[mrsorcerer:32046] [Richard Aung] ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို

ကိုကိုအောင်






ပြည်တော်ပြန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် က ပါတီသစ် တည်ထောင်၍ ရွေး ကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင် လို သောကြောင့် ၎င်းအတွက် အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေ အား ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။





"ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊ ရွေးကောက်ပွဲ ဝင်မယ်။ ဒါပေမယ့် အခြေခံဥပဒေက မြန် မာ နိုင်ငံမှာ ၁ဝ နှစ် အနည်းဆုံး ဆက်တိုက်နေမှ ရွေးကောက်ပွဲ ဝင်ခွင့်ရမယ်ဆိုတဲ့ ကန့်သတ် ချက်ကြောင့် အခက်ကြုံနေရပါတယ်။ ဒါကို ပြင်ပေးဖို့ လိုတယ်။ ပြင်ပေးဖို့လည်း တောင်းဆိုပါတယ်" ဟု ဦးမိုးသီးဇွန် က ပြော သည်။




၂ဝဝ၈ ခုနှစ်က အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ဝ (ဂ)တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး၏ အရည်အချင်း အ ဖြစ် "ရွေးကောက် တင်မြှောက်ခံရသည့် အချိန်နှင့် တဆက်တည်း ပြည်ထောင်စု မြန်မာနိုင်ငံ တော် တွင်အနည်းဆုံး ၁ဝ နှစ် အခြေချ နေထိုင် ခဲ့သူ" ဖြစ်ရမည်ဟု ဖေါ်ပြပါရှိသည်။




ပြည်ပရောက် အတိုက်အခံများ မြန်မာနိုင်ငံသို့ ပြန်လာလိုကြသော်လည်း ပြည်ဝင်ခွင့် ဗီဇာဖြည့်ရာကအစ ကန့်သတ်ချက်များ များလွန်း နေ ပြီး ယင်းသို့သောရှုပ်ထွေးသည့် လုပ်ထုံးများကြောင့် အခက်အခဲဖြစ်နေသည်ဟုလည်း ဦးမိုးသီးဇွန်က ဆိုသည်။




ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက် ကြိုဆိုနေသူများကို "ကျနော်တို့ အခက်အခဲ တွေ အများကြီးကြားထဲက ပြန်လာ နိုင်ခဲ့ ပါပြီ။ ကျနော်တို့ အရမ်းပျော်ပါတယ်။ ကျနော်တို့ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူ့ကိုမှ ဒုက္ခ မပေးပါ ဘူး။ ကျနော်တို့ရဲ့ပျော်ရွှင်မှုမှာ အားလုံး ပါဝင် ပါတယ်" ဟု ဦးမိုးသီးဇွန် က စက်တင်ဘာလ ၁၂ ရက်နေ့ တွင် နှုတ်ခွန်းဆက် စကား ဆိုခဲ့သည်။




၁၉၈၈ ခုနှစ်မှစတင်၍ ၂၃ နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလတွင်းမှ အဆမတန် တိုးပွားလာခဲ့သော Black list စာရင်းမည်းတွင် ပြည်ပနှင့် နယ် စပ်ရှိ အတိုက်အခံများ၊ နိုင်ငံခြားသားများ၊ သတင်းစာဆရာများ၊ မြန်မာအတိုက်အခံ များကို ထောက်ခံအားပေးသူ နိုင်ငံခြားသားများ လည်း ပါဝင်သည်။




နိုင်ငံခြားရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ပြန်ကြားရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန စသည်ဖြင့် ဌာနပေါင်းစုံမှ စုဆောင်း တင်ပြချက်အရ တား မြစ် သော စာရင်းတွင် လူတဦးထဲကိုပင် စာရင်းသွင်းမှု တကြိမ်ထက်ပို ပါဝင်နေတတ်ပြီးနိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံတော် ကုန်ကျငွေဖြင့် ပညာ တော် သင် သွားရောက်ပြီး ပြန်မလာ တော့သည့်သူများနှင့် "နိုင်ငံရေးနှင့် ငြိစွန်းသည်" ဟု ခေါ်ဝေါ်လေ့ရှိသော အတိုက်အခံ လှုပ်ရှားမှုနှင့် ပတ် သက်သူများကိုလည်း ပိတ်ပင်လေ့ရှိသည်။




မူလစာရင်းတွင် အရေအတွက် မည်မျှပါဝင်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အငြိမ်းစား နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ ဟောင်း တဦး အဆိုအရ နှစ်သောင်းခန့်ပင် ရှိခဲ့ဖူးသည်ဟု သိရသည်။




ပိတ်ပင်ထားသော စာရင်းမှ ဖယ်ရှားပြီးနောက် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိကြသော လူ့ဘောင်သစ်ဒီမို ကရစ်တစ် ပါတီ ခေါင်းဆောင် ဦး အောင်မိုးဇော်၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ဦးမောင် မောင်တို့လည်းမြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာကြပြီ ဖြစ် သည်။



--
Posted By အောင်မျိုးကျော် to Richard Aung at 9/22/2012 06:42:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ