မြန်မာ့သတင်းများစုစည်းရာ |
- အမေရိကန်၏ သွင်းကုန်ပိတ်ဆို့ အရေးယူမှုမရှိသင့်တော့ ကြောင်း ဦးတင်ဦးပြော
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တတိယမြောက် ပြည်ပခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက် ညပိုင်းက စတင်ထွက်ခွာ
- မြန်မာနိုင်ငံအတွင်း နေထိုင်သူ ဘင်္ဂလီ (၆) ဦး ရာဘားနှင့် ဘိန်းဖြူ ဘင်္ဂလာက ဖမ်းဆီးရမိ
- ဦးဌေးမြင့်က မြေဧက ၁၀၀၀ အားတရားစွဲဆိုသူများထံ ပြန်ပေး
- ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၀န်ကြီးဟောင်း ဦးမောင်ဦး စည်းရုံးရေးခရီးစဉ်တွင် ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံ
- တရားစွဲခံ ရသေ့တောင်မှ လယ်သမား ၄၅ ဦး အမူ ယခုလတွင် ထပ်မံ စစ်ဆေးမည်
- လူတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ထပ်မံဖြစ်ပွား
- ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကြောင့် တိုင်းရင်းသားကျေးရွာတရွာ မပြိုပျက်စေလို (ပေးစာ)
- လယ်သမားဈေးကွက်၌ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူ မည်သူမဆို လာရောက် ရောင်းချရန် ဖိတ်ခေါ်
- "မင်းကိုနိုင် အမေရိကန် ခရီးစဉ် ဘာကြောင့်ဖျက်"
- "Mr. Joseph Y.Yunနှင့်အဖွဲ့က နယ်စပ်တံခါးများ ဖွင့်လှစ်ပေးထားရန် ဘင်္ဂလာကို ဖိအားပေး"
- ""ရခိုင်လယ်သမား လင်မယားအား ဘင်္ဂလီများ သေနတ်ဖြင့် တိုက်ခိုက်ခြင်းဟုဆို""
- ဂျပန်နိုင်ငံမှ ကားဝယ်ခြင်း ဟူသည်
- " ကျောင်းသူတစ်ဦး ရက်စက်စွာ မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရ "
- ""အမေရိကန်တွေပြန်လာဖို့ အိမ်ဖြူတော်က အမိန့် ထုတ်ပြန်လိုက်ပြီ"
- အာရှတော်ဝင် ဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် ခရိုင်တရားရုံး၏ အမိန့်ကိုမကျေနပ်၍ တိုင်းသို့လျှောက်ထားခဲ့ရာ ခြောက်လကြာမှ အမှုခေါ်ယူ
- ဘ၀ ဇာတ်ကြောင်းကို ဦးကျော်ဆန်း စာ အုပ် ထုတ် ဝေမည်
- မြန်မာပြည်ရဲ့ တဦးတည်းသော အမျိုးသမီးသံအမတ်
- အမေရိကန်နိုင်ငံတွင် West Nile ရောဂါပိုးကူးစက်မှုကြောင့် ၁၁၈ ဦးသေဆုံး
- မူစလင်ဆန္ဒပြမှုတွေဖြစ်စေခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူကို စစ်ဆေးမေးမြန်း
- ကြပ်ကြပ်ထုပ်ထုပ်ကြိုက်သူများ သတိ
- ၀န်ကြီး ဓါတ်ပုံနှင့် လုပ်စားနေတဲ့ အရက်ဆိုင်
- ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးတောင်းဆို
- မင်းကိုနိုင် အမေရိကန်ကို ဆု လာယူမည်မဟုတ်
| အမေရိကန်၏ သွင်းကုန်ပိတ်ဆို့ အရေးယူမှုမရှိသင့်တော့ ကြောင်း ဦးတင်ဦးပြော Posted: 16 Sep 2012 07:57 AM PDT အမေရိကန်၏ မြန်မာနိုင်ငံအပေါ် သွင်းကုန်ပိတ်ဆို့ အရေးယူမှု သည် ယခု လက်ရှိအခြေအနေတွင် မရှိသင့်တော့ဟု မိမိအနေဖြင့် ယူဆထားကြောင်း NLD နာယက ဦးတင်ဦးကပြောသည်။ အမေရိကန်သို့ ထွက်ခွာမည့် ဒေါ်အောင်ဆန်းစုကြည်အား လေဆိပ်တွင်လာရောက်နှုတ်ဆက်သော ဦးတင်ဦးက " ဒါ ( ပိတ်ဆို့ မှု ) ဟာ သူတို့ ( အမေရိကန် ) ရဲ့ မူမဟုတ်ဘူး။ အခြေအနေတွေ အကြောင်းကြောင်းတွေကြောင့်သာ ပိတ်ဆို့ မှု ချမှတ်ထားရတာ။ အခုအခြေ အနေက ဆက်ပြီးကောင်းဖို့  |
| Posted: 16 Sep 2012 07:51 AM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် တတိယမြောက်ပြည်ပခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရန် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာမည့် TG 306 လေယာဉ်ဖြင့် စတင်ထွက်ခွာသွားပြီဖြစ်သည်။ ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးဖြိုးဇေယျာသော်(လွှတ်တော်ရေးရာကိုယ် ရေးအရာရှိ)၊ ဒေါက်တာတင်မာ အောင် (ကိုယ်ရေးအရာရှိ) နှင့် |
| မြန်မာနိုင်ငံအတွင်း နေထိုင်သူ ဘင်္ဂလီ (၆) ဦး ရာဘားနှင့် ဘိန်းဖြူ ဘင်္ဂလာက ဖမ်းဆီးရမိ Posted: 16 Sep 2012 07:47 AM PDT ဘင်္ဂလာတွင် မူခင်းနှင့် မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးရေးအဖွဲ့ Rapid Action Battalion (RAB)က မြန်မာနိုင်ငံအတွင်း နေထိုင်သူ ဘင်္ဂလီ(၆)ဦးနှင့်အတူ ယာဘားမြင်းဆေး (၈၆၃၀) လုံးအား စစ်တကောင်းမြို့မှ စေ နနေ့ညဥ့်တွင် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ RAB–7 မှ Major Rakibul Islam က ဘင်္ဂလီများနှင့်အတူ ယာဘားဆေးပြားများကို စစ်တကောင်းမြို့တွင် ငှားရန်းနေသော အိမ်ခန်းတစ်ခုမှ ညဥ့် ၁၁း ၃၀ တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု တနင်္ဂနွေ |
| ဦးဌေးမြင့်က မြေဧက ၁၀၀၀ အားတရားစွဲဆိုသူများထံ ပြန်ပေး Posted: 16 Sep 2012 07:42 AM PDT "ဦးဌေးမြင့်က လယ်မြေဧက ၁၀၀၀ ကိုပြန်ပေးလိုက်ပါပြီ။ ပြီးတော့ မကျေနပ်တာရှိရင်ပြော။ အတက်နိုင်ဆုံး ကြိုးစားပေးမယ်လို့ ပြောသွားပါ တယ်။ ပြီးတော့ ကုမ္ပဏီက ပြန်ပေးမယ့် လယ်ယာမြေတွေကို အနှောင့်အယှက်မပေးဖို့၊ လမ်းတွေကိုလည်း ပြန်ပြီးပြင်ပေးမယ်လို့ ပြောသွားပါတယ်။ ပြီးတော့ ဖျက်ဆီးခံရတဲ့ သချိုင်းကိုလည်း ပြန်ပြီးပြင်ဆင်ပေးမယ်လို့ သိရပါတယ်" ---- သစ်ထူးလွင် |
| Posted: 16 Sep 2012 07:39 AM PDT ရခိုင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်ဖြင့်ရောက်ရှိလာသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင်ခရီးစဉ်အတွင်း ပြည်သူများကို ဆဲဆိုကြိမ်းေ မာင်းကာ ရိုင်းပြစွာ ဆက်ဆံခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀)နာရီ(၁၅)မိနစ် အချိန်တွင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင် ဆိပ်ကမ်းသို့ အရပ်ဖက်သုံး အမြန်ရေယာဉ်တစ်စီးနှင့် ရောက်ရ |
| တရားစွဲခံ ရသေ့တောင်မှ လယ်သမား ၄၅ ဦး အမူ ယခုလတွင် ထပ်မံ စစ်ဆေးမည် Posted: 16 Sep 2012 07:33 AM PDT ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် စစ်တပ်ပိုင် လယ်မြေများအား ကျူးကျော်မှုဖြင့် တရားစွဲ ခံထားရသော လယ်သမား ၄၅ ဦးကို ယခု လအတွင်း ရုံးတင် စစ်ဆေးမည်ဟု သတင်းရရှိသည်။ ရုံးထုတ် စစ်ဆေးမည့် လယ်သမားများမှာ အုပ်စု (၂) စု ဖြစ်ပြီး တစ်စုမှာ ၂၆ ဦးပါဝင်ပြီး ၂၀၁၂ ခု ဇန္န၀ါရီလ ၁၂ ရက်နေ့က တရားစွဲခံရကာ နောက် အုပ်စု တစ်ခုမှာ ၁၉ ဦးပါဝင်ပြီး ၂၀၁၂ ခု စက်တင်္ဘာလ ၇ ရက်နေ့က တရားစွဲဆိုခံထားကြသည်။ တရားစွဲခံရသော လယ်သမား (၄၅) |
| လူတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ထပ်မံဖြစ်ပွား Posted: 16 Sep 2012 07:25 AM PDT ယနေ့ နေ့လည် ၃နာရီခွဲ ၀န်းကျင်က ရန်ကုန်မြို့၊ကမာရွတ်မြို့နယ် (၅)ရပ်ကွက်၊ ပန်းလှိုင်အိမ်ရာအနီးတွင်လူတစ်ဦးတိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါသေဆုံးမူ ယနေ့ 3:30 Pm ပတ်ဝန်းကျင်တွင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။။ ပြုတ်ကျသေဆုံးသူမှာရေပိုက်ပြင်ရာမှ ရေညှိများနှင့် ချော်ကျသေဆုံးခြင်းဖြစ် သည်ဟုသိရတယ်။ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျှက်ရှိပြီး ယခုရက်ပိုင်းအတွင်း ဖုန်းပြောသူ အမျိုးသမီး |
| ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကြောင့် တိုင်းရင်းသားကျေးရွာတရွာ မပြိုပျက်စေလို (ပေးစာ) Posted: 16 Sep 2012 05:14 AM PDT ကျွန်တော်တို့ ရခိုင်ပြည်နယ် မောင်တောမြို့မှ ၂၂ မိုင်ဝေးကွာသော လောင်းဒုံ တိုင်းရင်းသား ကျေးရွာတွင် ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်ဆိုသူ တဦးကြောင့် ကျေးရွာပျက်စီးမည့် အခြေ အနေကို ဆိုက်ရောက် နေသဖြင့် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များမှ အချိန်မှီ ကာကွယ် ပေးရန် အယ်ဒီတာမှတဆင့် တင်ပြအပ်ပါ သည်။ ကျွန်တော်တို့ လောင်းဒုံ တိုင်းရင်းသားကျေးရွာသည် မူဆလင်ကျေးရွာများကြားထဲတွင် တည်ရှိသဖြင့် မူဆလင် များ |
| လယ်သမားဈေးကွက်၌ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူ မည်သူမဆို လာရောက် ရောင်းချရန် ဖိတ်ခေါ် Posted: 16 Sep 2012 04:35 AM PDT သီရိမင်္ဂလာ ကုန်စိမ်းဈေး၏ လယ်သမားဈေးကွက် (Farmer Market) ၌ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူ မည်သူမဆို လာရောက်ရောင်းချရန် ဖိတ်ခေါ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်း ရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ ဒုတိယဥက္ကဋ္ဌဒေါ်လဲ့လဲ့ဦးက ပြောကြားခဲ့သည်။ လယ်သမားဈေးကွက်အားမြန်မာ နိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်း သီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းမြှ |
| "မင်းကိုနိုင် အမေရိကန် ခရီးစဉ် ဘာကြောင့်ဖျက်" Posted: 16 Sep 2012 03:56 AM PDT ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် အမေရိကန် ပြည်ထောင်စုသို့ သွား၍ ၀ါရှင်တန် အခြေစိုက် National Endownment for Democracy –NED က ယခုနှစ် အတွက် အခြား မြန်မာ ၄ ဦးနှင့် ဒီမိုကရေစီ ဆုလက်ခံရန် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း လတ်တလော ကချင်ပြည်နယ် တွင် ရောက်နေသော ကိုမင်းကိုနိုင်က ပြောသည်။ "ခရီးစဉ်ကို ဖျက်လိုက်ရတာက ပါ့စ်ပို့ထုတ်ပေးတဲ့ကိစ္စ မမျှမတလုပ်လို့ပါ။ ကျနော်တို့ ၆၅ နှစ်ကျတဲ့သူတွေ |
| "Mr. Joseph Y.Yunနှင့်အဖွဲ့က နယ်စပ်တံခါးများ ဖွင့်လှစ်ပေးထားရန် ဘင်္ဂလာကို ဖိအားပေး" Posted: 16 Sep 2012 01:49 AM PDT နယ်စပ်ကျူးကျော်လာနေကြသည်မှာ များပြားလာနေသောကြောင့် အလွယ် တကူကျော်ဖြတ်နိုင်ရေးအတွက် Mr. Joseph Y.Yunနှင့်အဖွဲ့က နယ်စပ်တံခါးများ ဖွင့်လှစ်ပေး ထားရန် စက်တင်ဘာလ (၁၃)ရက်နေ့က မပြန်မီ ဘင်္ဂလာကို အာဏာပိုင်များအား ဒက္ကားမြို့တွင် ဖိအားပေးတောင်းဆိုခဲ့ကြောင်း ဘင်္ဂလီ BBC သတင်းတွင် ထုတ်လွှင့်ချက်အရ သိရသည်။ အမေရိကန်နိုင်ငံမှ အာရှပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr. Joseph Y.Yunနှင့်အဖွဲ့အနြေ |
| ""ရခိုင်လယ်သမား လင်မယားအား ဘင်္ဂလီများ သေနတ်ဖြင့် တိုက်ခိုက်ခြင်းဟုဆို"" Posted: 16 Sep 2012 12:43 AM PDT ရခိုင်ပြည်နယ် မောင်တောမြို့ တောင်ပိုင်း အမှတ်(၆)ရပ်ကွက် လေးမိုင်အပိုင် ရွာသာယာကျေးရွာသား တဦး မှာသေနတ် ဒဏ်ရာဖြင့် မောင်တောဆေးရုံသို့ ရောက်ရှိနေ ကြောင်းသတင်း ရရှိသည်။ သေနတ်ဒဏ်ရာနှင့် ဆေးရုံးသို့ရောက်နေသူမှာ အသက် ၅၀ကျော်ရှိ ဦးအောင်လှဖြူဖြစ်ပြီး အခင်းဖြစ်ပွားသည့် လယ်တဲက ဇနီးဖြစ်သူ အသက် ၅၀ ၀န်းကျင်ရှိ ဒေါ်မအောင်စိန်မှာ ထွက်ပြေးလွတ်မြောက် သွားသည်ဟုဆို သည်။ "ခုဆေးရုံကို ရောက်နေတဲ့ ဦးအောင်လှဖြူမှာ ခေါ |
| ဂျပန်နိုင်ငံမှ ကားဝယ်ခြင်း ဟူသည် Posted: 16 Sep 2012 12:39 AM PDT ဂျပန်မှာ ကားဝယ်တာမပြောခင် မြန်မာပြည်မှာ ကားဝယ်ခဲ့ရတဲ့ အနေအထားကို အရင်လေ့လာရပါမယ်။ စာဖတ်သူတို့လည်း သိပြီးသား ဖြစ် မှာပါ။ ကားတစ်စီးဝယ်ဖို့ ကြားမှာ ပွဲစားလိုအပ်ပြီး သူကြိုက်၊ ကိုယ်ကြိုက် အံကိုက်ဖြစ်ရင် ရော့ ကားဆိုပြီး ပေးလိုက်ရင် အရောင်းအဝယ်ဖြစ်သွားပါပြီ။ သို့ပေမယ့် အစိုးရရဲ့ ပြောင်းလဲသွားတဲ့ ပေါ်လစီကြောင့် ကားကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း တစ်စီး တင်သွင်း ပိုင်ဆိုင်ခွင့်ရတဲ့အနေ အထားကို ရောက်ရ |
| " ကျောင်းသူတစ်ဦး ရက်စက်စွာ မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရ " Posted: 15 Sep 2012 11:53 PM PDT ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၌ ကျောင်းသူ အမျိုးသမီး တစ်ဦးအား မုဒိမ်းပြုကျင့်ပြီး သတ်ဖြတ် မှုကြောင့် ယမန် နေ့က ရုံးထုတ် စစ်ဆေးပြီး ထောင်ဒဏ်ပေး လိုက်သည်ဟု သိရသည်။ မုဒိမ်းပြုကျင့်ပြီး သတ်ဖြတ်ခံလိုက်ရသည့် ကျောင်းသူမှာ ဒက္ကာမြို့အနီး ဆီရာဂန်မြို့ နယ်ရှိ အူလာရွာမှ ၉တန်း အရွယ်ကျောင်းသူ တဦးဖြစ်သည်။ ပြုကျင့်သူ Fahad Hossainသည် ရာဟူမီ၏သားဖြစ်ပြီး မုဒိမ်းပြုကျင့် သတ်ဖြတ်ခံလိုက် ရသည့် ကျောင်းသူ၏ ဦးလေးအိမ်၌ နှစ်လကြာ |
| ""အမေရိကန်တွေပြန်လာဖို့ အိမ်ဖြူတော်က အမိန့် ထုတ်ပြန်လိုက်ပြီ" Posted: 15 Sep 2012 11:11 PM PDT အမေရိကန် ပြည်ထောင်စုက တူနီးရှားနဲ့  ဆူဒန် နိုင်ငံတွေ အတွင်းက အမေရိကန် သံရုံးတွေက အရေးမကြီးတဲ့ အမှုထမ်း တွေအပါအဝင် သံရုံး အမှုထမ်းတွေရဲ့ မိသားစုဝင်တွေ အားလုံးကို အမေရိကန်ကို ပြန်လာဖို့ ခေါ် ယူ လိုက်ပါတယ်။ ဒါဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုတွေ ကာလတခု အထိ ဆက်ဖြစ်နေနိုင် တဲ့အတွက် အမေရိကန် အိမ်ဖြူတော်က ကြိုတင် ပြင်ဆင် လိုက်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ တူးနစ္စမြို့နဲ့ ခါတွန်း မြို့ တို့က အမေရိကန် |
| Posted: 15 Sep 2012 11:06 PM PDT တိုင်းတရားရုံးအား စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ် အာရှတော်ဝင်ဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် ခရိုင်တရားရုံး၏ အမိန့်ကို မကျေနပ်၍ တိုင်းသို့လျှောက်ထားခဲ့ရာ ခြောက်လကြာမှ အမှုခေါ်ယူခဲ့ကြောင်း တိုင်ကြားခဲ့သည့် မိသားစုဝင်များ၏ ပြောကြားချက်အရ သိရှိရသည်။ စမ်းချောင်းမြို့နယ်၊ အာရှတော်ဝင် ဆေးကုခန်းရှေ့ရှိ မြန်မာ့ရိုးရာ ထမင်းဆိုင်တွင် ထမင်းစားနေသည့် တက္ကစီယာဉ်မောင်းဖြစ်သူ ကိုတင်မောင်ဆွေ(အသက် ၃၆ နှ |
| ဘ၀ ဇာတ်ကြောင်းကို ဦးကျော်ဆန်း စာ အုပ် ထုတ် ဝေမည် Posted: 15 Sep 2012 10:53 PM PDT ပြီးခဲ့သည့် လက ပြန်ကြား ရေး ၀န်ကြီး တာဝန်မှ ပြောင်းရွှေ့  နေရာ ချထား ခြင်း ခံရသည့် ဦးကျော်ဆန်းသည် သူ ၏ ပြန်ကြား ရေး ၀န် အတွေ့ အကြုံ ကို စာ အုပ် ထုတ်ဝေရန် စီစဉ် နေ သည် ဟု သိရသည်။ သူ၏ ပြန်လည် ပြောကြား ချက် များ ကို စာအုပ် ထုတ်ဝေ သူ က စီစဉ် သည့် စာရေး ဆရာ တစ်ယောက် က ပြန်လည် ရေး သား မှု များ ဖြင့် ထုတ်ဝေမည့် စာ အုပ် တွင် ဦးကျော်ဆန်း က စာရေး ဆရာ ကို ပြော ပြသည် မှာ သူ သည် ပုဂံ ခောတ် အမတ် ကြီး တစ်ပါး |
| မြန်မာပြည်ရဲ့ တဦးတည်းသော အမျိုးသမီးသံအမတ် Posted: 15 Sep 2012 08:54 PM PDT မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို သံအမတ်အဖြစ် ခန့်အပ်တာ မရှိသလောက်ပါပဲ။ ဒီကနေ့ အစိုးရသတင်းစာမှာ ဖော်ပြချက်အရ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ညွှန်ချုပ်တယောက်ကို ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်လိုက်ပါပြီ တဲ့။ သူကတော့ ဒေါ်ယဉ်ယဉ်မြင့် (လေ့ကျင့်ရေး၊ သုတေသန နှင့် နိုင်ငံခြားဘာသာ ဦးစီးဌာန ညွှန်ချုပ်) ဖြစ်ပါတယ်။ အပေါ်ပုံကတော့ ဒေါ်ယဉ်ယဉ်မြင့်ကို ရန်ကုန်လေဆိပ်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး |
| အမေရိကန်နိုင်ငံတွင် West Nile ရောဂါပိုးကူးစက်မှုကြောင့် ၁၁၈ ဦးသေဆုံး Posted: 15 Sep 2012 06:12 PM PDT အမေရိကန်နိုင်ငံတစ်ဝန်းတွင် West Nile ရောဂါ ကူးစက်ဖြစ်ပွားမှု စုစုပေါင်း ၂၆၃၆ ဦးဖြစ်ပွားခဲ့ရာ ၄င်းတို့အနက် ၁၁၈ ဦးသေဆုံးခဲ့ကြောင်း အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအဖွဲ့က စက်တင် ဘာ ၁၂ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ ရောဂါကူးစက်မှုသည် အမေရိကန်ရှိ ပြည်နယ် (၄၈)ခုအတွင်း လူ သို့မဟုတ် တိရစ္ဆာန်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလက်စကာနှင့် ဟာဝိုင်အီပြည်နယ်တို့တွင် ရောဂါကူးစက်ပျံ့နှံ့ခြင်းမရှိကြောင်း |
| မူစလင်ဆန္ဒပြမှုတွေဖြစ်စေခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူကို စစ်ဆေးမေးမြန်း Posted: 15 Sep 2012 06:02 PM PDT အမေရိကန် ပြည်ထောင်စု အနောက်ဘက် ကမ်းခြေ လော့စ်အိန်ဂျဲလိစ် (Los Angeles) မြို့ရဲတပ်ဖွဲ့က မူစလင်ကမ္ဘာမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူလို့ စွပ်စွဲခံနေသူကို သူ့ရဲ့နေအိမ်ကနေ ခေတ္တခေါ်ယူ မေးမြန်းခဲ့ပါတယ်။ --- သစ်ထူးလွင် |
| ကြပ်ကြပ်ထုပ်ထုပ်ကြိုက်သူများ သတိ Posted: 15 Sep 2012 05:59 PM PDT ဖက်ရှင်အလှအပများ ပေါလွန်းလှသည့် အချိန်တွင် အမျိုးသား၊ အမျိုးသမီးများအတွက် ရွေးချယ်စရာများကလည်း များပြားလှသည်။ လူအများ ရွေးချယ်သည့် အ၀တ်အစားသည် ဖက်ရှင်ကျ လှပရုံသာမက ကျန်းမာရေးအတွက် သက်ရောက်မှုလည်း ရှိသည်။ နေ့စဉ် ၀တ်ဆင်သည့် အ၀တ်အစားများ ပုံမှန်လဲလှယ်မှု မရှိသည့်အတွက် လုံလောက်သည့် သန့်ရှင်းမှုမရှိခြင်း၊ ကြပ်လွန်းသည့် အ၀တ်အစားများကြောင့် သတိမပြုမိလိုက်သော်လည်း နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျ |
| ၀န်ကြီး ဓါတ်ပုံနှင့် လုပ်စားနေတဲ့ အရက်ဆိုင် Posted: 15 Sep 2012 05:54 PM PDT ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် တောင်တန်းကုန်း ကျေးရွာအုပ်စု မြင်းကကွင်း ကျေးရွာနေ ညီလေးခေါ် မြင့်ဦးမှာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ဧ။် အမျိုးဟုဆိုကာ ဝန်ကြီး၏ စစ်ဝတ်စုံဓာတ်ပုံကို ဆိုင်တွင်ချိတ်ပြီး အရှိန်အဝါ သုံးကာ ယစ်မျိုးလိုင်စင် စည်းကမ်းနှင့် မညီ အရက်ဖြူလိုင်စင်ကို အရက်နီများပေါ်တင် ရောင်းချနေကြောင်း ----- အရက်ဆိုင်တွင်မှတွေ့ ရတဲ့ ဝန်ကြီးဦးခင်ရီ ၏ စစ်ဝတ်စုံဓာတ်ပုံ ညီလေး |
| ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား Posted: 15 Sep 2012 05:48 PM PDT ၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်း၌ ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အမှုပိတ်ထားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းရှိ အမှတ် (၁၂၆) နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦး သေနတ်ပစ်ခံရသောကြောင့် သေဆုံးသည့်ဖြစ်ရပ်ဖြစ်သည်။ ဖြစ်စဉ်ြ |
| နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးတောင်းဆို Posted: 15 Sep 2012 05:43 PM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးတောင်းဆိုသည့် လက်မှတ်ထိုးလှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ရေးထိုးကာ ထောင်အတွင်း ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ ဧရာဝတီတိုင်း ပုသိမ်မြို့သို့ ယခုလဆန်းပိုင်းက လာရောက်ခဲ့သည့် ခရီးစဉ်တွင် NLD ပါတီ ဥက္ကဋ္ဌက ပါဝင်လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။ လူ့အခွင့်အရေး ကာကွယ်မြှ |
| မင်းကိုနိုင် အမေရိကန်ကို ဆု လာယူမည်မဟုတ် Posted: 15 Sep 2012 05:35 PM PDT ၈၈ မျိုးဆက် ကျောင်းသားကိုမင်းကိုနိုင်သည် အမေရိကန် ပြည်ထောင်စု (National Emdowment For Democracy)ကချီးမြှင့်သည့် ဒီမိုကရေစီ လှုပ်ရှားသူများဆု ကိုအမေရိကန်နိုင်ငံသို့ သွားရောက်ရယူနိုင်မည် မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများထံမှ သိရှိရသည်။ နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားရာ တွင် ၈၈ မျိုးဆက်ကျောင်းသား ၁၇ ဦး အနက် ၃ ဦးသာရရှိသဖြင့် ယင်းခရီးစဉ်ကို မသွားရောက်နိုင်ခြင်းပြီး၊ ကိုမင်းကိုနိုင်သည် |
| You are subscribed to email updates from မြန်မာ့သတင်းများစုစည်းရာ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ