---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/19
Subject: [လူဗိုလ်ဟူသည် ...] မြန်မာတွေ မညံ့ပါဘူး
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/19/2012 10:29:00 PM
From: Blogger <no-reply@blogger.com>
Date: 2012/9/19
Subject: [လူဗိုလ်ဟူသည် ...] မြန်မာတွေ မညံ့ပါဘူး
To: lubo601@gmail.com
ကျနော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားလူငယ်များရဲ့ မှတ်ဉာဏ် ဉာဏ်ရည် ဉာဏ်သွေးဟာ မနိမ့်လှပါဘူး။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သပ်သပ်ပြောမယ်ဆိုရင် အာရှတိုတ်မှာ အိန္ဒိယသားတွေကလွဲရင် ဘယ်သူမှ ကြောက်စရာမလိုပါဘူး။ လူမျိုးတစ်မျိုးလုံးကို ခြုံပြောတာပါ။
တစ်ဦးချင်ယှဉ်လို့ သူ့တို့ကသာတာမျိုးတွေတော့ ရှိတာပေါ့၊ မြန်မာလူငယ်တွေ အသံထွက်မှန်အောင် သင်လို့ မရဘူးဆိုတာ မရှိပါဘူ။ မြန်မာစကားမပီတဲ့ ရှမ်းပအို့ ဦးပဉ္ဇင်လေးတွေတောင် အင်္ဂလိပ် စကားပြောကျတော့ ပီပီသသပြောနိုင်ရွတ်နိုင်ကြတာပါ။ အင်္ဂလိပ်စာသိပ်ကောင်းတဲ့ အိန္ဒိယသားတွေကလည်း "၀ဲရီဂွတ်" ကိုပျောက်အောင် မဖျောက်နိုင်ကြပါဖူး။ အင်္ဂလိပ်စာနဲ့ဘွဲ့ယူထားတဲ့ ဂျပန်တစ်ယောက်ကို Thank you ကို Thirty လို့ အသံမျိုးပီသအောင် ရွတ်ဆိုခိုင်းဖို့အတော်ခက်ပါတယ်။ ဆရာရှေ့မှာ ပီနေပေမယ့် ကွယ်ရာရောက်သွားတာနဲ့" ဆိုင်းကျူး" "ဆာတီး" လို့အသံထွက်လာတာပါပဲ။
အင်္ဂလိပ်စာတတ်တယ်လို့ ၀င့်ဝါမောက် မာတတ်တဲ့ စင်ကာပူ၊ တရုတ်တွေရဲ့"စင်ဂလိတ်" စကားကို အင်္ဂလိပ်တွေ၊ အမေရိကန်တွေ နားမလည်လို့ အင်္ဂလိပ်စကား စစ်စစ်ပြောတတ်အောင် ကြိုးစား ရမယ်လို့ တောင် သတိပေးခဲ့သေးတာလေ၊ မြန်မာတွေ မညံ့ပါဘူး၊ အင်္ဂလိပ်စကားပြောတဲ့ အလေ့ကျင့် မရှိလို့သာ နှုတ်ဆွံ့နေတာပါ။
မပြောမဖြစ်ပြောကို ပြောရမယ့်အခြေအနေးမျိုး ကြုံရင် တစ်ဖက်သား ကောင်းကောင်းနားလည်အောင် ပြောနိုင်စွမ်းကြပါတယ်၊ နှုတ်ဆွံ့တာပျောက်သွားရင် ပြောတတ်ဆိုတတ် ဖြစ်လာကြတာပါပဲ။ ပြီးတော့နိုင်ငံခြားသားရှေ့မှာ သိမ်ငယ်စိတ်ဖြစ်တာကို ဖျောက်ပစ်ရမယ်၊ နိုင်ငံခြားသားတစ်ယောက် မြန်မာစကား မပီကလာ ပီကလာပြောနေတာတွေ့ရင်ပျက်ရယ်ပြုရှုတ်ချပစ်လိုက်ပါသလာ၊ မပြုတဲ့အပြင် မြန်မာစကား ကြိုးစားပြောနေတာကို သဘောတောင် ကျမိတယ်မဟုတ်လား။
နိုင်ငံခြားသားတွေလည်း အလာတူးပါပဲ၊ နိုင်ငံခြားသားတစ်ယောက်က သူတို့ဘာသာစကားကို ကြိုးစားပြောနေတာတွေ့ရင် သဘော ကျကျေနပ်ကြတာပါပဲ၊ ကိုယ့်ဘာသာစကားမှ မဟုတ်တာပဲ။ မိခင်ဘာသာ စကားလို ဘယ်သူပီးပါ့မလဲ။ ကုလသမဂ္ဂအတွင်းရေးမှူး ချူပ်ကြီး တွေတောင် အင်္ဂလိပ်စကားကို ပီ အောင်မပြောနိုင်တဲ့ သူတွေရှိပါတယ်၊ ဥပမာ ကိုဖီအာနန်မိန့်ခွန်းပြောတာ ကြားဖူးကြမှာပါ၊ စကားလုံးအသုံးအနှုန်းတွေက ခံညားလှပပြီး အဆင့်မြင့်ပါပေတယ်။
ဒါပေမယ့်လို့ "အဖရို" လေ သံပါပဲ။ အမေရိကန်လေသံမပေါက်ဖူး "အဖရို" လေသံ ပေါက်လို့ နာမလည်ဘူးမရှိပါဖူး၊ အမေရိကန်သမ္မတရော အင်္ဂလိပ်ဝန်းကြီးချူပ်ရော ပြင်သစ်သမ္မတနဲ့ ရုရှားခေါင်းဆောင်ကြီး ရောနာ လည်းကြပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချူပ်လုပ်ပြီး အင်္ဂလိပ်စကားကို "အဖရို"သံနဲ့ပြောရ ကောင်းလားလို့ အပြစ်မ တင်ပါဖူး။ အာဖရိကသားက "အဖရို" လေသံပဲထွက်မှာပေါ့လို့ နာလည်းကြပါတယ်။
ဂျာမနီဝန်ကြီးချူပ်ပြောတဲ့ အင်္ဂလိပ်စကားသံက ဂျာမန် သံသြသြကြီးထွက်တာပဲ။ အဲဒီတော့ ငါးပိစားတဲ့ မြန်မာဟာ ငါးပိအင်္ဂလိပ်စကားပြောတာ ဘာ ရှက်စရာရှိသလဲ။ အသံမှန်မှန်ထွက်တယ်လို့ သူတပါး နာလည်း ရင်ပြီးရော မဟုတ်လာ။ ဘိုသံပေါက်ချင်လွန်းလို့ ဇွတ်အတင်းကြီး လိုက်တုနေတာမှ တကယ်ကို ရှက်စရာကောင်းတာပါ။
တုတာက တုတာပါပဲ။ဘယ်တော့မှအစစ်ဖြစ်မလာပါဘူး။အင်္ဂလိပ်စကားကို အမေရိကန်က အမေရိကန် "လေသံ" နဲ့ပြောမှာ ပဲ။ ဂျာမန်ကလည်း အင်္ဂလိပ်စကားကို ဂျာမန် "လေသံ" နဲ့ ပြောမှာပဲ။ အင်္ဂလိပ်ဘုရင်မရဲ့ ထီးတော်ရိပ် အောက်မှာ နေတဲ့ စကော့လူမျိုးကလည် အင်္ဂလိပ်စကားကို စကော့တို့ ရဲ့တောင်ပေါ် "လေ"နဲ့ ပြောမှာပါပဲ။ ဒါကဲ့ရဲ့စရာလား။
လန်ဒန်က အင်္ဂလိပ်စကားနဲ့ မန်ချက်စတာက အင်္ဂလိပ်စကားတောင်မှ လေယူလေသိမ်းတူကြတာမှ မဟုတ်တာ။ မြန်မာ့ပါးစပ် က မြန်မာလေသံပဲထွက်မှာပေါ့။ ဒါကိုဘယ် အင်္ဂလိပ်လူမျိုးမကမှ သရော်လှောင် ပြောင်လုပ်လိမ့်မယ်မဟုတ်ပါဘူး။ ရဲရဲသာပြောစမ်းပါ ။ လေးငါးဆယ်ရက်အတွင်း နှုတ်သွတ်လျှာသွတ် ဖြစ်လာပါလိမ့်မယ်။ အဲဒီအခါကျရင်သိမ်ငယ်စိတ်တွေ ပျောက်ပြီး နှုတ်ဆွံ့နေ တာလည်းလုံးဝ ပျောက်သွားမှာပါ။
မြန်မာတို့ဟာ အင်္ဂလိပ်လက်အောက်မှာ နှစ်ရာနဲ့ချီပြီးနေခဲ့ကြရတာ ဖြစ်လေတော့၊ ဒီနေ့အထိ မျက်နှာဖြူမြင် ရင်ဘယ်လို မျက်ဖြူပဲဖြစ်ဖြစ် ခေါင်းကလေးငုံ့ပြီး စကားပြောနေကြဆဲဖြစ်ပါတယ်။ ကိုယ်တွေ့နေရတဲ့ မျက်နှာဖြူဟာ ပညာတတ်လား။ အမှိုက်ကျုံးတဲ့ မြူနီစီပယ် အလုပ်သမားလား။ နွားသက်တဲ့ အမဲသားသည် လာဆိုတာ ဆန်းစစ်ကြည့်လေ့မရှိကြပါဘူး။
ဒီနေ့လခသိန်းနဲ့ချီယူတဲ့ နိုင်ငံခြားသားတွေ သင်တယ်ဆိုတဲ့ကျောင်းကြီးတွေမှာ ကိုယ့်သားသမီးကိုထားပြီး ဂုဏ်ယူဝင့်ကြွားနေ တဲ့ မြန်မာမိဘတွေသိဖို့ ပြောပြချင်တဲ့အချက်တစ်ချက်ရှိပါတယ်။ အဲဒီအချက်က ဘာလဲဆိုတော့ တချို့ကျောင်းတွေမှာ လာသင်တဲ့ နိုင်ငံခြားသားတိုင်းဟာ စာသင်တတ်တဲ့ ကျောင်းဆရာ၊ ဆရာမများ မဟုတ်ကြဘူးဆိုတာပါ။
တခြားအကြောင်းကိစ္စမျိုးနဲ့ မြန်မာပြည်မှာ ကြာကြာလေနေချင်တဲ့ အတွက် နေထိုင်ခွင့်ရအောင် အလုပ်တခုခု ၀င်လုပ်နေတဲ့ သဘောမျိုးနဲ့လုပ်နေကြတာပါ။ တချို့ဆိုစာလုံးဝ မသင်တတ်ကြပါဘူး ၊ကိုယ်တိုင် အင်္ဂလိပ် စကားပြောသင်တန်းဖွင့် ထားတာဖြစ်လေတော့ အဲဒီလိုဝင်လုပ်ချင်လို့ အလုပ်ခန့်ပေး ပါ။ ခန့် စာရေးပေးပါ ဆိုပြီး လာပြောတာတွေ အများကြီး ကြုံဖူးလို့သိနေတာပါ။
အသားဖြူဖြူ အသားဝါ၀ါမြင်တိုင်း အောက်ကျို့ချင်တဲ့ သိမ်ငယ် စိတ်တွေသာ ဖျောက်ပစ် လိုက်စမ်းပါ။ မြန်မာတွေမညံ့ပါဘူး၊ ဆိုက်ကားဆရာတောင် နိုင်ငံခြားသား ဧည့်သည်တွေနဲ့ အလုပ်ဖြစ်အောင်တော့ ဆက်ဆံနိုင်ကြတာပဲ မဟုတ်လာ၊ ဒါဂျပန်တွေထက်၊ ယိုးဒယားတွေထက် ကိုးဆယ်ဆသာတယ်လို့ ဆိုနိုင် တာပေါ့။ မြန်မာတွေမှာ ခက်နေတာက သိမ်ငယ်စိတ်ပဲ။
သိမ်ငယ်စိတ်ဆိုတာ"အငုံ့စိတ်"ပဲ။ အားတော့နာပါတယ်။ ရင့်သီးလွန်းလို့ မပြောချင်ပါဘူး။ ဒါပေမယ့် အဲဒီစကားကို သုံးပြောမှ ပိုပြီး ထိရောက် ပိုပြီးသဘောပေါက်မှာမို့ ပြောခွင့်ပြုပါ။ စေတနာနဲ့ဒေါမနဿကြောင့် ရင့်ရင့်သီးသီးပြောမိတာလို့ လက်ခံပေးပါ။ အငုံ့စိတ်၊ သိမ်ငယ် စိတ်ဆိုတာ "ကျွန်စိတ်" ကို ယဉ်အောင်ပြော တာပါ။
လွတ်လပ်ရေးရခဲ့တာပဲ နှစ်ပေါင်း(၆၀)နီးပါပြီး၊ ကျွန်စိတ်တွေပျောက်ဖို့ ကောင်းပါပြီ။ကိုဖီအာနန်လို့ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချူပ်ကြီတစ်ယောက်တောင် မှ အင်္ဂလိပ်စကားကို "အဖရို" သံနဲ့ ပြောနေသေ တာပဲ။ မြန်မာ လူမျိုးတစ်ယောက်က "ငါးပိအင်္ဂလိပ်" ပြောတာ ဘာရှက်စရာရှိသလဲ။ အသံထွက်မှန်မှန်နဲ့ တစ်ဖက်သာ နားလည်အောင်ပြောတတ်ဖို့ လိုရင်းပဲမဟုတ်လာ။ မြန်မာတွေ ပညာရည်မနိမ့်ပါဖူး။ လူစွမ်းလူစမနုံနဲ့ပါဘူး။ ပင်ကိုယ်ဗီဇမဖျင်းပါဘူး။
ကျွန်စိတ်ပျောက်ဖို့ ကလေး တစ်ခုသာလိုတာပါ။
လူထုစိန်ဝင်း အဆိုပါစာများမှာ နှစ်ပေါင်းအတော်ကြားနေပါပြီး စတိုင်သစ် မဂ္ဂဇင်းကပဲ အမှတ် ဘယ်လောက်ဆိုတာ ကျနော်လည် သေချာမမှတ်မိတော့ဘူး ဒါပေမယ့် မျှဝေမယ်ဆို ကောင်းမယ်ထင်လို့ ဗဟူသုတ အလိုငှာပြန်ဖော်ပြတာပါ။
Post ပို့ရေးပေးတဲ့ ကိုလင်း(သလ္လာဝတီ) ကို ကျေးဇူးတင်ပါတယ်
Admin: Myanmar Volunteer
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/19/2012 10:29:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ