---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/24
Subject: [လူဗိုလ်ဟူသည် ...] ဖိုးမောင်လာပြီ (မင်းသုဝဏ်)
To: lubo601@gmail.com
—
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/25/2012 01:15:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/9/24
Subject: [လူဗိုလ်ဟူသည် ...] ဖိုးမောင်လာပြီ (မင်းသုဝဏ်)
To: lubo601@gmail.com
မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၍
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ဆီးကြိုဟောင်သော်
'ဖိုးမောင်လာပြီ' ဆိုကြသည်။
ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ ၊ အသံမှာကား
'ညခါငါးထောင် ၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ'။
ဖိုးမောင့်သံကြား ၊ ကင်းသမားက
တံခါးကြီးအောက် ၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း ၊ ၀ဲတက်ချောင်းနှင့်
ခါးတွင်ကိုယ်ကိုင်း ၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ၊ ရွာကိုဝင်သည်
လူပင်လေလား ၊ တစ္ဆေလား။
တစ္ဆေမကြောက် ၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင် ၊ ညဥ့်မှောင်တွင်၌
သူလျှင်ငါးရှာ ၊ မကျွေးပါက
ထိုရွာသူသား ၊ လူအများတို့ 
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။
ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး ၊ လခြမ်းကွေး၍
ရွာဘေးကျီပျက် ၊ မှောင်နက်နက်မှ
ဇီးကွက်ကအော် ၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင် လာချိန်ပါတကား။
သို့ ဖြစ်သော်ငြား ၊ ခါတစ်ပါးသို့ 
တံခါးဝင်လို ၊ သူမဆိုဘဲ
'မောင်းကိုထုပါ ၊ လူစုပါဟေ့။
ရွာကိုဘေးမှ ၊ ကာကွယ်ကြလော့။
ဓားပြငါ့အား ၊ ဖမ်း၍ထား' ဟု
စကားမဆုံး ၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ ၊ ရွာလုံးညံသည်
ချောင်းယံပဲ့တင်ထပ်သတည်း။
ဖိုးမောင်နိဂုံး ၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ၊ ဟည်းလျက်ပါတည့်။
ဘယ်ခါမဆို ၊ ဆီးလင့်ကြိုသို့ 
မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ရမ်းရော်ဟောင်သော်
'ဖိုးမောင်လာပြီ' ဆိုဆဲပင်။
မင်းသုဝဏ်
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/25/2012 01:15:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ