက် အနည်းဆုံးတော့ သူ အသက်ရှင်လျက် ရှိနေတုန်းပဲ ဆိုတာ အတည်ပြုနိုင်ခဲ့ပါပြီ။ အသက် ၁၀၂ နှစ် အရွယ်မှာ ကွယ်လွန်သွားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းအတွက် တရုတ် ခေါင်းဆောင်တို့က ၀မ်းနည်းပါကြောင်း ဆိုတဲ့ မနေ့က သတင်းမှာ ထိပ်တန်းခေါင်းဆောင် ၅ ယောက်ရဲ့ နာမည်ထဲ သူ့နာမည် ပါဝင်နေပါတယ်။ မြ |
| You are subscribed to email updates from မြန်မာ့သတင်းများစုစည်းရာ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ