
မြန်မာလူငယ်များအတွင်း စိတ်ကြွဆေးသုံးစွဲမှု မြင့်မားလာနေပါသည်။ခံစားနေရသည့်စိတ်ဖိစီးမှုများ ပြေပျောက်ရန်၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ချက် မြင့်တက်စေရန်၊ အလုပ်လုပ်နိုင်သည့် စွမ်းရည်များ ပိုမိုမြင့်မားစေရန်၊ နိုက်ကလပ်များတွင် ပိုမိုပျော်ပါးနိုင်ရန်၊ သူငယ်ချင်းများ အညွှန်းကောင်းသည့်အတွက် စမ်းသပ်ရန် စသည့် အကြောင်းအမျိုးမျိုးဖြင့် လူငယ်ထုအတွင်းစိတ်ကြွ ဆေးအမျိုးမျိုး သုံးစွဲမှုမြင့်တက်နေခြင်းဖြစ်သည်။
Methampetamine (မီသမ်ဖီတာမင်း)ဟုခေါ်သည့် စိတ်ကြွဆေးသုံးသော အသက်အရွယ်သည် များသောအားဖြင့် အသက် ၁၈ နှစ်ဝန်းကျင်မှ ၃၅ နှစ်ခန့်အထိများပြားလေ့ရှိပြီး အချို့စိတ်ကြွစေသော ဆေးဝါးများ အသုံးပြုသည့် အသက်အရွယ်သည် ၁၅ နှစ်ဝန်းကျင်ခန့်လည်း ဖြစ်လေ့ရှိကြောင်း HIV ကာကွယ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုမှ အရာရှိတစ်ဦးက ပြောသည်။
ဘိန်းကဲ့သို့ ဈေးမကြီးဘဲ နေရာအချို့တွင် အလွယ်တကူ ရရှိနိုင်ခြင်း၊ တစ်ပိုင်တစ်နိုင် လွယ်လွယ်ကူကူ ဆေးထုတ်လုပ်နိုင်ခြင်း၊ ဈေးနှုန်းသင့်တင့်သည့်အတွက် လူတိုင်းလက်လှမ်းမီခြင်း၊ ဘိန်းကဲ့သို့ အဖမ်းအဆီး မပြင်းထန်ခြင်း စသည့် အကြောင်းအရင်း
များစွာက ယခင် နယ်စပ်ဒေသများတွင်သာ အသုံးတွင်ကျယ်သည့် အခြေအနေမှ မြို့ကြီးများရှိ လူငယ်ထုများကြား စိတ်ကြွဆေးသုံးစွဲမှု တဖြည်းဖြည်း ပိုမိုမြင့်မားလာသည်။
ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံအဖြစ်လည်း သတ်မှတ်ခံရသည့် မြန်မာနိုင်ငံတွင် စိတ်ကြွဆေး ထုတ်လုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ဓာတုပစ္စည်းများမှာ ပြည်တွင်းတွင်မရှိဘဲ ထိုပစ္စည်းများအား အိမ်နီးချင်းနိုင်ငံများမှ ၀င်ရောက်လျက်ရှိကြောင်း မူးယစ်ဗဟိုမှ ထုတ်ပြန်ချက်များအရ သိရသည်။
စိတ်ကြွဆေး ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ပါဝင်သည့် ဆူဒိုအက်ဖတမင်း ပါဝင်သော အိမ်သုံးဆေးဝါးများ ဖမ်းဆီးရမိမှု အနေဖြင့် မြန်မာ-အိန္ဒိယ နယ်စပ်ဝင်ပေါက်များမှ အများဆုံး ဖမ်းဆီးရမိသည်ကို တွေ့ရှိရသည်။
တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်း ဖမ်းဆီးရမှုမှာ အိန္ဒိယပြီးလျှင် ဒုတိယအများဆုံးဖြစ်ကြောင်းသိရသည်။
အာရှနှင့် ပစိဖိတ်ဒေသတို့တွင် သုံးစွဲမှုအများဆုံးဖြစ်သည့် မီသမ်ဖီတာမင်းဆေးဝါးထုတ်လုပ်ရာ အဓိကနိုင်ငံများတွင်လည်း မြန်မာပါဝင်ကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။
စိတ်ကြွဆေးသည် ဗဟိုအာရုံကြော အဖွဲ့အစည်းကို နှိုးဆွခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ပေးသည်။
ထိုဆေးများ၏ စွဲမက်စရာ အာနိသင်များမှာ ဆေးသုံးစွဲထားသူအား တက်ကြွခြင်း၊ နိုးကြားထက်သန်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိခြင်း၊ သန်စွမ်းကြံ့ခိုင်ခြင်း စသည်တို့ကို ခံစားမိစေသည့်အတွက် သဘောကျ နှစ်သက်ကြခြင်းဖြစ်သည်။
သုတေသနများအရ လူများစုသည် အပျော်သဘော၊ ညနေချမ်း၊ ညချမ်းစိတ်ဖြေဖျောက်ရန်၊ မိတ်ဆွေများနှင့်အတူ အပန်းဖြေရန်တို့ဖြစ်ပြီး အချို့သူများမှာ မိမိတို့ အလုပ်ကို ပိုမိုပြင်းပြင်းထန်ထန်၊ အချိန်ကြာရှည်စွာ ပြုလုပ်နိုင်ရန် ခွန်အားရယူလိုခြင်းဖြစ်ပြီး အခြားအကြောင်း
များကြောင့် ဖြစ်သည့်အတွက် ငွေကြေးချမ်းသာသည့် အသိုင်းအ၀ိုင်းမှ လူငယ်များလည်း အသုံးပြုမှု များပြားကြကြောင်း ဘားနက်အင်စတီကျူဒ်မှ ထုတ်ဝေသည့် လက်ကမ်းစာစဉ်တွင် ဖော်ပြထားသည်။
"စိတ်ကြွဆေးဆိုတာ ၀ယ်ရတာ အရမ်းလွယ်တယ်။ တက္ကသိုလ်တက်ရင်းနဲ့ သုံးဖြစ်တာ ခြောက်နှစ်လောက် စွဲသွားတယ်။ စိတ်ကြွဆေးက သုံးထားတဲ့အချိန်ဆိုရင် စိတ်က အရမ်းကြည်လင်နေတယ်။
တိမ်တွေပေါ် လမ်းလျှောက်နေရသလိုပဲ။ အလုပ်တစ်ခုခု လုပ်ပြီဆိုရင်လည်း တစ်စိုက်မတ်မတ်ပဲ လုပ်နိုင်တယ်။
ဒါပေမဲ့ မသုံးရတဲ့ အချိန်မှာတော့ "ယဉ်းကိုက်" တယ်လို့ ခေါ်တယ်။စိတ်မငြိမ်ဘူး၊ ရင်ဘတ်ထဲမှာ ယားသလို ခံစားရတယ်။ ရင်ပူတာတွေ
ဖြစ်တယ်။
ရန်ကုန်မှာ အလုပ်လာလုပ်မှ ဆေးပြတ်သွားတာ။ ဒီမှာကတော့ လုပ်လို့မရဘူး။ အဖမ်းခံရမယ်လေ"ဟု လက်ရှိ ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေပြီး ရှမ်းပြည်နယ်မှ ပြောင်းရွှေ့လာသည့် ဆေးသုံးစွဲဖူးသူ အမျိုးသားတစ်ဦးကပြောသည်။
စွဲမက်စရာ မကောင်းလှသော ရုပ်ပိုင်းဆိုင်ရာ ယာယီအကျိုးသက်ရောက်မှုများမှာ ပြောနေ၊ စဉ်းစားနေသော အကြောင်းအရာများ ရုတ်တရက် ပြောင်းလဲသွားခြင်း (ထို့ကြောင့် ဆေးသုံးသူ ပြောပုံ၊ စဉ်းစားပုံကို နားလည်နိုင်ရန် မလွယ်ကူစေပါ) ၊ ကြောက်စိတ်မွှန်ခြင်း၊
စိတ်သောကရောက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ ခံတွင်းခြောက်ခြင်း၊ မူးဝေခြင်း၊ ရန်လိုခြင်း၊ ဒေါသဖြစ်လွယ်ခြင်း၊ ဖျားနာ၍မဟုတ်ဘဲ လွန်လွန်မင်းမင်း ကိုယ်အပူချိန်တက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း လက္ခဏာများအား အက်ဖီတမင်း ခန္ဓာကိုယ်ထဲ ရှိနေသည့်အချိန်တွင် ခံစားရနိုင်ကြောင်း သိရသည်။

--
Posted By အောင်မျိုးကျော် to Richard Aung at 9/22/2012 06:39:00 AM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ