[mrsorcerer:32459] တရုတ်တွင် ရွှေအ၀ယ်လိုက်၍ မာနေဦးမည့် ပြည်တွင်းရွှေဈေးကွက် Thursday 27th September 2012

တရုတ်တွင် ရွှေအ၀ယ်လိုက်၍ မာနေဦးမည့် ပြည်တွင်းရွှေဈေးကွက်
Thursday 27th September 2012

ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းနှင့်အတူ တရုတ်ပြည်မှအ၀ယ်လိုက်ေ
နေခြင်းကြောင့် ပြည်တွင်းရွှေဈေး ကွက်တွင်း အမြင့်ဈေးဖြင့်သာ
ဈေးကွက်တည်ငြိမ်နေဦးမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များထံက သိရှိရသည်။

"ကမ္ဘာ့ရွှေဈေးကြောင့်နဲ့ တရုတ်ဘက်ကလည်း အ၀ယ်ရှိနေတဲ့အတွက်
ပြည်တွင်းရွှေဈေး ပါလိုက်ပြီး မာနေတာ။ ဘယ်ဈေး ကွက်ပဲဖြစ်ဖြစ်
ဈေးကျရင် အရောင်းအ၀ယ်ဖြစ်တယ်။ ဈေးတက်ရင် အရောင်း အ၀ယ်အေးတာပါပဲ" ဟု ဗိုလ်ချုပ်ဈေးအ နီးမှ ရွှေအရောင်းအ၀ယ်
လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းလှိုင်က ပြောသည်။

တရုတ်ကုန်သည်များအနေဖြင့် ပြည်တွင်းရွှေဈေးကွက်တွင်းရှိ အခေါက်ရွှေအပေါ် စိတ်ဝင်တစား ကြိုက်နှစ်သက်မှုရှိကြောင်း၊ နယ်စပ်ကုန်သည်ကြီများမှ တဆင့်ဝယ်ယူမူများ၊ ကိုယ်တိုင်ဝယ်ယူ စုဆောင်းကြသူများလည်းရှိကြောင်း သိရသည်။

" ဈေးနှုန်းကြောင့် ဈေးကွက်ထဲမှာ အဝယ်မလိုက်ဘူး
ပြန်ပြီးရောင်းတဲ့သူတွေပဲရှိနေတာကို တွေ့ ရတယ်" ဟု မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြည်တွင်းရွှေဈေးကွက် အပြောင်းအလဲနှင့် ပတ်သတ်၍ ပြောသည်။

၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းတွင်း ကမ္ဘာ့ရွှေဈေးကွက်မြင့်တက်လာသော်လည်း
ပြည်တွင်းရွှေ ဈေးကွက် ဈေးနူန်းပြောင်းလဲမှုမရှိပဲ တစ်နှစ်တာအတွင်း ကမ္ဘာ့ရွှေဈေး၌တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၉၀၀) သို့ရောက်ရှိခဲ့ကာ ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျှင်
(၇၄၀၀၀၀) ကျပ်ဝန်းကျင်သာ ရှိခဲ့ကြောင့်သိရသည်။

"မနှစ်က တစ်အောင်စကို ကန် ၁၉၀၀ လာလောက်ပေါက်တာတောင်
ပြည်တွင်းမှာ ၇သိန်းတောင် မခွဲဘူး။ အခုက ၁၇၀၀ လောက်ပေါက်တာကို ၇သိန်း ၉သောင်းလောက်ဖြစ်နေတယ်။ ငွေဈေး တက်လာတဲ့နဲ့လည်း ဆိုင်မယ်ထင်ပါတယ်။" ဟု 'ရတနာ' ရွှေဆိုင်မှ ဒေါ်မြင့်မြင့်စန်းက လက်ရှိ အရောင်းအဝယ်ဈေးကွက်အပေါ် ၄င်းအမြင်ကိုပြောသည်။

လက်ရှိတွင်(စက်တင်ဘာ ၂၆) ကမ္ဘာ့ရွှေဈေးကွက်၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၇၆၃.၃၀)တည် ရှိပြီး ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် (၇၈၆၀၀၀) ကျပ်ဈေးပေါက်ကြောင်း
သိရသည်။

ငွေကြေးလဲလှယ်ဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင်
မြန်မာကျပ်ငွေ (၈၆၂)ကျပ် ဈေးရှိကြောင်း သိရသည်။

ရန်နိုင် (မြစ်မခ)
Myit Makha Mediagroup


--
----------------------
နတ်မိမယ် (SSH)


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ