``အားပါးပါးးးး ငါ တစ်သက်လုံးရှာနေတဲ့ အမှန်တရားတွေ ဆိုတာ ဗုဒ္ဓရဲ့ တရားတော်တွေပါ လားးးး ``
ဒါနဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်ရောလား ။ မဖြစ်သေးဘူး။ ဦးဆန်းလွင်က ယုံလွယ် ပြောင်းလွယ် တဲ့သူမဟုတ်ဘူး။ အင်မတန်ခေါင်းမာပြီး အတွေးခေါ်ပညာလည်း သိပ်ထက်မြက်တာကိုး။ ဖလော်ဆော်ဖီသမားကြီးပဲဟာ။ အစစ အရာရာ အသေးစိပ် သံသယနဲ့ ဆန့်ကျင်ဘက် အမြင်တွေနဲ့ တိုက်စစ်ပြီးတော့ ဗုဒ္ဓဘာသာဖြစ်သွားတယ်။ နောက်ပြီး ရဟန်းဝတ်ချင်ပေမယ့် သူ့ပါတ်ဝန်းကျင်က အချောင်စားချင်လို့ ဘဝကို ရင်မဆိုင်ချင်လို့ ဝတ်တယ်လို့ ကဲ့ရဲ့မှာစိုးလို့ ပထမ စီးပွားရေး ချမ်းသာအောင်ကြိုးစားတယ်။ ရည်ရွယ်ချက် ကောင်းလို့လားမသိဘူး။ စီးပွားရေးကလည်း အရမ်းမြန်စွာဖြစ်တယ်။ ချမ်းသာမှ ရဟန်းဝတ်တယ်။ သူရဟန်းဘဝ ရှင်အာဒိစ္စရံသီ ဘွဲ့နဲ့ ပျံလွန်တော်မူသွားတယ်။
(၂)
နောက် တစ်တွဲရှိသေးတယ်။ အချိန်က ကျွန်တော်တို့မြန်မာနိုင်ငံ သူ့ကျွန်ဘဝမှာပဲ။ အင်္ဂလန်မှာ ပုဒ်ရဟန်းမင်းကြီးမှာ အင်မတန် ညဏ်ထက်မြက်တဲ့ သားနဲ့ ချွေးမ ရှိတယ်တဲ့ ။ သူက ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကို တိုက်ထုတ်ပြီး တစ်နိုင်ငံလုံး ခရစ်ယံဘာသာ ဖြစ်အောင် ဗုဒ္ဓရဲ့ တရားတော်တွေ လေ့လာစေပြီး ပျော့ကွက် ဟာကွက်တွေ ရှာ တိုက်ထုတ်ဘို့ ကြံပြီး တာဝန်ပေးဆိုပဲ။ ရလဒ်ကတော့ သူ့သားရော ချွေးမရော တာဝန်ထမ်းဆောင်ရင်း ဗုဒ္ဓဘာသာ ဖြစ်သွားပါလေရော။ လယ်တီဆရာတော်ဘုရားကြီးက ပါဠိအရမ်းကျွမ်းတဲ့ အဲဒီ ပုဒ်ရဟန်းမင်းကြီးချွေးမကို ``ပါဠိဒေဝီ`` လို့တောင် ခေါ်ပြီး ချီးကျူးတယ်ဆိုကိုး။
(၃)
နောက်တစ်ယောက် အများသိတဲ့ ဦးဂိုအင်ကာ ။ ဦးနေဝင်းအစိုးရ ပြည်သူပိုင်တွေသိမ်းတော့ သူဋ္ဌေးဘဝကနေ ရုတ်တရက် မွဲပြာကျသွားပါေ၇ာ။ အဲဒီလောကဓံနဲ့အတူ တွဲပါလာတာက ခေါင်းကိုက်တဲ့ရောဂါပဲ။ ဆေးကုတယ် မပျောက်ဘူး။ နည်းစုံတယ်။ မပျောက်ဘူး။ နောက်ဆုံးမိတ်ဆွေက စမ်းကြည့်ပါ တိုက်တွန်းတော့ တရားပြနေတဲ့ ဦးခင် (အခုထိ သူအရမ်းလေးစားတဲ့သူ)ဆီရောက်သွားတယ် ။ အဲဒီအချိန်မှာ ဦးခင် တရားပြတာ တစ်ဝက် ရောက်နေပြီ။ နောက်နားကနေ တရားကို ဥာဏ်စိုက်ပြီး နားထောင် သုံးသပ်တော့ အံ့သြစရာကောင်းအောင် ဆေးမတိုးနဲ့ ခေါင်းကိုက်ရောဂါပျောက်ရော။ ဆေးကုတာမဟုတ်ဘူးနော်။ စိတ်ကြောင့်ဖြစ်တဲ့ရောဂါ စိတ်သန့်စင်သွားလို့ပျောက်သွားတာ။ အခုတော ကမ္ဘာသာသနာပြုကြီးတောင်ဖြစ်လို့။
(၄)
နိုင်ငံခြားမှာ ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) သွားယူတဲ့ ဆရာတော်တစ်ပါး ။ အခု ရွှေပြည်သာမှာရှိတယ်။ သူနဲ့အတန်းဖော် နိုင်ငံခြားသူတစ်ယောက်က ဘာသာရေးအတွေးခေါ်နဲ့ပါတ်သတ်ပြီး ဗုဒ္ဓဘာသာကို အမြဲ ကန့်လန့်တိုက် မေးလေ့ရှိတယ်။ သူကလည်း ရဟန်းဝတ်မို့ သည်းခံပါတယ်။ နောက်တော့ သီရိလင်္ကာက ဆရာတော် အင်္ဂလိပ်လိုရေးထားတဲ့ ဗုဒ္ဓစာအုပ်တစ်အုပ်ကို သူ့ကို ဖတ်ခိုင်းတယ်။ ဖတ်ပါဆိုရင် အဲဒီအမျိုးသမီးက ဖတ်မှာ မဟုတ်ဘူး။ ဒီတော့ ဆရာတော်က ဥပါယ်တမြင်နဲ့ ငါ နိုင်ငံခြားသူ စစ်စစ် (သူက အင်္ဂလန်သူ) အသံမူရင်းနဲ့ ဒီစာအုပ်လေးကို တိတ်နဲ့ ဖမ်းထားချင်လို့ ကူညီပေးပါ လို့အကူအညီတောင်းတယ်။ သူကလည်း လိုလိုချင်ချင် ကူညီပါတယ်။ ပထမ တစ်ပိုဒ်လောက်ထိ အသံပုံမှန်နဲ့ ဖတ်တယ်။ နောက်တော့ အသံမထွက်တော့ဘူး။ ဗုဒ္ဓရဲ့ တရားတွေက သူ့ကိုဖမ်းစားသွားပြီ။ ဟုတ်ကဲ့ အခု ဗုဒ္ဓဘာသာ ပြောင်းသွားပါပြီ။
မှတ်ချက်။ ။ အတွေးခေါ်ဥာဏ်ပညာရင့်သန်သော ၊ အလွယ်တကူ လက်ခံလေ့မရှိပဲ မယုံလွယ်သော၊ အလွန်စူးစမ်းလေ့လာ တတ်သော သူများသည် ဗုဒ္ဓဘာသာသို့ ပြောင်းလဲတတ်ကြသည်။ အကယ်၍ သင်ဗုဒ္ဓဘာသာကို မကူးပြောင်းချင်က လုံးဝ လိုက်စားလေ့လာခြင်း မလုပ်ပါရန် ကြိုတင် သတိပေးပါသည်ခင်ဗျား။
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
2012/9/2 SOE HTUT <soehtut1@gmail.com>
ဒီလိုကစားကွက်တွေက သိပ်မထူးဆန်းပါဘူး.... အရင် CIA KGB လက်ထက်က ရှိဘူးပါတယ်.... ကိုယ်လူကို ဟိုဘက်ကိုထည့် ကိုယ့်ဘက်ကို အလွန်မကောင်းကြောင်းပြောခိုင်း .......၀န်ကြီးလောက်ဖြစ်မှ ကိုယ့်ဘက်ကို နိုင်ငံရေး ခိုလှုံခွင့်တောင်းပြီးပြန်လာသလိုမျိုးပေါ့........ ဟိုဘက်က သိပ်ခါကျ ကိုယ်ဘက်က အမှန်ပေါ့........ဒီလိုလှည့်ကွက်တွေအများကြီးပါ.... ရိုးလွန်းတယ်..........
2012/9/2 Thantsin Phyoe <thantsinphyo@gmail.com>မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here
--
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။