| သမိုင်းတွင်မည့် လူထုစည်းဝေးပွဲကြီး ( ဒုတိယပိုင်း) | ||||
|
ဒုတိယမြောက်နေ့ လူထုအစည်းအဝေးကြီးကို တက်ရောက်လာတဲ့သူတွေကတော့ ပထမနေ့ထက်ပိုပြီး စိတ်အားတွေ ထက်သန်နေကြတယ်။ အစည်းအဝေးကြီးရဲ့ ဆုံးဖြတ်မှုတွေဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ အနာဂတ်ရှင်သန်မှု ဖြစ်လာပါနိုင်လိမ့်မည်ဟု မျှော်လင့်လို့နေကြတယ်။
ယမန်နေ့ နံနက် (၈)နာရီမှာ ဒုတိယနေ့မြောက် လူထုစည်းဝေးပွဲကိုစတင်ခဲ့ရာ ရခိုင်အရေးကျွမ်းကျင်သူတွေဖြစ်ကြတဲ့ " ဒွါရာဝတီအသျှင်ကုသလက ရခိုင်လူမျိုးနှင့် အနာဂတ်သာသနာ၊ ဦးမောင်ကျော်ဇော(နောင်အေး)က အရှင်ဇယန္တဗောဓိ၏ အမည်သညာ ခေါ်စရာကား၊ ဦးထွန်းသာလှက ဗြိတိသျှတို့၏ ဆိုးမွေခံမယူဒေသရခိုင်လူမျိုးတို့၏ ဘေးဒုက္ခများ၊ ဒေါ်ခင်စောတင့်က ရခိုင်ပြည်သူပြည်သားများ သိထားသင့်သည့် အကြောင်းအကျိုးများ၊ ပံသုခင် အေနိတိုင်းရင်းသားနိုင်ငံသားပြဿနာ၊ သားလှ(ရသေ့တောင်) ကမေယုမြစ်ဝှမ်းပညာရေးအခြေအနေ၊ အရှင်မုနိဓဇက ရခိုင်-ဘင်္ဂလီ အတူနေနိုင်ရေး၊ ဦးကျော်လှအောင်(ရခိုင်)က ရခိုင်ပြည်နယ်နှင့် ဘင်္ဂလီအန္တရာယ်၊ ဦးစံရွှေမောင်က မာန်အောင်မြို့နယ် စာရေးဆရာများအသင်း၏ လေးရပ်ဝတီညီညွတ်စီစာတမ်း၊ ဦးမောင်ကျော်သာက ဘင်္ဂလီ- ရခိုင်ပြဿနာအဖြေရှာ၊ ဦးအေးကျော်က ဦးမြသိန်း(ညွှန်ချုပ်/ငြိမ်း-မြေစာရင်း)၏ ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးနိုင်ရေးစာတမ်း၊ ဦးမောင်ကံပေါ်က ဘင်္ဂါလီကုလားများနှင့်ပစ္စုပ္ပန် အနာဂတ်ပြဿနာများ၊ မင်းပြား မင်းသိန်းထွန်းက အားလုံးနှင့်ဆိုင်ရေ၊ ဦးဦးဘသိန်း က ရခိုင်လူ့အဖွဲ့အစည်းကိုလေ့လာသုံးသပ်ချက်။ " စတာတွေကို သမိုင်းပညာရှင်များပီပီ အချက်လက် အထောက်အထားနဲ့ ဖတ်ပြခဲ့တော့ တက်ရောက်လာသူ လူထုတွေရဲ့ ရင်ထဲမှာ မှတ်သားစရာတွေနဲ့ ပြည့်နှစ်နေကြတယ်။
ဒီနေ့မှာ လုံခြုံရေးအဖွဲ့ဝင်တို့ကိုလည်း အနည်းသာတွေ့ရှိရတယ်။ လာရောက်နားထောင်ကြတဲ့ ပရိသတ်မှာလည်း မနေ့ကထက် အနည်းငယ်များပြားတာကို တွေ့ရတယ်၊
ဒီနေ့ အစည်းအဝေးဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ အဆုံးအဖြတ်ကိုဖော်ထုတ်မည့် အရေးပါတဲ့ ဆွေးနွေးပွဲဖြစ်တာနဲ့ ကျင်းပရေးကော်မတီဝင်တွေ အပါအ၀င် ပညာရှင်တွေ၊ မြို့နယ်ကိုယ်စားလှယ်တွေဟာ အားကြိုးမာန်တက် စိစစ်ညှိနှိုင်းမှုတွေပြုလုပ်နေကြရတယ်။
ညနေ (၅)နာရ်ီအချိန်မှာတော့ သဘာပတိထံမှ ရခိုင်တိုင်းရင်းသားတို့၏ ရပိုင်ခွင့်အခွင့်အရေးများနှင့် ပတ်ဆက်၍ အစိုးရထံတောင်းဆိုချက် (၁၈)ထွက်ပေါ်လာခဲ့တယ်။ နောက်တဖန် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီတွေဟာ အတူနေထိုင်ခြင်း၊ ရခိုင်တိုင်းရင်းသားတို့၏ ဘဘာဝသယံဇာတ၊ ယဉ်ကျေးမှုများကို ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေမှုတွေကို ကန့်ကွက်တဲ့ချက်ပါ ကန့်ကွက်ချက်(၆)ချက် ထွက်ပေါ်လာခဲ့တယ်။
ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တွေကလည်း ရခိုင်ဒေသလူထုအစည်းအဝေးက နိုင်ငံတော်သို့ တင်ပြတောင်းဆိုချက်တွေ၊ ကန့်ကွက်ချက်တွေ၊ အကြံပြုချက်တွေကို အင်တိုက်အားတိုက် ထောက်ခံကူညီပေးဖို့ အကြံပြုတိုက်တွန်းခဲ့တယ်။ ရခိုင်လူမျိုးအတွက် ရခိုင်အကျိုးအတွက် ကိုယ်စားပြုပါတီတွေဟာ တကွဲတပြားမဆောင်ရွက်ဘဲ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ရခိုင်ပြည်နယ်ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအဖွဲ့အသင်းအဖွဲ့အစည်းတွေ၊ ပြည်ပတွင်ရှိနေကြတဲ့ ရခိုင်လူမျိုးအသင်း အဖွဲ့အစည်းတွေဟာ ကွန်ယက်သဖွယ် အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြဖို့ကို တိုက်တွန်းနိုးဆော်ခဲ့တယ်။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်ရှိနိုင်ငံရေးပါတီတွေရဲ့ ခံစားချက်၊ ရခိုင်ပြည်သူတစ်ရပ်လုံ၏ ခံစားချက်များတွေဟာ တစ်ထပ်တည်းကြနေတာကို ရခိုင်ဒေသလူထုအစည်းအဝေးကြီးက မီးမောင်းထိုးပြလိုက်တာဖြစ်တယ်။
ရခိုင်ပြည်ရှိနိုင်ငံရေးပါတီတွေနေနဲ့ ရခိုင်လူထုရဲ့အသံတွေ တစ်သံတည်းထွက်လာအောင်၊ ရခိုင်လူထု အစည်းအဝေးကျင်းပအောင် ဖန်းတီပေးလိုက်တာက ဇွန်လက ဖြစ်ပွါးခဲ့တဲ့ ဘင်္ဂလီ- ရခိုင် အဓိကရုဏ်းကြောင့်လို့ ဆိုရင်မှားမည်မထင်ပါ။
ရခိုင်လူထု အစည်းအဝေးပေါ်ပေါက်လာရခြင်း အခြေခံအကြောင်းတရားတွေ အများကြီး ရှိခဲ့ပါပြီ။ ဗြိတိသျှ နယ်ချဲ့တွေရဲ့ ယုတ်မာကောက်ကျစ်မှုကအစ ၁၉၄၂ ခုနှစ် ရခိုင်တို့ရဲ့ သွေးမြေကျခဲ့ရတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ် ရခိုင်တိုင်းရင်သားတို့ ပိုင်ဆိုင်လေသမျှ ဘိုးဘွာပိုင်လယ်မြေတွေ တိုင်းတစ်ပါးသား ဘင်္ဂလီများလက်ထဲရောက်ခဲ့ရတယ်။ ဒေသခံတိုင်းရင်းသားတွေ နယ်ရပ်ကို စွန့်ခွါခဲ့ရတယ်။ အဲဒီနောက်ပိုင် ယနေ့ထက်ထိ သက်သေမပေါ်၊ လက်သည်မရှိ၊ လူမသိ၊ သူမသိ သတ်ဖြတ်ခံခဲ့ရတယ်။
၂၀၁၂ ခုနှစ် ဇွန်လအရေးခင်းဖြစ်ပေါ်လာအောင် ဖန်တီပေးလိုက်ကြပြန်ပြီ။ လူသားချင်းစာနာပါတယ်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာကြပါဆိုတဲ့ ဆောင်ပုဒ်အောက်က အော်သံတွေဟာ သွေးမြေကျစေဖို့၊ အိုးမဲ့အိမ်မဲ့ဖြစစေဖို့၊ ဘင်္ဂလီများနှင့် ထိစပ်ကာ နေထိုင်သူတွေကို ဂျီးလန့်စာစား ဘ၀ဖြင့် သူတို့ရဲ့ အသက်အိုးအိမ်တွေကို ခြိမ်းခြောက်ခံနေရအောင် ဘင်္ဂလီများကို အားဆေးတွေ သွင်းပေးလိုက်တာဖြစ်တယ်။
အတိတ်ကာလမှာ ရခိုင်လူမျိုးတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးခဲ့ရသလို လက်ရှိပစ္စုန်ပါန်မှာလည်း ခံနေရဆဲ၊ ဒီလို အဖြစ်အပျက်ဆိုးကြီး၊ အနိဌာရုံမြင်ကွင်းတွေကို မမြင်လိုပေပြီ၊ အနာဂါတ်တွင် ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့အောင် အမွှေဆိုးကြီးကို လက်ဆင့်ကမ်း မပေးလိုကြပြီး၊ ဒီလိုအဖြစ်ဆိုးကြီး ဒီမှာပင်အဆုံးသတ် စေနိုင်ရန် ရခိုင်လူထု အစည်းအဝေးကြီးက ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့ကြတယ်။
ယနေ့ကျင်းပလိုက်တဲ့ ရခိုင်ဒေသလူထု အစည်းအဝေးကြီးက ချမှတ်လိုက်တဲ့ တောင်းဆိုချက်တွေ၊ ကန့်သတ်ချက်တွေကို နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ပေးမယ်။ နိုင်ငံတကာက လေးစားလိုက်နာ ခဲ့မယ်ဆိုရင် ဒီရခိုင်ဒေသ လူထု အစည်းအဝေးကြီးက ရခိုင်လူမျိုးတို့၏ ဘ၀ကို တစ်ဆက်ချိုးပြောင်းလဲ ပေးနိုင်လိမ့်မယ်။
ရခိုင်ဒေသ လူထုအစည်းအဝေးဖြစ်မြောက်ရေး ကော်မတီဝင်းများ၏ ကြိုးပန်းဆောင်ရွက်မှု၊ နိုင်ငံရေးအဖွဲ့ အစည်းများနှင့် လူထုကိုယ်စားများ၏ ပူးပေါင်းဆောင်ရွက်မှု ကြောင့် ရခိုင်တစ်မျိုးသားလုံး၏ ဘ၀ကိုပြောင်းလဲနိုင်မည်ဆိုက ရသေ့တောင် လူထု အစည်းအဝေးသည် သမိုင်းတွင်သော လူထုစည်းဝေးပွဲကြီးဖြစ်လာတော့မည်။
--မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ


