[mrsorcerer:31732] သံရုံးများအား တိုက်ခိုက် ဖျက်ဆီးမှုများသည် အစ္စလာမ့် လမ်းစဉ်မဟုတ်ဟု ဆော်ဒီဆို


ရီယာဒ်။ ။ ဆော်ဒီအာရေဗျနိုင်ငံ၏ သာသနာရေးဆိုင်ရာ အကြီးအကဲက တမန်တော် မုဟမ္မဒ်သခင်အား အသရေဖျက်ထားသည့် ဗီဒီယိုကို ကန့်ကွက်ရှုတ်ချသော ဆန္ဒပြပွဲများအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံခြားသံရုံးများအား တိုက်ခိုက်ခြင်းကို ပြစ်တင်ရှုတ်ချလိုက်ပြီး ထိုကဲ့သို့သော လုပ်ရပ်များသည် အစ္စလာမ်သာသနာတော်၏ သင်ကြားမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ပြောဆိုလိုက်သည်။



"သာသနာတော်ကို ထိခိုက်စေတဲ့ ဒီလိုလုပ်ရပ်မျိုးတွေကို အလ္လာဟ်အရှင်မြတ်က ခွင့်မပြုပါဘူး။ ကိုယ်တော်မြတ်ရဲ့ သြ၀ါဒတော်တွေနဲ့လည်း သဟဇာတ မဖြစ်ပါဘူး။ စက်ဆုပ်ဖို့ကောင်းတဲ့ ပြစ်မှုအတွက် အပြစ်မဲ့တဲ့သူကို အပြစ်ပေးတာ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးရမယ့်သူတွေကို တိုက်ခိုက်တာ၊ ပြည်သူပိုင် အဆောက်အအုံတွေကို ဖျက်ဆီးမီးရှို့တာမျိုးတွေကို (အစ္စလာမ်သာသနာက) ပိတ်ပင်တားမြစ်ထားပါတယ်။" ဟု Sheikh Abdulaziz bin Abdullah Al-Sheikh က ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် SPA မှ ထုတ်လွှင့်သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံမှထုတ်လုပ်သော တမန်တော့်မုဟမ္မဒ်အား အသရေဖျက်ထားသည့် ဗီဒီယိုကြောင့် မွတ်စလင်ကမ္ဘာတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့လေသည်။

အီဂျစ်နိုင်ငံတွင် အမေရိကန်သံရုံးအား စီးနင်းတိုက်ခိုက်ရန် ကြိုးစားသောဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ခဲ့ကြပြီး အနည်းဆုံး ၂ ဦးသေဆုံးခဲ့သည်။ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား ဆန္ဒပြသူများက ၀င်ရောက်စီးနင်းခဲ့ကြပြီး အမေရိကန်သံအမတ်အပါအ၀င် ရုံးဝန်ထမ်းသုံးဦး သေဆုံးခဲ့ရသည်။  ယီမင်နိုင်ငံ ဆန်နာမြို့ ဆန္ဒပြမှုတွင်လည်း ယီမင်လူငယ်တစ်ဦး သေဆုံးခဲ့သည်။

ဆော်ဒီရှိ မွဖ်သီ (ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော်မြတ်၏ သြ၀ါဒတော်များနှင့် မဆန့်ကျင်ဘဲ အစ္စလာမ့်ဓမ္မသတ်ဥပဒေပြဌာန်းနိုင်ခွင့်ရှိသူ) တစ်ဦး က "တကယ်လို့ မွတ်စလင်တွေဟာ ဒေါသပေါက်ကွဲလိုက်မယ်ဆိုရင် ဒီဗီဒီယိုနောက်ကွယ်က ထုတ်လုပ်တဲ့သူတွေရဲ့ ရည်ရွယ်ချက်တွေအောင်မြင်သွားပါလိမ့်မယ်။ အပြစ်မဲ့တဲ့သူတွေကိုသတ်ဖြတ်တာမျိုးတွေ၊ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးတာမျိုးထိအောင် ဒေါသတွေကို မပေါက်ကွဲသင့်ပါဘူး။" ဟု ပြောကြားခဲ့ပြီး၊ အဆိုပါ ဗီဒီယိုအားကန့်ကွက် ရှုတ်ချရာတွင် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်၏ သတ်မှတ်ထားသော ဘောင်အတွင်းတွင်သာရှိသင့်သည်ဟု ဆိုသည်။

ဆော်ဒီနိုင်ငံရှိ သာသနာရေးဆိုင်ရာ တာဝန်ရှိသူများက အဆိုပါဗီဒီယိုကို ရာဇ၀တ်မှုတစ်ခုအဖြစ် ဖော်ပြခဲ့ကာ တမန်တော်များနှင့် ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်ထားရာများကို စော်ကားမှုများအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပြဌာန်းရန် ဆော်သြလိုက်သည်။

တိုင်းကျိုးပြည်ပြုလုပ်ငန်းများဆောင်ရွက်နေကြသော၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်နေကြသော၊ ဖွံဖြိုးတိုးတက်မှုများကို ရှာဖွေနေကြသော မွတ်စလင်များ၏ ရည်မှန်းချက်ပန်းတိုင်များကို လွင့်ပျောက်သွားစေရန် အဆိုပါ ဗီဒီယိုအား ထုတ်လွှင့်ခြင်းဖြစ်သည်ဟုဆိုသည်။

"မွတ်စလင်တွေရဲ့အကောင်းဆုံးတုံ့ပြန်မှုကတော့ တိုင်ကျိုးပြည်ပြုလုပ်ငန်းတွေ၊ ဖွံဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။"

ဆော်ဒီအာရေဗျနိုင်ငံက အဆိုပါဗီဒီယိုကို ပြစ်တင်ပြောဆိုခဲ့ပြီး ၎င်းဗီဒီယိုကို ဆန့်ကျင်သူများ၏ တိုက်ခိုက်မှုများကိုလည်း ရှုတ်ချကြောင်း၊ ဘန်ဂါဇီမြို့ အမေရိကန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသူများအတွက် ထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်း ကြာသာပတေးနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ဝေဇင်

Source:http://www.onislam.net/ မှ ကောက်နှုတ် ဘာသာပြန်ဆိုသည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ