[mrsorcerer:32046] [Richard Aung] မဲခေါင်မြစ် တရုတ် ၁၃ ဦးသတ်ဖြတ်မှု နော်ခမ်းဝန်မခံသေး တရုတ် CCTV ဘာသာပြန်ထုတ်လွှင့်မှုလွဲမှားနေ




ယနေ့ရုံးတင်စစ်ဆေးနေသော စိုင်းနော်ခမ်း(နှင့်အဖွဲ့) နှင့်ပတ်သက်၍ စက်တင်္ဘာ ၁၈ ရက် တရုတ်နိုင်ငံပိုင် CCTV ဘာသာပြန် ထုတ်လွှင့်မှုမှာ လွှဲမှားနေကြောင်းသိရှိရပါသည်။




စိုင်းနော်ခမ်း သျှမ်းဘာသာ ပြောကြားချက်တွင် - 'ကျနော် စိုင်းနော်ခမ်း အသက် ၄၄ နှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ရှပ်ပြေး ဘုတ်နှစ်စီးပေါ် လူသတ်မှုနဲ့ပတ်သက်ပြီး အထင်မှားလို့ ကျနော့်ကိုဖမ်းတယ်' ဟု ပြောကြားရာတွင် တရုတ်နိုင်ငံပိုင် CCTV က 'Cause I


planned and killed 13 Chinese on the Mekong River ကျနော်အစီအစဉ်ချခဲ့ပြီး တရုတ် ၁၃ ဦးကို မဲခေါင်မြစ် အတွင်း သတ်ဖြတ်ခဲ့တယ်' ဟု အင်္ဂ္လိပ်ဘာသာပြန်၍ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါသည်။




"အခုလို ဘာသာပြန်မှားယွင်းမှုဟာ လုံးဝမဖြစ်သင့်ဘူး၊ ဒါမြန်မာအစိုးရ သမ္မတဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်မင်းတို့ လဲသိ သင့်တယ်။ သျှမ်း- တရုတ်ဘာသာပြန်တွေသျှမ်း-တရုတ် နယ်စပ်မှာ အများကြီး၊ မရှာနိုင်ရင် ကျနော် ဝိုင်းရှာ ပေးလို့ရ တယ်၊ ဒီလူသတ်မှုကိစ္စ စိုင်းနော်ခမ်းက ဝန်မခံသေးဘူး၊ ဆိုတော့ တရားရုံးက တရားခံအဖြစ်တရားစီရင်လို့ မရဘူး" - ဟု သျှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေး


အဖွဲ့ခေါင်းဆောင် စဝ်ခင်းဆာယီက ပြောပါသည်။










ယနေ့စက်တင်ဘာ ၂၀ ရက်နေ့ တရုတ်နိုင်ငံ ကူမင်း(ခွန်းမင်) မြို့ တရားရုံး၌ မူးယစ်ရာဇာအမည်ရ စိုင်းနော် ခမ်း နှင့် ပတ်သက် ဆက်နွယ်သူ လူ ၅ ဦးအား ရုံးတင်စစ်ဆေးနေပါသည်။




စက်တင်္ဘာ ၁၈ ရက်နေ့ တရုတ်နိုင်ငံပိုင် CCTV အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်လွှဲမှား ထုတ်လွှင့်မှုအား ကြည့်ရှု လိုပါက အောက်ပါ ကလစ်အားကြည့်ရှု နိုင်ပါသည်။


http://english.cntv.cn/program/newsupdate/20120918/106694.shtml မှယူ၍ ပြန်လည်တင်ပြထားပါသည်။




သျှမ်းသံတော်ဆင့်



--
Posted By အောင်မျိုးကျော် to Richard Aung at 9/22/2012 06:40:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ