[mrsorcerer:31933] ရသေ့တောင် လူထုအစည်းအဝေးအား အစိုးရကန့်သတ်မှုရှိသော်လည်း ကျင်းပ ပြုလုပ်မည်


Written by အာရ်ကန်တိုင်းမ်စ်    

copyရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကျင်းပပြုလုပ်မည့် လူထုအစည်းအဝေးပွဲအား အစိုးရမှကန့်သတ်မှုရှိနေသော်လည်း လူထုစည်းဝေးပွဲကြီး ဖြစ်မြောက်အောင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်လူထုအစည်းအဝေးပွဲအား အမျိုးသားရေးအမြင်ဖြင့် ပြုလုပ်သည်ဖြစ်ရာ ကန့်သတ်မှုများရှိနေသော်လည်း ကျင်းပသွားမည်ဖြစ်ကြောင်းကို ရခိုင်လူထုအစည်းအဝေးပွဲ ကျင်းပရေးကော်တီ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုမောင်က ပြောသည်။

"ကျနော်တို့ ဒီလူထု စည်းဝေးပွဲကို ပြုလုပ်ရတာဟာ အမျိုးသားရေးအမြင်နှင့် ပြုလုပ်ကြတာဖြစ်တယ်၊ အစိုးကကန့်သတ်မှု ဘယ်လိုပုံစံမျိုးပေးပေး၊ အစည်းအဝေးကိုတော့ ဖြစ်မြောက်အောင်လုပ်မယ်၊ အစည်းအဝေးကို ၂၅၊ ၂၆ နှစ်ရက်သတ်မှတ်ထားရင်လည်း ရက်မလောက်ဘူးဆိုရင် ၂၇ ရက်နေ့အထိ ဆက်လုပ်သွားမယ်။ လူထုစည်းဝေးကျင်းပပွဲကို ဘယ်အာဏာပိုင်တွေပဲဟန့်ဟန့် အသက်ပေးပြီးတော့ ကျင်းပသွားမယ်။ "ဟု ဦးကိုကိုမောင်က ပြောသည်။

ရခိုင်လူထု အစည်းအဝေးပြုလုပ်ရန်အတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇) မြို့နယ်အပါအ၀င်၊ ပလက်ဝနှင့် ရခိုင်တိုင်းရင်းသားများနေထိုင်ရာ ဒေသအသီသီသို့ ဖိတ်ကြားထားကြောင်း သိရသည်။

"ဖိတ်ကြားထားတာက လူ (၂၀၀၀)နီးပါးခန့်ရှိတယ်။ တောင်ကုတ်၊ သံတွဲက လူတွေ မနက်ဖြန်ဆိုရင် စရောက်တော့မယ်။ တစ်ချို့ ဒေသကလူတွေက အစည်းအဝေးကို အစိုးရက ဟန်တားမှုရှိနေတယ်ဆိုတဲ့ သတင်းကိုသိသွားပြီး မတက်ရောက်မှာကို စိုးရိမ်တယ်။ တရားဝင်ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပွဲဖြစ်မြောက်အောင်ပြုလုပ်သွားမယ်။ ပရိသတ်တွေကိုလည်း ဇွဲလုံးဝမလျှော့ဘဲ လာကြပါလို့ ပြောချင်ပါတယ်။ " ဟု သူကဆက်ပြောသည်။

ရခိုင်ဒေသ လူထုအစည်းအဝေးကျင်းပရေး ကော်မတီက အစည်းအဝေးအား စက်တင်ဘာလ ၂၅၊ ၂၆ ရက်တွင် တက်ရောက်မည့် လူအင်အား (၆၃၀)ဦးနှင့် ဟောပြောမည့်သူက (၂၈)ဦးဖြင့် ခွင့်ပြုချက်ရရန် တင်ထားခဲ့ခြင်း ဖြစ်သည်။

တစ်ရက်တည်းသာ ကျင်းပခွင့် ပြုမည်ဖြစ်ပြီး လူအင်းအား (၂၀၀)နှင့် ဟောပြောမည့်သူ (၁၀)ဦးနှင့် နံနက် (၈)နာရီမှ နေ့ လည် (၁)နာရီထိ နေ့တစ်ဝက်သာ ခွင့်ပြုမည်ဖြစ်ကြောင်းကို စက်တင်ဘာ (၂၀) ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ပွဲကျင်းပရေးကော်မတီအား ခေါ်ယူက ပြောခဲ့ခြင်းဖြစ်သည်။

ရခိုင်ဒေသလူထုအစည်းအဝေး ကျင်းပရေးကော်မတီသည် ယနေ့  နံနက် (၈)နာရီတွင် ရခိုင်ဒေသလူထု အစည်းအဝေး ကျင်းပနိုင်ရေး ပိုစတာဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူမည်ဖြစ်သော်လည်း ကော်မတီမှ တာဝန်ရှိသူများ မြို့နယ်အာဏာပိုင်များနှင့် တွေ့ဆုံနေချိန်နှင့် တိုက်ဆိုင်နေခြင်းကြောင့် စောင့်ဆိုင်းနေခဲ့ရပြီး နံနက် (၁၁) နာရီအချိန်တွင် အဆိုပါဆိုင်းဘုတ်အား စိုက်ထူခဲ့ရခြင်းဖြစ်သည်။

ဆိုင်းဘုတ်စိုက်ထူရာတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂၅) ရက်မှ (၂၆)နေ့ထိ ဖေါ်ပြထားသော်လည်း ခွင့်ပြုချက်က တစ်ရက်သာရရှိသောကြောင့် (၂၅) ရက်နေ့မှ ... .... ထိ နေရာကို စတေကာနှင့် ပယ်ဖျက်ထားရခြင်းဖြစ်သည်။

ယခင်က အဆိုပါ ရခိုင်ဒေသလူထုအစည်းအဝေးပြုလုပ်ရန် မြို့နယ်အာဏာပိုင်များက ခွင့်ပြုချက်မလိုဘဲ ကျင်းပနိုင်ကြောင်း၊ (၁၁-၉-၂၀၁၂)နေ့က ခွင့်ပြုစာတင်ခဲ့သော်လည်း တင်စရာမလိုကြောင်းပြောဆိုခဲ့ရာ နောက်ပိုင်းအာဏာပိုင်များက ခွင့်ပြုချက်ရယူရန် တင်ရမည်ဖြစ်ကြောင်း (၁၇-၉-၂၀၁၂) နေ့က အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။

ဤကဲ့သို့ ကျင်းပနိုင်ရန်အတွက် ရခိုင်ဒေသလူထုအစည်းအဝေး ကျင်းပရေးကော်မတီသည် လာရောက်ဟောပြောမည့်သူများကိုလည်း ဖိတ်ကြားထားးပြီးဖြစ်သည့်အပြင် အခြားငွေကုန်ကျမည့် ကဏ္ဍများအတွက်လည်း အားလုံးပြင်ဆင်ထားပြီးဖြစ်သည်။DSCN0982 copy

ယခင်က မေယုမြစ်ဝှမ်းညီလာခံ အမည်ဖြင့်ကျင်းပရန် ဆောင်ရွက်ခဲ့သော်လည်း အာဏာပိုင်များဘက်မှ ကန့်ကွက်ခဲ့သည်အတွက် ရခိုင်ဒေသလူထုစည်းဝေးပွဲအဖြစ် ပြောင်းလဲခဲ့ရသည်။

ရခိုင်လူထု စည်းဝေးပွဲမှ အတည်ပြု ရရှိလာသော အချက်အလက်များအား ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်၊ နိုင်ငံတော် သမ္မတအပါအဝင် လွှတ်တော်ဥက္ကဌများနှင့် ကမ္ဘာ့ကုလသမဂ္ဂအထိ တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ