[mrsorcerer:32697] မတူကွဲပြား လူမျိုးများအကြား အတူလက်တွဲနေထိုင်နိုင်ရေး

မတူကွဲပြား လူမျိုးများအကြား အတူလက်တွဲနေထိုင်နိုင်ရေး

           အရပ်ဒေသ၌ စုစည်းနေထိုင်ကြသောရုပ်ပိုင်းဆိုင်ရာစရိုက်လက္ခဏာတူညီသည့် လူ့အုပ်စုတို့ကျွိုခေန  လူမျိုးဟူ၍ခေါ်ဝေါ်ကြသည်။ လူမျိုးဟူသည် လူမျိုးတစ်မျိုးနှင့် တစ်မျိုးပေါင်းစပ်ယှက်နွယ် ၍သာ ပေါ်ထွန်းလာ ခဲ့ကြခြင်းဖြစ် သည်။ အမျိုးမရော၊ သွေးမနှောသောမျိုးကောင်းမျိုးသန့်သည့်လူမျိုးဟူ၍ ကမ္ဘာ ပေါ်၌မရှိတော့ပေ။ အမျိုးအနွယ်၊ လူမျိုးရေး ကွဲပြားမှု သည် လူမျိုးစွဲစိတ်ဖြင့် လူသားစိတ်ပျောက်လျက် အမျိုးဂုဏ်မောက် ရန်မဟုတ်ဘဲ၊ အမျိုးသားရေးစိတ်ဖြင့် အမျိုးသားရေး တာဝန်ကျေပွန်ကာ မိမိအမျိုးသား တို့အပေါ် ကောင်းကျိုး ဆောင်ကြဉ်းနိုင် ရေးသာဖြစ်၏။

                   လူမျိုးတို့သည် တူရာတူရာစု၍ မိမိတို့အစုအဝေးအတွက် ဂုဏ်ယူတတ်ကြသည့် ဘာသာတရား၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်ပုံ၊ စားသောက်နေထိုင်ပုံ၊ စိတ်နေသဘော ထားတူညီမှ မိမိတို့ အသိုက် အ၀န်း၊ မိမိတို့အစုအဝေးမှ ဖြစ်သည်ဟု ခံယူတတ်ကြသည်။ လူမျိုးတို့သည် ရှေးကျလေလေ၊ အဆိုပါ ခံယူချက် ကြီးလေလေဖြစ် သည်။ ရှေးကျသော လူမျိုးဖြစ်စေ၊ နှောင်းကျသောလူမျိုးဖြစ်စေ၊ လူမျိုးတိုင်းတွင် တူမှ တည့်သည့် သဘောအနည်းနှင့် အများရှိကြစမြဲဖြစ်၏။Sense of Identityသည် လူသားတိုင်း၌ ရှိကြ၏။ ယင်း သဘာဝစိတ်အခြေခံသည် လူမျိုးရေးစိတ်ဓာတ်တို့ကို ဖြစ်ပေါ်စေပြီး မိမိတို့ နိမ့်ကျချိန်တွင် အစွန်းရောက် အမျိုးသားရေး စိတ်ဓာတ်များဖြင့် တုံ့ပြန်တတ်ကြ၏။ လူမျိုးတို့ကွဲပြား မှုသည် သဘာဝတူမှ တည့်လိုသည့် ကလည်း သဘာဝ၊ မိမိနှင့် မတူသော မိမိအနား၌ရှိသူကို ရန်သူဟူ၍ ခံယူတတ်ကြ သည်က လည်း သဘာဝ၊ ထိုသဘာဝ တို့သည်ကောင်း ကျိုးဆောင်နိုင်သကဲ့သို့ တခါတရံတွင် အစွန်းထွက်၍ ဆိုးဘက် ပါနိုင် ၏။ ယင်းသဘာဝကို အသိပညာ၊ ဉာဏ်အမြော် အမြင်အားဖြင့် သာ လျော်ကန် သင့်မြတ် အောင်ပြုနိုင် စွမ်း ၏။

                   လူမျိုးစုတစ်စု၊ အုပ်စုတစ်စုအား မိမိတို့ကိုယ်ကျိုးအတွက် မိမိတို့လက်အောက်၌ အနှိမ်ခံဘ၀ဖြင့် ထိန်းချုပ် ထားနိုင်ဖို့ ရည်ရွယ်၍ ထိုလူမျိုး၏တိုးတက်ပွားများမှုအစုစုကို ပိတ်ပင်တားမြစ်ရန် ရည်ရွယ်ချက် ပါသော အရေးအသား၊ အပြောအဆို၊ ခံယူချက်တို့ကို လူမျိုးရေးဝါဒRacism)ဟုလည်းကောင်း၊ ထိုဝါဒကို လက်တွေ့ အသက်သွင်းသောစနစ်ကို လက်တွေ့အသုံးချလူမျိုးရေးဝါဒ (Racialism)ဟုလည်းကောင်း ခေါ်ဆို၏။ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူ့အုပ်စုတစ်စုကို ဖြစ်စေ၊ အခြားလူမျိုး၊အခြားအုပ်စုတို့နှင့် တူညီသော စံတန်ဖိုးများ မပေး၊ ညီမျှသောအခွင့်အရေးကို မပေးဘဲ၊ ၎င်းတို့၏ရပိုင်ခွင့်ကို ငြင်းဆန်ခြင်းနှင့် ထိုသို့ အခွင့်အရေး များပိတ်ဆို့ဖို့ ပေါ်လစီများ၊ ဥပဒေများချမှတ်လုပ်ဆောင်ခြင်းသည် လူမျိုးရေးလက်တွေ့ အသုံးချ လူမျိုးရေးဝါဒ(Racialism)ပင်ဖြစ်၏။ လူမျိုးစုတစ်စုအပေါ် အခြားတစ်စုက လွှမ်းမိုးဖို့၊ လူမျိုးစုများအလယ်၌ လူမျိုး တစ်မျိုးကို ပိုမိုအထင်ကြီးစေဖို့ မိမိတို့အသာရစေဖို့ ပြုလုပ်သောလုပ်ဆောင်ချက်အ၀၀သည်လည်း လူမျိုးရေးဝါဒ၌ အကျုံးဝင်၏။ မိမိတို့သည် ဘာမျိုးဘာနွယ်ဟူ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုသော စိတ်ကြီး ၀င်မှုမျိုးကို လူအများ၏စိတ်အခြေ၌ တွန်းထိုးထည့်သွင်းပေးခြင်း၊ လူမျိုးရေးစိတ်အစွဲတို့ကို ဖြစ်ပေါ်စေတတ်၏။

      လူမျိုး တစ်မျိုးသည် အမျိုးအားဖြင့် မြတ်ခြင်းဆိုသည်ထက်၊ လက်တွေ့မျက်တွေ့အားဖြင့် တကယ်မြတ်သော စံနမူနာများ၊ ဂုဏ်သိက်္ခာရှိသောအကျင့်အမူများ၊ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ချက် များအားဖြင့် မိမိတို့ အမျိုးဂုဏ် ကို ဆောင်တတ်ေ၇း၊ မိမိတို့အမျိုးကို ဂုဏ်ယူတတ်ရေးအသိ အမြင်မျိုးသာဖြစ်ထွန်းစေသင့်သည်။ အစ္စလာမ် ဘာသာ ကိုးကွယ် သူမှန်သမျှ ""ကုလား""ဟူသောအခေါ်အဝေါ်သည် မြောက်အမေရိကတိုက်တွင် လူဖြူ၊ လူမဲခွဲခြား ရန် လူမဲများကို Nigger  ဟုခေါ်ခြင်းမျိုးပင်ဖြစ်သည်။ ဘူးသီးတောင် ၊မောင်တော ဒေသရှိ မွတ်စလင်မ် တို့အား ""ဘင်္ဂါလီများ""ဟုခေါ်ခြင်းသည် ကိုဆိုဗိုဒေသသားတို့အား အယ်လ်ဘေးနီးယန်းများဟု ခေါ်သကဲ့ သို့သာ ဖြစ်သည်။ လူမျိုးတစ်မျိုးအပေါ် သိက်္ခာချ လိုသောသဘောဖြင့် နှိမ့်ချလိုသော သဘောဖြင့် မဖွယ်မရာ အမည် တပ်ခြင်းသည် Racist Discourse လူမျိုးရေးအစွဲပါသော ပို့ချချက်များသာဖြစ်သည်။ မြန်မာနိုင်ငံ တွင်း၌ လူမျိုးရေး အစွဲတို့ကို စေ့ဆော်သည့် ""အမျိုးပျောက်မှာ စိုးကြောက်စရာ""၊ ""သိအောင်လုပ်ကြ၊ မညံ့ကြ နှင့်""၊ ""ကိုယ့်တော့်ဂရုဏာ""၊ ""ဗုဒ္ဓမြစ်ဖျားနှင့် သမိုင်းရှုထောင့်"" အစရှိသော စာအုပ် စာတမ်း များသည် Racist Discourseများပင်ဖြစ်သည်။ စာအုပ်ပါအချက်အလက်တို့သည် အမှန်တရား၊ အရှိတ၇ားနျင့် ဝေးကွာ လွန်းလှ၏။

      ""မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်""ဟူသော လ၀က ရုံးများရှိ ဆိုင်းဘုတ်များသည် ပြည်တွင်း နေဘာသာခြားတို့အပေါ် နာမ်နှိမ်ရန် ဟူသော လွဲမှား သောအမြင်များကို ဖြစ်ပေါ်စေသည်။ ကမ္ဘာ့ သမိုင်း၌ မြေမြို၍ လူမျိုးပြုတ်ဖူး၏။ ရေမြို၍လည်း လူမျိုးပြုတ်ဖူး၏။ လေမြို၍ လည်း လူမျိုးပြုတ်ဖူး၏။ ရောဂါကပ် ဘေးများ မြို၍လည်း လူမျိုးပြုတ်ဖူး၏။ ပျူ၊ သက်၊ ကမ်းယံလူမျိုး များသည် မည်သည့်လူမျိုးက ၀ါးမျို၍ အမျိုးပြုတ်ခဲ့ သည်ဟု ဆိုရန် အခိုင်အမာအထောက် အထားမရှိပေ၊ ကွဲပြား သောဘာသာ တရားအခံရှိသော၊ ကွဲပြားသော လူမျိုးများ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်နိုင်စေဖို့၊ အနှောင့် အယှက်ဖြစ် စေသောအကြောင်းတွင် Racist Discourseများသည် အဓိကအခန်းကဏ္ဍ၌ ပါဝင်၏။

          ကမ္ဘာ့သမိုင်းကို လေ့လာလျှင် လူမျိုးရေးဝါဒီတို့သည် မိမိတို့ဝါဒကိုJustify ပြုလုပ်ရန် အမျိုးမျိုးဆင်ခြင် ဆင်လက်များပေးကြသည်။ ကိုလိုနီအစိုးရများက မိမိတို့၏ကိုလိုနီနယ်မြေတို့ရှိ တိုင်းသူပြည်သားတို့သည် ယဉ်ကျေးမှုခေါင်းပါးသည်၊ ပညာမဲ့သည်၊ ထိုလူမျိုးများကို ယဉ်ကျေးစေဖို့ ထိုနယ်မြေကို ကိုလိုနီပြုရခြင်း ဖြစ်ကြောင်း အကြောင်းပြ၏။ ကိုလိုနီစနစ်၊ ကံကြွေးချကျွန်စနစ်တို့သည် လူမျိုးေ၇း ခွဲခြားမှု၊ မိမိတို့လူမျိုးသည် နောက်လူမျိုးတစ်မျိုးထက် မြတ်သည်ဟူသော လူမျိုးစွဲစိတ်ဓာတ်ကြောင့် ပေါ်ထွန်းခဲ့ ရသည်။ ကိုလိုနီလက်အောက်ခံတို့ကလည်း မခံချင်စိတ်ဖြင့် မိမိတို့ လူမျိုး၏ဂုဏ်ကို တန်ပြန်ထုတ် ဖော်တတ်ကြ ၏။ ထို့ကြောင့်ကိုလိုနီနိုင်ငံများတွင် အမျိုးသားနိုင်ငံ၊ အမျိုးသားရေးဝါဒ (Nationalism)များထွန်းကား လာခဲ့သည်။ (Nationalism)နှင့်Racialism သည် တူသယောင်နှင့်ကွဲပြာ၏။ အမျိုးသားေ၇း ၀ါဒမှာ လူ့အဖွဲ့ အစည်း အတွင်း ယဉ်ကျေးမှုနှင့် တန်ဖိုးစံများမတူကွဲပြားခြားနားမှုများကို လစ်လျူရှုကာ ဘုံတူရာကို စုပေါင်း လိုက်ပြီး အမျိုးသားနိုင်ငံအတွက်သာ ဦးတည်ချက်ထားကာ နာအတူခံ၊ သာအတူစံ စိတ်ဓာတ် မျိုးဖြစ်သည်။

ထိုသဘောတရားကို အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းက ဒီးဒုတ်ဂျာနယ်၊ အတွဲ၊ စာမျက်နှာ(၄၁)၊ ၁၉၃၅၊ဇူလိုင်လ-၂၇၊ စာမျက်နှာ(၅-၆)တွင် ဤသို့ရေးသားဖော်ပြခဲ့၏။ ""သွေးတူခြင်းထက် စိတ်ကူး တူခြင်း၊ ရှေးဟောင်းနှောင်းခေတ်တွင် ဒိုးတူဘောင်ဘက်ပြုဖူးသည်များကို မှတ်မိခြင်းတို့က အမျိုးသားေ၇းစိတ်ဓာတ်ကို ပိုမိုဖန်တီးလေသည်""၊ ထို့အပြင် ၁၉၄၆ခုနှစ်၊ ဇန်န၀ါရီလ(၂၆)ရက်နေ့၊ ရွှေတိဂုံ အလယ်ပစ်္စယံ၌ ကျင်းပသော ဖဆပလညီလာခံ၌လည်း ဤသို့မိန့်ခဲ့ပြန်သေးသည်- ""လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ဒ အတူခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစေ်္စဒရှည်လျားစွာတစ်မျိုးတစားတည်းဟု စိတ်ထား ရှိသူတို့ကို တစုတစည်းတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ် သည့် ဘာသာတရား၊ ပြောဆိုသည့်ဘာသာစကားတို့ကို အရေးထားရမည့်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူပူအမျှ၊ ကောင်း တူဆိုးဖက် ပူးပေါင်းလျက်နေလိုသောအစဉ်အလာဆန်္ဒပေါ်တွင် ၀ံသာနုရက်္ခိတတရားသည် တည် နေပေ သည်""။ လူမျိုးရေးစိတ်ဓာတ် ဆိုသည်မှာ မိမိလူမျိုး၏ အတ်္တအကျိုး စီးပွားကို ရှေ့တန်းတင်ပြီး၊ လူမျိုးရေး ကွဲပြားမှုကို အဓိကအာရုံပြုကာ အဆိုးဘက်ဆောင်၏။ အမျိုးသားေ၇းစိတ်ဓာတ်ကမူ ကွဲပြားမှုကို မျက်ကွယ်ပြု ၍ နိုင်ငံတော် အကျိုးကို သာ ရှေ့တန်းတင်သောကြောင့် အကောင်း ဘက်ဆောင်၏။

ငြိမ်းချမ်းရေး နှင့်ပဋိပက္ခ တင်းမာမှု ပြ ကမ္ဘာ့မြေပုံ

ငြိမ်းချမ်းရေး နှင့်ပဋိပက္ခ တင်းမာမှု ပြ ကမ္ဘာ့မြေပုံ

  လူ့အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုအကြားက ပဋိပက်္ခများသည် ခွဲခြားဆက်ဆံခံရခြင်း၊ တရားမျှတမှုမရှိခြင်း၊ ဗိုလ်ကျစိုးမိုးလိုကြခြင်းတို့ကြောင့် ဖြစ်ရ၏။ (တရားမှု၊ မတရားမှုဆိုသည်မှာ မျှတမှု၊ မမျှတမှုကို အဓိကအားဖြင့် ရည်ညွှန်း၏) ပဋိပက်္ခများ၊ အကြမ်းဖက်မှုများကို အမျိုးအစားခွဲကြည့်လျှင် Political and Non-politaical, Criminal and Non-criminal?နိုင်ငံရေးနှင့်ပတ်သက်သောအကြမ်းဖက်မှု၊ နိုင်ငံရေးနှင့်မပတ်သက်သောအကြမ်းဖက်မှု၊ ရာဇ၀တ်မှုဟု မြင်သောအကြမ်းဖက်မှု၊ ရာဇ၀တ်မှုဟု မမြင်သောအကြမ်း ဖက်မှုဟူ၍ ရှိ၏။ မာဖီးယားတို့၏ အကြမ်းဖက်မှုသည် နိုင်ငံရေးနှင့်မပတ်သက်ပေ၊ လူသတ်မှု၊ ဒမြတိုက်မှု၊ မုဒိမ်းမှု၊ မျိုးဖြုတ်သတ်ဖြတ်မှု၊ သူတစ်ပါးမြေ၊ သူတစ်ပါးမြေ၊ သူတစ်ပါးနိုင်ငံ အား မတရားသိမ်းပိုက်မှုတို့သည် ရာဇ၀တ်မှုမြောက်သော အကြမ်းဖက်မှုများဖြစ်သည်။ ငွေကြေးဖောင်းပွအောင် ပြုလုပ်မှု၊ ဆင်းရဲတွင်းနက်နေအောင်ကြံစည်မှု၊ ပညာရေး အဆင့် အတန်းကို ချိုးနှိမ်ထားမှု၊ ကျေးလက်နေ ပြည်သူများ၏ မြေယာများကို အဓမ်္မသိမ်းယူ၍ အတင်းအကြပ်ရွှေ့ပြောင်းခိုင်းမှု၊ လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ဖိအားပေး စွန့်လွှတ်စေမှု၊ လူမျိုးတို့အား ဥပေက်္ခာပြုလစ်လျူရှုထားမှု၊ အကျင့်ပျက်ခြစားခြင်းအား အထိန်းအကွပ်မဲ့မှု စသောအမှုတို့မှာ နိုင်ငံရေးအရ ကျူးလွန်သော ရာဇ၀တ်မှု မမြောက်သော အကြမ်းဖက်မှု များဖြစ်သည်။

  နိုင်ငံေ၇းနှင့် မပတ်သက်သော၊ ရာဇ၀တ်မှုဆိုင်ရာအကြမ်းဖက်မှုတို့ သည်ေ၇တိုအကျိုးကို မျှော် ၍ ပြုလုပ်ကြခြင်းဖြစ်ပြီး နိုင်ငံရေးဆိုင် ရာအကြမ်းဖက်မှုတို့မှာ မူ ရေရှည်စီမံချက် များချမှတ်၍ ပြုလုပ်လေ့ ရှိ၏။ လူမျိုးတစ်မျိုး၏ ဘာသာရေးကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုနောက်ခံအကြောင်းကို အခြေခံ၍ ထိုလူမျိုးစုတစ်ရပ်လုံး၏ တိုးတက်ကြီးပွားမှုကို ပိတ်ပင်ရန် စီမံချက်ချ၍ အစဉ်တစိုက်ပြုလုပ်သောအကြမ်းဖက်မှုသည် လူသတ်ခြင်းထက်ပင် ဆိုးရွားလှ၏။ လူသတ်ခြင်းသည် လူတစ်ဦး(သို့မဟုတ်) လူတစ်စုကို သာ သေဆုံး နိုင်သော် လည်း နိုင်ငံရေးအရ စည်းစနစ်တကျအကြမ်းဖက်မှုမှာမူ လူမျိုးစုလူ့အစုအဝေးတစ်ရပ်လုံးကို အညွန့်ချိုးသည့်လုပ်ရပ်၊ ရှင်လျက်နှင့်သေ  အောင် ညှင်းပန်းသည့် လုပ်ရပ်ဖြစ် သည်။ လူတစ်ဦးကို သတ်ခြင်းသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ သိက်္ခာကို ထိပါးစော်ကားမှုဖြစ်သဖြင့် လူ့အဖွဲ့အစည်း တစ်ရပ် လုံးကို သတ်ဖြတ်ရာပင်မည်။

           လူမျိုးတစ်မျိုးက နောက်လူမျိုးတစ်မျိုးကို တညီတညွတ်တည်းမုန်းတီးမှုနှင့် အကြမ်းဖက်လိုမှုသည် နိုင်ငံရေးပေါ်လစီ၏ အကျိုးဆက်ကြောင့်သာဖြစ်နိုင်၏။ အမုန်းတရားကြောင့် လူသတ်မှုအထိဖြစ်ရခြင်းနှင့်ပတ်သက်၍ ကမ်္ဘာ့အကြမ်းမဖက် လုပ်ရှားမှု၏ ဖခင်""မဟတ်္တမဂန်္ဒီကြီးက ရေးသည်မှာ- to understand non-violence and its two distinct aspect-physical and passive, Passive violence in the form of discrimination, oppression, exploitation, hate, anger, and all the subtle ways on which it manifests itself, gives rise to physical violence in society. To rid society of this physical violence, we msut act now to eliminate passive violence. ""အကြမ်းမဖက်မှုသဘောကို စောကြောနိုင်၇န် အကြမ်းဖက်မှု၏ ထင်ရှားသောရှုထောင့်နှစ်သွယ်ကို နားလည်ရန်လိုအပ်၏၊ အကြမ်းဖက်မှုတွင် ရုပ်ပိုင်းအကြမ်းဖက်မှုနှင့် မထင်မရှားငြိမ်သက်စွာ အကြမ်းဖက်မှုဟူ၍ ရှိ၏။

       မထင်မရှားငြိမ်သက်စွာအကြမ်းဖက်မှုမှာ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ ဒေါသအမုန်းအာဃာတများထားရှိခြင်းတို့ဖြစ်ပြီး ယင်းသည် မီးခဲပြာ ဖုံးနေခြင်း မျိုးဖြစ်ရကား ယင်းကပင် လူ့အဖွဲ့အစည်းအတွင်း၌ ရုပ်ပိုင်းအကြမ်းဖက်မှုတို့ကို ဖြစ်ပေါ်စေ၏။ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုPhysical Violance)များကို ပယ်ရှင်းရန် အတွက် ကျွန်ုပ်တို့အနေဖြင့် ဏျေငလန ဠငသူနညခန များကို ဖယ်ရှားပစ်ရန် ယခုပင်အလုပ်လုပ်ရပေတော့မည်။"" (Passive Violence) များကို ဖယ်ရှားဖို့ အကြမ်းဖက် အုပ်စုများ အတွင်း၌ သဘောကြီးနိုင်ဖို့ သွန်သင်ချက်များလိုအပ်သည်။ ကွဲပြားသောလူမျိုးများ အကြား ဘာသာရေးခေါင်းဆောင်များ၊ လူမျိုးရေးခေါင်းဆောင်များ အချင်းချင်း ပထမ ဦးစွာနား လည် မှုတည်ဆောက်ရမည်။ မိမိတို့အုပ်စုများအား သဘောထားကြီးနိုင်ဖို့ ရေးသားဟောပြော သင်ကြားပို့ချပေးရမည်။ တစ်ဖက်နှင့်တစ်ဖက်မကြိုက်သော အခေါ်အဝေါ် များဖြင့် တစ်ဦးကိုတစ်ဦးခေါ်ခြင်းကို စွန့်လွှတ်ရပေမည်။ ရပ်ရွာအကျိုးများအတွက် နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက် ရမည်။ လူမျိုးေ၇းနှင့်မဆိုင်သော ကြားနေ အဖွဲ့အစည်း များ၊ဥပမာ-ကြက်ခြေနီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအစရှိသော လူမှုရေးအသင်းအဖွဲ့များတွင် နှစ်ဦးနှစ်ဖက်လုံးပါဝင်ရမည်။

       အထူးသဖြင့်လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် အလေ့အထဖြစ်ပေါ်ရေးကို စီမံဆောင်ရွက်ပေးရမည်ဖြစ်သည်။ လူမျိုးများကွဲပြားမှု၊ ဘာသာတရား များကွဲပြားမှု သည် သဘာဝဖြစ်ကြောင်း၊ ရှုထောင့်ကွာလျှင် အမှန်တရားအပေါ်မြင်သော အမြင်လည်း မတူနိုင်ကြောင်း၊ တရားမျှတမှုကို လက်ကိုင်ထား၍ တစ်ဦးနှင့် တစ်ဦးအပြန် အလှန်လေးစား တတ်ဖို့၊ တစ်ဦး၏အခွင့်အရေးကို တစ်ဦးက နားလည်လက်ခံပေးဖို့၊ လူသားဝါဒကို လက်ကိုင်ထား၍ အပြန်အလှန်ကောင်းကျိုးပြုတတ်ဖို့၊ အယူသီး အစွန်းရောက် အမြင်များနှင့် ၀ိဝါဒ ကွဲနိုင်သော အကြောင်းကိစ်္စများကို ရှောင်ကြဉ်နိုင်ဖို့၊ ဘုံတူညီချက်များကို ဂရုပြုတတ်ဖို့၊ ကိုယ့်တစ်ဘက်၌သာ အမှန်တရားရှိသည်ဟူသော တယူသန်အယူအစွဲများကို စွန့်လွှတ်ဖို့ စာအုပ် စာပေများ၊ တရားပွဲများ၊ သင်တန်းများ၊ အသိပေးဆွေးနွေးပွဲများဖြင့် ပညာပေးရန် လိုအပ်သည်။ နိုင်ငံတော်၏နိုင်ငံရေးအခြေအနေသည် တိုးတက်ပြောင်း လဲ လာနေပြီဖြစ်ပြီး၊ ခေတ်မီ တိုးတက်သောဒီမိုကရေစီ နိုင်ငံတော်သစ်သို့ ချီတက်နေပြီဖြစ်သဖြင့် နိုင်ငံတကာနှင့်ပွင့်လင်းမြင်သာစွာထိတွေ့ဆက်ဆံရတော့မည့်အချိန်တွင် နိုင်ငံရေး သိက်္ခာ ကို ထိပါးစေမည့်ကိစ်္စတို့ကို ရှောင်ကြဉ်ရတော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တိုးတက်ရေးအတွက် အနှောင့် အယှက် ဖြစ်စေ မည့်ကိစ်္စရပ် တို့ကို ပြည်သူ အများက လည်း ရှောင်ကြဉ် မှုဖြင့် ကူညီပေးဖို့လိုကြောင်း၊ အသိပေးဆွေးနွေးရန်လိုသည်။

           လူမျိုး တစ်မျိုးသည် နောက်လူမျိုး တစ်မျိုးနှင့် ထိတွေ့ဆက်ဆံရာတွင် ထိုလူမျိုး၏ဓလေ့စရိုက်၊ အမူအကျင့် များအားဖြင့် လူမျိုးတစ်မျိုး၏အနှစ်သာရ(Racial Essence)ကို အဓိပ်္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြ မည်ဖြစ်ပေ သည်။ အကောင်းမြင်စိတ်ဖြင့် ဖွင့်ဆိုချက်တို့သည် အကောင်းဘက်သို့ ဦးတည်ပြီး အကျိုးကို ရယူနိုင် မည်ဖြစ်ပြီး၊ အဆိုးမြင်စိတ်ဖြင့် ဖွင့်ဆိုချက် တို့သည် အဆိုးဘက်သို့သာ ဦးတည်စေပြီး ပဋိပက္ခ အသွင် ဆောင်စေမည်ဖြစ်သည်။ ၁၉၄၀-ခုနှစ်ခန့်အခါတွင် နာဇီဂျာမန်တို့က ဂျူးလူမျိုးတို့သည် ဉာဏ်များသည်၊ မိမိတို့ တိုင်းပြည်မှ ရသမျှ ယူနေသည်၊ အမျိုးသိစိတ်ကြီးပြီး ဘာသာရေး အစွန်းရောက်သည်ဟူ၍ မြင်ခဲ့ကြသဖြင့် ဘာသာရေး၊ စီးပွားရေးအကြောင်းပြချက်များဖြင့် လူမဆန်သော လူမျိုးရေးမျိုးသုဉ်း သတ်ဖြတ်မှုများကို ယုတ်မာကြမ်းတမ်း စွာဖြင့် ပြုလုပ်ခဲ့ကြသည်။

        အမေ၇ိကန်တို့အမြင်ကမူ ထိုသို့မဟုတ်၊ လူမျိုးရေးအနှစ်သာရ သည် ကာလံ၊ ဒေသံအပေါ်မူတည်သည်ဟု မြင်၏။ ပတ်ဝန်းကျင်အသစ်ပြောင်းစလဲလျှင် လူမျိုးတို့၏ ဓလေ့စရိုက် သဘာဝတို့ ပြောင်းလဲနိုင်သည်ဟုမြင်၏။ ဟစ်တလာကို ကလုန်းနည်းပညာဖြင့် ပွားယူရုံဖြင့် ဟစ်တလာ နှစ်ဦးဖြစ်လာရုံဖြင့် ဟစ်တလာ အသစ်သည် ဟစ်တလာအဟောင်းကဲ့သို့ ဆိုးသွမ်းမည်မဟုတ်ပေ။ ဗီဇထက် Environmental Effectပတ်ဝန်းကျင်၏ သြဇာအကျိုးသက်ရောက်မှုကို ပိုမိုလက်ခံ၏။ ဂျူးတို့သည် အသိဉာဏ်ကြီးမားသည်။ ဇွဲနပဲရှိသည်။ စိတ်ဓာတ်ကြံ့ခိုင် သည်။ စွန့်ဦးတီထွင်စိတ်ရှိသည်။ သေချာစေ့စပ်သည်ဟူ၍ အမေရိကန်တို့က မြင်၏။ အကောင်းမြင်စိတ်မြင့် ရှုကာ ၎င်းင်းတို့ထံမှ မိမိတို့မည်သို့ အကျိုးခံစားနိုင် သည်တို့ ကို လေ့လာ သည်။ ထို့ကြောင့်ယနေ့အခါတွင် အမေ၇ိကန်တို့၏စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့်အရှေ့အလယ်ပိုင်းဒေသ၌ အမေ၇ိကန်တို့သြဇာ လွှမ်းမိုးနိုင်ရေးကို ဂျူးတို့ က ဆောင်ကြဉ်းပေး ခဲ့သည်။ တနပ်စားဉာဏ်ဖြင့် ဂျူးတို့ပိုင်ဆိုင်မှုများကို ရမ်္မက်ပွားခဲ့သောကြောင့် အိုင်းစတိုင်းကဲ့သို့သောပညာရှင်များကို ဂျာမန်တို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ကမ်္ဘာ့သမိုင်း စာမျက်နှာ များပေါ်က သမိုင်းသင်ခန်းစာ ယူစရာများသာဖြစ်ပါသည်။

           နိုင်ငံတော်အစိုးရအနေဖြင့် လူမျိုးေ၇းအနှစ်သာရများကို မှန်ကန်စွာအဓိပ်္ပါယ်ဖွင့်ဆိုနိုင်ဖို့လိုအပ်ပါသည်။ လူမျိုးတို့၏ယုံကြည်လက်ခံ၇ာဘာသာတရားဟူသည် လူမျိုးတို့၏ တိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟုလည်း မမြင်သင့်ပေ။ ဘာသာတရားဟူသည် လူ့ဘ၀၌ လူအများငြိမ်းချမ်းစွာနေထိုင်သွားနိုင်ဖို့ ဘ၀တည်ဆောက်မှုလမ်းညွှန်ချက်များ သာဖြစ် သည်။ ဘာသာရေးအပါ် မှန်ကန်တည့်မတ်စွာနားလည်းမှုမရှိလျှင်သာ တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေမည် ဖြစ်သည်။ ဘာသာရေးအဆောက်အဦးများ၊ ဘာသာရေး စာပေများ ကို ပိတ်ပင်ရုံဖြင့် ဘာသာရေးယုံကြည်ချက်ကို လျော်ကန် သင့်မြတ်အောင် ပြုနိုင်မဟုတ်ဘဲ ဘာသာရေးကို လွဲမှားစွာသဘောပေါက်မှုများကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ ကမ်္ဘာ့ မွတ်စလင်မ်နိုင်ငံများ၌ နိုင်ငံတစ်နိုင်ငံအတွင်း ဘာသာရေး လွတ်လပ်ခွင့်ရှိ၊မရှိကိစ်္စတွင် (၁)ဗလီများဆောက်လုပ်ခွင့်၊ (၂)ဗလီများ၌ အာဇန်ကို ကျယ်လောင်စွာပေးခွင့်၊ (၃)တိုင်းပြည် အုပ်ချုပ်မှု အခန်းကဏ္ဍတွင် မွတ်စလင်တို့၏ ပါဝင်ခွင့်တို့ကို ကြည့်ကြသည်ကိုလည်း သတိပြုရန်လိုအပ်သည်။ အထူးသဖြင့်စွန်္နီ(ဟနဖီ)တို့၌ ယင်းအချက်အလက်များကို စံထား၏။ ထို့ကြောင့် လည်း ထိုင်း၊ စင်္ကာပူနိုင်ငံ များတွင် မွတ်စလင်ဘာသာရေးဝန်ကြီးများထားရှိ၏။ ဘာသာရေးအဆောက်အဦး များပြားလျှင် အရက်ဆိုင်၊ လောင်းကစားဝိုင်းများ နည်းပါးမည်ဖြစ်ပြီး၊ မကောင်းမှုများနည်းပါးကာ ငြိမ်းချမ်းရေးပိုမိုဖြစ်ပေမည်ဟု မြင်အပ်သည်။ ဘာသာရေးအမြင်ကို လျော်ကန်တည့်မတ်စေဖို့သာ ဘာသာရေး အဖွဲ့အစည်းကြီးများ ၏အကူအညီဖြင့် ဆောင်ရွက်သင့်သည်။

           ရခိုင်ဒေသမှ မွတ်စလင်များအား ရန်ကုန်၊ မန်္တလေးအစရှိသောမြို့ကြီးများသို့ သွားလာခွင့်မပေးဘဲ ပိတ်ပင်ထားပြီး တဘက်ပိတ်ဘောင်အတွင် အကျဉ်းချထားခြင်းမျိုးကို ပယ်ဖျက်ပေးဖို့ အချိန်တန်ပြီဖြစ်သည်။ မျက်စိဖွင့်ပေးဖို့ လိုအပ်ပြီဖြစ်သည်။ မွတ်စလင်ဝန်ထမ်းများအား ထိုဒေသ၌ တာဝန်ထမ်းဆောင်မှုကို ပိတ်ပင်ထားခြင်းမျိုးလည်း မပြုသင့်တော့ပါ။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများအား ဘာသာရေးနှင့် နိုင်ငံတော်အရေးကို ခွဲခြားသိမြင်တတ်ဖို့ လမ်းညွှန်ပေးရန်လိုအပ်ပါသည်။

         မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ၊ သာသနာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့တာဝန်ဝတ်္တရားများနှင့် အဆင့်အတန်းအမှန်ကို သဘောပေါက်ပြီး၊ မိမိတာဝန်ဝတ်္တရားကိုသာ ဦးတည်ချက် ထား၍ တာဝန်ထမ်းဆောင်ဖို့၊ လူမျိုးရေး၊ဘာသာရေးကိစ်္စများကို ရှေ့တန်းတင်ခြင်းမျိုးမရှိဖို့၊ လမ်းညွှန်ချက်များ၊ အသိပေး ဆွေးနွေး မှုများပြု ၇န်နှင့် လူမျိုးရေးပဋိပက်္ခများ၊ အဓိကရုန်းများတွင် ကိုင်တွယ်ဖြေရှင်းပုံနည်းလမ်းများကို အခါအားလျော်စွာ သင်တန်းများပေးရန် လိုအပ်သည်။ ၁၉၇၃-ခုနှစ်၊ သန်းခေါင် စာရင်းပါ လူမျိုး(၁၄၃)မျိုးနှင့် ၁၉၈၄-ခုနှစ်၊ သန်းခေါင်စာရင်း ပါ လူမျိုးတစ်မျိုး၊ စုစုပေါင်း(၁၄၄)မျိုးကို အသိအမှတ်ပြုပေးရန်လည်း လိုအပ်ပါသည်။

           ရခိုင်ဒေသရှိ မွတ်စလင်များအား ဘာသာရေးအဖွဲ့အစည်းကြီး၏အကူအညီဖြင့် မှန်ကန်သောဘာသာရေးအသိ အမြင်များ သွန်သင်ပေးနိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှု၏ စံတန်ဖိုးများ ကို နားလည်လာစေရန် သင်တန်းများပြုလုပ်ပေးသင့်သည်။ အမျိုးသမီးများသည် လူငယ်များအား အဓိကထိတွေ့သွန်သင်သူများဖြစ်သဖြင့် အမျိုးသမီးများကို အပြည့်အ၀ ပညာ သင်ကြား ပေးနိုင်ရေးကို ထိန်ကျောင်းပေးရန် လိုအပ်သည်။ ရခိုင်ဒေသတွင် လူတိုင်းပညာသင်ကြားနိုင်ရေးကို အထောက်အပံ့များ အထူးပေးအပ် သွားရန်လိုအပ်ပါသည်။

           နိဂုံးချုပ်အားဖြင့် အိန်္ဒိယနိုင်ငံ၏ သမ်္မတအဖြစ် အဆိုပြုခံရသောပညာရေးပါရဂူကြီး"ဇာကိရ်ဟူစိန်"၏ မိန့်ကြားချက်သည် အလွန်လျော်ကန်သင့်မြတ်လှပါသည်။ သူက ပြောသည်မှာ-  ယဉ်ကျေးမှုတို့ထိပ်တိုက် တွေ့ကြည်သည်မဟုတ်၊ အရိုင်းစိတ်တို့သာ ထိပ်တိုက်တွေ့ကြ၏။ လူမျိုးနှစ်မျိုး၏လူ့အဖွဲ့အစည်းတို့သည် မိမိတို့၏ ရိုင်းစိုင်း ရမ်းကားလိုစိတ်ကို အောင်နိုင်မှုယူထားနိုင်သမျှ တစ်ဦးနှင့်တစ်ဦးထွေးရောယှက်တင်နေထိုင်နေသမျှ ယဉ်ကျေးမှုတန်ဖိုးများ အပြန်အလှန် ဖလှယ်နေသမျှကာလပတ်လုံး ပဋိပက်္ခဟူ၍မရှိနိုင်ပေ။

ဒေါက်တာဆောင်းလွင်အောင်

( BDS , အဆ်ဒီယာ , အလ်အဇ်ဟရ် (ကိုင်ရို) ၊ အီမာမသ် (နိုင်ငံတကာ အစ္စလာမ့် တက္ကသိုလ် ပါကစ္စတန် )

SOURCE: မွတ်ဆလင် သတင်းစဉ်


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ