စစ်တွေတွင် ရခိုင် လူငယ် တစ်ဦး သတ်ဖြတ်ခံရ
အရေးအခင်း ဖြစ်ပွားပြီး ၄ လခန့်အကြာ ယနေ့တွင် စစ်တွေ၌ ရခိုင်ကလေးငယ် တစ်ဦး အသတ်ခံလိုက် ရကြောင်း သတင်း ရရှိသည်။
အသတ်ခံရသူ လူငယ်မှာ ရေခဲချောင်းရောင်းနေသော စစ်တွေ ကျေးတောရွာမှ ဦးစောမောင်နှင့် ဒေါ်မချေတို့၏ သား အောင်နိုင်ဦး ဖြစ်ကြောင်း သိရသည်။
သူ့အား သတ်ဖြတ်သူများမှာ စစ်တွေ အင်ဘာလာရပ်ကွက် (အောင်မင်္ဂလာရပ်ကွက်)မှ ဘင်္ဂလီ မွတ်ဆလင်များ ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောသည်။
ယခုအခါ အောင်နိုင်ဦး အလောင်းအား စစ်တွေ ဆေးရုံကြီးသို့ ယူဆောင်လာကြောင်း မျက်မြင်များက ပြောသည်။
အောင်နိုင်ဦးသည် ယခုလအတွင်း ဒုတိယ အကြိမ်မြှောက်သတ်ဖြတ်ခံရသူ ဖြစ်ပြီး ယခုလ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေကို ကျောက်တော် ပိုက်သည်ရွာမှ မွတ်လဆင် အုပ်စု တစ်စုက သတ်ဖြတ်ပစ်ခဲ့သည်။
ယနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်မှ ရေခဲချောင်းရောင်းသော ကလေးတစ်ဦးသည် စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီ ရပ်ကွက်အတွင်းသို့ ရေခဲချောင်းသွားရောင်းရာမှ ပြန်ထွက်မလာသဖြင့် စစ်တွေမြို့ပြည်သူများမှ သေပြီဟုယူဆကာ မွန်းလွဲ ၁ နာရီခန့်တွင် သံဃာတော် တစ်ရာကျော်ခန့်နှင့် လူဦးရေ သုံးထောင်ခန့်စုဝေးကာ အဆိုပါရပ်ကွက်အတွင်း သို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ရေးရာတာဝန်ရှိသူများ၊ ရဲများနှင့် စစ်တပ် တစ်တပ်တို့ အဆိုပါပြည်သူများကို တားဆီးရန် ရောက်ရှိနေကြပြီး ညနေ ၄ နာရီခန့်တွင် ရဲ ၆၀ ဦးခန့်က ပြည်သူများကို တားဆီးနေပြီး စစ်တပ်က မီးတိုင်တစ်တိုင်အကွာခန့်တွင် တပ်စွဲထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ကော်မတီဥက္ကဌ ဦးလှသိန်းက Eleven Media Group သို့ ပြောကြားသည်။
ပြည်သူများကို ဗိုလ်မှူးကြီး ထိန်လင်းက ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း ပြောဆိုခဲ့ကာ ပြည်သူများက ကလေးကို ထုတ်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။
ညနေ ၄ နာရီခွဲခန့်တွင် ဗိုလ်မှူးကြီးထိန်လင်းက သံဃာတော်များနှင့် တွေ့ဆုံခဲ့ပြီး လောလောဆယ် ကလေးကို ရှာနေပါကြောင်း၊ အချိန်အတိုင်းအတာ တစ်ခုအတွင်း ကလေးကိုတွေ့အောင် ဆောင်ရွက်ပေးပါ့မည်ဟု ပြောဆိုကြောင်း သိရသည်။
ယခုအခါ ပြည်နယ်အစိုးရ လွှတ်တော်ကိုယ်စားလှယ်များလည်း ရောက်ရှိလာကြောင်း သိရသည်။
(အရေးပေါ်သတင်းပေးချက် )ရခိုင် ကလေးငယ် တစ်ဦးစစ်တွေမြို့  အင်ပါလာရပ်ကွက်တွင်ပြင်းထန်ဒဏ်ရာရ
ယနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်မှ ရေခဲချောင်းရောင်းသော ကလေးတစ်ဦးသည် စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီ ရပ်ကွက်အတွင်းသို့ ရေခဲချောင်းသွားရောင်းရာမှ ပြန်ထွက်မလာသဖြင့် စစ်တွေမြို့ပြည်သူများမှ သေပြီဟုယူဆကာ မွန်းလွဲ ၁ နာရီခန့်တွင် သံဃာတော် တစ်ရာကျော်ခန့်နှင့် လူဦးရေ သုံးထောင်ခန့်စုဝေးကာ အဆိုပါရပ်ကွက်အတွင်း သို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ရေးရာတာဝန်ရှိသူများ၊ ရဲများနှင့် စစ်တပ် တစ်တပ်တို့ အဆိုပါပြည်သူများကို တားဆီးရန် ရောက်ရှိနေကြပြီး ညနေ ၄ နာရီခန့်တွင် ရဲ ၆၀ ဦးခန့်က ပြည်သူများကို တားဆီးနေပြီး စစ်တပ်က မီးတိုင်တစ်တိုင်အကွာခန့်တွင် တပ်စွဲထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ကော်မတီဥက္ကဌ ဦးလှသိန်းက Eleven Media Group သို့ ပြောကြားသည်။ ပြည်သူများကို ဗိုလ်မှူးကြီး ထိန်လင်းက ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း ပြောဆိုခဲ့ကာ ပြည်သူများက ကလေးကို ထုတ်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။ ညနေ ၄ နာရီခွဲခန့်တွင် ဗိုလ်မှူးကြီးထိန်လင်းက သံဃာတော်များနှင့် တွေ့ဆုံခဲ့ပြီး လောလောဆယ် ကလေးကို ရှာနေပါကြောင်း၊ အချိန်အတိုင်းအတာ တစ်ခုအတွင်း ကလေးကိုတွေ့အောင် ဆောင်ရွက်ပေးပါ့မည်ဟု ပြောဆိုကြောင်း သိရသည်။ ယခုအခါ ပြည်နယ်အစိုးရ လွှတ်တော်ကိုယ်စားလှယ်များလည်း ရောက်ရှိလာကြောင်း သိရသည်။
အသတ်ခံလိုက်ရသော ရခိုင်လူငယ်ရဲ သတင်းအချက်အလက်ပါ။
--------------------------------------------------
အင်ပါလာရပ်ကွက်က ကုလားတွေက ရေခဲချောင်းရောင်းတဲ့ ရခိုင်လူငယ်တယောက်ကို ဒီနေ့ ညနေ ၃ နာရိပတ်ဝင်လောက်မှာ ၀ိုင်းပြီးတော့ ရိုက်သတ်အသတ်ခံပါတယ်။ ကလေးနာမည်ကတော့ အောင်နိုင်ဦးပါ။ သူအဖေ နာမည်ကတော့ ဦးစောမောင် အသက်ကတော့ ၁၂ နှစ်ပတ်ဝန်ကျင်လောက်ရှိပါတယ်။ ဇာတိကတော့ ကျေးတောရွာ၊ စစ်တွေမြို့နယ်မှ ဖြစ်ပါတယ်။ အခုအချိန်မှာ အင်ပါလာရပ်ကွက်ကို ရဲလုံခြုံရေးများက အပြည့်အ၀ ကာကွယ်ထားကြပြီး အခုဆိုရင် ရခိုင်များ၊ ရဟန်သင်္ဃာများက အဲဒီရပ်ကွက်ကို ရွေ့ပေးဖို့ နဲ့ ရခိုင်နဲ့ ဝေးရာ ဒေသများကို ခေါ်ဆောင်သွားဖို့အတွက် တောင်းဆိုနေကြပါတယ်။ ကလေးကိုတော့ စစ်တွေဆေးရုံးကနေ စစ်တပ် ဆေးရုံးသို့ ယူဆောင်သွားပြီး ဒဏ်ရာမှာ သေလောက်အောင်ထိ ပြင်းထန်းကြောင့်သိရပါတယ်။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ